Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Tuesday, May 28, 2013

စိတ်ကို အရောင်မဆိုးကြပါနဲ့



ဘဝသံသရာဟာ ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ ဝင်္ကဘာလိုပါပဲ။ ရှုပ်ထွေးလွန်းလှပါတယ်။ ရှုပ်ထွေးလွန်းတဲ့ဘဝသံသရာမှာ ပဲကျင်လည်နေကြရပြီး ရှုပ်ထွေးတဲ့ အသိုက်အမြုံမှာ ရှုပ်ထွေးတဲ့သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ကာ ရုံးလို့မရတဲ့ နှောင်ကြိုးတွေနဲ့အတူ တ၀ဲလယ်လယ်နဲ့ သွားလာကျက်စားနေကြရပါတယ်။
တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကို ရောက်လာကာ စာရေးသူ သီတင်းသုံးတဲ့ကျောင်းဆောင်ပေါ်ကို မော့ကြည့်ပြီး “အရှင်ဘုရား..ကျောင်းရဲ့မျက်နှာကျက်က ဘယ်က လက်သမားနဲ့ လုပ်ထားတာလဲဘုရား” လို့ မေးလာတယ်။ “ ဒီလိုပါပဲ မြို့ထဲက ဦး…………တို့အဖွဲ့ကို ခေါ်ပြီး လုပ်ထားတာပါ။ သူတို့က အလုပ်လုပ်တဲ့နေရာမှာ လက်ရာသေသပ်တယ်” လို့ စာရေးသူက ပြန်ပြောပြပါတယ်။ ထိုအခါ ဒကာကြီးက “ဟုတ်တယ်ဘုရား၊ လုပ်ထားတာတွေက အတော်သပ်ရပ်ပြီး ရှင်းရှင်းလင်းလင်းလေး လုပ်ထားတာ တပည့်တော်သဘောကျတယ်ဘုရား၊ ဒီလိုရှင်းလင်းသပ်ရပ်မှာလဲ စိတ်ထဲရှင်းတာဘုရား၊ အချို့ကျောင်းတွေမှာ လုပ်ထားတာတွေက ရှုပ်ထွေးနေတာပဲဘုရား၊ ဒီလိုရှုပ်ထွေးတာတွေကို မြင်ရရင် စိတ်လည်းရှုပ်သွားတယ်ဘုရား၊ ဒီလိုစိတ်ရှုပ်မခံချင်လို့လဲ မိသားစုနဲ့တောင်မှ အရှုပ်အခံဘဲ ရှင်းအောင်နေတာပါဘုရား” လို့လျှောက်ထားလာပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ဝိပဿနာနှင့် စိပ်ပုတီး



 ယခုအခါ ၀ိပဿနရာတရားစခန်း အများစုတွင် ယောဂီများ ပုတီးမစိပ်ကြရန် စည်းကမ်းချက် သတ်မှတ်ထားသည်ကို တွေ့ရသည်။ သင့်ပါပေသည်။ တရားစခန်းတွင် တရားအားထုတ်ရေးသည်သာ အဓိကဖြစ်သည်။ တနေ့လုံးလိုလို တရားအားထုတ်ရသဖြင့် ပုတီးစိပ်ချိန် မပေးနိုင်ပေ။ တရားရှုနည်းကိုသာ အဓိက လေ့လာဆည်းပူး အားထုတ်ရမည်ဖြစ်သဖြင့် ပုတီးစိပ်ရန် မလိုအပ်ပေ။ ထိုစည်းကမ်းချက်ကို ကျွန်ုပ်တို့ သဘောပေါက်နားလည်၍ ထောက်ခံခြင်းပြုအပ်ပါသည်။
သို့ရာတွင် တရားစခန်းပြီးဆုံး၍ မိမိတို့နေအိမ်များသို့ ပြန်ရောက်ကြသောအခါ အချို့က စိပ်ပုတီးကို စွန့်လိုက်ကြသည်ကို ၀မ်းနည်းဖွယ် တွေ့ရသည်။ စင်စစ် နေအိမ်၌ တရားအားထုတ်မှုကို တနာရီ နှစ်နာရီ စသဖြင့် တကြိမ် နှစ်ကြိမ်သာ ကြိုးကြားကြိုးကြား ပြုကျင့်နိုင်ကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ပုတီးစိပ်ရန် မလိုတော့ဟု ယူဆကာ ပုတီးကို စွန့်ပယ်လိုက်ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်သည်။ ၀ိပဿနာတရား အားထုတ်သူသည် စိပ်ပုတီးကိုင်ဆောင်ရန် မလိုတော့ ဟူ၍ အချို့ခံယူနေကြသည်ကို ၀မ်းနည်းဖွယ် မြင်တွေ့နေရသည်။
>>>ဆက်ဖတ်ရန်>>> >>

