ဗုဒ္ဓဘာသာသွေးဟူသည် သန့်ရှင်းစင်ကြယ်ခြင်း
သဘောရှိ၍ ညစ်နွမ်းခြင်း သဘောမှ ကင်းခြင်း၊ ရဲရင့်ခြင်း သဘောဆောင်၍ တွေဝေမိုက်မဲမှုကင်းခြင်း၊ မေတ္တာတရားကြီးမား၍
ရက်စက်ခြင်းမှ ကင်းဝေးခြင်း၊ ပေးကမ်းမှုရက်ရော၍ နှမြောတွန့်တိုခြင်းမရှိခြင်း၊ ချစ်ချစ်ခင်ခင်
ကြင်ကြင်နာနာရှိတတ်၍ ချောပစ်ကုန်းတိုက် မဟုတ်မမှန် လိမ်ညာမှုတရားများကို ထုတ်ပယ်ခြင်း
သဘောမျိုးပါ။
ထိုသန့်ရှင်းစင်ကြယ်တဲ့
ဗုဒ္ဓဘာသာသွေးကို တခြားသော ဘာသာခြားများက ရောနှောဖို့ အတွက် ဗျူဟာ (၅)ချက် ခင်းကျင်းကာ
ကြိုးစားလာကြသည်။ အရင်ကတည်းက ကြိုးစားခဲ့ကြလို့ သွေးနှောခံလိုက်ရတဲ့ အမျိုးသမီးများ
အများအပြားရှိခဲ့ပါတယ်။ တစ်ချို့က သွေးနှောခံလိုက်ရသည့်အပြင် ဘာသာပါ ပျောက်ခဲ့ကြ၏။
တစ်ချို့က သွေးနှောခံလိုက်ရပေမယ့် ဘာသာမပျောက်ခဲ့။ အကောင်းဆုံးကတော့ သွေးလည်း အနှောမခံ
ဘာသာလည်းမပျောက်တာ အကောင်းဆုံးပါ။ ထိုဗျူဟာ(၅)ချက်ကား -
၁။ မေကညာကိုယူမည်။
၂။ ငွေအသပြာကိုယူမည်။
၃။ မြေပထဗျာကိုယူမည်။
၎။ ရွှေမြန်မာကိုယူမည်။
၅။ ပြည်အာဏာကိုယူမည်ဆိုတဲ့
၅-ချက်ပါ။
မေကညာကို ယူမည်ဆိုတဲ့ ဗျူဟာအရ
ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်ကို ဈေးနှုန်းတွေသတ်မှတ်ပြီး အပြောချိုချိုဖြင့်လည်းကောင်း၊
ငွေကြေးကို ဗန်းပြ၍သော်လည်းကောင်း မရ-ရအောင် ကြိုးစားနေကြတာ အားလုံးအသိပင်။ မဖြစ်စလောက်သော
ငွေကြေး၊ တစ်ဘဝစာအတွက်တောင်မဟုတ် တခဏသာ လောက်သော
ချမ်းသာမှုကို မက်မောကာ သွေးအနှောခံရသူများလည်း ရှိခဲ့၏။
ထိုသွေးအနှောခံရသူ တော်တော်များများဟာ
ဘာသာပင်ပျောက်ခဲ့ရသေး၏။ အရှုံးကြီး ရှုံးနေကြခြင်းပင်။ ဘာကြောင့် ဘာသာပျောက်ခဲ့သလဲဆိုရင်
သရဏဂုံသုံးပါး ရတနာသုံးပါး တို့၏ ကျေးဇူးတရားကို နားမလည် သောကြောင့်လည်းကောင်း၊ ဘာသာရေး
အသိမရှိခြင်းကြောင့်လည်းကောင်းဟု ဆိုရပေမည်။
အကြောင်းမညီညွတ်လို့ ဘာသာခြားနှင့်အိမ်ထောင်ပြုရပေမယ့်
သရဏဂုံသုံးပါး၏ တန်ဘိုး ဂုဏ်ကျေးဇူးများကို သိရှိနေသူ၊ သရဏဂုံတည်ပြီးသူများကား ဘယ်လိုပင်
ခြိမ်းခြောက် ခြိမ်းခြောက် ဘာသာမပျောက်ခဲ့ပေ။
ဥပမာတစ်ခုပေးကြည့်ပါမယ်။
