ဒီနေ့တော့ ဝေးဝေးလံလံ ဘုရားဖူးမခေါ်တော့ပါဘူး၊
သွားရေးလာရေး အဆင်ပြေပြီး မြို့တော်ရန်ကုန်နဲ့ မနီးမဝေးက ပဲခူး ရွှေမော်ဓောဘုရားကိုပဲ
ဘုရားဖူးသွားကြပါစို့။ ပဲခူးဒေသာကြီးဟာ နောင်တစ်ချိန်မှာ မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြီးရဲ့
ဘူမိနက်သန်များ ဖြစ်လာလေမလား၊ အဘယ်ကြောင့်ဆိုသော် ယခု ပဲခူးဒေသ အနီးတစ်ဝိုက်တွင် နိုင်ငံကျော်
ဓမ္မကထိက တရားဟောဆရာတော်ကြီးများ၏ ကျောင်းတော်များ၊ နိုင်ငံကျော် ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာတော်ကြီးများ၏
ကမ္မဋ္ဌာန်းရိပ်သာကြီးများဖြင့် စည်ကားနေပြီး စာတတ်ပေတတ်ရဟန်းတော်များ၊ ရိပ်သာဆရာတော်များ
မျက်စိကျရာ နေရာဒေသ ဖြစ်နေချေပြီ၊ ပဲခူးသူ ပဲခူးသားတို့အတွက် ကံထူးပေစွ။ မြို့ကြီးပြကြီးများထဲရှိ
စာသင်တိုက်များတွင်လည်း လောကီနည်းပညာများ တိုးတက်လာမှု လောကီအာရုံတွေ တစ်နေ့တစ်ခြား
တိုးတက်ဆန်းပြားစွာ မြင်တွေ့လာနေကြရသည့်အတွက် စာပေလေ့လာ သင်ယူရာတွင် အားနည်းချက်များ
ရှိလာချေပြီ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်များသည်လည်း ထိုနည်းတူစွာ ယခင်ထက် လောကီအာရုံတွေ၏
ရိုက်ခပ်မှုဒဏ်ကို အနည်းအကျဉ်း ခံကြရပေမည်။ ထို့ကြောင့် နာမည်ကြီး ကမ္မဋ္ဌာန်းကျောင်းတိုက်ကြီးများဖြင့်
ပဲခူး ၁၀ မိုင်ကုန်းတစ်ဝိုက်တွင် စည်ကားနေပေပြီ။ မည်သို့ပင် ဆိုစေကာမူ ယနေ့အဖို့တော့
ပဲခူး ရွှေမော်ဓောဘုရား သွားကြပါစို့၊ ရွှေသာလျောင်းဘုရားကိုလဲ အချိန်ရတဲ့အခါ ၀င်ဖူးကြတာပေါ့။
Monday, March 17, 2014
Friday, March 14, 2014
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားလို့
ဆိုလိုက်ရင် ရောက်ဖူးသူလည်း ရှိချင် ရှိမည်၊ မရောက်ဖူးသူများ ရှိကြသည်။ မကြားဖူးသူက
ပိုများပါသည်။ အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်းအိုင် ဖြစ်သလို၊ အရှေ့တောင်အာရှတွင်လည်း
အကြီးဆုံးအင်းဖြစ်ပါသည်။ ယခုအချိန်ဆိုလျှင် အင်းတော်ကြီးဘုရားပွဲ စည်ကားသိုက်မြိုက်စွာ
ကျင်းပနေပေပြီ၊ အကျွန်ုပ်သည် အင်းတော်ကြီးဒေသ ဟိုပင်မြို့တွင် မွေးဖွားခဲ့သည် မှန်သော်လဲ
အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားသို့ အသက် ၂၀ ကျော်မှသာ ရောက်ဖူးခဲ့ပေသည်။ ဝေး၍လား ဆိုတော့လည်း
မဟုတ်ပါ၊ ယခင်က အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသွားချင်လျှင် မနက်အစောကြီးထပြီးမှ
ခြေလျင် သွားကြရပါသည်။ မနက် ၆ နာရီ စထွက်သွားလျှင် နေ့လည် ၁၂ နာရီမှ အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရားဖူးသို့
ရောက်ပါသည်။ အကွာအဝေးကာ ၁၀ မိုင်ကျော်ကျော်ခန့်သာ ရှိပါမည်။ ယခင်က လမ်းမကောင်းသလို
ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ မရှိ၍ သွားရလာရခက်ခဲပါသည်။ ကားတွေ ဆိုင်ကယ်တွ စက်ဘီးတွေရှိတော့ရော
သွားလို့ ရသလားဆိုရင် ကားက ဆင်စီးပြီး၊ ဆိုင်ကယ်နဲ့ စက်ဘီးက လူစီးပါမည်။ ယခုရော ကောင်းသွားပြီလားဆိုတော့
ကောင်းသွားပြီလို့ပဲ ပြောရတော့မှာပေါ့။ ချောင်းတွေ့လျှင် တံတားတွေ့လျှင် လမ်းဆင်းလျှောက်ပေါ့။
အင်းလေးဖောင်တော်ဦးဘုရား
ညောင်ရွှေမြို့၏ မူလအမည်မှာ
ရှမ်းဘာသာဖြင့်“ယောင်ဝှေ”ဖြစ်သည်။ တောင်နှစ်သွယ်ကြားမှ ကုန်းမြေဟု အဓိပ္ပာယ်ရသည်။ ယောင်ဝှေဟုပြောသော
ရှမ်းသံကို မြန်မာတို့က ညောင်ရွှေဟုကြား၍ မှတ်တမ်းတင် ရေးသား၊ ခေါ်ဆိုရာမှ ညောင်ရွှေဟု
အမည်ခေါ်တွင်ခဲ့သည်။ သက္ကရာဇ်(၇၂၁)ခုနှစ်တွင်ညောင်ရွှေမြို့ကို တည်ထောင်ခဲ့သော စော်ဘွားကြီး