“ချိန်သီးလို လူ”



          ဓမ္မနှင့်ပတ်သတ်ပြီး ဘာမှမသိသေးဘဲ မိမိကိုယ်ကို ရုပ်ဝါဒသမားဟု ခံယူထားသော လူသားထဲတွင် ကျွန်တော်ပါဝင်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိအားကောင်းသူလည်း ဖြစ်ပါသည်။ ရတနာသုံးပါး အကြောင်း အခြားသူများ ပြောဆိုဆွေးနွေးနေလျှင် သူတို့ပြောဆိုနေသည့် ဦးတည်ချက်ကို ကတ်ဖဲ့လုပ်ပြီး ငြင်းခုံရခြင်းကိုလည်း အလွန် ၀ါသနာပါပါသည်။    ဤဆောင်းပါးကို ရေးသားရခြင်းမှာ ကျွန်တော့်လိုလူစားများ အချိန်မီ စဉ်းစား ချင့်ချိန် တွေးတောပြုပြင်နိုင်ကြစေရန် ဖြစ်ပါသည်။
          လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ခန့်က ဖြစ်ပါသည်။ ဦးအေးမြင့်ဆိုသည့် မိတ်ဆွေကြီးက ဖျာပုံမြို့၊လိပ်ဥကုန်း ဘုရားအနီး ဓမ္မရိပ်သာတစ်ခုတွင် တရားစခန်းတစ်ခုရှိကြောင်း၊ ကျွန်တော့်လို လူစားမျိုးသည် ထိုရိပ်သာတွင် တရားအားထုတ်ကြည့်သင့်ကြောင်း၊ ကမ္မဋ္ဌာန်းပေးဆရာတော်ကြီးသည် အလွန်ထက်မြတ်ထူးခြားကြောင်း လာပြောပါသည်။
          "ဘယ်လိုထူးခြားသလဲ" ဟုမေးသောအခါ "ခင်ဗျားကိုယ်တိုင် ၀င်ကြည့်မှသိမှာပေါ့" ဟု ပြန်ပြောပါသည်။ သူ၏လေသံတွင် ကျွန်တော်၏ဘာသာရေး အတွေးအခေါ်များကို စိန်ခေါ်သည့်အသံ ပါနေပါသည်။
သူအကြောင်းမဲ့လာပြောနေခြင်းတော့ မဟုတ်နိုင်ဟု  စိတ်ထဲတွင် သိလိုက်သည်နှင့်  တရားရိပ်သာသို့ ကိုယ်တိုင်သွား၍ ဆရာတော်ကို စုံစမ်းသည့်သဘောနှင့် ဖူးတွေ့ခဲ့ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 22, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ



ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 21, 2013

မျက်ရည် တန်ဖိုး



ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သမီးတော် နှစ်ပါးရှိသတဲ့....။
အဲဒီ သမီးတော်လေးတွေ ငို ရင် မျက်ရည်တွေဟာ စိန်ပွင့်တွေ ဖြစ်ဖြစ်သွားတယ်တဲ့..။
ပထမ မင်းသမီးကတော့ မင်းသားလေးတစ်ပါးနဲ့ လက်ထပ်လိုက်ပြီး သူမရဲ့ မျက်ရည်ကဖြစ်တဲ့စိန်ပွင့်တွေနဲ့ ရဲတိုက်တွေ တစ်ခုပြီးတစ်ခု ဆောက်ပြီး နေထိုင်ကြပါတယ် ။
မင်းသမီးငယ်လေးကတော့သိုးကျောင်းသားတစ်ယောက်နဲ့လက်ထပ်လိုက်ပါတယ်။
ဘုရင်ကြီး နတ်ရွာစံခါနီးမှာ သမီးတော် ၂ပါးကို ခေါ်ပြီးတွေ့ပါတယ်။
သမီးကြီးနဲ့ မင်းသာလေးတို့မှာ ရွှေငွေရတနာ လက်ဝတ်လက်စားတွေ အပြည့်နဲ့တွေမြင်နေရပြီး  သမီးငယ်နဲ့ သိုးကျောင်းသားကတော့ ဆင်းရဲမြဲဖြစ်နေတာကို တွေရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Monday, May 20, 2013

