Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, June 19, 2013

"မဟာရောရုဝငရဲ (သို့မဟုတ်) သူတော်ကောင်းများအား ပြစ်မှားစော်ကားသူတို့ ကျရောက်ရသည့် ငရဲဘုံ"



မဟာရောရုဝငရဲသည် ငရဲကြီးရှစ်ထပ်တွင် ပဉ္စမမြောက် ငရဲဖြစ်သည်။ ရောရုဝငရဲအောက် ယူဇနာတစ်သောင်းငါးထောင် ကွာဝေးသော အရပ်တွင်ရှိသည်။ အကျယ်အဝန်းမှာ အလျား၊ အနံ၊ အစောက် ယူဇနာတစ်သောင်းရှိ၏။ ငရဲသားများ၏ ခန္ဓာကိုယ်အတွင်းသို့ ငရဲမီးများက ဝင်ရောက်နှိပ်စက်သည့် ငရဲကြီးဖြစ်သည်။
ဤမဟာရောရုဝငရဲကြီးသည် ငရဲပြင်တစ်ခုလုံး၌ မီးတောက်မီးလျှံသည် အရှိန်လျှော့ပါးခြင်း မရှိဘဲ တဟုန်းဟုန်း ထလျက်ရှိသည်။ ငရဲသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ မီးတောက်မီးလျှံများက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ပါးစပ်စသော ဒွါရကိုးပေါက်တို့မှနေ၍ အတင်းဝင် အတင်းထွက်ကာ လောင်ကျွမ်းကြလေသည်။
>>>ဆက်ဖတ်ရန်>>> >>

ရဟန်းသံဃာကို ဝေဖန် ဆဲရေးသူတို့ စိမ်ရည်သင့်မည့်ဘေးမှ ကင်းလွတ်စေရန်



လုပ်ရပ်ကိုဝေဖန်တာ လက်ခံလို့ရတယ်..။ ဘုန်းကြီးကိုဆဲတာတော့ လက်မခံဘူး..။ ရဟန်းဆိုတာ ပါရာဇိက မကျမချင်း ရဟန်းပါဘဲ..။ သင်္ကန်းချွတ်ပြီးထောင်ချထားလည်း ရဟန်းရဲ့စိတ်မှာ လူဝတ်လဲချင်စိတ်မရှိရင် ရဟန်းအဖြစ်မှ လျှောကျခြင်းမရှိပါဘူး..။ လူဝတ်လဲခါနီး သိက္ခာချရင်တောင် ရဟန်းအဖြစ်မှ လူဝတ်လဲချင်ပါလား သုံးခါတိတိမေးပါတယ်..။ ကာယကံရှင်ဆန္ဒပါမှ သိက္ခာချခြင်းအမှု ပြီးမြောက်ပါတယ်..။
ရဟန်းတစ်ပါးကို ကိုယ်နှုတ်စိတ်နဲ့ပစ်မှားတာတောင် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ လွန်လှပါပြီ..။ ရဟန်းချင်းကို ရန်တိုက်ပေးတာမျိုးကတော့ သံဃာသင်းခွဲခြင်းမည်ပါတယ်..။ သံဃာသင်းခွဲတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးလေးတယ် ဆိုတာ ဗုဒ္ဓဘာသာမှန်ရင် သိထားသင့်ပါတယ်..။
နောက်တစ်ခုအမှတ်လွဲနေကြတာရှိပါတယ်..။ မနေ့ကတော့ တစ်ယောက်ကရေးထားတာ တွေ့တယ်..။ ဆရာတော်ဦးဝီရသူကို ပရိတ်ကြီး (၁၁) သုတ်တောင် အလွတ်ရွတ်နိုင်လို့လားလို့ ရေးထားတာမှာ အောက်ကနေ အများကြီးထောက်ခံထားတာတွေ့ပါတယ်..။ ဦးဝီရသူဟာ အဘိဝံသ ဘွဲ့ရထားသူတစ်ယောက်ပါ..။ ဒါကြောင့်လည်း မစိုးရိမ်မှာ ကျောင်းတစ်ခုရဲ့ ကျောင်းထိုင်နေရာ ပေးထားခံရတာဖြစ်ပါတယ်..။ အဘိဝံသဘွဲ့ဟာ ဘယ်လောက်အပတ်တကုတ် အားထုတ်ရတယ်ဆိုတာ ပိဋကတ်စာပေ လေ့လာဖူးသူတိုင်းသိပါတယ်..။ (အန္ဓအတွေးတွေနဲ့ အဘိဝံသတစ်ပါးကို ပြောတာ အလွန်တရာမိုက်မဲတယ်ဆိုတာလေး ပြောပြတာပါ)
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 6, 2013

အသားနာပေမယ့် ဘ၀ မနာမိဖို့ အရေးကြီးလှပါတယ်




ပြန်လည်တွေးတောရင်း အတွေးရေယဉ်ကြောမှာ မျှောပါလို့ နေပါတော့တယ်။ လောကမှာ အကြောင်းအရာတစ်ခုကိုပဲ ဖြစ်စေ၊ လူတစ်ယောက်ကိုပဲ ဖြစ်စေ ယုံလိုက်စမ်းပါ၊ ယုံကြည်သင့်တယ် လို့ အတင်းအကျပ် ယုံကြည်ခိုင်းလို့ မရသလို မယုံပါနဲ့လို့ ပိတ်ပင်တားဆီးလို့လဲ မရနိုင်ပါ။  စိတ်ဓါတ်ရေးရာနဲ့ပတ်သက်ပြီး လူများကို ဖိအားပေးလို့လဲ မရ ၊ အတင်းအဓမ္မ လုပ်ခိုင်းလို့လဲမရနိုင်ပါ။
          တစ်နေ့  ရှင်ဥပဂုတ္တဖေါင် ရေထဲ ချခါနီးမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက် အပြေးအလွှား လာရောက်ပြီး သူ့မှာပါလာတဲ့ ပိုက်ဆံ ၄၅ ကျပ်အနက်က ၂၅ကျပ်ကို လောင်းလှူလိုက်ပါတယ်။ ပိုက်ဆံ လှူဖို့အတွက် သူမ ပြေးလာစဉ်က နားထဲမှာ “ကလေးမ….မောမောပမ်းပမ်းနဲ့ ပြေးလာပြီး လာလှူတာဟာ ကုသိုလ်တအားရလိမ့်မယ်” လို့ မမြင်ရတဲ့နေရာကနေ လူတစ်ယောက် ပြောလိုက်တဲ့အသံကို ကြားလိုက်ရပါတယ်။ထိုစကားကြောင့်လဲ ပိုပြီး စိတ်အားထက်သန်ကာ ၀မ်သာအားရ လှူနိုင်ခဲ့ပါတယ်။ ဒီလို အလှူဒါနနဲ့စပ်လို့ ယုံကြည်မှုတွေ ဖြစ်လာတဲ့ အကြောင်းအရင်းကို ပြောရရင်….
>>>ဆက်ဖတ်ရန်>>> >>