Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Friday, March 1, 2013

ဗြဟ္မစိုရ် တရားလေးပါး

တန်းတူတွေ့ရင် မေတ္တာဝင် ၊ မဝင်နိုင်ကပြိုင်တတ်တယ်
 ပြိုင်မည့်အစား မေတ္တာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
 နိမ့်သူတွေ့ရင် ဂရုဏာဝင် ၊ မဝင်နိုင်က နိုင်တတ်တယ်
 နိုင်မည့်အစား ဂရုဏာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မြင့်သူတွေ့ရင် မုဒိတာဝင် ၊ မဝင်နိုင်က ရွဲ့ တတ်တယ်
 ရွဲ့ မည့်အစား မုဒိတာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
မိုက်သူတွေ့ရင် ဥပေက္ခာဝင် ၊ မဝင်နိုင်က မဲ့တတ်တယ်
 မဲ့မည့်အစား ဥပေက္ခာပွား ၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ် ။
စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ ။
သုခနိဗ္ဗာန်တိုင်လိမ့်မယ် ။

1 comment: