မေတ္တာအကျိုး(၁၁)မျိုး
စွမ်းအင်မေတ္တာ၊
ပွားသူမှာ၊ ချမ်းသာအိပ်နိုး၊ မြင်မက်သည်။
လူနတ်စသား၊ မေတ္တာထား၊ အများချစ်ကြသည်။
နတ်ကောင်းနတ်မြတ်၊ စောင့်ရှောက်လတ်၊ ဘေးလွတ်ကင်းဝေးသည်။
လက်နက်မီးတောက်၊ အဆိပ်ပျောက်၊ မရောက်ရှောင်ကွင်းသည်။
စိတ်ဓာတ်ငြိမ်လွယ်၊ မျက်နှာဝယ်၊ ချစ်ဖွယ်အဆင်း ကြည်လင်သည်။
မတွေမဝေ၊ သေရပေ၊ လားလေ ဗြဟ္မာပြည်။
မေတ္တာအကျိုး၊ ဆယ့်တစ်မျိုး၊ တန်ခိုးတက်လာသည်။
လူနတ်စသား၊ မေတ္တာထား၊ အများချစ်ကြသည်။
နတ်ကောင်းနတ်မြတ်၊ စောင့်ရှောက်လတ်၊ ဘေးလွတ်ကင်းဝေးသည်။
လက်နက်မီးတောက်၊ အဆိပ်ပျောက်၊ မရောက်ရှောင်ကွင်းသည်။
စိတ်ဓာတ်ငြိမ်လွယ်၊ မျက်နှာဝယ်၊ ချစ်ဖွယ်အဆင်း ကြည်လင်သည်။
မတွေမဝေ၊ သေရပေ၊ လားလေ ဗြဟ္မာပြည်။
မေတ္တာအကျိုး၊ ဆယ့်တစ်မျိုး၊ တန်ခိုးတက်လာသည်။
၁။ ချမ်းသာစွာ အိပ်ရခြင်း
၂။ ချမ်းသာစွာ နိုးရခြင်း
၃။ မကောင်းသော အိမ်မက် မမြင်မက်ခြင်း
၎။ လူနတ်တို့  ချစ်ခင်ခြင်း
၅။ ဘေးလွတ်အောင် နတ်တို့စောင်မခြင်း
၆။ မီးမလောင်နိုင် မီးဘေးမှ ကင်းဝေးခြင်း
၇။ ဓားလက်နက် မထိနိုင် ဓားလက်နက်ရန်တို
့မှ ကင်းဝေးခြင်း
၈။ အဆိပ် နှင့် မသေနိုင် အဆိပ်မှ
ကင်းဝေးခြင်း
၉။ မကောင်းသော စိတ်ပျောက်ခြင်း
၁၀။ မျက်နှာ အဆင်းလှခြင်း
၁၁။ မတွေဝေဘဲသေ၍ ဗြဟ္မာပြည်သို့
ရောက်ရခြင်း ( အင်္ဂုတ္တရ၊ ဧကာဒသက၊ ၅၄၁ )
ဆောင်။ ။ချမ်းသာအိပ်နိုး၊
အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျှက်၊ လက်နှက်ဆိပ်မီး၊ မရောက်ပြီးခဲ့၊
စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာ့ရွာ၊ လားရာ မေတ္တာကျိုး။
မေတ္တာဆိုတာ
ပို့တာမဟုတ်ပါဘူး၊ ပို့တယ်ဆိုတာ ပေးပို့တယ်လို့ အဓိပ္ပာယ်ရတယ်၊ တစ်စုံတစ်ခုကို
ပေးပို့ရင် အပို့ခံရတဲ့သူဆီကို ရောက်ပါမယ်။ တစ်ဘက်က လက်မခံရင် ပေးပို့သူဆီ
ပြန်ရောက်လာခဲ့ပါမယ်။ တကယ်တော့ မေတ္တာဆိုတာ ပို့တာ မဟုတ်ပဲ သတ္တ၀ါတွေအပေါ်မှာ
မေတ္တာနဲ့ယှဉ်တဲ့စိတ်ကို ဖြစ်စေတာပါ။ မေတ္တာ သဟဂတေန စေတသာ - မေတ္တာနဲ့ယှဉ်တဲ့
စိတ်လို့ ဆိုလိုပါတယ်။ မေတ္တာထားကာ၊ မေတ္တာ ဘာဝနာ - မေတ္တာတရားကို ပွားများတာပါ။ မေတ္တာစိတ်ကို မိမိသန္တာန်၌
အထိုက်အလျောက် ဖြစ်ပွါးရုံမျှ "သတ္တဝါမှန်သမျှ ချမ်းသာကြပါစေ" ဟု
မိနစ် အနည်းငယ်မျှ ဆင်ခြင် နှလုံးသွင်းပွါးများခြင်းကို (မေတ္တာပို့သည်) -
မေတ္တာပွားသည်ဟု ခေါ်ကြသည်။
မိမိသန္တာန်၌ သာမန် မေတ္တာစိတ်ဖြစ်ပွါးရုံမျှ
မဟုတ်ပဲ မေတ္တာစိတ်ထား အင်အားကောင်းစွာ တဖွားဖွား ဖြစ်ပေါ်လာကာ တကိုယ်လုံး
