မင်းများ တရားမစောင့်လျှင်သော်လည်းကောင်း
အုပ်ချုပ်ရေးမတတ်လျှင်သော်လည်းကောင်း တိုင်းသူ ပြည်သား လူအများဆင်းရဲ ဒုက္ခ ရောက်ကြ
ရ၏။ တိုးတက် ကြီး ပွားမှု မရ နိုင်။
သာသနာလည်း မင်းများ အကူအညီကိုရသော်
ပို၍ တိုးတက်ကြီးပွား နိုင်၏။ လောက၌ မပြုသင့်သည်ကို
ပြုခြင်းသည် အကုသိုလ် ဖြစ်သကဲ့သို့ ပြုသင့်သည်ကို မပြုခြင်းသည်လည်း အကုသိုလ်ပင်။ မိမိက
မတတ်၍ တစ်စုံ တစ်ယောက်က ပြင်ပေး လာလျှင် ယဉ်မည့် လှမည့် တန်ဆာကို ပေးအပ်သကဲ့သို့ ၀မ်းသာစွာလက်ခံထိုက်၏။လူ့သဘာဝမှာ
မာနခံလေးများ ရှိတတ်ရာထိုကဲ့သို့ ပြုပြင်ပေးသည်ကို မခံချင် ဖြစ်ကာ ပြန်လှန်ပြောဆိုဆန့်ကျင်ဘက်
ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိရမည့် ကျက်သရေမင်္ဂလာကို ဖျက်သည့်သူသာတည်း။
လောက၌ ရတနာ ဆိုလျှင် အလွန်
မြတ်နိုး တတ်ကြ၏။တယုတယ တရိုတသေ သိမ်းစည်း စောင့်ရှောက်တတ်ကြ၏။ဘုရား၌ ရတနာအဖြစ်ဖြင့်
အဘယ်မျှ နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် မြတ်နိုး ကြပါသနည်း။ ဘုရား အာရုံကို တရိုတသေတယုတယ
အဘယ်မျှ စိတ်ထဲတွင် သိုမှီးမိကြပါသနည်း။
လောက၌ အသိဥာဏ်သာ ရှိ၍ အကျင့်တရား
မရှိသောသူမှာ သူတကာ တရားမဲ့ပြုနေလျှင် သနား စောင့်ရှောက်ရကောင်းမှန်း မသိ။ ကယ်တင် ရန်လည်း
နားမလည်တတ်။ အသိဥာဏ်ပါ မရှိ မူကား ဆိုဖွယ်ရာ မရှိတော့ချေ။သာသနာတော် ကြီးပွားဖို့ အရေးကြီးသည်။
ဤသာသနာတော် ကြီးပွားမှ မိမိတို့ ယခု သာသနာတော်၏ အကျိုးစီးပွားတွေ ခံစားရသကဲ့သို့ နောင်တချိန်တွင်
လည်းပဲ မိမိတို့ သားစဉ် မြေးဆက်သာသနာ တော်ကို ကိုးကွယ်တတ် ကိုးကွယ်ခွင့် မြတ်နိုးတတ်
မြတ်နိုးခွင့် စောင့်ရှောက်တတ် စောင့်ရှောက် ခွင့်တွေ ရကြပြီးဤ ဗုဒ္ဓသာသနာတော်ကြီး တိုးတက်
ကြီးပွားစေရန် သူတိုလေးတွေက ဆက်လက်ဆောင်ရွက် ကြပါလိမ့်မည်။
ယနေ့ခေတ်တွင် ဗုဒ္ဓဆိုသည့်
အမည်သည် ကမ္ဘာလောကတွင်ပဲ့တင်ထပ်လျှက် ရှိပေသည်။ သာသနာတော် မရှိသေးသည့်နိုင်ငံတို့၌ပင်
ပညာရှိ အချို့တို့၏ လေ့လာလိုက်စားမှုကြောင့်လူသိများနေလေပြီ။ ဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာသော
ခေတ်အခါ ဖြစ်၌လည်း အတော်အတန် ကမ္ဘာပျံ့လျှက်
ရှိပေပြီ။
ရှိပေပြီ။
မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြိးကို
ယနေ့ မြန်မာလူမျိုးတို့ ဂုဏ်ယူနေသကဲ့သို့ နောင်တွင်လည်း မိမိတို့ သားသမီး မြေးမြစ်များ
အဆက်ဆက် ဂုဏ်ယူတတ်စေရန် တာဖိုးထားတတ်စေရန် ရည်ရွယ်၍ ကြိုးစားပြီး အမွေအနှစ် ပေးကြရာ၏။
သို့မှသာ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန်ပွား ထွန်းကားလာပြီးအရှည်ခန့် တည်တန့် နိုင်ပေမည်။
သပြေကန်ဆရာတော်ဘုရားကြီး၏
အဆိုအမိန့်များမှ ပူဇော်ပါသည်။
သာသနာပြု မင်းအပေါင်းကို
ဦးညွှတ်ပါ၏။
သုံးဆယ့်တစ်ဘုံ အလုံးစုံ
အကုန်ချမ်းသာကြပါစေ.
http://www.facebook.com/myanmardefenseleague?ref=stream
မှကူးယူသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ
No comments:
Post a Comment