“တော်သလင်းမိုး ကန်သင်းကျိုး၊
တော်သလင်းနေ ပုစွန်သေ” ဟု ဆိုရိုးစကားရှိခဲ့သော တော်သလင်းလ (8.9.2014) သည် မြန်မာနိုင်ငံ
မြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်များထဲမှ တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့ ဖြစ်ပေသည်။
“ဂရုဓမ္မ” ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သလို
ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား
ဟု အမည်ရခြင်း ဖြစ်သည်။ ဂရုဓမ္မအခါတော်နေ့ဟု
ဆိုလိုက်သည်နှင့် မြန်မာပြည်၏ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မြင်ယောင်မိလာပါတော့သည်။
မှတ်မိသလောက်ဆိုရင် 2008 ခုနှစ် နာဂစ်မုန်တိုင်းမှစ၍ ယနေ့မျက်မှောက်ထိ အချိန်အခါမဲ့
သဘာဝဘေးအန္တရာယ်များ ကျရောက်နေခဲ့တာတွေကို မြန်မာပြည်သူ ပြည်သားများနှင့် အုပ်ချုပ်သူအာဏာရှင်များ၊
အကိုးကွယ်ခံရဟန်းသံဃာများလည်း မျက်ဝါးထင်ထင် တွေ့နေ့ မြင်နေရသလို ကိုယ်တိုင်ကြုံတွေ့ပြီး
ဒုက္ခပင်လယ်ဝေနေသူများလည်း ရှိကြပေမည်။ မည်ကဲ့သို့သော အကြောင်းများကြောင့် ယခုကဲ့သို့
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနေရသလဲဆိုတာကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓစာပေ လေ့လာဖူးသူများ
သိကြသလို မသိကြသေးသူများအနေဖြင့် အရင်းစစ်လျှင် အမြစ်ကထင်ပြီး ဂရုဓမ္မတရား အကျဉ်းချုပ်ကို
အနှစ်ထုတ်ကာ မှတ်သားနာယူနိုင်ကြစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။