အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ
သင့်တဲ့
နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။
၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု
ရှိတယ်လို့ 
Royal National Institute for the Blind က ဆိုပါတယ်။ အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့ အကြောင်းရင်း လေးခုက ရေတိမ်ရောဂါ၊
အသက်အရွယ်ကြောင့် ဖြစ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးတာ၊ ဆီးချိုကြောင့်
အာရုံကြော
ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက် ဆီး ချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ 
သိရပါတယ်။
အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး
သွားတယ်လို့
ဆိုပါတယ်။
ဒါကြောင့် မျက်စိ
ကျန်းမာရေး အတွက် ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။
၂)မုန်လာဥနီ စားပါ
လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ
ကျန်းမာရေး
ထိခိုက်မှု ဖြစ်နေတာကို သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။ အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ
ယိုယွင်း ပျက်စီးမှု(AMD)ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ မျက်စိ
ကျန်းမာရေးအတွက်
အင်တီအောက်ဆီးဒင့် တွေက အရေးပါ ပါ တယ်။ အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ တွေ့ ရတဲ့
လူတင်နဲ့ 
ဇီဇန်သင်းဓာတ်တွေကလည်း
မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် မုန်လာဥနီ အပါအဝင် အပင်ထွက် အစားအစာတွေကို စားပေး
ရပါမယ်။
၃)မျက်စိအတွက် ယောဂကျင့်ပါ
မျက်စိ
ကြွက်သားတွေကို သန်စွမ်းအောင်နဲ့  အပန်းပြေအောင် လေ့ကျင့်ခန်း
လုပ်ပေးတာကြောင့်
အမြင်အာရုံကို ကျန်း မာစေပါတယ်။ မျက်စိအတွက် လုပ်ရမယ့် လေ့ကျင့်ခန်း ကတော့ နာရီ လက်တံလည်တဲ့ အတိုင်း မျက်စိကို ရွေ
့လျားပေးရမှာပဲ ဖြစ်ပါတယ်။ မျက်စိကို ဒဏ်ပိလောက်တဲ့ အထိ တွန်းတာမျိုး
မလုပ်ပါနဲ့ ။
နာရီလက်တံ လည်တဲ့
အတိုင်း မျက်စိကို
ရွေ့ လျားပြီးရင် နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့ လျားကြည့်ပါ။
ပြီးရင်
မျက်တောင်ခတ်ပြီး
မျက်စိ စုံမှိတ်ကာ အနားယူပေးပါ။
၎)တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပါ
သန့် ရှင်းရေး ညံ့ဖျင်းတာကြောင့် မျက်စိ
နီရဲပြီး
မျက်မြှေးယောင်နာ ဖြစ်တာ၊မျက်စိ စွန်တာတွေ ဖြစ်စေ နိုင်ပါတယ်။ မျက် စိကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှု၊ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးဝင်မှုတွေ
ကြောင့်လည်း မျက်စိ
ကျန်းမာရေး ထိခိုက် ရတတ်ပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာ သန့် ရှင်းဖို
့အတွက် တဘက်ကို
သူများနဲ့ မျှပြီး မသုံးဖို့၊ မျက်စိကိုလက်နဲ့မပွတ်မိအောင် သတိ ထားဖို့အရေးကြီးပါတယ်။
မျက်စိစွန်တာ၊
မျက်စိနီရဲတာတွေ ဖြစ်ပြီးရင် မျက်စိအတွက်သုံးတဲ့
အလှပြင်ပစ္စည်းတွေကို
အသစ်သုံး ပေးဖို့ လိုပါတယ်။ မျက်ကပ်မှန်ကိုဆေးရည်အသစ်ထဲ ပြောင်းထည့်ပြီး
သေချာဆေးကြေားပြီးမှသုံးပါ။
၅)ဆေးလိပ်သောက်တတ်လျှင်
ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် မက်ကူလာ ယိုယွင်းမှု
