Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Saturday, December 21, 2013

သူ့နေရာနဲ့သူ



အဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကာ ပြော ကို မပြောချင်ဘူး။ ဟူးးးး။ စိတ်လေလိုက်တာ၊ တက်လာတဲ့သတင်းက မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည် တဲ့။
““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဘင်္ဂါလီ ကုလားကိစ္စက တစ်မျိုး၊ နိုင်ငံရေးသမားတွေက တစ်ဖုံ၊ ဟိုမရောက် ဒီမရောက် ကျပ်မပြည့်သည့် မိရိုးဖလာ ဗုဒ္ဓဘာသာအမည်ခံတွေက အုတ်ရောရော ကျောက်ရောရော အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသည့် ဆရာတော်တွေ သံဃာတောတွေက ဗုဒ္ဓဘာသာ ကမ္ဘာကို ပြန့်ဖို့မပြောနဲ့ ကိုယ့်ပြည်တွင်းက ဗုဒ္ဓဘာသာဝင်တွေလျှော့မသွားအောင် နည်းမျိုးစုံနဲ့ ကြိုးစားအားထုတ်မှုတွေ လုပ်နေကြသည့် ဆရာတော် သံဃာတော်တွေရဲ့ မျက်နှာကိုမျှ မထောက်၊ မြတ်စွာဘုရားရှင်၏ မျက်နှာကိုမျှ မထောက် မိမိဘ၀တစ်သက်စာ ကောင်းစားဖို့အတွက် အရဟတ္တဓဇ - ရဟန္တာတို့၏ တံခွန် အောင်လံ - သာသနာ့အရည်ကိုခြုံကာ ဥပဒေနှင့် မလွှတ်ကင်းသည့် အလုပ်တွေနဲ့ မတရားစီးပွာရှာသည့် ၀ိသမလောဘသား အကြောင်း သတင်းဖတ်လိုက်ရတော့ ကိုယ့်ပေါင်ကိုယ်လံထောင်းသလို ရှက်စရာ ကောင်းလိုက်ပါဘိသနဲ့။
၂၀၀၀ ခုနှစ်ဝန်းကျင်သုံးက မန္တလေးမှာ တက္ကသိုလ်တက်ရင်း ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောသင်တန်းတွေ လိုက်တက်နေတော့ တစ်ခါတစ်လေ ကား။ တစ်ခါတစ်လေ ဆိုင်ကယ်၊ တစ်ခါတစ်လေ လိုင်းကားနဲ့ အခုဘန်ကောက်မှာလိုပဲ ဟိုဟိုဒီဒီနေရာအနှံ့ ရောက်ခဲ့ဖူးတယ်။
တစ်နေ့သောညနေရောက်တော့ ကျုံးဘက်ကိုအရောက် ကားသမားလဲဖြစ် ကျောင်းဆရာလဲဖြစ်၊ ကောင်းဒကာလည်းဖြစ်သည့် ဒကာတော်က အရှင်ဘုရားတပည့်တော်ကို ခွင့်ပြုပါဘုရားတဲ့၊ ဒါပေမယ့် ဦးဇင်းကတော့ ဘုရားမကြိုက်တဲ့အလုပ်မို့ ခွင့်မပြုခဲ့ပါဘူး၊ အော် သူကြိုက်တဲ့အလုပ် သူလုပ်တာပဲလေ ဆိုပြီး မသိချင်ယောင်ဆောင်နေလိုက်တယ်၊ ဘုရားဒကာ ကျောင်းဒကာ ကျောင်းဆရာက ကားကလေးကို လမ်းဘေးချရပ်ပြီး မသေဆေးဆိုင်ထဲကို တန်းဝင်သွားခဲ့တယ်။ ၅ မိနစ်လောက်ကြာတော့ ဆိုင်ထဲက ထွက်လာပါပြီ။ ၀င်သွားတုန်းက တစ်ယောက်ထဲပါ၊ ပြန်ထွက်လာတော့ ၄-၅ ယောက်၊ တစ်ယောက်နဲ့ တစ်ယောက် ဆဲလိုက် ဆိုလိုက် ဆွဲလိုက်လိုက် ယမ်းလိုက်နဲ့ ပြဿနာ ဖြစ်နေကြပါပြီ။ ကျောင်းသားတွေကလည်း ငါတို့က ကျေားသား ဆိုတဲ့ မာန်၊ ကျောင်းဆရာကလည်း ငါကျောင်းဆရာဆိုတဲ့ မာန်နဲ့ အော်နေ ဆဲနေလိုက်ကြတာ၊ ကိုယ်ဆင်းသွားရင် ကိုပါ အကျုံးခံရမှာဆိုတော့ မသိမသာလေး ကားထဲကနေပဲ ကြည့်နေမိခဲ့တယ်။ အခြေအနေမဟန်တော့မှ မင်းတို့တောင်းတလို့ ငါ ကိုယ်ထင်ပြရတာဆိုပြီး ထိုင်ခုံအောက်မှာရှိတဲ့ ရှားသားနဲ့ လုပ်ထားတဲ့ ဒုတ်ကိုင်ပြီး ဆင်းသွားမှ မောင်မင်းကြီးသားတွေ ငြိမ်သွားကြတယ်။
