The 12th of
International Buddhist Conference on the United Nations Day of Vesak 2558/2015
ကဆုန်လပြည့် ဗုဒ္ဓနေ့က
(2.5.2015) စနေနေ့မှာ ကျရောက်ခဲ့လို့ ရွှေမြန်မာပြည်ကြီးမှ ဗုဒ္ဓဘာသာဝင် ရွှေမြန်မာများ
ကဆုန်ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေခဲ့ကြတဲ့ ပုံရိပ်တွေကို
တွေ့ခဲ့မြင်ခဲ့ရလို့ ဂုဏ်ယူမဆုံး ကြည်နူးမဆုံးဖြစ်ရပါတယ်။
ထိုင်းနိုင်ငံရောက် ဗုဒ္ဓဘာသာဝင်
ရွှေမြန်မာများအတွက်တော့ 2.5.2015 စနေနေ့မှာ အလုပ်မပိတ်ခဲ့လို့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုတာဘယ်နေ့လဲဆိုပြီး
မသိသလို အမှုမဲ့အမှတ်မဲ့ဖြစ်သွားခဲ့ကြရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့
ထိုင်းနဲ့ရွှေမြန်မာပြည်ကြီးဟာ တူတာလေးတွေရှိသလို မတူတာလေးတွေကိုလဲ အနည်းငယ်တွေ့ရှိရပါတယ်။
ဥပမာ - လွန်ခဲ့တဲ့ ၅ နှစ်ခန့် ထိုင်းကို စရောက်စတုန်းက ထိုင်းဥပုသ် - မြန်မာဥပုသ်ဆိုပြီး
ကြားဖူးခဲ့ပါတယ်။ ထိုင်းဥပုသ်က မြန်မာဥပုသ်နေ့ရဲ့ ၁ ရက်နောက်ကျတယ်လို့ ထိုင်းကို အရင်ရောက်နေခဲ့တဲ့သူငယ်ချင်းတွေပြောပြလို့
သိခဲ့ရပါတယ်။ မိမိကိုယ်တိုင် သတိထားမိလာတဲ့အခါမှာတော့ ထိုင်းဥပုသ်နဲ့ မြန်မာဥပုသ် တူနေခဲ့ပါပြီ။
မတူတာလေးကို ပြန်သတိထားမိလာတာကတော့
တပို့တွဲလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေမှာ မတူတာတွေ့လာရသလို ဒီနှစ် ကဆုန်လပြည့်
ဗုဒ္ဓနေ့ သတ်မှတ်ရာမှာလည်း မတူတာတွေ့လာရပြန်ပါတယ်။ ရွှေမြန်မာတွေရဲ့ ဗုဒ္ဓနေ့က ကဆုန်လပြည့်နေ့
(2.5.2015) စနေနေ့မှာ ကျရောက်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ကတော့
(1.6.2015) နယုန်လပြည့်နေ့ တနင်္လာနေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားတာတွေ့ရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှလည်း
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို United Nation Day သို့မဟုတ် Vesakha Puja နေ့အဖြစ် အသိမှတ်ပြုလာခဲ့သလို
အင်္ဂလိပ်သက္ကရာဇ်နဲ့ သတ်မှတ်လိုက်တော့ ကဆုန်လပြည့်နေ့နဲ့ တိုက်ဆိုင်တာရှိသလို များသောအားဖြင့်
ရက်လွဲနေတာများပါတယ်။ မည်သို့ပင် ဆိုစေကာမူ ထိုင်းနိုင်ငံ ဘန်ကောက် မဟာချူလာလောင်ကွန်း
တက္ကသိုလ်ကြီးကတော့ ဗုဒ္ဓနေ့ကို အကြောင်းပြုပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးကို
ကျင်းပလာတာ ၁၂ ကြိမ်မြောက် ရှိပါတော့မယ်။
(28-30.5.2015) ၁၂ကြိမ်မြောက်
International Buddhist Conference ကြီးကို The United Nations Day of Vesak
2558/2015 အဖြစ် United Nations Conference Centre Bangkok နဲ့
Mahachulalongkornrajavidyalaya University, Wang Noi, Ayutthaya မှာ ကြီးကျယ်ခန်းနားစွာ
ကျင်းပပြုလုပ်ပါတော့မယ်။ ထိုင်းနိုင်ငံရောက် ရွှေမြန်မာများအနေဖြင့်လည်း ရဟန်းဖြစ်စေ
လူဖြစ်စေ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကြီးကို လွတ်လပ်စွာ တက်ရောက်လေ့လာနိုင်ပါတယ်ဆိုတဲ့အကြောင်း
မျိုးချစ်မြန်မာ(မူကြို)
http://www.undv.org/vesak2015/en/
No comments:
Post a Comment