သိင်္ဂါလောဝါဒသုတ်လာ မိတ်ဆွေ
ဝတ္တရား ငါးပါးကတော့-
(၁) ပေးကမ်းချီးမြှင့်
(၂) ကိုယ်နှင့်ယှဉ်ထား
(၃) စီးပွားဆောင်ရွက်
(၄) နှုတ်မြွက်ချိုသာ
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ တဲ့။
(၂) ကိုယ်နှင့်ယှဉ်ထား
(၃) စီးပွားဆောင်ရွက်
(၄) နှုတ်မြွက်ချိုသာ
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ တဲ့။
“ပေးကမ်းချီးမြှင့်” ဆိုတာက
မိတ်ဆွေကို ပေးကမ်းသင့်တဲ့ ပစ္စည်းဥစ္စာ၊ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ မိတ်ဆွေ
သူငယ်ချင်းနဲ့ ဆုံတဲ့အခါ အမှတ်တရ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ ပစ္စည်းလက်ဆောင်သာမက
စကားလက်ဆောင်၊ အကြံကောင်း ဥာဏ်ကောင်း လက်ဆောင်ပေးတာလည်း အကျုံးဝင်ပါလိမ့်မယ်။