Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Saturday, June 28, 2014

ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ နှင့် အကျိုးကျေးဇူး


သန္ဓေ တောထွက် ဓမ္မစက် ပုန်းညှက်သင်းချို လ၀ါဆို ဟူသည်နှင့်အညီ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၇၊ ခရစ်နှစ်၂၀၁၄ခုနှစ် ဇူလိုင်လ ၁၁ - ရက်နေ့သည် ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။ ၄င်း ၀ါဆိုလပြည့်နေ့တွင် ၀ါဆိုဝါကပ်ကြမည့် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့ကြောင့် ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများကို အနည်းငယ်မျှ ဖော်ပြပေးပါမည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းဆိုတဲ့ ၀ါဆိုသင်္ကန်းအလှူ (၀ဿိကသာဋိက) ၀ဿဝါသိက  စီဝရဒါန မိုးရေခံသင်္ကန်း အလှူဒါနသည် အားလုံးသိနေကြသည့် ၇ နှစ်အရွယ်နဲ့ သောတာပန်တည်တဲ့ ပုဗ္ဗာရုံကျောင်း ကျောင်းအမကြီး ၀ိသာခါ၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Friday, June 27, 2014

ကျောင်းပြင်ပမှ ကျောင်းနေအရွယ်များ Written By ကျော်မြင့်သစ်



(၁)
ယခုနှစ်ကျောင်းအပ်ချိန်က ယခင်နှစ်တွေနှင့်မတူ။ ကလေးတွေရော၊ မိဘတွေပါ တက်တက်ကြွကြွ ရှိလှသည်။ ကျောင်းအပ်ခဆိုသော တံတိုင်းမြင့်ကြီးအကြောင်းကို ညည်းညူသံတွေ မကြားရတော့။ အခမဲ့ပညာရေးဟူသောအသံက ယခုအချိန်တွင် လူပြော၊ သူပြော ပိုများလာသည်။ နောက်နှစ်များ တွင်အထက်တန်းကျောင်းအပ်ခကိုပါ ကင်းလွတ်မည်ဟူသော သတင်းကိုပါခပ်သဲ့သဲ့ကြားလာနေရ သည်။
‘အရင်ကဆို ကျောင်းဖွင့်ပြီးတစ်ပတ်၊ နှစ်ပတ်ကြာတဲ့အထိ ကျောင်းအပ်လက်ခံတာ မပြီးသေးဘူးကွ။ အခုဆိုကျောင်းသားမိဘတွေက ငါလာတာကိုပဲ ချောင်းနေကြတာ။ ငါရောက်လာတာနဲ့ ဝိုင်းပြုံပြီးအပ် လိုက်ကြတာ နာရီပိုင်းအတွင်းပြီးသွားတယ်’။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 24, 2014

ဝါဆိုအကြောင်း သိကောင်းစရာ



ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Monday, June 23, 2014

ရောင်ခြည်တော် ၆ သွယ်

ခရစ်ယန်ကောင်းလေးတစ်ယောက်က မေးတယ်၊ အရှင်ဘုရားတို့ သာသနာမှာ ပြောဆိုနေကြတဲ့ ရောင်ခြည်တော် ခြောက်သွယ် ဆိုတာ ဘာအရောင်တွေလဲတဲ့၊ သူက ငယ်ကတည်းက ထိုင်းကိုရောက်ခဲ့တာရယ်၊ ထိုင်းနိုင်ငံမှာက သာသနာ့အလံကို မသုံးတာရယ်ကြောင့် သူမသိရှာဘူးလေ၊ မြန်မာပြည်မှာဆိုရင်တော့ သာသနာ့အလံကို လက်ညိုးထိုးပြလိုက် ပြီးပြီပေါ့။ ထိုင်းနိုင်ငံမှာက ဘာသာရေးအလံကို အ၀ါရောင်နောက်ခံပြီး ဓမ္မစကြာအ၀ိုင်းလေးကို ထဲ့ထားတဲ့အလံကိုပဲ သုံးကြတယ်ဆိုတော့ မသိရှာဘူးပေါ့၊ ထိုင်းနိုင်ငံမှာက အလံတွေကလဲ ပေါမှပေါ၊ ဘယ်အလံက ဘာကို ကိုယ်စားပြုတယ်ဆိုတာတောင် မသိရလောက်အောင်ပဲကိုး၊ များသောအားဖြင့် အိမ်တွေ အလုပ်ရုံတွေမှာ အလံ ၃ ခု လွင့်တင်ထားတာများပါတယ်၊ အလယ်မှာ ထိုင်းနိုင်ငံအလံကို လွင့်တင်ပြီး ဘေးနှစ်ဘက်မှာ အ၀ါရောင်အလံနဲ့ အပြာရောင်အလံကို လွင့်တင်ထားကြပါတယ်။ အ၀ါရောင်အလံက ထိုင်းဘုရင်ကို ကိုယ်စားပြုပြီး အပြာရောင်အလံက ထိုင်းဘုရင်မကို ကိုယ်စားပြုတယ်လို့ ထင်ပါတယ်။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့လေ ကိုယ့်အထင်ပြောရတာကိုး၊ အခုလည်း ရောင်ခြည်တော် ၆ သွယ်ကို ကိုယ်စားပြုထားတဲ့ သာသနာ့အလံကို ခရစ်ယန် လူငယ်တစ်ယောက်က မသိတာတော့ မဆန်းလှပေဘူးပေါ့။
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 5, 2014

နယုန်လပြည့် မဟာသမယနေ့



တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ 12.6.2014 သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 3, 2014

ကျွံ



"ဆရာမရေ...စာကြည့်တိုက်ရှေ့မှာ ရပ်နေတဲ့ ကလေးတွေကို ခေါ်လိုက်ပါဦး..."
ကလေးတွေကို ဘုရားရှိခိုးဖို့ နေရာချနေတုန်း စာကြည့်တိုက်ရှေ့မှာ ယောင်လည်လည်လုပ်နေတဲ့ ကလေးသုံးယောက်တွေ့လို့ ဆရာမကို ခေါ်ခိုင်းလိုက်ပါတယ်... ဆရာမက လှမ်းကြည့်ရင်း...။
"သူတို့က ခေါ်လို့ ဘယ်လာမလဲ... ဦးဇင်း"
"ဟင်...ဘာဖြစ်လို့လဲ..."
"အဲဒါ မွတ်စလင်လေးတွေ..."
"ဟာ ... မဟုတ်ပါဘူး... မနေ့ကတောင် လာသေးတယ်လေ..".
"သြော်... အဲဒါ ဘုရားရှိခိုးပြီး... ပုံပြင်ပြောတဲ့ အချိန်ကျမှ လာတာလေ.. ခု ဘုရားရှိခိုးပြီးချိန်ကို စောင့်နေကြတာ... ပြီးမှ သူတို့ ပုံပြင်နားထောင်ဖို့ ဝင်လာကြလိမ့်မယ်..."
>>>ဆက်ဖတ်ရန်>>> >>