Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Wednesday, May 13, 2015

မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော် အောင်ပွဲ


မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို)၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀ပ်ဖငင်ကျောင်းဆရာတော်၊ နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော်၊ ရှမ်းပြည်တောင်ပိုင်း ဘော်ဆိုင်းမြို့ ရေဖြူကန်ရွာ မြတ်စေတနာလူမှုကူညီရေးအသင်းမှ မြတ်စေတနာဆရာတော်၊ အင်းလေးကန် မိုင်းသောက်ကျောင်းဆရာတော်၊ လာအိုနိုင်ငံမှ လာအိုဦးဇင်းလေး ဘိုငင် တို့နှင့်အတူ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ မျိုးချစ်မြန်မာ ဒကာ-ဒကာမများ အတူလိုက်ပါလျက် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၌ 22.4.2015 မှ 24.4.2015 ထိ ၃ ရက်တိုင်တိုင် မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော်ကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။



 22.4.2015 ရက်နေ့ နေ့လည် ၁ နာရီမှ စတင်ကာ ဟိုပင်မြို့တွင်းသို့ ရှင်းလောင်းလှည့်ကြပြီး ရှင်ဒကာ-ဒကာမများ၊ ရှင်လောင်းမိဘများ၊ မောင်ရှင်လောင်းများ နှင့် ရှင်လောင်းလှည့်လည်ရာတွင် ပါဝင်ကြသော ၀င်းခင်းအဖွဲ့၊ ဗျောအဖွဲ့၊ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်အဖွဲ့၊ မောင်ရှင်လောင်း ထီးတော်မိုးနှင့် ရှင်လောင်းထမ်းစင်ထမ်းသမားများအပါအ၀င် ရပ်နီးရပ်ဝေးမှဧည့်သည်တော်များအားလုံးကို ကချင်ပြည်နယ်ဒေသဖြစ် ရိုးရာအစားအစာ စုံလင်စွာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါသည်။ ညပိုင်းတွင် ဟိုပင်မြို့ နန့်ရင်းကျေးရွာမှ အောင်ရတနာအငြိမ့်ဖြင့် မနက် ၂ နာရီထိ ပျော်ရွှင်စွာ ဧည့်ခံဖျော်ဖြေကြပါသည်။

23.4.2015 ရက်နေ့တွင် ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များအား အစာအဟာရစုံလင်စွာဖြင့် တစ်နေကုန် ဧည့်ခံကျွေးမွေးခြင်း၊ ဒုလ္လရဟန်းခံခြင်း၊ မောင်ရှင်လောင်းများကို ခေါင်းရိပ်(ဆံချ)ခြင်း၊ သာသနာ့ဘောင်တွင်း သွတ်သွင်းချီးမြင့်ပြီး ပြုသမျှကုသလအဖြာဖြာကို ရေစက်သွန်းချအမျှဝေခြင်းများ ပြုလုပ်ကြပါသည်။ နေ့လည်ခင်းတွင် အောင်ရတနာအငြိမ့်အဖွဲ့မှ ဧည့်ခံဖျော်ဖြေပြီး ညဦးပိုင်းတွင် မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်နှင့်အနီးတစ်ဝိုက် ဖျော်ဖြေရေးအဖွဲ့များ ဟိုပင်မြို့မှ ဖျော်ဖြေရေးအဖွဲ့များမှ စေတနာဖြင့် လာရောက်ဧည့်ခံဖျော်ဖြေကြပါသည်။ ညလယ်ပိုင်းတွင် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် တေးသံရှင် ပန်ဆုပြည့်ကျော်နှင့် တေးရေး/တေးဆို - ကောင်းထက်စံ တို့မှ ဧည့်ခံဖျော်ဖြေပြီး၊ ညနှောင်းပိုင်းတွင် နိုင်ငံကျော်ဖိုက်စတားအဖွဲ့မှ မနက် ၄ နာရီထိ ကပြဖျော်ဖြေကြပါသည်။

24.4.2015 ရက်နေ့တွင် အရှေ့ကျောင်း နှင့် ကမ္ဘောဇကျောင်းမှ သံဃာတော်များအားလုံးနှင့် ရှင်ဒကာ-ဒကာမများ၊ ရှင် ၁၀၇ ပါး မိဘများ နှင့် ရှင် ၁၀၇ ပါးတို့ကို ရဟန်းဒကာမ မစန်းစန်းအုန်းမှ အာဟာရဒါနပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက် မှ ဆရာတော်များ၊ ရန်ကုန် မန္တလေးမှ ရှင်ဒကာ-ဒကာမများ၊ မုံရွာမြို့မှ အလှူ့ဒကာ-ဒကာမများ၊ ရှမ်းပြည်နယ် ဘော်ဆိုင်း ရေဖြူကန်ရွာမှ မြတ်စေတနာဆရာတော် နှင့် အင်းလေးမှ မိုင်းသောက်ဆရာတော်တို့ ကချင်ပြည်နယ် ဟိုပင်မြို့မှ မိမိတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ထွက်ခွါသွားကြပါသည်။ ညပိုင်းတွင် အကယ်ဒမီ စတိတ်ရှိုးအဖွဲ့(ဟိုပင်) နှင့် နိုင်ငံကျော် ဖိုက်စတားအဖွဲ့တို့မှ ကပြဖျော်ဖြေကြပြီး မနက် ၃ နာရီ ၄၅ မိနစ်တွင် မျိုးချစ်မြန်မာမိသားစု ရှင် ၁၀၀ အလှူတော်အောင်ပွဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါသည်။
 
