Menu
ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။
Sunday, August 11, 2013
မြန်မာလိုတွေး အင်္ဂလိပ်လိုရေး ၁
စကား ၆ ခွန်း
Present Do
ပစ္စုပ္ပန်ကာလ အများကိန်းအတွက် စကားကြီ6းခွန်း
1. You speak English. မင်း အင်္ဂလိပ်စကား ပြောတယ်.
2. You don't speak English. မင်း အင်္ဂလိပ်စကား မပြောဘူး.
3. Do You speak English? မင်း အင်္ဂလိပ်စကား ပြောသလား
4. Don't You speak English? မင်း အင်္ဂလိပ်စကား မပြောဘူးလား
5. You speak English, don't you? မင်း အင်္ဂလိပ်စကား ပြောတယ် မဟုတ်လား
6. You don't speak English, do you? မင်း အင်္ဂလိပ်စကား မပြောဘူး ဟုတ်လား
you နေရာမှာ I, we, you, they နှင့်ကျန်သော အများကိန်းများ အစားသွင်း ကြည့်ပြီး speak နေရာမှာ verb တွေ အစားထိုးကြည့်ပါ။ အလွယ်ဆုံး စကားလုံးကနေ အစားသွင်း ပြပေးပါမယ်။
1. You go abroad. မင်း နိုင်ငံခြား သွားတယ်။
2. You don't go abroad. မင်း နိုင်ငံခြား မသွားဘူး။
3. Do you go abroad? မင်း နိုင်ငံခြား သွားသလား။
4. Don't you go abroad? မင်း နိုင်ငံခြား မသွားဘူးလား။
5. You go abroad, don't you? . မင်း နိုင်ငံခြား သွားတယ် မဟုတ်လား။
6. You don't go abroad, do you?  မင်း နိုင်ငံခြား မသွားဘူး ဟုတ်လား။
1. You waste the time. မင်း အချိန်ဖြုန်းတယ်
2. You don't waste the time. မင်း အချိန်မဖြုန်းဘူး။
3. Do you waste the time? မင်း အချိန်ဖြုန်းသလား
4. Don't you waste the time? မင်း အချိန်မဖြုန်းဘူးလား။
5. You waste the time, don't you? မင်း အချိန်ဖြုန်းတယ် မဟုတ်လား
6. You don't waste the time, do you.?  မင်း အချိန်မဖြုန်းဘူး ဟုတ်လား
ကော်မန့်မှာ လေ့ကျင့်ကြည့်မယ်နော်၊ စာလုံးပေါင်းမသိရင် verb ထဲမှာ  ရှာကြည့်ပါ၊ စစချင်းဆိုတော့ လွယ်အောင်လို့ ကျက်မှန်ရန် ကြိယာများ 1ထဲကနဲ့ လေ့ကျင့်ခိုင်းကြည့်မယ်နော်.. တစ်ကြောင်းကို ခြောက်ကြောင်း ရေးကြည့်ပါ။
မင်း စာသင်ပေးတယ်။ (you teach .no 1မှ6 အထိလေ့ကျင့်ကြည့်ပါ)
မင်း စာသင်ယူတယ်။ (you learn.
မင်း ငါ့ကို အပြစ်တင်တယ်။ (you blame me.
သူတို့ငါ့ကိုအကြံပေးတယ်။ (they advise me.
မင်း သူမကို ကြွားတယ်နော်။ (you boast her.
မင်း ငါ့စာအုပ် ငှားတယ်။ (you borrow my book.
မင်း စာဖတ်ရတာ ကြိုက်တယ်. (You like reading.
မင်း ငါ့အကြောင်း စဉ်းစားတယ်. (you think about me.