ဆီဆိုင်ဖလက်ထက် လွန်ခဲ့သော နှစ်ပေါင်း(၆၄၄)ခန့်ကာလ၊ ယခုသန်းထောင်ဘုရားနယ်မြေအတွင်း
တစ်ခုသောနေရာတွင် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးလွှမ်း ကွယ်ပျောက်လျက်ရှိသော လိုဏ်ဂူအတွင်းမှာ
ဘုရားဓာတ်တော်၊ မွေတော်များ ရောင်ခြည်ကွန့်မြူးသည်ကို သန်းထောင်နယ်သားတို့ ဖူးမြင်တွေ့ရှိကြသည်။
ထိုအခါ စော်ဘွားကြီးဆီဆိုင်ဖ ထံသွားရောက် သတင်းပေး ကြလေသည်။
Thursday, March 13, 2014
ဗုဒ္ဓဘုရားရှင်နှင့် တပေါင်းလ
တပေါင်းလသည် မြန်မာလများတွင်
၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလ၀က်သည် ဆောင်းရာသီတွင်
ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။
ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ ယနေ့တိုင်ဖြစ်သည်။
မန္တလေး မဟာမြတ်မုနိဘုရား
ဂေါတမဗုဒ္ဓ မြတ်စွာဘုရား
သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ
အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏
ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာ ရှိခဲ့ပြီးနောက်
မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့်
ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒ အဆင့်ဆင့်ထိ
ကျယ်ပြန့်လာခဲ့ပါသည်။
Tuesday, March 11, 2014
ရွှေတိဂုံဘုရား
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး
ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ
ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်ခဲ့ကြသည်။ စေတီအစ
ရွှေတိဂုံက ဟုလည်းခေါ်ဆိုခဲ့ကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ
ကုန်းတော်။
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ။
(၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး။
(ကမ္ဘာ့အံ့ဘွယ်)
Sunday, March 9, 2014
၁၂ ကြိမ်မြောက် တရားအလှူတော် (သို့) တတိယအကြိမ် မဟာသင်္ကြန်တရားပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအကဖျော်ဖြေပွဲ
အရှင်သီဟဥာဏနှင့်အရှင်ဣန္ဒာစာရ(မျိုးချစ်မြန်မာ)ဦးဆောင်သော
ရွှေပါရမီ ပညာဒါန၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ မျိုးချစ်မြန်မာလူငယ်အသင်း(ဘန်ကောက်)၏
၁၂ ကြိမ်မြောက်တရားအလှူတော် (သို့) တတိယအကြိမ် မဟာသင်္ကြန်တရားပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကဖျော်ဖြေပွဲ
(15.4.2014 - သင်္ကြန်အကြတ်နေ့)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊
ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် အရှင်ဣန္ဒဥာဏ (မြို့မယဉ်ငေး) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊
စမွတ်ပရာကန်၊ ဘန်ဖီမြို့ရောက် မြန်မာအလုပ်သမားများအား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြင့်ပါမည်။
Wednesday, March 5, 2014
မခါးတမာ ပျားသကာသို့ ချိုပါစေ
လူဟုဖြစ်လာလျှင် တစ်ဦးတစ်ယောက်တည်းနေ၍
မရပါ၊ နိုင်ငံရေးအားဖြင့်လည်း တစ်နိုင်ငံတည်းရပ်တည်၍ မရပါ၊ ချမ်းသာသည့်နိုင်ငံကြီးပင်ဖြစ်စေကာမူ
နိုင်ငံတကာနှင့်ပေါင်းသင်းဆက်ဆံရပါသည်၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ
ပေါင်းသင်းဆက်ဆံလုပ်ကိုင်ကြပါမှ မိမိတို့အလိုရှိသော စီးပွားရေး ပညာရေး ကျမ်းမာရေးအစရှိသည်တို့သည်
လွယ်ကူစွာ တိုးတက်ဖြစ်ထွန်းနိုင်စွမ်းရှိပါသည် ။
Monday, March 3, 2014
ရဟန်းတစ်ပါး၏တန်းဖိုး
ပုထုဇဉ်ရဟန်း လေးတပါး ကိုရင်လေး
တစ်ပါးဆိုရင် တချို့သော သူများက အထင်သေး တတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း