အချိန်ကျပြီ ဆိုတဲ့အခါမှာတော့ ဘုရားဒကာကို အရင်မေးလိုက်တယ်။ ဒကာတော်မောင်မူးရေလို့ ခေါ်လိုက်တော့၊ ဘုရားဒကာက တပည့်တော်နာမည် မောင်မူးမဟုတ်ဘူးလေ၊ ဘုရားဒကာ ကိုရွှေမောင် ကျောင်းဆရာ ကိုရွှေမောင်လေဘုရားတဲ့။ ကျောင်းသားတွေကိုလည်း အရက်သမားတွေလို့ ခေါ်လိုက်တော့ ကျောင်းသားတွေလည်း တင်းသွားတယ်၊ ဟဟ ငါ့တို့ ဒီကောင်တွေ ထရိုက်တော့မလား မသိဘူးပေါ့၊ ခပ်လန့်လန့်နဲ့၊ တော်သေးတယ် ဒုတ်က ကိုယ့်လက်ထဲမှာမို့၊ နို့မဟုတ်ရင် အရက်သမားတွေ ရိုက်လို့ ဘုန်းကြီးတစ်ပါး ဆေးရုံရောက်တယ် မဟုတ်ဘဲ၊ ဘုရားဒကာနဲ့ ကျောင်းသားတွေ ရိုက်လို့ ဦးဇင်းတစ်ပါး ဆေးရုံရောက်တယ် ဆိုရင် ကျော်မကောင်း ကြားမကောင်း။
သူတို့လေးတွေကို အာရုံကလွှဲဖို့ လုပ်ပြီး၊ ဘုရားဒကာကိုရွှေမောင်ကို အရင်စမေးလိုက်တယ်။ ဒကာကြီး နာမည်က ဘယ်သူတဲ့တုံး၊
ကိုရွှေမောင် - အယ် ဒီဦးဇင်း မမူးဘဲ ငါ့ယဇ်နေပြီ၊ တပည့်တော် ဘုရားဒကာ ရွှေမောင်၊ ကျောင်းဒကာရွှေမောင်၊           ကျောင်းဆရာ ရွှေမောင်၊ အရှင်ဘုရားရဲ့ကားသမား ရွှေမောင်လေဘုရား တဲ့၊
ဦးဇင်း - အော် အေး အေး၊ ဟုတ်ပါပြီ၊ ဒါနဲ့ ဟိုအရက်သမားလေးတွေကရော ဆိုတော့
ကျောင်းသားများ - တပည့်တော်တို့ ကျောင်းသားတွေလေဘုရားတဲ့။
အော် တော်တော်ခက်တဲ့ အရက်သမားတွေပါလားလို့၊ ကဲကဲ အခု မင်းတို့တွေ ရောက်နေတဲ့နေရာ ဘယ်နေရာလဲလို့ မေးလိုက်တော့မှ အရက်ဆိုင်လေဘုရား တဲ့။
အေး - မင်းတို့တွေ ဘာတွေလုပ်လို့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အခုမင်းတို့ ရောက်နေတဲ့ နေရာက အရက်ဆိုင်ဆိုတော့ မင်းတို့တွေအကုန်လုံး အရက်သမားတွေလေ။ အရက်သောက်ဖို့လုပ်ရင်းနဲ့ စကားများကြတယ် ရန်ဖြစ်ကြတယ်လေ၊ အခုရဲက လာဖမ်းလို့ရှိရင် တစ်ယောက်ကလည်း ကျောင်းဆရာ၊ မင်းတို့တွေကိုလည်း ကျောင်းသားတွေဆိုပြီး ဥပဒေလျှော့လျှော့ပေါ့ပေါ့နဲ့ မဖမ်းဘူးဗျာ့နော်။ အရက်သမားတွေ အချင်းချင်း ရန်ဖြစ်တယ်ဆိုပြီး ဖမ်းမှာကွ လို့ ပြောလိုက်မှ မျက်လုံးလေးတွေ ကလယ် ကလယ်နဲ့ ဖြစ်လာကြတယ်။ သူတိုတွေကို အကျိုးသင့် ကြောင်းသင့် ပြောဆို ဆုံးမပြီးမှ ပြန်လွှတ်လိုက်တယ်။
