အမျိုးစောင့်ဥပဒေဆိုသည်မှာ အများပြည်သူ
နားလည်လွယ်စေရန် ခေါ်ဆိုထားခြင်းဖြစ်ပါသည်။ ဥပဒေ အနေဖြင့် ရေးဆွဲပြဋ္ဌာန်းရာ၌ ---
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေ
(ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ
ဥပဒေတို့ကို ပြဋ္ဌာန်းရန်ဖြစ်ပါသည်။
ဘာသာကြီးလေးမျိုး၏ ဥပဒေများ
ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်
တိုင်းရင်းသား (၁၃၅)မျိုးနှင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် ရောက်ရှိလာသည့်
လူမျိုး/ဘာသာခြားများ နေထိုင်လျှက်ရှိကြသည်။ လူမျိုး/ဘာသာ မတူကြသည့်အတွက် ကိုးကွယ်သည့်ဘာသာများအလိုက်
လိုက်နာရမည့်ဥပဒေများကို ပြဋ္ဌာန်းထားရာ ထိုဥပဒေများအား အောက်ပါ အတိုင်း တွေ့ရှိရပါမည်
---
(က) ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာ့ဓလေ့ထုံးတမ်း
ဥပဒေ
(ခ) ဟိန္ဒူဘာသာဝင်များအတွက် ၁၉၅၅-ခုနှစ်
ဟိန္ဒူဥပဒေ
(ဂ) ခရစ်ယာန်များအတွက် ၁၈၇၂-ခုနှစ်
ခရစ်ယာန်ဥပဒေ
(ဃ) အစ္စလာမ်များအတွက် ၁၉၅၃ခုနှစ် အစ္စလာမ်ဥပဒေ
၎င်းဥပဒေ (၄)မျိုးတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည်
မြန်မာတိုင်းရင်းသား ၁၃၅-မျိုးတို့၏ ဓလေ့များ အတိုင်း လိုက်နာကြရခြင်း ဖြစ်ပါသည်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည်
ပြဋ္ဌာန်းဥပဒေ မဟုတ်သည့်အတွက် ပြဋ္ဌာန်းဥပဒေကဲ့သို့ မလိုက်နာလျှင် မနေရသည့်ဥပဒေမျိုး မဟုတ်ပါ။
မြန်မာ့ဓလေ့ထုံးတမ်းတွင် လက်ထပ်ထိမ်းမြားမှုပြုရာ၌
ဘာသာရေးနှင့် မသက်ဆိုင်ပါ။ အဘယ်ကြောင့် ဆိုသော်-
(က) သံဃာတော်များသည် လက်ထပ်ပေးခွင့်မရှိပါ။
(ခ) သံဃာတော်များသည် ကွာရှင်းပြတ်စဲပေးခွင့်မရှိပါ။
(ဂ) သံဃာတော်များကို မင်္ဂလာဦးဆွမ်းကပ်ခြင်းသည်
လက်ထပ်ပေးခြင်းမဟုတ်ပါ။ မင်္ဂလာဦး အလှူသာ ဖြစ်ပါသည်။
(ဃ) ဗုဒ္ဓဘာသာတွင် မိမိဘာသာဝင်ကို အခြားမည်သည့်
ဘာသာဝင်နှင့် လက်မထပ်ရဟု တားမြစ် ထားသည့် ဥပဒေလည်းမရှိပါ။
ဟိန္ဒူ /ခရစ်ယာန်/ အစ္စလာမ်ဘာသာဝင်များတို့အတွက်
ဘာသာရေးဥပဒေမှာ ပြဋ္ဌာန်းဥပဒေများ ဖြစ်ပါသည်။
ပြဋ္ဌာန်းဥပဒေ ဖြစ်သည့်အတွက်-
(က) “ပြဋ္ဌာန်းဥပဒေ““ ဖြစ်၍ ၄င်းတို့ဘာသာဝင်တိုင်း
လိုက်နာရသည်။
(ခ) သက်ဆိုင်ရာ ဘာသာများ၏ ဘာသာရေးခေါင်းဆောင်သည်
၎င်းတို့ဘာသာဝင်များ၏ အိမ်ထောင်ခန်း တွင် တိုက်ရိုက်ပါဝင်သည့် ဘာသာရေးခေါင်းဆောင်က
လက်ထပ်ပေးမှ တရားဝင်သည်။
(ဂ) ဘာသာမတူလျင် လက်ထပ်ခွင့်မရှိပါ။
(ဃ) ဘာသာမတူဘဲ လက်ထပ်လျှင် အိမ်ထောင်ခန်းသည်
