Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, March 25, 2015

သီတဂူဆရာတော် ဓာတ်ပုံပူဇော်နိုင်ရန်

" ၂၀၁၅ သီတဂူဆရာတော်ကြီး "
(ဓါတ်ပုံ ပူဇော်နိုင်ရန် ၅ခု လှူဒါန်းပါ၏)
သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်အရ ၂၀၁၅ခုနှစ် သီတဂူဆရာတော်ဘုရားကြီး၏ ပုံတော်ကို ရပ်နီး/ရပ်ဝေးမှ တပည့်တကာများ ပူဇော်နိုင်ရန်အလို့ငှာ ဓါတ်ပုံဆိုဒ်စုံ (၅)မျိုး လှူဒါန်းအပ်ပါသည်။
‪#‎SIZE‬ - 4'×3', 5"×7", 6"×8", 8"×12", 10"×14"
‪#‎မေတ္တာရပ်ခံခြင်း‬
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဓါတ်ပုံများကို တရားပွဲများ၊ ဘာသာရေးပွဲများ၊ ပရဟိတလုပ်ငန်းများ၊ အိမ်တွင်ပူဇော်ခြင်း စသည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် လွတ်လပ်စွာ share ခြင်း၊ ယူသုံးခြင်းဖြင့် ကုသိုလ်ယူကြပါရန် တိုက်တွန်းပါသည်။
ယခုဓါတ်ပုံများသည် ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ထားသော ဒီဇိုင်းဖြစ်ပါသောကြောင့် ပြင်ဆင်မှုပြုလုပ်ခြင်း၊ စီးပွားရေးအရ အသုံးချ ဖြန့်ဝေခြင်းများကို မပြုလုပ်ကြပါရန်လည်း လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Friday, March 20, 2015

သင်္ကြန်ထမင်း



ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)၊ နာရေးကူညီမှုအသင်း (ဘန်ကောက်)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271) မှ ကျင်းပအပ်သော စတုတ္ထအကြိမ် မဟာသင်္ကြန်တရားပွဲတွင် တရားနာပရိသတ်များကို သင်္ကြန်ထ္မင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဆိုတော့ကာ တစ်ချို့က သင်္ကြန်မှာ မုန့်လုံးရေပေါ်လောက်သာ သိထားကြသည့်အတွက် သင်္ကြန်ထမင်းဆိုတာကို မသိသူ မကြားဖူးသူ မစားဖူးသူတွေ ရှိနေကြတယ်။ သင်္ကြန်ထမင်းဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရသလဲ၊ စားလို့ရော ကောင်းပါ့မလားဆိုပြီး မသိသူတွေက မေးမေးလာကြပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက် မတူနိုင်သည့်အတွက် စားဖူးသူ ကြိုက်သူများက ကောင်းတယ်လို့ ဖြေကြမှာဖြစ်ပြီး မကြိုက်သူများကား မကောင်းဟု ဖြေကြပါလိမ့်မယ်။ မသိသူကျော်သွား သိသူလုပ်စားဖို့ လုပ်ပုံလုပ်နည်းလေးကို သိရှိနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 17, 2015

ပေးသူ ယူသူ စိတ်ထားဖြူ



ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဟာ ဒါနဆိုတဲ့ တရားပြုဖူးကြမှာပါ။ ဒါန ဆိုတာဟာ လုပ်ရပ်အနေနဲ့ကတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ပါးသူအား ပေးကမ်း၊ စွန့်လွှတ်လိုက်ရခြင်းပါပဲ။ အဲစိတ်ဓာတ်အနေနဲ့ကတော့ ပစ္စည်းအပေါ်မှာ တပ်မက်တဲ့ လောဘ၊ တဏှာကို ပယ်သတ်နေတာပါ။ တစ်ဖန် အလှူခံ ပုဂ္ဂိုလ်အပေါ်မှာ ထားတဲ့ စိတ်ကလည်း အဒေါသ မေတ္တာစိတ်ဓာတ်နဲ့ပေါ့။ မေတ္တာရှိလို့သာ လှူဖြစ်တာပါ။ လှူပြီးတဲ့နောက်မှာ လှူလိုက်ခြင်းအပေါ်ဝမ်းမြောက်ဝမ်းသာနဲ့ တွေးတောနေမယ်ဆိုလျှင်လည်း ဒါဟာ ဘာဝနာပညာ ဖြစ်တာပါပဲ။ ဒီတော့ လှူတဲ့သူတွေက စိတ်ထားဖြူစင်ရပါမယ်။ ဘယ်ကဲ့သို့ စိတ်ထားဖြူစင်ရမလဲဆိုတော့။ ပေးလှူခြင်းသည် သံသရာရှည်ရန်မဟုတ်၊ သံသရာဝဋ်က ပြတ်ဖို့စိတ်ထားနဲ့ တဏှာဆိုတဲ့ အညစ်အကြေးဦးမဆောင်ဘဲ ပညာအသိတရား ဦးဆောင်လှူတတ်ရပါမယ်။ ဒါဟာပေးသူဘက်ကဖြူစင်ခြင်းပါ။ ပေးသူကဖြူစင်သလို ယူသူကလည်းပဲ ဖြူစင်ရပါမယ်။
>>>ဆက်ဖတ်ရန်>>> >>