စိမ့်ဝင်ပျံ့နှံ့အောင် "ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ" ဟု အကြိမ်ကြိမ်
အဖန်ဖန် ဆင်ခြင် နှလုံးသွင်း ပွါးများခြင်းကို မေတ္တာဘာဝနာ
ပွါးသည်ဟု ခေါ်ရသည်။
မေတ္တာဘာဝနာ ပွါးများအားထုတ်ရာတွင် ပုဂ္ဂိုလ်
တဦးတည်းကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစုကို ဖြစ်စေ ပိုင်းခြား ကန့်သတ်၍ ပွါးများလို့
ရသလို၊ မည်သည့် ပုဂ္ဂိုလ်ဟု မပိုင်းခြား မကန့်သတ်ပဲ တလောကလုံးရှိ သတ္တဝါ အားလုံးကို
အာရုံပြု၍ ပွါးများလို့လည်း ရပါသည်။
မေတ္တာ ဆိုသည်မှာ သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားသော
စိတ်၊ သတ္တဝါတို့ကို ချမ်းသာစေလိုသော စိတ်ပင် ဖြစ်သည်။ သတ္တဝါတို့၏ အကျိုးစီးပွါးကို
လိုလားလျက် ချစ်ခင်သော စိတ်ဟုလည်း ဆိုနိုင်၏။ [အဘိဓမ္မာ၌ မေတ္တာသည် စေတသိက် ဖြစ်၏။
ဤ မေတ္တာဘာဝနာ အရာ၌မူ ထိုမေတ္တာ စေတသိက်နှင့် ယှဉ်သော
စိတ်ကို မေတ္တာ ဟုဆိုရသည်။]
ချစ်တာနဲ့ မေတ္တာက တူသလိုလိုရှိပေမယ့် မေတ္တာက ဗြဟ္မစိုရ်တရားကို
အခြေခံလို့ အေးမြပြီး၊ ချစ်တာက သံယောဇဉ်ကို အခြေခံလို့ ပိုလောင်လှပါသည်။ လင်ချစ် မယားချစ်၊
သားချစ် သမီးချစ်တွေကတော့ ဂေဟဿိတ ပေမ - အိမ်၌နေသူတွေရဲ့
အချစ်၊ တဏှာပေမ အချစ်ဖြစ်သည့်၊ သမုဒယအချစ်၊ ၅၂၈ နဲ့ ၁၅၀၀ ကိလေသာအချစ်တွေပါ။ မေတ္တာအစစ်က အေးချမ်းပြီး၊ တဏှာပေမအချစ်က
ပူလောင်လွန်းလှပါတယ်။ ရပ်ကွက်ထဲက ကလေးသူငယ်တွေဆိုနေကြတာ မကြာမကြာ ကြားနေရတဲ့ အချစ်ဟာမီးလား
ဆိုတာ တကယ့်တော့ အချစ်ဟာမီးပါ၊ မီးမှ ရိုးရိုးမီး မဟုတ်ပါဘူး၊ ၁၅၀၀ ကိလေသာတွေ ထုံမွှမ်းထားလို့
အနှိုင်းမဲ့မီးပါ။
မိမိက တဏှာရာဂချစ်ဖြင့် ငြိတွယ်လျက်ချစ်ခင်နေသူ တယောက်
မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သည့် အခါ ထိုသူ ထိုအရပ်၌ မည်မျှပင် ချမ်းချမ်းသာသာ
နေရစေကာမူ ထိုသူ့ကို မမြင် မတွေ့ရသဖြင့် မိမိမှာ စိတ်ဆင်းရဲ ရ၏။ ထို့ကြောင့် ငြိတွယ်လျက်
ချစ်သော တဏှာချစ် ရာဂချစ်သည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်၏။
ဤ ငြိတွယ်လျက် ချစ်သော အချစ်မျိုးသည် မိဘနှင့် သားသမီး၊
မောင်နှင့် နှမ၊ ဆွေမျိုး တဦးနှင့်တဦး၊ မိတ်ဆွေတဦးနှင့် တဦးတို့၏ အကြား၌ပင် များစွာ
ဖြစ်တတ်သေး၏။ ဇနီးခင်ပွန်းတို့၏ အကြား၌ကား ပြောဖွယ် မလိုတော့ပေ။
အနိုင်းမဲ့ မေတ္တာ
မေတ္တာစစ် မေတ္တာမှန်ဆိုတာ တကယ့်ကို အေးချမ်းလှလို့ အနိုင်းမဲ့
မေတ္တာပါ။
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
