လုပ်ရပ်ကိုဝေဖန်တာ လက်ခံလို့ရတယ်..။
ဘုန်းကြီးကိုဆဲတာတော့ လက်မခံဘူး..။ ရဟန်းဆိုတာ ပါရာဇိက မကျမချင်း ရဟန်းပါဘဲ..။ သင်္ကန်းချွတ်ပြီးထောင်ချထားလည်း
ရဟန်းရဲ့စိတ်မှာ လူဝတ်လဲချင်စိတ်မရှိရင် ရဟန်းအဖြစ်မှ လျှောကျခြင်းမရှိပါဘူး..။ လူဝတ်လဲခါနီး
သိက္ခာချရင်တောင် ရဟန်းအဖြစ်မှ လူဝတ်လဲချင်ပါလား သုံးခါတိတိမေးပါတယ်..။ ကာယကံရှင်ဆန္ဒပါမှ
သိက္ခာချခြင်းအမှု ပြီးမြောက်ပါတယ်..။
ရဟန်းတစ်ပါးကို ကိုယ်နှုတ်စိတ်နဲ့ပစ်မှားတာတောင်
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ လွန်လှပါပြီ..။ ရဟန်းချင်းကို ရန်တိုက်ပေးတာမျိုးကတော့ သံဃာသင်းခွဲခြင်းမည်ပါတယ်..။
သံဃာသင်းခွဲတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးလေးတယ် ဆိုတာ ဗုဒ္ဓဘာသာမှန်ရင် သိထားသင့်ပါတယ်..။
နောက်တစ်ခုအမှတ်လွဲနေကြတာရှိပါတယ်..။
မနေ့ကတော့ တစ်ယောက်ကရေးထားတာ တွေ့တယ်..။ ဆရာတော်ဦးဝီရသူကို ပရိတ်ကြီး (၁၁) သုတ်တောင်
အလွတ်ရွတ်နိုင်လို့လားလို့ ရေးထားတာမှာ အောက်ကနေ အများကြီးထောက်ခံထားတာတွေ့ပါတယ်..။
ဦးဝီရသူဟာ အဘိဝံသ ဘွဲ့ရထားသူတစ်ယောက်ပါ..။ ဒါကြောင့်လည်း မစိုးရိမ်မှာ ကျောင်းတစ်ခုရဲ့
ကျောင်းထိုင်နေရာ ပေးထားခံရတာဖြစ်ပါတယ်..။ အဘိဝံသဘွဲ့ဟာ ဘယ်လောက်အပတ်တကုတ် အားထုတ်ရတယ်ဆိုတာ
ပိဋကတ်စာပေ လေ့လာဖူးသူတိုင်းသိပါတယ်..။ (အန္ဓအတွေးတွေနဲ့ အဘိဝံသတစ်ပါးကို ပြောတာ အလွန်တရာမိုက်မဲတယ်ဆိုတာလေး
ပြောပြတာပါ)
ပြောနေတဲ့သူတွေက ဝိနည်းမညီဘူးပြောတယ်..။
ဝိနည်းညီခြင်းမညီခြင်းဆိုတာမှာ ရဟန္တာဖြစ်ပြီး သားတောင်မှ အနုစားအာပတ်သင့်တာမျိုးတွေ
အာပတ်ဖြေရတာမျိုးတွေ ရှိပါတယ်..။ ဝိနည်း မညီဘူးပြောတဲ့သူတွေကကော ဝိနည်း (၅) ကျမ်းမှာ
ဘယ်ကျမ်းတစ်ကျမ်းကိုများ အစအဆုံး လေ့လာဖူး ဖတ်ဖူးပါသလဲ..။ (ဝိနည်းတော်မှာပါတာက ကုဋီတက်ပြီး
ရေခွက်ကို ပက်လက် ထားခဲ့ရင်တောင် နောက်တပါးတက်လာတဲ့အချိန် ဒီထဲကရေလက်ကျန်အပေါ်မှာ သံသယဝင်သွား
ရင်တောင် ရေခွက်ကို ပက်လက်ထားခဲ့တဲ့ ရဟန်းမှာ အသေးစားအာပတ်သင့်ပါတယ်)
မနက်က သူငယ်ချင်းပြည်စုံမြတ်မိုး
တင်ထားတာလေးလည်း ပြန်ပြောပြချင်ပါတယ်..