ကဲကဲ အရက်သမားကြီး ကိုရွှေမောင်ရေ - ဘုရား ဒကာ ကျောင်းဒကာ ကျောင်းဆရာ ကားဆရာဖြစ်ချင်ရင် ကားပေါ်တက်၊ ဟို - အရက်သမားလေးတွေလည်း ကျောင်းသားလေးတွေ ဖြစ်ချင်ကြရင် အိမ်ပြန်ကြတော့ မိုးချုပ်ရင် မိဘတွေ စိတ်ပူနေကြမယ်ဆိုမှ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွားကြရှာတယ်။
၂ လလောက်ကြာတော့ စိတ်ထဲ မေ့မေ့ပျောက်ပျောက်ရှိနေခဲ့ကြတဲ့ ကျောင်းသားလေးတွေ မန္တလေးတောင် ဖားအောက်တော်ရ  ရိပ်သာလာပြီး သင်္ကြန်တွင်းတရားစခန်း လာဝင်နေကြတယ်။ စိတ်ထဲ မေ့နေပြီမို့ သူတို့လေးတွေကို မမှတ်မိတော့ဘူးပေါ့။ ဒီလိုနဲ့ မနက် ၇ နာရီဆွမ်းခံသွားဖို့ စီစဉ်ပေးနေရင်း သူတို့လေးတွေဘက်ကို လက်အုပ်လေးချီလို့ ကဲကဲ ငါ့ရှင်တို့ ဆွမ်းခံထွက်ရင် ဟိုကြည့်ဒီကြည့် မကြည့်ကြနဲ့၊ သံဃာတန်းအပြင်မထွက်ကြနဲ့ ကွမ်းယာဆိုင်တွေ့ရင် ကွမ်းသွားမ၀ယ်စားကြနဲ့ သံဃာတန်းအတိုင်းပဲ ကျောင်းကို ပြန်လာကြပါဘုရားလို့ လျှောက်နေတဲ့အခါမှ ကိုရင်ကြီးတစ်ပါးက ပြုံးပြုံး ပြုံးပြုံးနဲ့၊ ငါ့ရှင် ဘာကို ပြုံးတာတုန်းလို့ မေးလိုက်တော့၊ တပည့်တော်တို့ကို မမှတ်မိဘူးလားဘုရားတဲ့၊ အေး - မမှတ်မိဘူးဟ၊ ဒုလ္လဘတွေ ယောဂီတွေကလည်း ၉၀၀ ကျော်လောက်ရှိတယ်ဟ လို့ ပြောလိုက်မှ။ လွန်ခဲ့တဲ့ ၂ လလောက်က ကျုံးဘေး အရက်ဆိုင်မှာ အရှင်ဘုရားဆုံးမလွှတ်လိုက်တဲ့ ကျောင်းသားတွေလေဘုရားတဲ့။ အော် - အေး အေး မှတ်မိပြီ မှတ်မိပြီ။ သာဓု သာဓု သာဓုပါ ငါ့ရှင်တို့။
ကျောင်းသား လေးတွေကနေ အရက်သမား၊ အရက်သမားလေးတွေကနေ ကျောင်းသား၊ အခုတော့ ဘုရားသားတော်လေးတွေ ဖြစ်နေကြပေပြီ၊ ကာလ ဒေသ နေရာဒေသကို မူတည်ပြီး အရောင်ပြောင်းသွားကြတယ်၊ အရည်အသွေးတွေ ပြောင်းသွားကြတယ်၊ အခေါ်အဝေါ်တွေ ပြောင်းသွားကြတယ်။ အဆင့်အတန်းတွေ ပြောင်းသွားကြတယ်။
အဲ့ဒါကြောင့် အထက်က မူးယဇ်ဆေးဝါးရောင်းဝယ်မှုနဲ့ အဖမ်းခံရတဲ့သူကိုလည်း လူဝတ်လည်းပြီး ဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတော့ ရဟန်းအသွင်မဟုတ်တော့သည့်အတွက် ရဟန်းတော်လို့ မသုံးနှုန်းရင် အဆင်ပြေလိမ်မယ်ထင်တယ်။ သို့သော်လည်း ရဟန်းသံဃာဆိုတာက သိက္ခာမချမချင်း ဘာအ၀တ်ဘဲ ၀တ်ထားဝတ်ထား ရဟန်းဟာ ရဟန်းဘဲကိုးဗျာ့။

******************************************
ရဟန်းသံဃာတော်များ အမျိုးဘာသာ သာသနာအတွက် သာသနာ့တာဝန်ကို ဆထက်တိုး ဆောင်ရွက်နိုင်ကြပါစေ
ဘာသာခြားတို့၏ အထင်အမြင်သေးခြင်း မဟုတ်မတရား စွပ်စွဲခြင်းဘေးမှ ကင်းလွတ်နိုင်ကြပါစေ။
ရဟန်းစစ် ရဟန်းမှန် ရဟန်းကောင်း ရဟန်းမြတ်များဖြင့် အမျိုးဘာသာ သာသနာတော်ကို ဖြူစင်သန့်ရှင်းစွာ ရေရှည်တည်တံအောင် ရွက်ဆောင်နိုင်ကြပါစေ

မေတ္တာဖြင့်
ပြောရအုံးမယ် မဆိုင်းသူ (မူကြို)

No comments:

Post a Comment