ကမ္ဘာပေါ်ရှိ အမြင့်ဆုံး
ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ
ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်ခဲ့ကြသည်။ စေတီအစ
ရွှေတိဂုံက ဟုလည်းခေါ်ဆိုခဲ့ကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ
ကုန်းတော်။
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ။
(၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး။
(ကမ္ဘာ့အံ့ဘွယ်)
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည်
ဒဂုံတိုင်းဟု ခေါ်ဆိုသမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့်
ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ
ဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင်
မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခေါ်ဆိုခဲ့ကြသည်။
ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည်
မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင်
ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။
ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။
ထိုအချိန်မှစ၍ ကျိုက်လဂုံကို မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာတ၀ှမ်းလုံးမှာ ရွှေတိဂုံ
ဟူသော အမည်နာမဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည်
ဗောဓိပင်ရင်း သတ္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေထိုင်တော်မူ
ခဲ့သည်။
သတ္တဌာန သတ္တာဟ (၇)ဌာန
၁။ပလ္လင်္ကသတ္တာဟ-ပလ္လင်တော်၌( ၇
)ရက်စံနေတော်မူ၏။
၂။အနိမိသသတ္တာဟ-ပလ္လင်တော်အနီး၌( ၇
)ရက်စံနေတော်မူ၏။
၃။စင်္ကမသတ္တာဟ-စင်္ကြ့တော်၌( ၇)
ရက်စံနေတော်မူ၏။
၎။ရတနာဃရသတ္တာဟ-ရတနာအိမ်တော်၌ (၇ ) ရက်စံနေတော်မူ၏။
၅။အဇပါလသတ္တာဟ-ဆိတ်ကျောင်းညောင်ပင်၌(၇)ရက်စံနေတော်မူ၏။
၆။မုဉ္စလိန္ဒသတ္တာဟ-မုဉ္စလိန္ဒာအိုင်၌
(၇ )ရက်စံနေတော်မူ၏။
၇။ရာဇာယတနသတ္တာဟ-လင်းလွန်းပင်ရင်း၌
(၇ )ရက်စံနေတော်မူ၏
ဤသို့ နေထိုင်တော်မူ (၄)ရက်ပြည့်မြောက်ပြီး
နောက် တစ်နေ့၌ ““ရာဇာယတနသတ္တာဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလဖြစ်သည်။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊
ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။
ထိုသူဌေးကြီးတွင် တဖုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိလေသည်။ ထိုညီနောင်တို့သည် ကုန်သည်များ
ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့
ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍
ကုန်များကို လှည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။
တဖုဿ နှင့်ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့
သည် မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား
ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း
ဟုလည်းမေး၏။
ရုက္ခစိုးနတ်က .`အမောင်တို့
နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ
ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးရှေးဘ၀က ကောင်းမှုကုသိုလ်များ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင်
ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု ကျွန်ုပ် သင်တို့ထံသို့ ရောက်ရှိခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည်
ယခင် ဘ၀ကဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ကျွန်ုပ် ကိုယ်ထင်ပြရခြင်းဖြစ်သည်
အမောင်တို့´ဟု ပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို
မေး၏။ ထိုအခါ ရုက္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ
အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ယခု ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား
ရှင်တော်မြတ်ဘုရား ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းတွင် သီတင်းသုံး စံတော်မူနေတာမို့
အမောင်တို့ သွားရောက် ပူဇော်လော့ အမောင်တို့'ဟု ရုက္ခစိုးနတ်မင်းက တိုက်တွန်းလမ်းညွှန်
လိုက်တယ်။ ထိုစကားကိုကြားလျှင်ဖြင့် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ သည် အလွန်တရာ
ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆိုလျှင် ကျွန်ုပ်တို့အား လမ်းညွှန်ပြသပေးပါ
ရုက္ခစိုးနတ်မင်း” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊” ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့်
ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။
ထိုအခါ ကုန်သည် ညီနောင်တို့သည် သဒ္ဓါပီတိ အပြည့်အ၀နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့
သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား
လှူဒါန်းပူဇော်ခြင်းပြုကြ၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့သည်
မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ်တို့နှင့် လှူဒါန်းပူဇော်ခဲ့ကြသည်။
ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့်
“ဒွေ ၀ါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ
ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေ။ ထို့ကြောင့် လူသူအများသည်
ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင်
လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဦးဆုံး
ဆွမ်းကပ်ပူဇော်ခွင့်ရသူနှင့် ပထမဦးဆုံး သရဏဂုံ တည်သူများ ဖြစ်ကြ၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊
ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ကုန်သည်ညီနောင်တို့ ၀မ်းမြောက်ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့်
ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင် “အရှင်ဘုရား၊ တပည့်တော်တို့
အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုခုအား
ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” ဟု မိန့်တော်မူပြီး
သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အား ပေးသနားတော်မူရာ
တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏
ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့ကြ၏။ တဖုဿနှင့်
ဘလိ္လက ကုန်သည်ညီနောင်တို့သည် ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့
ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူအပေါင်းတို့က
သောင်းသောင်းဖျဖျကြိုဆိုကာ ဆံတော်(၈)အား ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား
စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ခဲ့ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်”
၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့ကြ၏။
သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့်
စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ ပူဇော်ခဲ့ကြသည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ
တည်ထားကိုးကွယ်ခဲ့ကြ၏။ ထိုစေတီကို “နောင်တော်ကြီးစေတီ”ဟု အမည်ခေါ်ဆိုခဲ့ကြ၏။
ဌာပနာထားသော ဓာတ်တော်မြတ်
၎-ပါး
ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်တော်မူသော
ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုမိန့်ရှိခဲ့သည်။
ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက်
နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌
“ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခု တူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
၁...ဆူးလေနက်ကြီးထံမှ ရရှိသော
ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ
ရရှိသည့် ကောဏဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း
ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏
ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ
ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊
တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။
ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့်
ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍
ဌာပနာတိုက်အား ပိတ်ခဲ့၏။
credit to Internet
No comments:
Post a Comment