မျိုးချစ်မြန်မာ ဆရာတော် အရှင်သီဟဥာဏ၊ အရှင်ဣန္ဒာစာရ၊ ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ(နိက္ခမ)၊ ဆရာညိုစိမ့်(မကွေး) ၊ ဆရာလင်းသိုက်ညွှန့်(မြန်မာ့မြေ)၊ ဆရာမမေကျော့ရှင်း(ကလေးတို့ဆရာမ) တို့မှ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဘွားတိုင်းရင်းသား ညီအကို မောင်နှများ ကြီပွားအောင်မြင်ရေး၊ စိတ်ဓာတ်မြင့်တင်ရေး စာပေဟောပြောကြပါမည်။
မျိုးချစ်မြန်မာတေးဂီတအဖွဲ့နှင့်အတူ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် တေးသံရှင် ပန်ဆုပြည့်ကျော်မှ မြန်မာတေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေပါမည်။
ကုသိုလ်ရှင် စေတနာရှင်များမှလည်း ကြာဇံဟင်းခါး၊ ထမနဲ၊ စမူဆာကြော်၊ ရေခဲမုန့်၊ အချိုရည်၊ တို့ဖြင့် တည်ခင်းဧည့်ခံပါမည်။
No comments:
Post a Comment