မတည်အလှူရှင်များ -

- မိခင်ကြီးဒေါ်အေးကျန်ကို ရည်စူး၍ မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို) နှင့် ဒကာ-ဒကာမများ
- အလှူ့ဒကာ ကိုမြင့်ဦး+အလှူ့ဒကာမ မမြတင့် - မိသားစု
- အလှူ့ဒကာ ကိုကျော်တင်+အလှူ့ဒကာမ မဖြူဖြူဝင်း - မိသားစု
- အလှူ့ဒကာ ကိုကျော်လင်း+အလှူ့ဒကာမ မမေဇင်ခိုင် - မိသားစု
- အလှူ့ဒကာ မောင်ရင်အေး+အလှူ့ဒကာမ မချောစုအေး(ခ)မော်မော် - မိသားစု

- ရဟန်းဒကာမကြီး ဒေါ်စိန်ညွှန့်အားရည်စူး၍ မစန်းစန်းအုန်း

- မိဘနှစ်ပါးကို အမှူးထား၍ နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော် နှင့် ဒကာ-ဒကာမများ

ပြုသမျှ ကုသိုလ်အစုစု
------------
- ပင့်သံဃာဆရာတော် ၂၁ ပါး - လှူဒါန်းငွေ - ၂၁ သိန်းကျပ်နှင့် ၅ သောင်းကျပ်တန်ဘိုးရှိ ဂျပန်မာတင် သင်္ကန်းထီဖိနပ် ၂၁ စုံ - ၁၁ သိန်း ၅ သောင်းကျပ်၊
- အရှေ့ကျောင်းကြီးတိုက်သို့လှူဒါန်းငွေ - ၂၅ သိန်းကျပ်
- ကမ္ဘောဇကျောင်းသို့ လှူဒါန်းငွေ - ၁၀ သိန်းကျပ်
- ရဟန်း ၅၇ ပါးအတွက် လှူဒါန်းငွေ - ၅ သိန်း ၇ သောင်းကျပ်
- ကိုရင် ၁၅၀ အတွက် လှူဒါန်းငွေ - ၇ သိန်း ၅ သောင်းကျပ်

- ရှင် ၁၀၇ ပါးအတွက် ပရိက္ခရာ ၈ ပါးနှင့် ဖျာ အိပ်ယာ ခေါင်းအုံးစသည့်အသုံးဆောင်များအတွက် - ၅၃ သိန်း ၅ သောင်းကျပ်

- (၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ) ၆ ရက်တိုင်တိုင် အကျွေးအမွေး နှင့် အလှူတော်မင်္ဂလာအခမ်းအနား(မှတ်တမ်းတင်ဗွီဒီယိုရိုက်ကူးရေးအပါ)အတွက် - ၁၀၀ သိန်း

- ဖျော်ဖြေရေး - ဖိုက်စတားအဖွဲ့ ၂ ည - ၆၂ သိန်း ၅ သောင်းကျပ်
- ပန်ဆုပြည့်ကျော် နှင့် ကောင်းထက်စံ - ၁၅ သိန်း ကျပ်
- အောင်ရတနာအငြိမ့် - ၅ သိန်းကျပ်
- အကယ်ဒမီစက်နှင့်စတိတ်ရှိုး - ၇ သိန်းကျပ်

- မှန်လုံကားကြီး (၉) ရက် - ၂၂ သိန်း ၅ သောင်းကျပ်
- ကားသေး (၁၁) ရက် - ၁၅ သိန်းကျပ်

- ဖိတ်စာ နှင့် ဗီနိုင်း - ၃ သိန်းကျပ်
- လက်ဆောင်ပေးရန် T-Shirt အထည် ၃၀၀ - ၅ သိန်း ၁ သောင်းကျပ်
- လက်ဆောင်ပေးရန် တဘက် အထည် ၂၀၀ - ၂ သိန်း ၅ သောင်းကျပ်
- လက်ဆောင်ပေးရန် ငါးချဉ် ၂၀ ပိဿာ - ၁ သိန်း ၅ သောင်းကျပ်
- လက်ဆောင်ပေးရန် မုန်ညှင်းချဉ် ၁၀၀ ပိဿာ - ၁ သိန်းကျပ်
- လဘက်စို/ခြောက် - ၁ သိန်း ၅ သောင်းကျပ်
- ငါးခြောက် ၁၀၀ ပိဿာ - ၈ သိန်းကျပ်
- ပုဇွန်ခြောက် ၁၀ ပိဿာ - ၂ သိန်း ၅ သောင်းကျပ်
- ဝေယျာဝေစ္စ ၈ ဖွဲ့ အတွက် - ၃ သိန်း ၂ သောင်းကျပ်

-- စသည်ဖြင့် အလှူပွဲကြီးနှင့်ပတ်သက်ပြီး 378 သိန်း 5 သောင်းကျပ်ကျော် အကုန်ကျခံကာ မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော်ကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မှတ်ချက် - အလှူပွဲတစ်ပွဲလုံးနှင့်ပတ်သက်၍ အသုံးစရိတ်အကုန်မရသေးပါ။ ရထားပြီးရုံမျှကိုသာ တွက်ချက်ထားခြင်းဖြစ်ပါသည်။

မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို)
(14.5.2015)

No comments:

Post a Comment