ကျက်မှတ်ရန် ကြိယာများ P.1
see နားလည်/မြင်သည်
include ပါဝင်သည်။
enter အထဲသို့ဝင်သည်။
explain ရှင်းပြသည်။
enjoy ပျော်ရွှင်ခံစားသည်။
receive လက်ခံရရှိသည်။
wander လျှောက်လည်သည်။
trouble ဒုက္ခပေးသည် ။
tear ဆုတ်ဖြဲသည်။
scatter ဖြန့်ကြဲသည်။
arrange စီစဉ်သည်။
schedule စီစဉ်သည်။နေ့စွဲတပ်။ချိန်းဆိုသည်။
permit ခွင့်ပြုသည်။
postpone ရွေ့ဆိုင်းသည်။
honour ဂုဏ်ပြုသည်။
declare ကြေညာသည်။
quarrel with ကတောက်ကဆဖြစ်
confess ၀န်ခံသည်။
boil ဆူပွက်/ကျိုက်ချက်သည်။
increase တိုးတက်သည်။
cancel ပယ်ဖျက်သည်။
choose ရွေးချယ်သည်။
aplolgize တောင်းပန်သည်။
comprehand နားလည်းသည်။
understand နားလည်းသည်။
ကျန်တာ ကိုယ့်ဘာသာ အစားထိုးကြည့်ပါ။ နေ့စဉ်သုံး စကားများထဲက လွယ်တာလေးတွေနဲ့ အရင်ဆုံး အစားထိုးကြည့်ပါ။ ဒီအခြေခံ စကားခြောက်ခွန်းကို ဆိုကြည့်တဲ့အခါ 6 စက္ကန့် သို့မဟုတ် အလွန်ဆုံး 8စက္ကန့်သာ ကြာတဲ့အချိန်ထိ ဆိုနိုင်အောင်ရွတ်ဆိုကြည့်ပါ... များများလေ့ကျင့် ရင် ကိုယ့်အတွက် များများတိုးတက်ပါလိမ့်မယ်။
present does ပစ္စုပ္ပန်ကာလ တစ်ခုကိန်းအတွက် စကားကြီး ၆ ခွန်း
1. She speaks English. သူမ အင်္ဂလိပ်စကား ပြောတယ်.
2. She doesn't speak English. သူမ အင်္ဂလိပ်စကား မပြောဘူး.
3. Does she speak English? သူမ အင်္ဂလိပ်စကား ပြောသလား
4. Doesn't she speak English? သူမ အင်္ဂလိပ်စကား မပြောဘူးလား
5. She speaks English, doesn't she? သူမ အင်္ဂလိပ်စကားပြောတယ် မဟုတ်လား.
6. She doesn't speak English, does she? သူမ အင်္ဂလိပ်စကား မပြောဘူး ဟုတ်လား
speaks တစ်ခုကိန်း (singular) ကြိယာများကို အစားထိုး၍ ပြောကြည့်ပါ။ 1 နှင့်5 နေရာတွင် s ထည့်သည်။ ပစ္စုပ္ပန် တစ်ခုကိန်းအတွက် he, she, it နှင့် ကျန်သော တစ်ခုကိန်းများကို အသုံး ပြုနည်း ပုံသေဖြစ်သည်။