[တစ်ခုသောညချမ်းအချိန်အခါတွင်
မြတ်စွာဘုရားရှင်သည် ရှင်မဟာမောဂ္ဂလာန်နှင့် ရှင်သာရိပုတ္တရာ မထေရ်တို့ကို မေးခွန်းတစ်ခုမေးတော်မူသည်။
" ချစ်သားတို့ ငါဘုရား
ပရိနိဗ္ဗာန်စံလွန်သော် သင်တို့မည်သို့ပြုကြမည်နည်း "
ရှင်သာရိပုတ္တရာမထေရ်က..
" မြတ်စွာဘုရားရှင်မရှိသည့်နောက်..တောရပ်မှီကာ ဈာန်ဝင်စားရင်း အေးချမ်းစွာ နေတော့မည်ဟုလျောက်၏ "
" မြတ်စွာဘုရားရှင်မရှိသည့်နောက်..တောရပ်မှီကာ ဈာန်ဝင်စားရင်း အေးချမ်းစွာ နေတော့မည်ဟုလျောက်၏ "
ရှင်မောဂ္ဂလန်မထေရ်ကမူ..
" မြတ်စွာဘုရားရှင်မရှိသည့်အခါ ဘုရားရှင်ကိုယ်စား သံဃာအပေါင်းကို ဦးဆောင်ပြီး သာသနာအကျိုး လူအများအကျိုး ကို ဆက်လက်ဆောင်ရွက်ပါမည် " ဟုအသီးသီးလျောက်တင်ကြလေသည်။
" မြတ်စွာဘုရားရှင်မရှိသည့်အခါ ဘုရားရှင်ကိုယ်စား သံဃာအပေါင်းကို ဦးဆောင်ပြီး သာသနာအကျိုး လူအများအကျိုး ကို ဆက်လက်ဆောင်ရွက်ပါမည် " ဟုအသီးသီးလျောက်တင်ကြလေသည်။
မြတ်စွာဘုရားရှင်သည်ရှင်သာရိပုတ္တရာ၏အဖြေကို
ပယ်တော်မူပြီး ရှင်မဟာမောဂ္ဂလန်ကို ချီးမွမ်းတော်မူ၏။
မြတ်စွာဘုရားရှင်က ဗုဒ္ဓဘာသာဝင်တိုင်း
တရားချည်းကျင့်နေရမည် ရင်ထဲတရားရှိရင်ပြီးပြီဟုမိန့်တော်မမူခဲ့ပါ. သာသနာတည်တံ့အောင်ဆောင်ရွက်ခြင်းကို
ချီးမွမ်းတော်မူခဲ့ပါသည်....
