Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Tuesday, November 12, 2013

ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်



 ဒီကောင် ရူးနေပြီ … တန်ရာတန်ရာ ပြောပါကွာ … ကြီးကြီးကျယ်ကျယ်နဲ့ …. မဆီမဆိုင်ကွာ … အာဏာရူးတစ်ယောက် ပေါ်လာပြန်ပြီ .. ပလ္လင်ပေါ် ခွေးတက်ချင်ပြန်ပြီ …. ဒီယုန်မြင်လို့ ဒီချုံထွင်တာပါကွာ …. ဟူသော စကားသံများ ကျွန်တော်နားနဲ့မဆန့် လျှံထွက် ပဲ့တင်သံများ ဟိန်းထွက်နေမည်မှာကို ယုံကြည်ပြီးသား… မျှော်လင့်ပြီးသား။
ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ စစ်ဦးစီးချုပ်ကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ လွှတ်တော်အမတ်ကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်ခဲ့ရင်
ကျွန်တော်သာ ပရဟိတသမားတစ်ဦး ဖြစ်ခဲ့ရင်


ဒီဖြစ်ခဲ့ရင် ဆိုသည်မှာ စေတနာပါသည်၊ မေတ္တာပါသည်၊ ကရုဏာပါသည်၊ မုဒိတာပါသည်။ ဖြစ်ခဲ့ရင်နှင့် ဖြစ်ချင်သည်မှာ များစွာ ကွာခြားလှပါသည်။ ဒီ ဖြစ်ချင်သည် ဆိုသည်မှာ လောဘ ဒေါသ မောဟ အတ္တများ ပါသည်။

ကျွန်တော်သည် မြန်မာ့နိုင်ငံရေးလောကကြီးကို နားမလည်၊ လှည့်စားမှု၊ ကောက်ကျစ်မှု၊ လူသား မဆန်မှု၊ ရှေ့/ဘေး/နောက်မှ ဓားနှင့်ထိုးမှုများ၊ ဖုံးကွယ်မှုများနှင့် ရှုပ်ထွေးလှသည်ကိုသာ ခေတ်အဆက်ဆက် မျက်မြင်ကိုယ်တွေ့ ကြားသိ မြင်သိခဲ့ရသည်။ အမေစုအား ကိုယ်ချင်းစာမိသည်။ သနားကရုဏာ သက်မိသည်။ ဂုဏ်လည်း ဂုဏ်ယူမိသည်။ စိုးလည်း စိုးရိမ်မိသည်။

ထိုနည်းတူစွာ သမ္မတကြီး ဦးသိန်းစိန်အားလည်း ကိုယ်ချင်းစာနာမိသည်။ ဒါ … လူမှုရေးသမားများအမြင်ဖြင့် ပြောကြားခြင်းပင် ဖြစ်သည်။
လူမှုရေးသမား၊ ပရဟိတသမား စစ်စစ်ဖြစ်ပါက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားဟူသော ဗြဟ္မစိုရ်တရား (၄)ပါးအား လက်ကိုင်ပြုပြီး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား လူသားချင်း စာနာထောက်ထားသောစိတ်ဖြင့် အနစ်နာခံ ပေးဆပ်မှုမျိုးကို စေတနာထား၍ ပေးဆပ် ထမ်းရွက်ရသည်။ အတ္တများကို ဖြုတ်ရသည်၊ မာန်မာနများကို ချန်ထားခဲ့ရသည်။

ပြည်ပအထောက်အပံ့ မပါဘဲနှင့် မြန်မာပြည်သူလူထုအပေါင်း၏ လူဒါန်းမှုအစုစုကို ရရှိခဲ့သည်။ ထိုလှူဒါန်းမှုများဖြင့် ပြည်သူလူထုတို့ ကြုံတွေ့နေရသော ဒုက္ခပင်လယ်ကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျဆင်း၍ ကယ်တင်ဖေးမမှုတို့ကို ပြုလုပ်ပေးခဲ့ရသည်။

နိုင်ငံတော်သစ်ကြီး ထူထောင်ရာတွင် အခြေခံအုတ်မြစ် ခိုင်မာရန် အရေးကြီးလှသည်။ သို့မှသာ အထပ်ပေါင်း မည်မျှပင် မြင့်မားပါစေ သက်တမ်းကြာမြင့်စွာ ခံနိုင်မည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အခြေံအုတ်မြစ်ဖြစ်သော ဆင်းရဲနွမ်းပါး ဒုက္ခရောက်နေကြရသော ပြည်သူလူထုတို့၏ ကြုံတွေ့ခံစားနေရသော စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ နာရေး စသည့် ဒုက္ခများကို ခိုင်မာမှုရှိရန်အတွက် ဦးစွာ ဆောင်ရွက်စေလိုသော ဆန္ဒဖြင့် ပြည်သူလူထိုတို့နှင့် တစ်သားတည်း ရပ်တည်ခံစားမိကာ အပူမီးများကို ငြိမ်းသတ်ပေးနေရသော ကျွန်တော်တို့ လူမှုရေးသမားများ အားလုံး၏ ကိုယ်စား ရင်ထဲမှ ထွက်ပေါ်လာရသော ခံစားမှုခေါင်းစီးဟုသာ စာဖတ်သူအပေါင်း အသိအမှတ် ပြုစေချင်တော့သည်။
ဘယ်အစိုးရတက်တက်

No comments:

Post a Comment