Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, March 17, 2014

ပဲခူး ရွှေမော်ဓောဘုရား



ဒီနေ့တော့ ဝေးဝေးလံလံ ဘုရားဖူးမခေါ်တော့ပါဘူး၊ သွားရေးလာရေး အဆင်ပြေပြီး မြို့တော်ရန်ကုန်နဲ့ မနီးမဝေးက ပဲခူး ရွှေမော်ဓောဘုရားကိုပဲ ဘုရားဖူးသွားကြပါစို့။ ပဲခူးဒေသာကြီးဟာ နောင်တစ်ချိန်မှာ မြန်မာပြည် ဗုဒ္ဓသာသနာတော်ကြီးရဲ့ ဘူမိနက်သန်များ ဖြစ်လာလေမလား၊ အဘယ်ကြောင့်ဆိုသော် ယခု ပဲခူးဒေသ အနီးတစ်ဝိုက်တွင် နိုင်ငံကျော် ဓမ္မကထိက တရားဟောဆရာတော်ကြီးများ၏ ကျောင်းတော်များ၊ နိုင်ငံကျော် ၀ိပဿနာ ကမ္မဋ္ဌာန်းနည်းပြဆရာတော်ကြီးများ၏ ကမ္မဋ္ဌာန်းရိပ်သာကြီးများဖြင့် စည်ကားနေပြီး စာတတ်ပေတတ်ရဟန်းတော်များ၊ ရိပ်သာဆရာတော်များ မျက်စိကျရာ နေရာဒေသ ဖြစ်နေချေပြီ၊ ပဲခူးသူ ပဲခူးသားတို့အတွက် ကံထူးပေစွ။ မြို့ကြီးပြကြီးများထဲရှိ စာသင်တိုက်များတွင်လည်း လောကီနည်းပညာများ တိုးတက်လာမှု လောကီအာရုံတွေ တစ်နေ့တစ်ခြား တိုးတက်ဆန်းပြားစွာ မြင်တွေ့လာနေကြရသည့်အတွက် စာပေလေ့လာ သင်ယူရာတွင် အားနည်းချက်များ ရှိလာချေပြီ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်များသည်လည်း ထိုနည်းတူစွာ ယခင်ထက် လောကီအာရုံတွေ၏ ရိုက်ခပ်မှုဒဏ်ကို အနည်းအကျဉ်း ခံကြရပေမည်။ ထို့ကြောင့် နာမည်ကြီး ကမ္မဋ္ဌာန်းကျောင်းတိုက်ကြီးများဖြင့် ပဲခူး ၁၀ မိုင်ကုန်းတစ်ဝိုက်တွင် စည်ကားနေပေပြီ။ မည်သို့ပင် ဆိုစေကာမူ ယနေ့အဖို့တော့ ပဲခူး ရွှေမော်ဓောဘုရား သွားကြပါစို့၊ ရွှေသာလျောင်းဘုရားကိုလဲ အချိန်ရတဲ့အခါ ၀င်ဖူးကြတာပေါ့။


မြန်မာနိုင်ငံ  ပဲခူးမြို့တွင် တည်ရှိသော ရွှေမော်ဓောဘုရား(ခ)ကြီးမားသော ရွှေစေတီတော်ဘုရားကို လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်က တည်ထား ကိုးကွယ်ခဲ့ကြသည်။ မွန်ဘုရားတွေထဲမှ ထင်ရှားကျော်ကြားလှသော ဘုရားတစ်ဆူလဲ ဖြစ်ပါသည်။ 

ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ဆံတော်အချို့နှင့် ဓာတ်တော်မွေတော်များကို ဌာပနာပြုရ်ျ တဖုဿ နှင့် ဘလ္လိက ကုန်သည် ညီနောင်(၂)ဦး တို့က ရွှေမော်ဓောဘုရားကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ ရွှေမော်ဓောဘုရားကို မူလအမြင့် (၂၃) မီတာ တည်ထား ကိုးကွယ်ခဲ့ရာမှ သာသနာသက္ကရာဇ် (၁၉၅၄)ခုနှစ် အမြင့်(၁၁၄)မီတာ ရောက်သည့် အထိတိုင်အောင် အချိန်ကြာမြင့်စွာ ပြန်လည်အသစ်တစ်ဖန် မွမ်းမံတည်ဆောက်ခဲ့ကြသည်။

ရွှေမော်ဓောဘုရားသည် မြေငလျင်လှုပ်ခတ်ခြင်း ဒဏ်ကြောင့် အကြိမ်ကြိမ်ပျက်ဆီးခဲ့ရသည်။ သာသနာသက္ကရာဇ် (၁၉၁၇)ခုနှစ်တွင် ပထမ တစ်ချိန်နှင့် သာသနာသက္ကရာဇ်(၁၉၃၀) ခုနှစ်တွင် နောက်တစ်ချိန် မြေငလျင်လှုပ်ခတ်ခြင်းဒဏ်ကို ခံခဲ့ရလေသည်။ ရွှေမော်ဓောဘုရား၏ အပေါ်ယံ အစိတ်အပိုင်းသည် သာသနာသက္ကရာဇ် (၁၉၁၇) ခုနှစ်တွင် မြေငလျင်လှုပ်ခတ်ခြင်းဒဏ်ကြောင့် ကျန်တစ်ဖက်သို့ မြေခပြိုလဲခဲ့သည်။

ရွှေမော်ဓောဘုရားသည် အမြင့် (၁၁၄) မီတာ, မြန်မာနိုင်ငံတွင် အမြင့်ဆုံးစေတီဘုရား အဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့၇လေသည်။ နှစ်စဉ် ဧပြီလ (တန်ခူးလ) တွင် ရွှေမော်ဓေါဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိခဲ့သည်။  

No comments:

Post a Comment