နတ်တော်လသည် မြန်မာ့ဆယ့်နှစ်လတွင်
န၀မမြောက်လဖြစ်၍ ဆောင်းဥတု၌ ပါဝင်သည်။ ဤလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာများတွင် နတ္တာဝ်၊
နတ်တာဝ်၊ နတ္တ၀်၊ နတ်တ၀်ဟု အမျိုးမျိုး ရေးထိုးခဲ့ကြသည် ။ နတ်တော်လ၏ အဓိပ္ပာယ်ကို ဝေါဟာရ
လီနတ္ထဒီပနီ၌ "ထိုနတ်တော်လကား ကမ္ဘာဦးကာလ နတ်ပူဇော် ပသကြသည်ကို စွဲ၍ နတ်တော်လဟု
မြန်မာဘာသာ ခေါ်ဝေါ်ကြသည် ယူရမည်" ဟု ဖော်ပြထားသည်။
မြန်မာ့ ဆယ့်နှစ်လ မိုးများအနက်
နတ်တော်လတွင် ရွာသွန်းလေ့ရှိသော မိုးကို "နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်"
ဟူသော ဆိုရိုးစကားဖြင့် ရှေးသူဟောင်းတို့ အမှတ်အသား ပြုခဲ့ကြပြီး ယင်း၏ အဓိပ္ပာယ်ကို
"နတ်တော်လသို့ရောက်လျှင် ဆင်ခြေရာ ပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်"
ဟု မြန်မာ ဆိုရိုးစကားတွင် ဖွင့်ဆိုထားသည်။ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းတွင်မူ
"နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး"
ဟု ဖော်ပြချက် "နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့်
အဖျားအနာများ၍ နတ်များကိုသော်မှ ဆီကြော်မုန့်အစား ဓားလှီးမုန့်နှင့် တင်ရသည် ဆိုလိုသည်"
ဟု ဖွင့်ဆိုထားသည်။
>>>ဆက်ဖတ်ရန်>>> >>