1. He comes here.
2. He doesn't come here.
3. Does he come here?
4. Doesn't come here?
5. He comes here, doesn't he?
6. He doesn't come here, does he?
1. She picks up the flowers.
2. She doesn't pick up the flowers.
3. Does she pick up the flowers?
4. Doesn't she pick up the flowers?
5. She picks up the flowers, doesn't she?
6. She doesn't pick up the flowers, does she?
အနာဂါတ်ကာလ Will do တစ်ခုကိန်း အများကိန်း အားလုံးအတွက် စကားကြီး ၆ ခွန်း
1. He will speak English. သူ အင်္ဂလိပ်စကားပြောလိမ့်မယ်.
2. He won't speak English. သူ အင်္ဂလိပ်စကား ပြောမှာ မဟုတ်ဘူ။
3. Will he speak English? သူ အင်္ဂလိပ်စကား ပြောမှာလား။
4. Won't he speak English? သူ အင်္ဂလိပ်စကားပြောမှာ မဟုတ်ဘူးလား။
5. He will speak English, won't he? သူ အင်္ဂလိပ်စကား ပြောလိမ့်မယ် မဟုတ်လား
6. He won't speak English, will he? သူ အင်္ဂလိပ်စကား မပြောဘူး ဟုတ်လား
I, we, you, you, she, it, they နှင့် ကျန်သော တစ်ခုကိန်း (singular) အများကိန်း (plural) အားလုံး he နေရာတွင် အစားထိုးပြီး။ speakနေရာ တွင်လည်း ကျန်သောကြိယာများ အစားထိုးပြော/ရေးကြည့်ပါ။
I will apologize them. ငါ.. သူတို့ကို တောင်းပန်ရလိမ့်မယ်။
I won't apologize them. ငါ.. သူတို့ကို တောင်းပန်မှာ မဟုတ်ဘူး။
Will I apologize them? ငါ.. သူတို့ကိုတောင်းပန်ရမှာလား။
Won't I apologize them? ငါ.. သူတို့ကို တောင်းပန်ရမှာ မဟုတ်ဘူးလား။
I will apologize them, won't I? ငါသူတို့ကို တောင်းပန်မယ် မဟုတ်လား။
I won't apologize them, will I? ငါသူတို့ကို တောင်းပန်မှာ မဟုတ်ဘူး ဟုတ်လား။
She will scatter the flowers. သူမပန်းကြဲပေးလိမ့်မယ်။
She won't scatter the flowers.
Will she scatter the flowers?
Won't she scatter the flowers?
She will scatter the flowers, won't she?
She won't scatter the flowers, will she?
They will believe my words. သူတို့ကျွန်တော့စကားယုံလိမ့်မယ်။
They won't believe my words.
Will they believe my words?
won't they believe my words?
They will believe my words, won't they?
They won't believe my words, will they?
အတိတ်ကာလ တစ်ခုကိန်း အများကိန်း အတွက် စကားကြီး ၆ ခွန်း ပုံသေ
1. They spoke English. သူတို့အင်္ဂလိပ်စကားပြောခဲ့ကြတယ်။
2. They didn't speak English. သူတို့အင်္ဂလိပ်စကားမပြောခဲ့ကြဘူး။
3. Did they speak English? သူတို့အင်္ဂလိပ်စကားပြောခဲ့ကြသလား။
4. Didn't they speak English? သူတို့အင်္ဂလိပ်စကားမပြောခဲ့ကြဘူးလား။
5. They spoke English, didn't they?. သူတို့ အင်္ဂလိပ်စကားပြောခဲ့ကြတယ် မဟုတ်လား
6. They didn't speak English, did they? သူတို့အင်္ဂလိပ်စကားမပြောခဲ့ကြဘူး ဟုတ်လား။
1. You sold your car yesterday. မင်း မနေ့က ကားရောင်းခဲ့တယ်။
2. You didn't sell your car yesterday.
3. Did you sell your car yesterday?
4. Didn't you sell your car yesterday?
5. You sold your car yesterday, didn't you?
6. You didn't sell your car yesterday, did you?
1. You took shelter at the bus stop. မင်း ကားမှတ်တိုင်မှာ မိုးခိုခဲ့တယ်။
2. You didn't take shelter at the bus stop.
3. Did you take shelter at the bus stop?
4. Didn't you take shelter at the bus stop?
5. You took shelter at the bus stop,didn't you.?
6. You didn't take shelter at the bus stop, did you?
(let's take shelter. မိုးခိုရအောင်။ shelter (n) ရာသီဥဆိုးနှင့် ဘေးအန္တရာယ်မှ ကာကွယ် ပေးထားသည့်နေရာ။ (v) ကာကွယ်ပေးခြင်း။ အကာအကွယ်ပေးသည်။ အကာအကွယ် ရှာသည်။ ယူသည်။)
I, we, you, you, he, she, it နှင့် ကျန်သော တစ်ခုကိန်း အများကိန်း အားလုံးကို they နေရာတွင် အစားထိုးပြီး spoke နေရာတွင် တူသောအတိတ် (past tense) များကို အစားထိုး၍ ရေးသား ပြောကြည့်လိုက်ပါ။
1 comment:
    ReplyDelete