မိမိက ငြိတွယ်ခြင်း မရှိပဲ ချမ်းသာစေလိုသော သဘောသက်သက်ဖြင့်
ချစ်ခင်နေသူ တယောက် မိမိနှင့် ခွဲခွာ၍ တရပ်တကျေး၌ သွားရောက်နေထိုင်သောအခါ ထိုသူမှာ
ချမ်းသာနေသည် ဖြစ်စေ၊ ဆင်းရဲနေသည် ဖြစ်စေ ထိုသူ့ကို မမြင်မတွေ့ရသဖြင့် မိမိမှာ မည်သို့မျှ
ဆင်းရဲခြင်း မဖြစ်ပေ။
ထိုသူ့ကို အာရုံပြု၍ ထိုသူ ချမ်းသာစေလိုသော စိတ်ထား မိမိ၏
စိတ်အစဉ်တွင် စိမ့်ဝင်ပျံ့နှံ့နေရကား မိမိမှာ ချမ်းသာမြဲချမ်းသာနေ၏။ ထို့ကြောင့် ငြိတွယ်ခြင်း
ကင်းလျက် ချစ်ခင်သော မေတ္တာချစ်သည် ချမ်းသာခြင်း၏ အကြောင်း ဖြစ်၏။
ထိုမျှမက မိမိ မေတ္တာပွါးသည့်အတိုင်း ထိုသူ ချမ်းသာနေလျှင်
ဝမ်းမြောက် ဝမ်းသာ မုဒိတာ ပွါးရ၍ မချမ်းသာပဲ ဆင်းရဲနေလျှင်လည်း ကြင်နာသနား ကရုဏာ ပွါးနေရုံမျှသာ
ဖြစ်၏။ စိတ်ဆင်းရဲမှုကား မိမိမှာ မဖြစ်ပေ။
မေတ္တာစစ် မေတ္တာမှန်ဆိုတော့ မေတ္တာ အတုတွေ ရှိသေးသလားဆိုရင်
ရှိပါသည်၊ လူငယ် လူရွယ်တွေ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှနေကြတယ်ဆိုတဲ့ စကားဟာ မေတ္တာ
အစစ်မဟုတ်ပါဘူး၊ တဏှာပေမ ရောယှက်နေတဲ့ ၁၅၀၀ ကိလေသာတွေပါနဲ့တဲ့ မေတ္တာအတုပါ။ မိဘနဲ့သားသမီးအချစ်ကိုတော့
၅၂၈ မေတ္တာ - အေးမြတဲ့ မေတ္တာလို ဆိုကြပေမယ့် လင်ကို ပူရ၊ မယားကို ပူရ၊ သားကို ပူရ၊ သမီးကို
ပူရနဲ့ ၅၂၈ ဆိုတဲ့ မိဘနဲ့ သားသမီးရဲ့ အချစ်ကလည်း ပူလောင်မှုတွေ ရှိပါသည်။
အဘိဓမ္မာနည်းအရ
- ၀ိပဿနာ၊ မြတ်ချမ်းသာ၊
လွယ်စွာပွားနိုင်သည်။
- ဘ၀စည်းစိမ်၊ မမှေးမှိန်၊ ဂုဏ်ရှိန်တက်ရသည်။
- ပစ္စုပ္ပန်မှာ၊ စိတ်ချမ်းသာ၊ မှန်စွာလက်ငင်းရရှိသည်။
- မေတ္တာအကျိုး၊ နောက်သုံးမျိုး၊ တန်ခိုးတက်ပြန်သည်။
- ဘ၀စည်းစိမ်၊ မမှေးမှိန်၊ ဂုဏ်ရှိန်တက်ရသည်။
- ပစ္စုပ္ပန်မှာ၊ စိတ်ချမ်းသာ၊ မှန်စွာလက်ငင်းရရှိသည်။
- မေတ္တာအကျိုး၊ နောက်သုံးမျိုး၊ တန်ခိုးတက်ပြန်သည်။
(၁)
မေတ္တာဟာ သမာဓိရလွယ်တော့ ၀ိပဿနာဥာဏ် ဖော်ထုတ်ရတာ ချမ်းသာလွယ်ကူတယ်။ စိတ်ထဲမှာ အလုံးအကျိတ်အခဲ
ကင်းနေတာဖြစ်လို့ ဘယ်နေရာရှုရှု ဥာဏ်ပွင့်သည်။
(၂) ဘ၀စည်းစိမ်မြင့်တက်ပြီး တည်ငြိမ်ရင့်ကျက်စေသည်။
(၃) မျက်မှောက်ဘ၀မှာပဲ ချက်ချင်းလက်ငင်း စိတ်ချမ်းသာစေသည်။
(၂) ဘ၀စည်းစိမ်မြင့်တက်ပြီး တည်ငြိမ်ရင့်ကျက်စေသည်။
(၃) မျက်မှောက်ဘ၀မှာပဲ ချက်ချင်းလက်ငင်း စိတ်ချမ်းသာစေသည်။
မေတ္တာပွားများပြီး ရေလိုအေးလို့
ပန်းလိုမွေးကာ မေတ္တာအကျိုးတရားများကို ရရှိခံစားနိုင်ကြပါစေ...။
မျိုးချစ်မြန်မာဆရာတော်
အရှင်သီဟဥာဏ(မူကြို)
No comments:
Post a Comment