Menu
ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။
Sunday, April 28, 2013
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၎။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
သာသနာတော်သုံးရပ်
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း
ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ
>>>ဆက်ဖတ်ရန်>>> >>
မြတ်စေတနာ လူမှုကူညီရေးအသင်း မတည်ငွေလှူဒါန်းပွဲ (25.4.2013 - တန်ခူးလပြည့်နေ့)
ရွှေပါရမီ ပညာဒါန (မျိုးချစ်မြန်မာဆရာတော်) မှ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းမတည်ငွေ 12 သိန်းခွဲကို မတည်လှူဒါန်းနေစဉ်
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ ဖခင်ကြီး ဦးဇော်ထွန်း+မိခင်ကြီးဒေါ်ခင်ဆွေလင်းတို့ကို အမှူးထား၍ ကိုကျော်ကျော်မှ ၁ သိန်းကျပ် မတည်လှူဒါန်းပါသည်။
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဘော်ဆိုင်းတိုက်နယ်၊ ရေဖြူကန်ရွာ မြတ်စေတနာ လူမှုကူညီရေးအသင်းသို့ ဖခင်ကြီး ဦးချစ်နှောင်ကို ရည်စူး၍ ကျန်ရစ်သူ မိခင်ကြီး ဒေါ်သန်းရွှေ မိသားစုမှ 1 သောင်းကျပ်မတည်လှူဒါန်းပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Tuesday, April 16, 2013
မဟာသင်္ကြန်တရားပွဲမှတ်တမ်း
ထိုင်းနိုင်ငံရှိ မျိုးချစ်မြန်မာ ဆရာတော်
အရှင်သီဟဥာဏ
( မှတ်တမ်း-ဓာတ်ပုံများ)
>>>ဆက်ဖတ်ရန်>>> >>
မဟာသင်္ကြန်တရားပွဲကို ရွှေည၀ါဆရာတော် ကြွရောက်ချီးမြောက်
 ရွှေပါရမီ ပညာဒါန၊ ဓမ္မရောင်ခြည် ဓမ္မဒါန လုပ်ငန်းခွဲ (271) မျိုးချစ်မြန်မာ လူငယ်အသင်း(ဘန်ကောက်)ရဲ့ ဒုတိယအကြိမ် မဟာသင်္ကြန်တရားပွဲကြီးကို ထိုင်နိုင်ငံ၊ ဘန်ကောက်၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖီမြို့၊ ထိုင်ပကန်ရပ်ကွက် ၂ ထပ်တိုက်စိမ်း အပေါ်ထပ်တွင် 14.4.2013 မှာ အောင်မြင်စွာကျင်းပခဲ့ပါသည်။
ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၊
ဦးတေဇာနန္တ (သာဓု)၊
ဦးနန္ဒာသီရိ (အိန္ဒိယ)၊
ဦးစန္ဒိမာ (မဟာချူလာတက္ကသိုလ်)၊
ဦးဣန္ဒာစာရ (မဟာချူလာ)၊
ဦးကောဝိဒ၊ ဦးဝိစိတ္တ၊ ဦးဣန္ဒက၊
အမည်မသိ ရဟန်း တစ်ပါး(၀ပ်တလုံး)နှင့်
မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ (ရွှေပါရမီပညာဒါန -ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(၂၇၁)၊ မျိုးချစ်မြန်မာ လူငယ်အသင်း(ဘန်ကောက်)၊ The Labour Rights Promotion Network Foundation (LPN)၊ (Promote Education, Culture & Migrant Workers in Thailand) တို့ ကြွရောက်အပူဇော် ခံကြပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Friday, April 5, 2013
ဗုဒ္ဓ၀င် အကျဉ်းချုပ်
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်
မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ၊
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ
ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။
၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။
၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Monday, April 1, 2013
မျိုး ချစ် မြန် မာ လူ ငယ် အ သင်း (ဘန်ကောက်)
မျိုး..........ဂုဏ် ရိုးဂုဏ် ဇာတိဂုဏ်
              ကြိုးစားကြ အဖုံဖုံ....
ချစ်.........ခင်လေးစား တို့လူငယ်များ
              ပြည်ပရောက် စွမ်းအား
မြန်.......မာပြည်သား တိုင်းရင်းညီဘွား
              စည်းလုံးခြင်း အင်အား
မာ........နမာန်ကင်း မျိုးဂုဏ်အဆင်း
              ရာဇဝင်တွင်မည့် ဂုဏ်သတင်း
လူ........မျိုးစုံပေါင်းစု မြတ်ကောင်းမှု
              အနာဂတ် မျိုးဆက်ဆု
ငယ်.......ရွယ်သူများ ဖွဲ့ စည်းထား
              ကမ္ဘာကျော်မည့် လူငယ်များ
........နှစ်သာရ အသင်္ချေမက
သင်း ....... ပျံ့မွှေးကြိုင် ရနံ့ လှိုင်
              မျိုးချစ်တို့ ပန်းတိုင်
29.3.2013  
လွမ်းသူငယ်............
 ဧရာမြေ........
>>>ဆက်ဖတ်ရန်>>> >>
"မင်း အကူအညီနှင့် သာသနာ"
မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း အုပ်ချုပ်ရေးမတတ်လျှင်သော်လည်းကောင်း တိုင်းသူ ပြည်သား လူအများဆင်းရဲ ဒုက္ခ ရောက်ကြ ရ၏။ တိုးတက် ကြီး ပွားမှု မရ နိုင်။
သာသနာလည်း မင်းများ အကူအညီကိုရသော် ပို၍ တိုးတက်ကြီးပွား နိုင်၏။  လောက၌ မပြုသင့်သည်ကို ပြုခြင်းသည် အကုသိုလ် ဖြစ်သကဲ့သို့ ပြုသင့်သည်ကို မပြုခြင်းသည်လည်း အကုသိုလ်ပင်။ မိမိက မတတ်၍ တစ်စုံ တစ်ယောက်က ပြင်ပေး လာလျှင် ယဉ်မည့် လှမည့် တန်ဆာကို ပေးအပ်သကဲ့သို့ ၀မ်းသာစွာလက်ခံထိုက်၏။လူ့သဘာဝမှာ မာနခံလေးများ ရှိတတ်ရာထိုကဲ့သို့ ပြုပြင်ပေးသည်ကို မခံချင် ဖြစ်ကာ ပြန်လှန်ပြောဆိုဆန့်ကျင်ဘက် ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်သရေမင်္ဂလာကို ဖျက်သည့်သူသာတည်း။
>>>ဆက်ဖတ်ရန်>>> >>