စာချွန်တော် (ဆရာတော်ဦးဇောတိက)

 ၁။ သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
၂။ ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်ရဲရဲကြီး ပြင်လိုက်ပါ။
၃။ အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်သွားတယ်။
၎။ အကောင်းကို အဆိုးဖြစ်အောင် မြင်တတ်တာ (အဆိုးမြင်တတ်သူ) ဟာ အသိအမြင် မှားယွင်းမှုတွေထဲမှာ အဆိုးဆုံး၊ အထိခိုက်ဆုံး အမှားမြင်ပုံပဲ။
၅။ အဆိုးတွေ ဘယ်လောက်ကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်ပြီး လုပ်နိုင်ရမယ်။ ဒါကြောင့် စိတ်ကို သိနေတဲ့ အလေ့အကျင့် ရှိဖို့ သိပ်အရေးကြီးတယ်။
၆။ ကိုယ့်အဆိုးကို လက်ခံနိုင်မှသာ အဲဒီအဆိုးဟာ အကောင်းဘက်ကို တဖြည်းဖြည်း ပြောင်းသွားမယ်။ လက်မခံနိုင်သေးသရွေ့ ဖုံးကွယ်ထားသရွေ့ အကောင်းဖြစ်မလာနိုင်ဘူး။
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 16, 2013

မေတ္တာ၏အကျိုးကျေးဇူးများ


စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။

(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။

(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။

(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။

(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။

(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။

(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။

(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။

(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။

(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ  ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

>>>ဆက်ဖတ်ရန်>>> >>

Friday, May 3, 2013

အသင်းပျက်ကြောင်း ၅ ပါး



လုပ်အားမပေး
စည်းဝေးမတက်
ဖိတ်ခေါ်မလာ
ကွယ်ရာအပြစ်ပြော
စိတ်ထားမမှန်
ဤငါးတန်
မှတ်ရန် အသင်းပျက်ကြောင်း
>>>ဆက်ဖတ်ရန်>>> >>

အောင်မြင်ရေး နည်းလမ်း ၁၀ ခု



အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-
၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း
ဒီကနေ့ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့ လိုပါတယ်။ ဒါဟာပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင် မျိုးကို မဆိုဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို အစပျိုးချင်တဲ့ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့ ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး လုပ်ငန်း ဒါမှမဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ အသုံး တည့်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပါ



Faith is the force of life. Leo Tolstoy (1828-1910)
ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။ (လီယို ထော်လ်စ်တွိုင်း)
သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲ ရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူ
မြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့ တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်က
တွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာ
ကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့ တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြား
အကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။
ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကို ရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီ အရွေ့ခံ အရာထက်တော့ ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကို ရွေ့လျားစေတဲ့ အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့ အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြု ထားပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 1, 2013

"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"



"ရွှေမြန်မာတို့သတိထားရမည့် လူ့စပါးကြီးတို့၏ အန္တရာယ်"
"ဗုဒ္ဒဘာသာဝင်အားလုံး အမျိုးပျောက်မှာ စိုးကြောက်ကြပါ"