(AMD)ဖြစ်နိုင်ခြေ ၄၇%ပိုများ ကြောင်း၊ ဆေးလိပ်မသောက်သူတွေထက် ၅-နှစ်စောပြီး ဖြစ်နိုင်ခြေ ရှိကြောင်း လေ့လာမှုတွေက ဆိုပါတယ်။
ဆေးလိပ်သောက် တာနဲ့ AMDအကြား ဆက်စပ်မှုကိုတော့ ရှင်းရှင်းလင်းလင်း
မသိကြသေးပါဘူး။
ဒါ့အပြင်
ဆေးလိပ်သောက်တာကြောင့် အတွင်း တိမ် ရောဂါနဲ့ အရောင်တွေကို ခွဲခြားမြင်နိုင်စွမ်း
ထိခိုက်မှု့တွေကိုလဲ
ဖြစ်စေနိုင်ပါတယ်။
၆)နေကာ မျက်မှန် တပ်ဆင်ပါ
ဆောင်းရာသီမှာတောင် အပြင်ထွက်ရင် နေကာမျက်မှန်ကို
တပ်ဆင်ပေး
သင့်ပါတယ်။ ဝီကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာ တစ်ရပ်အရ တစ်နေ့ မှာ ငါးနာရီနဲ့ အထက်
ခရမ်းလွန်ရောင်ခြည်နဲ
့ထိတွေ့ မှုကြောင့် အသက်ကြီးချိန်မှာ မက်ကူလာ ယိုယွင်း ပျက်စီးမှု
ဖြစ်နိုင်ခြေနဲ
့အတွင်းတိမ် ဖြစ်နိုင်ခြေ မြင့်မားကြောင်း သိရပါတယ်။ဒါကြောင့် ခရမ်းလွန်ရောင်ခြည်
ထိခိုက်မှုမှ ကာ
ကွယ်နိုင်အောင် နေကာမျက်မှန်ကို တပ်ဆင် ပေးးဖို့ လိုပါတယ်။
၇)ကွန်ပျူတာ သုံးချိန်ကို
လျှော့ချပါ
ကွန်ပျူတာကို တစ်နေ့ ခြောက်နာရီနဲ့ အထက် အသုံးပြုတဲ့ လူ ၇၀%ဟာ အမြင်အာရုံ ဝေဒနာ ရနိုင်ခြေ မြင့်မားကြောင်း လန်ဒန်
စင်တာက ဆိုပါတယ်။ကွန်ပျူတာကို ကြာကြာ သုံးတာကြောင့် မျက်စိ ညောင်းတာ၊နှစ်ထပ်မြင်တာနဲ
့ယာယီ အမြင် ဝေဝါးတာ စတဲ့ ကွန်ပျူတာအမြင် အာရုံဆိုင်ရာ ရောဂါစု ဖြစ်နိုင်ခြေကို
မြင့်မားစေပါတယ်။ကွန်ပျူတာသုံးတဲ့ အခါ မျက်တောင်ခတ် နှုန်း နှေးတာကြောင့် မျက်စိ ခြောက်သွေ့ မှု
ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်စိကို
စုံမှိတ်ပြီး မျက်ကြည်လွှာ စိုစွတ်သွားအောင် အနားပေးဖို့ လိုပါတယ်။
၈)ပုံမှန် မျက်စိ စမ်းသပ်မှု ခံယူပါ
တစ်နှစ် တစ်ကြိမ် မျက်စိကို ပုံမှန် စမ်းသပ် စစ်ဆေးမှု ခံယူ သင့်ပါတယ်။ အမြင်အာရုံက
အချိန်နဲ့ အမျှ
ပြောင်းလဲနေ နိုင် ပါတယ်။ လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်ရခက်နေရင်၊စာဖတ်တဲ့ အခါ
စာလုံးတွေ ဝါးနေရင်
မျက်စိကို စမ်းသပ်ပေးပါ။မျက်စိ ကျန်းမာရေးကို စမ်းသပ်တာကြောင့်
သိုင်းရွိုက်ရောဂါ၊
ဆီးချိုရောဂါ၊
သွေးတိုး
ရောဂါ စတဲ့ အခြေခံ
ရောဂါတွေ ရှိ/မရှိ ကိုလည်း သိ နိုင်ပါတယ်။
၉)စံပယ်ပန်း ရနံ့ မွှေးကြူပါ
စံပယ်ပန်း ရနံ့ ကို မွှေးကြူတာကြောင့် အမြင်အာရုံ
စူးစိုက်
နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ စံပယ်ပန်း ရနံ့ ဟာ ဦး နှောက် အရှေ့ ဘက်ရှိ
ဘီတာလှိုင်းတွေကို
လှုံ့ ဆော်ပေး နိုင်တာကြောင့် လန်းဆန်း တက်ကြွမှု ဖြစ်ပေါ် စေတာပါ။
၁၀)အောက်ဆီဂျင်ရအောင် လှုပ်ရှားပါ
မျက်စိ ကျန်းမာပြီး သက်သောင့်သက်သာ ရှိစေဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ဒါကြောင့် အောက်ဆီဂျင်
ရရှိအောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပေးပါ။လေ့ကျင့်ခန်း လုပ်တာကြောင့် စက္ခုအာရုံကြောကို
အောက်ဆီဂျင်
ထောက်ပံ့မှု ကောင်းစေကာ မျက်စိတွင်း ဖိအားကို လျော့ကျစေပါတယ်။ဒါ့အပြင် ပုံမှန်
လှုပ်ရှားမှု လုပ်သူတွေက အထိုင်များသူတွေထက် မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေ ၇၀%
လျော့နည်းကြောင်း
ဝီကွန်ဆင် တက္ကသိုလ်မှ လေ့လာသူတွေက ရှင်းပြပါတယ်။
ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
Good Health----22.2.2012-28.2.2012
No comments:
Post a Comment