တရားမ၀င်ဟု ၄င်းဘာသာ၏ ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။
(င) ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျန်(၃)ဘာသာနှင့်
လက်ထပ်လျှင် ၄င်းတို့၏ဘာသာသို့ ကူးပြောင်းပြီး လက်ထပ်မှ တရားဝင်သည်ဟု ၄င်းတို့၏ ဥပဒေများက
ပြဋ္ဌာန်းထားသည်။
ဗုဒ္ဓဘာသာတို့၏ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည်
ပြဋ္ဌာန်းဥပဒေမဟုတ်၍ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စ လာမ်ဘာသာဝင်တို့၏ ဥပဒေများနှင့် နှိုင်းယှဉ်ပါက
နိမ့်ကျနေပြီး တရားတဘောင်ဖြစ်ပါက ရှုံးနိမ့်ရပေ သည်။ ဤသို့ဖြစ်ရခြင်းမှာ ပြဋ္ဌာန်းဥပဒေသည်
ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်၍ ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ
ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်မှာ ဘာသာပေါင်းစုံ လိုက်နာရမည့် ဘုံသဘောတူညီချက် (သို့)
အမျိုးစောင့်ဥပဒေ ဟုခေါ်သည့် တိုင်းရင်းသား (၁၃၅)မျိုးအပါအ၀င် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့
အတူယှဉ်တွဲ နေထိုင်နိုင်သည့် စည်းကမ်းသတ်မှတ်ထားသောဥပဒေ (သို့) အမျိုးစောင့်ဥပဒေသည်
အလွန်အရေးကြီးနေပါသည်။
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့်
ရရှိနိုင်သော အကျိုးကျေးဇူးများ
၁။ လက်ထပ်ထိမ်မြားပြီးနောက် ဖြစ်ပေါ်လာနိုင်သော
ပြဿနာများကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေး နိုင်ပါမည်။
၂။ ဘာသာတစ်ခုနှင့်တစ်ခု ဥပဒေမညီမျှမှုကြောင့်
ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို ကြိုတင်တားဆီး ပြီးသား ဖြစ်ပါစေမည်။
၃။ အမျိုးသမီးများ မတရားအနိုင်အထက်ပြုမူခြင်း၊
လှည့်ဖြားသိမ်းပိုက်ခြင်း၊ အဓမ္မဘာသာကူးပြောင်း စေခြင်း၊ အစရှိသော လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့်
အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ ကို ကာကွယ်ပေးနိုင်မည်။
၎။ နိုင်ငံအတွင်း ဘာသာရေး၊ လူမှုရေး၊
လွှမ်းမိုးလိုမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို ကြိုတင်ကာကွယ်တားဆီးနိုင်ပါမည်။
၅။ နိုင်ငံ၏အနာဂတ်တွက် မျှတလုံလောက်သော
လူနေမှုဘ၀နှင့် ကိုယ်ကျင့်စာရတ္တကောင်းမွန်သော အလေ့အထများ ဖြစ်ပေါ်လာစေရန် အကျိုးကျေးဇူးပြုပါလိမ့်မည်။
https://www.facebook.com/permalink.php?story_fbid=1573301222884284&id=1524893741058366&substory_index=0
No comments:
Post a Comment