စာပဲသင်ရုံ ရှိသေးတာပဲ တရားမှ မဟောပြောနိုင်သေးတာ၊ ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး
တန်ဖိုးမထား တတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး ရဟန်းတော်လေး
ဘ၀ကနေပဲ သီလ သမာဓိ ပညာနဲ့ ပြည်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။ ဒီကိုရင်
ရဟန်းလေးများဟာလည်း သာသနာ အဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့ အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ
ဓမ္မအစစ်တွေကိုသင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ
အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ
တန်ဖိုးကြီးမားသလဲ ဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော် ဘုရားကြီးရဲ့ ရဟန်းတပါး၏
တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။
Sunday, March 2, 2014
အမြင်မတူ ရန်သူမဖြစ်စေချင်
အမြင်မတူသူ
ဝါဒချင်း မတူသူတို့နဲ့ အတိုက်အခံမဖြစ်ပဲ အေးအေးလူလူနေလာတာ ကြာခဲ့ပြီ၊ မိတ္ထီလာ အရေးခင်းပြီးလို့
ပရဟိတလုပ်ငန်းများကို စလုပ်တော့မယ်ဆိုကတည်းက မေတ္တာစိတ်ထားကာ သတ္တ၀ါအားလုံးနဲ့ ငြိမ်းချမ်းရေး
ယူထားခဲ့ရတာမို့ အယူဝါဒချင်း မတူသည့် Islam ဘာသာဝင် မွတ်စလင် ကုလားတွေနဲ့လဲ ပြဿနာ မဖြစ်တော့သလို
Christian ဘာသာဝင် တစ်နယ်တည်းသား ရွှေကချင်တွေ၊ ချင်းတွေနဲ့လည်း အတိုက်အခံ ငြင်းခုံမှုတွေ
မဖြစ်တော့ဘူး၊ အတတ်နိုင်ဆုံး လက်လှမ်းမီသလောက် စာသင်ကျောင်း ဆောက်လှူတယ်၊ စာကြည့်တိုက်လှူတယ်၊
ဓမ္မာရုံလှူတယ်၊ လိုအပ်တဲ့နေရာတွေမှာ အချင်းချင်း စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ကူညီရိုင်းပင်းကြဖို့ မတည်ငွေလှူဒါန်းပြီး အဖွဲ့အစည်းလေးတွေ
ဖွဲ့စည်းပေးခဲ့တယ်။ မိသားစု စီးပွားရေး အခြေအနေအရ ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေကို
ကျောင်းထားပေးခဲ့တယ်။ ဘန်ကောက်မှာလည်း ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)
ဓမ္မရောင်ခြည် ဓမ္မဒါန လုပ်ငန်းခွဲ(271) အမည်နဲ့ မြန်မာအလုပ်သမားတွေကို ကွန်ပျူတာ အင်္ဂလိပ်စာ
ထိုင်းစာ အလကား သင်ပေးပါတယ်၊ စာအုပ် စာတမ်းနဲ့ ဘောလ်ပင်တွေ အလကားပေးတယ်၊ အစားအသောက်ကိုလည်း
အလကားကျွေးပါတယ်။ ဘာသာရေး အသိတရားတွေရဖို့၊ အချင်းချင်း စည်းလုံးညီညွှတ်ဖို့ ရိုင်းပင်းကူညီဖို့
ရည်ရွယ်ပြီး ဘန်ကောက်မှာ ၁ နှစ်ကို အလှူ ၄ ကြိမ်လုပ်ကာ ဆရာတော် သံဃာတော်များထံမှ တရားရေအေးအမြိုက်ဆေးကို
နာယူနိုင်ဖို့ စီစဉ်ပေးပါတယ်။ တိုင်းတစ်ပါးရောက်နေပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို
ထိန်းသိမ်းတတ်ဖို့ မြန်မာရိုးရာ ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး စီစဉ်ပေးပါတယ်။ အငြင်းအခုံ
ဖြစ်စေမည့် စာပေအရေးအသားများကို မရေးသားတော့ပဲ အလှူအတန်းနှင့်သက်ဆိုင်သည့် ပို့စ်များ၊
ပရဟိတလုပ်ငန်းနှင့်သက်ဆိုင်သည့် ပို့စ်များကိုသာ အတတ်နိုင်ဆုံးရေးသား တင်ပြလာခဲ့ပါသည်။
အမျိုးကိုချစ်သည်၊ ဘာသာကို ချစ်သည်၊ သာသနာကို ချစ်သည်၊ နိုင်ငံကို ချစ်သည်၊ တိုင်းပြည်နဲ့
လူမျိုးအားလုံးကို ချစ်ပါသည်။ မျက်ကန်းချစ်မဟုတ်ဘဲ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို
ဂုဏ်ယူလို့ ချစ်သည်။ ထို့ကြောင့် မိမိ၏ ပညာရေးကို ရပ်နားထားပြီး လုပ်နိုင်တုန်း အရှိန်ရနေတုန်း
လုပ်လက်စ ပရဟိတလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်နေခဲ့ပါသည်။
Subscribe to:
Posts (Atom)