ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ မျိုးချစ်မြန်မာလူငယ်အသင်း(ဘန်ကောက်) ၏ တတိယအကြိမ် စုပေါင်း မဟာဘုံကထိန် (17.11.2013 - တနင်္ဂနွေနေ့) တန်ဆောင်မုန်းလပြည့်နေ့
Thursday, November 28, 2013
Wednesday, November 20, 2013
ခေါင်းဆောင်ကောင်း( Good Leadership)နှင့် စီမံခန့်ခွဲမှု (Management)
ခေါင်းဆောင်မှု
(Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် နယ်ပယ်အသီးသီးတို့၌ အစဉ်အမြဲ
ဒွန်တွဲလျှက် ရှိကြ၏။ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟု ဆိုလိုက်လျှင် လူတော်တော်များများသည်
ခေါင်းဆောင်လုပ်မည့် သူများအတွက်သာဟု တထစ်ချ ထင်မြင်ယူဆကြ၏။
၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီး၌
ခေါင်းဆောင်မှုပညာ (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် သာသနဝန်ထမ်းရော
လူဝတ်ကြောင်များပါမကျန် ကျား-မ မရွေး လူမျိုးမရွေး ဘာသာဝင်မရွေး အများသူငါ အားလုံးတတ်သင့်တတ်ထိုက်သည့်
ပညာရပ်များပင်ဖြစ်၏။
အထူးသဖြင့် ယနေ့ခေတ်ကြီး၌
သာသနဝန်ထမ်း ရှင်ရဟန်းတို့သည်လည်း မိမိတို့ဦးဆောင်ရမည့် အခန်းကဏ္ဍ သာသနာရေးရာတို့၌ သာသနာပြုလုပ်ငန်းဆောင်တာများ
ပိုမိုကျယ်ကျယ်ပြန့်ပြန့်လာနိုင်စေရန် ဤခေါင်းဆောင်မှု စီမံခန့်ခွဲမှုပညာသည် အထူးပင်လိုအပ်လှပေ၏။
Wednesday, November 13, 2013
ရဟန်းဟူသည်

လူ့အလိုကျရဟန်း ဗုဒ္ဓအလိုကျရဟန်း ဟုနှစ်မျိုးရှိသည်။ လူ့အလိုကျရဟန်းဟူသည် ပစ္စည်းလေးပါးရဖို့သာ အဓိကထားသည်။ တရားရဖို့အဓိကမထားပေ။
ဗုဒ္ဓအလိုကျရဟန်းသည် တရားရဖို့သာအဓိကထားသည်။
ပစ္စည်းလေးပါးရဖို့ အဓိကမထားပေ။
ထို့ကြောင့် လူ့အလိုကျရဟန်းသည်
ခင်စရာကောင်း၏။ သို့သော် ကြည်ညိုစရာမကောင်း။
ဗုဒ္ဓအလိုကျရဟန်းကား ကြည်ညိုစရာကောင်း၏
ခင်စရာမကောင်း။
Tuesday, November 12, 2013
ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်
ဒီကောင် ရူးနေပြီ … တန်ရာတန်ရာ
ပြောပါကွာ … ကြီးကြီးကျယ်ကျယ်နဲ့ …. မဆီမဆိုင်ကွာ … အာဏာရူးတစ်ယောက် ပေါ်လာပြန်ပြီ
.. ပလ္လင်ပေါ် ခွေးတက်ချင်ပြန်ပြီ …. ဒီယုန်မြင်လို့ ဒီချုံထွင်တာပါကွာ …. ဟူသော စကားသံများ
ကျွန်တော်နားနဲ့မဆန့် လျှံထွက် ပဲ့တင်သံများ ဟိန်းထွက်နေမည်မှာကို ယုံကြည်ပြီးသား…
မျှော်လင့်ပြီးသား။
ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ စစ်ဦးစီးချုပ်ကြီး
ဖြစ်ခဲ့ရင်
ကျွန်တော်သာ လွှတ်တော်အမတ်ကြီး
ဖြစ်ခဲ့ရင်
ကျွန်တော်သာ နာမည်ကြီးမင်းသားတစ်ဦး
ဖြစ်ခဲ့ရင်
ကျွန်တော်သာ ပရဟိတသမားတစ်ဦး
ဖြစ်ခဲ့ရင်
Thursday, November 7, 2013
ကာလ သမ္ပတ္တိ နဲ့ ကာလ ၀ိပတ္တိ
"ကာလသမ္ပတ္တိ"
မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို
“ကာလသမ္ပတ္တိ”ဟု ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊
ကျန်းမာအောင် အစရှိသဖြင့် စီမံတတ်သော မင်းကောင်းခေါင်းဆောင်ကောင်းတို့ လက်ထက်၌
ကုသိုလ်ကံများ အခွင့်သာ၏။
ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို
တွေ့ကြုံကြရ၏။ ပူပန်သောကကင်း၍ ဆွေမျိုးဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတို့ပင်
ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိ၌
ကြုံကြိုက်သောအခါ ပြတ်သတ်ငတ်နေအောင် အကျိုးပေးမည့် ကုသိုလ်ကံ ပါရှိသော်လည်း
အခွင့်မရသဖြင့် အကျိုးမပေးနိုင်။
Subscribe to:
Posts (Atom)