ထို့ကြောင့် ယခုအချိန်ခါတွင်
အကြမ်းဖက်ခြင်းလုံးဝမရှိပဲ သာသနာတည်တံ့အောင် အမျိုးဘာသာ သာသနာအကျိုးဆောင်ရွက်နေသူ ရဟန်း
ရှင် လူ အားလုံးကိုရှင်မဟာမောဂ္ဂလန် စိတ်ထားရှိသူများ ဟု ဂုဏ်ပြုလိုပါသည်။
ဗုဒ္ဓဘာသာဖြစ်ပြီး အေးအေးမနေကြဘူး၊
ဘုရားဟောနဲ့အညီမနေကြဘူး၊ ဘုရားရှိပြီးတာပဲ ဆိုသူများသတိချပ်စရာပါ။]
ဘုရားရှင်ဟာ ကိုယ့်အကျိုးအတွက်
ဘုရားဖြစ်အောင်အရင့်ကျင့် ပါရမီဖြည့်ပြီးမှ သူတပါးအကျိုးကို ဆောင်ရွက်တာပါ..။ ကိုယ့်မှာ
ပြည့်မနေဘဲ တခြားသူကိုလိုက်ဖြည့်ပေးလို့မရပါဘူး..။ ကိုယ့်အတွက်ပြည့်ပြီးရင်လည်း သူတပါးကို
ဖြည့်ပေးတဲ့ ပရဟိတစိတ်ဓာတ် ဖြစ်စေချင်တာပါ..။ ရှင်မဟာမောဂ္ဂလန်က သူတပါးအကျိုးစီးပွားအတွက်
သာသနာကို ကာကွယ်စောင့်ရှောက်တာကို မြတ်စွာဘုရား ချီးမွမ်းရခြင်းက အဲဒါကြောင့်ပါ..။
အချင်းချင်းနှုတ်လှန်ထိုးပြီး
သံဃာတော်တွေကို ဆဲဆိုနေတာကလည်း ဘာသာခြားတွေအမြင်မှာ ဒီလူတွေမစည်းလုံးဘူးလို့မြင်စရာရှိပါတယ်
(ကျွန်တော်ထင်တာတော့ ဗုဒ္ဓဘာသာကို တိုက်ခိုက်ချင်တဲ့သူတွေက ဗုဒ္ဓဘာသာအယောင်ဆောင်ပြီး
အထင်လွဲအောင် ဆဲဆိုသောင်းကျန်း နေတာလို့ ယူဆမိပါတယ်) ..။
ဘုရားရှင်သင်ပေးခဲ့တာ ဗြဟ္မဝိဟာရ
တရားပါ..။ အဓမ္မမဟုတ်ပါဘူး။ အခုလက်ရှိမှာ ဒေါသကြောင့် ဆဲမိဆိုမိသူတွေလည်း မိမိကိုးကွယ်တဲ့ဘာသာတရားရဲ့
Image မကျဆင်းရေးအတွက် ဆဲဆိုခြင်းမပြုကြပါရန် မေတ္တာရပ်ခံပါတယ်..။ မိမိကိုယ်မိမိ ဗြဟ္မစာရဖြစ်ချင်တာလား
အဓမ္မဝါဒီဖြစ်ချင်တာလား ကွဲကွဲပြားပြားသိရင်တော့ တစ်ဖက်ကိုပဲ ရွေးလိုက်ပါ..။
တရားရုံးမှာ သက်သေထွက်ချက်ကို
ထည့်သွင်းစဉ်းစားတဲ့အခါ ကိုယ့်ဘက်က သက်သေက ကိုယ့်ကိုဆန့်ကျင် ထွက်ဆိုရင် ပိုပြီးထိခိုက်နစ်နာပါတယ်..။
ဗုဒ္ဓဘာသာကိုမယုံကြည်လို့ ဗုဒ္ဓတရားတော်တွေကို ဆန့်ကျင်ချင်လို့၊ ဘုရားသားတော်တွေကို
ဆဲဆိုရိုင်းပျချင်လို့ ဆိုရင်တော့ ဘာသာမဲ့ဖြစ်စေ၊ အခြားဘာသာဖြစ်စေ လွတ်လပ်စွာ ခံယူနိုင်ကြပါကြောင်းနဲ့
ဘာသာပြောင်းလို့လည်း ဘယ်သူမှ အတင်းအဓမ္မ ပြန်ပြောင်းခိုင်းကြမှာ မဟုတ်ပါကြောင်း..။
ကိုကိုးအိမ်(မန္တလေး) မှ
တဆင့် ကူးယူမျှဝေလိုက်ပါတယ်..
No comments:
Post a Comment