Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, January 15, 2014

နွေရာသီ ရှင် ၁၀၀ ပြုပွဲ



 ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေဖြူကန်ရွာ၊ ဓမ္မာရုံရေစက်ချပွဲ ၊ ရှင် ၁၀၀ ပြုပွဲ ၊ မြတ်စေတနာ ပရဟိတ လူမှုကူညီရေးအသင်း နှစ်ပတ်လည်ပွဲ၊ တတိယအကြိမ် သက်ကြီးပူဇော်ပွဲ၊ ကျောင်းဆောင်သစ် ရေစက်ချပွဲအလှူကို 22.4.2014 နှင့် 23.4.2014 တွင် ရုပ်ရှင်သရုပ်ဆောင် မြန်မာသံတေးသံရှင် ပန်ဆုပြည့်ကျော်၊ အဆိုတော် ကောင်းထက်စံ (ယဉ်ကျေးမှုတက္ကသိုလ်) တို့နှင့်အတူ 5 STARS အငြိမ့်အဖွဲ့ဖြင့် ၂ ရက် ၂ ညတိုင်တိုင် ကျင်းပပြုလုပ်ပါမည်။
နွေရာသီ ရှင် ၁၀၀ ပြုပွဲအတွက် အလှူရှင်စာရင်းချုပ်ရပြီး၊ အလှူငွေများလဲ ရန်ကုန် အကျိုးတော်ဆောင်ထံ တစ်ချို့တစ်ဝက် ရောက်ရှိနေလို့ သင်္ကန်းပရိက္ခရာ အစုံ ၁၀၀နှင့် ၁ ပါးလျှင် ၅၀၀၀၀ကျပ်နှုန်းရှိ အသုံးအဆောင် ပစ္စီးများစွာကို စက်ရုံများတွင် အော်ဒါမှာနေပါပြီ။ သင်္ကန်းပရိက္ခရာ အစုံ၁၀၀ကိုတော့ ယခုလ 28 ရက်နေ့ ညကားဖြင့် အောင်ပန်းသို့ ပို့ဆောင်ပါမည်။ စာရင်ပေးသွင်းထားကြသော ရှင်ဒကာ-ဒကာမများအနေဖြင့်လည်း မိမိ၏ အလှူငွေများ မပေးအပ်ရသေးပါက သက်ဆိုင်ရာ အကျိုးတော်ဆောင်များထံ ပေးလှူနိုင်ပါပြီ၊ နာမည်စာရင်း လိပ်စာနှင့် ရှင်အရေအတွက် အမှားအယွင်းရှိလာပါက Chat Box မှ တစ်ဆင့် အကြောင်းကြားနိုင်ပါပြီ။


အလှူရှင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာစွာဖြင့် အမျိုးဘာသာ သာသနာအကျိုးကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေ
မျိုးချစ်မြန်မာ

No comments:

Post a Comment