Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Saturday, May 30, 2015

မဟာသမယအခါတော်နေ့



တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ 1.6.2014 သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 20, 2015

ဗုဒ္ဓအလိုကျ ဒါနပြုကြမယ်



ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးမှန်ရင် ငယ်ငယ်ကြီးကြီး ပျိုပျို အိုအို လူတိုင်းလူတိုင်း ကုသိုလ်ဒါန မပြုဖူးသူရယ်လို့ မရှိသလောက်ပါ။ ဘာ့ကြောင့်လှူဒါန်းကြသလဲ မေးရင် ကုသိုလ်ရချင်လို့ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို လိုချင်လို့ပါဟု ဖြေလေ့ရှိကြပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

Saturday, May 16, 2015

ပရိတ် (သို့) အရံအတား



မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။
>>>ဆက်ဖတ်ရန်>>> >>

“ဗုဒ္ဓဘာသာသွေး (သို့) ဘာသာခြားသွေး အနှောမခံစေရန်"



ဗုဒ္ဓဘာသာသွေးဟူသည် သန့်ရှင်းစင်ကြယ်ခြင်း သဘောရှိ၍ ညစ်နွမ်းခြင်း သဘောမှ ကင်းခြင်း၊ ရဲရင့်ခြင်း  သဘောဆောင်၍ တွေဝေမိုက်မဲမှုကင်းခြင်း၊ မေတ္တာတရားကြီးမား၍ ရက်စက်ခြင်းမှ ကင်းဝေးခြင်း၊ ပေးကမ်းမှုရက်ရော၍ နှမြောတွန့်တိုခြင်းမရှိခြင်း၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိတတ်၍ ချောပစ်ကုန်းတိုက် မဟုတ်မမှန် လိမ်ညာမှုတရားများကို ထုတ်ပယ်ခြင်း သဘောမျိုးပါ။

>>>ဆက်ဖတ်ရန်>>> >>

Thursday, May 14, 2015

မိစ္ဆာဒိဋ္ဌိဘုရင် နှင့် သရဏဂုံရှင်



ယခုဖော်ပြမည့် ဖြစ်ရပ်ဟာ ဆန်းကြယ်မှု အသွယ်သွယ်နဲ့ ပြွန်းတီးနေတဲ့ဖြစ်ရပ်မို့ စိတ်ကူးယဉ် ဒဏ္ဍာရီတစ်ခုလို့ ထင်မသွားဖို့တော့ စောစောက ကြိုတင်တောင်းပန်ထားပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီတကယ့်ဖြစ်ရပ် အကြောင်းကို မှတ်တမ်းတင်ခဲ့သူဟာ ဘာသာခြား လူမျိုးခြားတစ်ယောက် ဖြစ်နေလို့ပါပဲ။
သူကတော့ အင်္ဂလိပ်လူမျိုး သမိုင်းဆရာ ‘ဂျီအီးဟာဘေ’ ပဲဖြစ်ပါတယ်။ ဘာသာခြားလည်းဖြစ်၊ လူမျိုးခြားလည်း ဖြစ်တဲ့အတွက် ဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ဂုဏ်တင်မရေးမှာကတော့ သေချာလှပါတယ်။ ယခုဖြစ်ရပ်ကို ‘မြန်မာ့သမိုင်း အကျဉ်းချုပ်’ စာအုပ်မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဓမ္မရသ၊ သုတရသ၊ ကရုဏာရသ၊ ဘယာနက ရသ၊ ဝီရရသ စတဲ့ ရသမျိုးစုံကို ခံစားကြည့်ရအောင်ပါ။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 13, 2015

မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော် အောင်ပွဲ


မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို)၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀ပ်ဖငင်ကျောင်းဆရာတော်၊ နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော်၊ ရှမ်းပြည်တောင်ပိုင်း ဘော်ဆိုင်းမြို့ ရေဖြူကန်ရွာ မြတ်စေတနာလူမှုကူညီရေးအသင်းမှ မြတ်စေတနာဆရာတော်၊ အင်းလေးကန် မိုင်းသောက်ကျောင်းဆရာတော်၊ လာအိုနိုင်ငံမှ လာအိုဦးဇင်းလေး ဘိုငင် တို့နှင့်အတူ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ မျိုးချစ်မြန်မာ ဒကာ-ဒကာမများ အတူလိုက်ပါလျက် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၌ 22.4.2015 မှ 24.4.2015 ထိ ၃ ရက်တိုင်တိုင် မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော်ကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

မျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ



အမျိုးစောင့်ဥပဒေဆိုသည်မှာ အများပြည်သူ နားလည်လွယ်စေရန် ခေါ်ဆိုထားခြင်းဖြစ်ပါသည်။ ဥပဒေ အနေဖြင့် ရေးဆွဲပြဋ္ဌာန်းရာ၌ ---
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
(ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ကို ပြဋ္ဌာန်းရန်ဖြစ်ပါသည်။

>>>ဆက်ဖတ်ရန်>>> >>

Sunday, May 10, 2015

နောင်းလွန်နောင်တ သုံးမကျ ဘ၀သင်္ခန်းစာ



မြန်မာစကားပုံတွင် မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးကွင်းထ၊ လူမိုက်နောက်မှ အကြံရဆိုသော စကားများ ရှိပါသည်။ အရာရာတိုင်းတွင် အသိနောက်ကျ ပူပန်နေကြသောသူများကို အသိပေးသော စကားပင်ဖြစ်ပါသည်။ ပုထုဇဉ်တိုင်းမှာ အမှားအယွင်းတစ်စုံတရာ ရှိတတ်ပါသည်။ သို့သော် အမှားတစ်စုံတစ်ရာသည် ပြင်၍ရသောအမှားရှိသလို ပြင်၍မရသော အမှားများလည်း ရှိတတ်ပါသည်။ အကယ်၍ ပြင်၍မရသော အမှားဖြစ်ခဲ့လျှင် နောင်တတစ်ဖန် ပူပန်ရတတ်၏။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 5, 2015

United Nations Day of Vesak 2558/2015


The 12th of International Buddhist Conference on the United Nations Day of Vesak 2558/2015
ကဆုန်လပြည့် ဗုဒ္ဓနေ့က (2.5.2015) စနေနေ့မှာ ကျရောက်ခဲ့လို့ ရွှေမြန်မာပြည်ကြီးမှ ဗုဒ္ဓဘာသာဝင် ရွှေမြန်မာများ ကဆုန်ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေခဲ့ကြတဲ့ ပုံရိပ်တွေကို တွေ့ခဲ့မြင်ခဲ့ရလို့ ဂုဏ်ယူမဆုံး ကြည်နူးမဆုံးဖြစ်ရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>