မြတ်စွာဘုရားအလောင်းလျာသည်
သုဇာတာသူဌေးကတော် လှူဒါန်းသော ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံဘုဉ်းပေး သုံးဆောင်တော်မူပြီးနောက်
ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် နေရဉ္ဇရာမြစ်အတွင်း မျှောတော်မူခဲ့သည် ။ ညနေချမ်းအချိန်တွင်
မဟာဗောဓိ ညောင်ပင်ကြီးဆီသို့ ကြွချီလာခဲ့ရာ လမ်းခရီး၌ သောတ္ထိယ(သုဒ္ဓိယ) (မောင်စင်) မြက်ထမ်းသမား
လှူဒါန်းခဲ့သော မြက်ရှစ်ဆုပ်ကို အလှူခံ၍ မဟာဗောဓိပင်ရင်း၌ ကြဲဖြန့်တော်မူခဲ့သည်။ ထိုသို့ကြဲဖြန့်ရာမှ(၁၄)တောင်ပမာဏရှိသော
အပရာဇိတ ပလ္လင်တော် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
မာရ်ငါးပါးကိုအောင်မြင်ရာ
ဌာနဖြစ်လို့ အပရာဇိတပလ္လင်လို့ ခေါ်ရတာပါဟု ရှင်းပြရခြင်းဖြစ်သည်။ (ပရာဇိတ- ရှုံးအပ်ရာ၊
အ-မဟုတ်)။
ယခု အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မြတ်စွာဘုရားပွင့်တော်မူခဲ့သော မဟာဗောဓိညောင်ပင်ကြီး
အောက်တွင် တည်ရှိနေသော အပရာဇိတပလ္လင်မြတ်