Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, July 31, 2014

အင်းတော်ကြီး သို့မဟုတ် တောင်ပေါ်ပင်လယ်လေး



အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားလို့ ဆိုလိုက်ရင် ရောက်ဖူးသူလည်း ရှိသလို မရောက်ဖူးသူများလဲ ရှိကြမည်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ရောက်ဖူးဖို့နေနေသာသာ  မကြားဖူးသူက ပိုများမည်ထင်ပါသည်။ တစ်ချို့က အင်းတော်ကြီးကို တောင်ပေါ်ပင်လယ်လေးဟု တင်စားခေါ်ဝေါ်ကြသေးသည်။ အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်း အကြီးဆုံးအင်းဖြစ်ပါသည်။  စာရေးသူသည် အင်းတော်ကြီးဒေသ ဟိုပင်မြို့တွင် မွေးဖွားခဲ့သည် မှန်သော်လဲ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ အသက် ၂၀ ကျော်မှသာ ရောက်ဖူးခဲ့ပေသည်။ ဝေး၍လား ဆိုတော့လည်း မဟုတ်ပါ၊ ယခင်က အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင် မနက်အစောကြီးထပြီးမှ ခြေလျင် သွားကြရပါသည်။ မနက် ၆ နာရီ စထွက်သွားလျှင် နေ့လည် ၁၂ နာရီမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသို့ ရောက်ပါသည်။ အကွာအဝေးကာ ၁၀ မိုင်ကျော်ကျော်ခန့်သာ ရှိမည်ထင်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, July 30, 2014

လဲကျ ပြန်ထ အောင်မြင်ရမည်



လောကကြီးတွင် ဖန်ဆင်းရှင်သုံးပါးရှိသည်။ ကံဉာဏ်ဝီရိယတို့ ဖြစ်သည်။ ကံဟူသည် အလုပ်ဖြစ် သည်။ ကံတွင်အတိတ်ကံနှင့် ပစ္စုပ္ပန်ကံဟူ၍ နှစ်မျိုးရှိပြန်သည်။ အတိတ်ကံသည် ပြောင်းလဲ၍မရပေ။ မိမိတို့ပြုခဲ့သည့် အတိတ်ကံအတိုင်းပင် မိမိတို့ခံစား ခံစားရသည်။ ပစ္စုပ္ပန်ကံကိုတော့ ကောင်းအောင် လုပ်၍ အကောင်းပြုပြင်နိုင်ပေသည်။ တစ်ခါတစ်ရံတွင် အတိတ်ကံ၏အစွမ်းကို တစ်မျိုးတစ်ဖုံဖြစ်သွား ရန်လည်း ပစ္စုပ္ပန်ကံကပြောင်းလဲနိုင်စွမ်းသည်။ ထို့ကြောင့် လူတစ်ဦးသည်အရာရာတွင် အတိတ်ကံကို ချည်းအားကိုး၍မရပေ။

>>>ဆက်ဖတ်ရန်>>> >>

Monday, July 28, 2014

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့



ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။
                     မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော်တော်မူသောကာလ၊ တခုသော ၀ါဆိုဦးမှာ သံဃာတော်(၅၀၀)တို့ ဘုရားထံမှာ ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။ ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Friday, July 4, 2014

ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်


စိတ်စေတနာထက်သန်စွာနဲ့ တစ်ပိုင်တစ်နိုင် ပရဟိတလုပ်နေတဲ့ဒကာတစ်ယောက်က လျှောက်တယ်" အရှင်ဘုရား တပည့်တော်ရဲ့ မျက်စိရှေ့မြင်နေတွေ့နေရတဲ့ မရှိဆင်းရဲသားတွေ၊ စာသင်ချင်ပေမယ့် စာမသင်နိုင်ကြတဲ့ကလေးငယ်တွေကို တတ်နိုင်သလောက် ပညာသင်နိုင်အောင် ကူညီဆောင်ရွက်ပေးသလို ငွေကြေးမပြည့်စုံ ကျမ္မာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း အတတ်နိုင်ဆုံး ထောက်ပံ့လှူဒါန်းပေးပါတယ်၊ သာရေး နာရေးတွေလဲ အတတ်နိုင်ဆုံး ကူညီလုပ်ကိုင် ဆောင်ရွက်ပေးပါတယ်ဘုရား၊ သို့သော်လည်း လူမှုရေး စီးပွားရေးတွေမှာ တိုက်ခိုက်မှုလေးတွေရှိလာတော့ တစ်ခါတစ်ခါ ကုသိုလ်လုပ်ပေမယ့် စိတ်ဓာတ်ကျပြီး အကုသိုလ်ဖြစ်ဖြစ်သွားတယ်ဘုရား၊ ဘယ်လိုနှလုံးသွင်းရမယ်ဆိုတာ မိန့်ကြားပေးပါဘုရား" တဲ့။ လောကကြီးကပဲ ခက်တာလား လူတွေကပဲ ခက်တာလားတော့ မပြောတတ်ဘူးပေါ့၊
>>>ဆက်ဖတ်ရန်>>> >>