Wednesday, July 24, 2013
Tuesday, July 23, 2013
Wednesday, July 17, 2013
မြတ်စွာဘုရား၏ ကာလာမသုတ္တန်လာ ၀ိဘဇ္ဇ၀ါဒ
မကြာမှီရောက်လာတော့မည့်
အာဇာနည်နေ့အမှတ်တရအနေဖြင့် ဗိုလ်ချုပ်၏ ခံယူချက်နှင့် သူကြိုက်နှစ်သက်သည်ဟု သိရသော
ကာလာမသုတ္တန်တရားအား ဓမ္မလက်ဆောင်အနေဖြင့် ဝေမျှလိုက်ပါသည်။
“ဗိုလ်ချုပ်အောင်ဆန်း၏
ခံယူချက်နှင့် ပတ်သက်၍ သူသည် ဂေါတမ မြတ်စွာဘုရား၏ ကာလာမသုတ္တန်လာ ၀ိဘဇ္ဇ၀ါဒကို ကြိုက်နှစ်သက်သူ
ဖြစ်ကြောင်း သိရ၏။ ပုထုဇဉ်လူသားတိုင်း အမှားနှင့်မကင်းနိုင်သဖြင့် အမှားလုပ်မိပါက ကိုယ့်အမှားကိုယ်သိပြီး
အမှန်ရောက်အောင် ပြင်နိုင်သူ၊ ပြင်ရဲသူဖြစ်ဖို့ သာ အရေးကြီးသည်ဆိုသည့် ခံယူချက်မျိုးရှိသူလည်း
ဖြစ်၏။ လူ့ဘ၀ လူ့လောက ဆိုသည်မှာ အကြောင်းကြောင့် ဖြစ်သည့် အကျိုးတရားများ စဉ်ဆက်မပြတ်ဖြစ်နေသည့်
ကြောင်းကျိုးဖြစ်စဉ်ကြီးမျှသာ ဖြစ်သည်။ အကြောင်းကင်းသည့် အကျိုးတရားဟူ၍ မရှိ။ ထို့ကြောင့်
အကြောင်းကောင်းလျှင် အကျိုးကောင်းမည်။ အကြောင်းမကောင်းလျှင် အကျိုးမကောင်းနိုင်ဟုလည်း
ခံယူသူဖြစ်ကြောင်း သူ့စာပေလက်ရာများတွင် ပေါ်လွင်နေသည်။” ဟူ၍ ဗိုလ်ချုပ်ရဲ့ ခံယူချက်နှင့်
ပတ်သက်လို့ ရေးသား ဖော်ပြထားတာကို ဖတ်လိုက် ရပါသည်။
ဝါဆိုလနှင့် ၀ါဆိုသင်္ကန်း
မြန်မာပြက္ခဒိန်၏ စတုတ္ထလ
ယခင်အမည် နွယ်တာ
ဝါထပ်နှစ်တွင် ပဝါဆို နှင့်
ဒုဝါဆို ဟူ၍ နှစ်မျိုးရှိ
ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်
ရှေးအခါ ကာလက နွေတာလ ဟုရေးသားကြသည်
နွေတာလ အသုံးအနှုန်းသည်
ပုဂံခေတ်သုံးပင် ဖြစ်သည်။
သာသနာတော် ထွန်းကားရေးကို
ရှေ့ရှုပြီး ရဟန်းသံဃာတော်တို့ ၀ါဆိုဝါကပ်ပြုတော်မူသည်ကို အကြောင်းပြုကာ ၀ါဆိုလဟုခေါ်ဝေါ်ကြခြင်း
ဖြစ်သည်။
Thursday, July 11, 2013
နှောင်ကြိုး
သူတော်ကောင်းတို့-
ကမ္ဘာလောကကြီးမှာ သွားလာနေထိုင်
ကျက်စားနေကြတဲ့ သတ္တ၀ါတိုင်းဟာ မိမိတို့ဆိုင်ရာ အနှောင်အဖွဲ့လေးတွေ ကိုယ်စီရှိကြပါတယ်..၊
အဲဒီအနှောင်အဖွဲ့လေးတွေကို ဘယ်သူပြုလုပ် ပေးကြသလဲဆိုလို့ရှိရင် ကိုယ်ကိုယ်တိုင်ပဲပြုလုပ်ကြတာဖြစ်ပါတယ်၊
မိမိပြုလုပ်တဲ့ အဲဒီအနှောင်အဖွဲ့ နှောင်ကြိုးလေးတွေထဲက ဘယ်သူမှလွတ်အောင် မရုန်းနိုင်ကြဘူး။
ဥပမာနဲ့ပြောရမယ်ဆိုရင် ပင့်ကူကလေးတွေဟာ ပင့်ကူအိမ်ကို (ပိုက်ကွန်ကို) သူတို့ကိုယ်တိုင်
သူတို့ရဲ့အမျှင်တွေနဲ့ ဖွဲ့စည်းပြုလုပ်ကြတယ်။ မိမိပြုလုပ်တဲ့ ပိုက်ကွန်ကနေ မရုန်းထွက်နိုင်ဘဲ
အပေါ်ရောက်အောက်ရောက်နဲ့ လှည့်ပတ်ပြီးတော့သာ အချိန်ကုန်နေတယ်။ နောက်ဆုံးတော့ ဘေးအန္တရာယ်တွေနဲ့တွေ့ပြီး
ပင့်ကူချည်မျှင် ပိုက်ကွန်ထဲမှာပဲ ဘ၀ဆုံးခဲ့ကြရတယ်။ ဒါကြောင့်မို့ နှောင်ကြိုးလေးတွေဖြတ်နိုင်အောင်
သူတော်စင်တို့ ကြိုးစားကြရမယ်..။ သံယောဇဉ်ဆိုတာ သံယောဇန-လို့ခေါ်တဲ့ ပါဠိပုဒ်ကလာတဲ့
ပါဠိသက်စကားပဲ ဖြစ်ပါတယ်။
Tuesday, July 9, 2013
"ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုးနဲ့ ဖြစ်ပေါ်လာပုံအကျဉ်း"
ထေရဝါဒ ရဟန်းတော်များရဲ့
ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော်များ
ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း
တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့်
ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့
ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ
ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင်
နိုင် ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။
Subscribe to:
Posts (Atom)