မြန်မာအမျိုးသမီးများဟာ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်မသွားအောင် တာဝန်ယူထားရသော တိုင်းရင်းသူများဖြစ်ကြပါတယ်။ မြန်မာလူမျိုးများ တည်တံ့ ပြန့်ပွားဖို့အတွက် မြန်မာမျိုးဆက်သစ်များကို မြန်မာတိုင်းရင်းသူများကသာ မွေးဖွားပေးနိုင်ပါတယ်။ တခြားလူမျိုး တိုင်းရင်းသူများက မွေးဖွားပေးလို့ မရပါဘူး။ ဒါကြောင့်မို့ မြန်မာတိုင်းရင်းသူများဟာ မြန်မာလူထုတစ်ရပ်လုံးရဲ့ အသည်းနှလုံးများ၊ အညွန့်အဖူးများ ဖြစ်ကြပါတယ်။ ဒီအညွန့်အဖူးတွေကို အဖျက်ပိုးများ မကိုက်ရလေအောင် ပန်းကလေးသဖွယ် ဂရုစိုက်ပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖို့ လိုအပ်ပါတယ်။
ယခုအချိန်အခါမှာ မြန်မာလူမျိုးတွေရဲ့ အညွန့်အဖူးဖြစ်တဲ့ တိုင်းရင်းသူတွေကို အဖျက်ပိုးများက လက်ထပ်သိမ်းပိုက်ပြီး သွေးနှောမျိုးဖျက်ဖို့ ကြိုးစားနေကြပါတယ်။ မြန်မာတိုင်းရင်းသူများကို အဖျက်ပိုးများက သွေးနှောမျိုးဖျက်ခွင့်မရအောင် မြန်မာတိုင်းလူမျိုးတိုင်း တားဆီးကာကွယ်သွားကြရပါမယ်။ ဒီတာဝန်ဟာ မြန်မာလူမျိုးတိုင်း မဖြစ်မနေ ထမ်းဆောင်ရမယ့် ဧရာမတာဝန်ကြီးပဲ ဖြစ်ပါတယ်။ တကယ်လို့သာ တားဆီးကာကွယ်မှု မရှိကြဘူးဆိုရင် တိုက်စစ်ထက်မြက်တဲ့ တစ်ဘက်ဘောလုံးအသင်းကို ဂိုးသမားမပါဘဲ ခံကစားသကဲ့သို့ ဖြစ်နေပါတယ်။ ယခုအခါ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စတဲ့ မြန်မာတိုင်းရင်းသူများကို လူမျိုးခြား ဘာသာခြားတွေက သွေးနှောပြီး မျိုးဖျက်ခံနေရတာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံး လက်ညှိုးထိုး မလွဲအောင် ရှိနေကြပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"



ကံထွန်းသစ် "နတ်စည်" ကလောင်အမည်နဲ့ရေးခဲ့သည့် "ဘုန်းနဲ့ကံနဲ့လူငယ်တွေ" စာအုပ်မှ " ခြင်းတောင်းကြီး ပြန်ယူခဲ့နော်" ဆောင်းပါးကို ဖေါ်ပြအပ်ပါသည်။
"ခြင်းတောင်းကြီး ပြန်ယူခဲ့နော်"
ဒီနေ့ သူတို့လေးတွေကို “မိဘလုပ်ကျွေးခြင်းမင်္ဂလာ” အကြောင်း ပြောပြရမည့်နေ့ပါလား။ "ကြွေးဟောင်းလည်း ဆပ်၊ ကြွေးသစ်လည်းချ" သည့် ဘုရားလောင်း ကျေးမင်းဇာတ်က စိတ်ထဲမှာ ပေါ်လာသည်။ အကြွေးသဘော မဟုတ်ဘဲ၊ သိအပ်၊ ခံစားအပ်၊ တုံ့လှယ်အပ်သော နိယာမဓမ္မအဖြစ် နားလည်အောင် ပြောပြချင်လှသည်။ ဒါမှ ကျေးဇူးအလှကို မြင်နိုင်မည်၊ မဲပြာ ပုဆိုးနှင့်တော့ သူတို့လေးတွေကို မဆွဲဆောင်နိုင်။
ဝတ္တရားဆိုတာထက်၊ အလှတရားအဖြစ် နားလည် တုံ့ဆပ်ခြင်းက ပို၍ လေးနက်ခမ်းနားကြောင်းကို သိစေချင်သည်။ ထိုအလှကို စာနာခြင်းဖြင့်သာ နားလည်ခံစားနိုင်ကြမည်။ တလောက "နံရံကပ်ပိုစတာ” လေးတစ်ခုကို ဖတ်လိုက်ရသည်၊ "ငါအိုသောအခါတဲ့"။ မိအို၊ ဖအိုများကို စာနာဖို့အရေး၊ ထိမိသော သတိပေးမှုလေးများပင်၊ မည်သူ၏ လက်ရာမှန်း မသိရပေမင့် သာဓုအကြိမ်ကြိမ် ခေါ်မိသည်၊ ဖတ်သူ့ရင်ကို ထွင်းနိုင်ပေစွ၊ စာမြည်းအဖြစ် ပြရလျှင် “ခေတ်သစ် နည်းပညာ သစ်တွေကို နားမလည်တဲ့အခါ မလှောင်ပါနှင့်၊ ငယ်ငယ်တုန်းက “ဘာကြောင့်ဆိုတဲ့” မေးခွန်းတွေကို အကြိမ်ကြိမ် ဖြေပေးခဲ့တာ သတိရပါ” တဲ့၊ ဒီစာစုထဲက သဘောထားလေးတွေ ပြန့်နှံ့စေချင် လှပါဘိ၊
>>>ဆက်ဖတ်ရန်>>> >>