“သီဟောနာမ- ခြင်္သေ့မည်သည်၊ ဇိဃစ္ဆာပိ- ဘယ်လောက်ပင် ဆာလောင် မွတ်သိပ်သော်လည်း၊ တိဏာနိ-
မြက် သစ်ရွက်တို့ကို၊ န ခါဒေယျ- ဘယ်တော့မှ မစား။” တဲ့။ တောသုံးတောင်ကိုအုပ်စိုးနေတဲ့၊
တိရစ္ဆာန်တို့လောကမှာ ရဲရင့်ဆုံး ခြင်္သေ့ဟာ အစာမစားရလို့ ဘယ်လိုပင် ဆာလောင်မွတ်သိပ်စေကာမူ
မြက်တို့၊ သစ်ရွက်တို့၊ သစ်သီး သစ်ဥများကို ဘယ်တော့မှ မစားပါဘူး။ ထိုဥပမာလေးဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက်
အတုယူသင့်သည့် ဥပမာကောင်းလေးပါ။
ဒါကြောင့် ခြင်္သေ့စိတ်ရှိတဲ့
ဗုဒ္ဓဘာသာ အမျိုးကောင်းသား၊ အမျိုးသမီးများလည်း စားဝတ်နေရေး အဆင်မပြေလို့ ဘယ်လိုပင်
ဆင်းရဲခြင်းသို့ရောက်စေကာမူ အမျိုးဘာသာ သာသနာ ဝါးမြိုခံရမယ့် အိမ်ထောင်ပြုမှုမျိုး၊
ကိုယ့်ဗုဒ္ဓဘာသာသွေးကို အခြားဘာသာနဲ့ အရောခံလိုက်တဲ့အဖြစ်မျိုး၊ သွေးချင်းနှောမိလို့
ယောက်ျားလေး မွေးဖွားလာတာတောင်မှ ရှင်ပြုမပေးရဲတဲ့အဖြစ်မျိုး၊ ကိုယ့်မိဘ ကိုယ့်ဆရာသမား၊
ကိုယ်ကိုးကွယ်နေတဲ့ ရဟန်းသံဃာများကြွလာတာတောင်မှ ရှိမခိုးဝံ့တဲ့ အဖြစ်မျိုး၊ ဆွမ်းမလောင်းရဲတဲ့အဖြစ်မျိုးကင်းစေဖို့
ဆာလောင်မွတ်သိပ်နေတဲ့ ခြင်္သေ့မင်း မြက်၊ သစ်ရွက်၊ သစ်သီး မစားသကဲ့သို့ ကိုယ့်အမျိုး
ကိုယ့်ဘာသာ ကိုယ့်သာသနာ အရောင်မညစ်ဖို့အတွက် သွေးချင်းမနှောမိအောင် သန့်ရှင်းစင်ကြယ်တဲ့
ဗုဒ္ဓဘာသာသွေးစစ်စစ် ဖြစ်အောင် ကြိုးစားရမည်သာ။
၁။ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့
ငွေအသပြာကို ကာကွယ်ခြင်း။
၂။ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုး
မေကညာတို့ကို ကာကွယ်ခြင်း။
၃။ ကိုယ့်ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကြီးရဲ့
မြေ ပထဗျာကို ကာကွယ်ခြင်း၊
၎။ ကိုယ့်ဗုဒ္ဓဘာသာ ရွှေမြန်မာနိုင်ငံကြီးကို
ကာကွယ်ခြင်း။
၅။ ကိုယ့်ဗုဒ္ဓဘာသာ ပြည်အာဏာကို
တခြားဘာသာခြားလက်ထဲ မရောက်ရလေအောင် ကာကွယ်ခြင်း
စသည်တို့အတွက် ဘာသာခြားများနှင့် အရောင်းအဝယ်၊ အပေါင်းအသင်း
၊ အိမ်ထောင်ပြုမှု အချက်များ မနှောမိစေဖို့၊ (တစ်နည်း) ဘာသာခြားနှင့် သွေးချင်းမနှောမိစေဖို့
တိုက်တွန်းချင်တာပါ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment