Menu
ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။
Saturday, December 21, 2013
ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ
မေတ္တာအကျိုး(၁၁)မျိုး
စွမ်းအင်မေတ္တာ၊ ပွားသူမှာ၊ ချမ်းသာအိပ်နိုး၊ မြင်မက်သည်။
လူနတ်စသား၊ မေတ္တာထား၊ အများချစ်ကြသည်။
နတ်ကောင်းနတ်မြတ်၊ စောင့်ရှောက်လတ်၊ ဘေးလွတ်ကင်းဝေးသည်။
လက်နက်မီးတောက်၊ အဆိပ်ပျောက်၊ မရောက်ရှောင်ကွင်းသည်။
စိတ်ဓာတ်ငြိမ်လွယ်၊ မျက်နှာဝယ်၊ ချစ်ဖွယ်အဆင်း ကြည်လင်သည်။
မတွေမဝေ၊ သေရပေ၊ လားလေ ဗြဟ္မာပြည်။
မေတ္တာအကျိုး၊ ဆယ့်တစ်မျိုး၊ တန်ခိုးတက်လာသည်။
>>>ဆက်ဖတ်ရန်>>> >>
သူ့နေရာနဲ့သူ
အဲ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကာ ပြော ကို မပြောချင်ဘူး။ ဟူးးးး။ စိတ်လေလိုက်တာ၊ တက်လာတဲ့သတင်းက မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည် တဲ့။
““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
>>>ဆက်ဖတ်ရန်>>> >>
Monday, December 16, 2013
ပီမိုင်တရားပွဲနှင့် စာပေဟောပြောပွဲ
ရွှေပါရမီ ပညာဒါန သင်တန်းကျောင်းနှင့် မျိုးချစ်မြန်မာလူငယ်အသင်း(ဘန်ကောက်)၏ တတိယအကြိမ် ပီမိုင်တရားပွဲ၊ စာပေဟောပြောပွဲနှင့် မြန်မာသံစဉ် ဂီတဖျော်ဖြေပွဲကို 30.12.2013 တနင်္လာနေ့၊ ထိုင်ပကန်ရပ်ကွက်၊ ထနွန်ထေဖရပ်၊ ဘန်ဖီမြို့၊ ဘန်ကောက်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ပါမည်။
>>>ဆက်ဖတ်ရန်>>> >>
Thursday, November 28, 2013
ဘန်ကောက် ဘုံကထိန်
ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ မျိုးချစ်မြန်မာလူငယ်အသင်း(ဘန်ကောက်) ၏ တတိယအကြိမ် စုပေါင်း မဟာဘုံကထိန် (17.11.2013 - တနင်္ဂနွေနေ့) တန်ဆောင်မုန်းလပြည့်နေ့
>>>ဆက်ဖတ်ရန်>>> >>
Wednesday, November 20, 2013
ခေါင်းဆောင်ကောင်း( Good Leadership)နှင့် စီမံခန့်ခွဲမှု (Management)
ခေါင်းဆောင်မှု (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် နယ်ပယ်အသီးသီးတို့၌ အစဉ်အမြဲ ဒွန်တွဲလျှက် ရှိကြ၏။ ခေါင်းဆောင်မှု စီမံခန့်ခွဲမှုဟု ဆိုလိုက်လျှင် လူတော်တော်များများသည် ခေါင်းဆောင်လုပ်မည့် သူများအတွက်သာဟု တထစ်ချ ထင်မြင်ယူဆကြ၏။
၂၁ ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီး၌ ခေါင်းဆောင်မှုပညာ (Leadership) နှင့် စီမံခန့်ခွဲမှု (Management) ပညာတို့သည် သာသနဝန်ထမ်းရော လူဝတ်ကြောင်များပါမကျန် ကျား-မ မရွေး လူမျိုးမရွေး ဘာသာဝင်မရွေး အများသူငါ အားလုံးတတ်သင့်တတ်ထိုက်သည့် ပညာရပ်များပင်ဖြစ်၏။
အထူးသဖြင့် ယနေ့ခေတ်ကြီး၌ သာသနဝန်ထမ်း ရှင်ရဟန်းတို့သည်လည်း မိမိတို့ဦးဆောင်ရမည့် အခန်းကဏ္ဍ သာသနာရေးရာတို့၌ သာသနာပြုလုပ်ငန်းဆောင်တာများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်လာနိုင်စေရန် ဤခေါင်းဆောင်မှု စီမံခန့်ခွဲမှုပညာသည် အထူးပင်လိုအပ်လှပေ၏။
>>>ဆက်ဖတ်ရန်>>> >>
Wednesday, November 13, 2013
ရဟန်းဟူသည်
ရဟန်းဟူသည်…
လူ့အလိုကျရဟန်း ဗုဒ္ဓအလိုကျရဟန်း ဟုနှစ်မျိုးရှိသည်။ လူ့အလိုကျရဟန်းဟူသည် ပစ္စည်းလေးပါးရဖို့သာ အဓိကထားသည်။ တရားရဖို့အဓိကမထားပေ။
ဗုဒ္ဓအလိုကျရဟန်းသည် တရားရဖို့သာအဓိကထားသည်။ ပစ္စည်းလေးပါးရဖို့ အဓိကမထားပေ။
ထို့ကြောင့် လူ့အလိုကျရဟန်းသည် ခင်စရာကောင်း၏။ သို့သော် ကြည်ညိုစရာမကောင်း။
ဗုဒ္ဓအလိုကျရဟန်းကား ကြည်ညိုစရာကောင်း၏ ခင်စရာမကောင်း။
>>>ဆက်ဖတ်ရန်>>> >>
Tuesday, November 12, 2013
ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်
 ဒီကောင် ရူးနေပြီ … တန်ရာတန်ရာ ပြောပါကွာ … ကြီးကြီးကျယ်ကျယ်နဲ့ …. မဆီမဆိုင်ကွာ … အာဏာရူးတစ်ယောက် ပေါ်လာပြန်ပြီ .. ပလ္လင်ပေါ် ခွေးတက်ချင်ပြန်ပြီ …. ဒီယုန်မြင်လို့ ဒီချုံထွင်တာပါကွာ …. ဟူသော စကားသံများ ကျွန်တော်နားနဲ့မဆန့် လျှံထွက် ပဲ့တင်သံများ ဟိန်းထွက်နေမည်မှာကို ယုံကြည်ပြီးသား… မျှော်လင့်ပြီးသား။
ကျွန်တော်သာ သမ္မတကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ စစ်ဦးစီးချုပ်ကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ လွှတ်တော်အမတ်ကြီး ဖြစ်ခဲ့ရင်
ကျွန်တော်သာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်ခဲ့ရင်
ကျွန်တော်သာ ပရဟိတသမားတစ်ဦး ဖြစ်ခဲ့ရင်
>>>ဆက်ဖတ်ရန်>>> >>
Thursday, November 7, 2013
ကာလ သမ္ပတ္တိ နဲ့ ကာလ ၀ိပတ္တိ
 "ကာလသမ္ပတ္တိ"
မင်းကောင်း လူကောင်းတို့ အုပ်စိုးနေရာ အခါကို “ကာလသမ္ပတ္တိ”ဟု ခေါ်၏။ တိုင်းသူပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသဖြင့် စီမံတတ်သော မင်းကောင်းခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အခွင့်သာ၏။
ထိုကုသိုလ်ကံ အခွင့်သာသဖြင့် ကောင်းသောအာရုံတို့ကို တွေ့ကြုံကြရ၏။ ပူပန်သောကကင်း၍ ဆွေမျိုးဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတို့ပင် ချမ်းသာကြ၏။ တက်ကပ်အခါလည်း ကာလသမ္ပတ္တိပင်တည်း။ ထိုကဲ့သို့ ကာလသမ္ပတ္တိ၌ ကြုံကြိုက်သောအခါ ပြတ်သတ်ငတ်နေအောင် အကျိုးပေးမည့် ကုသိုလ်ကံ ပါရှိသော်လည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်။
>>>ဆက်ဖတ်ရန်>>> >>
Monday, October 28, 2013
ဗုဒ္ဓဘာသာဆိုတာဘာလည်း
နိုင်ငံခြားသား ဘုန်းတော်ကြီးတစ်ပါး၏ ဗုဒ္ဓဘာသာအမြင် စာအုပ်ကို ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော် ဘုရားကြီးက ပြန်ဆိုတော်မှု ထားခြင်းဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားသည် ဤစာအုပ်ကို ၁၉၉၂ ခုနှစ် ဂျူလိုင်လတွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့  ၌ စတင်ပြန်ဆိုခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် နွေရာသီ၌ ဟော်လန်တရားစခန်းတွင် အပြီးသတ်ခဲ့ပါသည်။
မူရင်း စာအုပ်နာမည်မှာ Good Question Good Answer ဟူသောစာအုပ်ဖြစ်ပါတယ်။ ရေးသားသူကတော့ သြစတြေးလျ နိုင်ငံသား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး Shravasti Dhammika အရှင် ဓမ္မိက ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
Thursday, October 17, 2013
သီတင်းကျွတ် မီးထွန်းပွဲတော်
၁၉. ၁၀. ၂၀၁၃၊ စနေနေ့သည် မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
Wednesday, October 2, 2013
" အတ္ထုပ္ပတ္တိ စာအုပ်များ " စာအုပ်ပေါင်း(၄၀)
၁။ အောင်သန်း ၏အောင်ဆန်း - ဦးအောင်သန်း
https://www.sugarsync.com/pf/D0299089_62561891_288832
၂။ စစ်ကိုင်းဦးဘိုးသင်း - ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
https://www.sugarsync.com/pf/D0299089_62561891_819704
၃။ ဂဋ္ဌုန်ဦးစော၏ နောက်ဆုံးနေ့များ - သန်းဝင်းလှိုင်
https://www.sugarsync.com/pf/D0299089_62561891_073782
၎။ ကျွန်တော်ဖြတ်သန်းခဲ့ရသောလေးဖြူ - ပေါ်ဦးသစ်
https://www.sugarsync.com/pf/D0299089_62561891_819716
၅။ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် - တက္ကသိုလ်စိန်တင်
http://www.mediafire.com/download/tp144ahl1q4526u
>>>ဆက်ဖတ်ရန်>>> >>
ဝဋ် နဲ့ ၀တ်
>>>ဆက်ဖတ်ရန်>>> >>
Monday, September 30, 2013
ရုပ်ပွားဆင်းတု ထားရှိကိုးကွယ်ခြင်း
(၁) မျက်နှာတော်၏ ငြိမ်းအေးမှု
မြတ်ဗုဒ္ဓ၏ ရုပ်တု၊ ရုပ်ပွားတော်၊ ဆင်းတုတော်များတွင် ထူးခြားသည့် ၀ိသေသလက္ခဏာနှင့် အရည်အချင်းများ ရှိ၏။ မည်သည့် ရုပ်ပုံ၊ ရုပ်တုနှင့်မျှ မတူသော ထူးခြားချက်များ ဖြစ်သည်။ ၄င်းထူးခြားချက်မှာ မြတ်စွာဘုရား၏ ပုံတော်၏ ငြိမ်အေးမှု ပေါ်နေခြင်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ကိလေသာ ၁၀ ပါး လုံးဝကင်းပြီး၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြုနေသူ ဖြစ်သဖြင့် အတွင်းရေး ငြိမ်းအေးနေ၏။ အတွင်းစိတ် ငြိမ်းအေး၍ ကိုယ်တော်မြတ်၏ မျက်နှာတော်သည် မည်သည့် ရုပ်တု၊ ဆင်းတုနှင့်မျှ မတူအောင် ထူးခြားနေရခြင်း ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော လက္ခဏာ စသည့် ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ညီညွှတ်မှုများအပြင် နှလုံးတော်မြတ်ရှိ မြတ်စွာဘုရား၏ တရားဓမ္မ အအေးဓာတ်ကြီး၊ ဓမ္မဓာတ်ကြီးကို မျက်နှာတော်ပေါ်တွင် ထင်ရှားစွာ ဖူးတွေ့ရပါသည်။
>>>ဆက်ဖတ်ရန်>>> >>
Monday, September 23, 2013
ရွက်လှပန်းဟာ ရနံ့မသင်းပေမယ့် ရုပ်အဆင်တော့ လှပါတယ်။ နှင်းဆီပန်းဟာ ရနံ့သင်းပေမယ့်၊ ဆူးများနဲ့ ဝိုင်းရံထားတယ်။
ရှေးရှေုးတုန်းတုန်း တောကျောင်းတစ်ကျောင်းမှာ သက်တော်ရှည်ဆရာတော်တစ်ပါးနဲ့ ဦးဇင်းလေးတစ်ပါး အတူနေကြတယ်။ ဆရာတော်ကြီးက အသက်ကြီးပြီးဆိုတော့ ၊ သင်္ကန်းကိုလည်း သပ်သပ်ရပ်ရပ် မဝတ်နိုင်တော့ဘူး။ ဆွမ်းဘုဉ်ပေးတဲ့အခါမှာလည်း ဆွမ်းလုံးတွေက ပန်းကန် အပြစ်ဖက်ကိုကျနေလို့ ကြည့်လို့မကောင်းဘူးပေါ့။
ဆရာတော်ဘုရားကြီးရဲ့ ဝါသနာပြောရမလားမသိဘူး။ ဟင်းသီးဟင်းရွက်တွေကိုလည်း ဘုဉ်းပေးတဲ့အခါမှာ မြင်မကောင်အောင် ပါးစပ်အပြင်ကို တစ်ခါတစ်လေထွက်နေတယ်။ ဆရာတော်ကြီးဟာ တပည့်ဒကာ၊ ဒကာမတွေ ရှေ့မှာ တစ်ခါတစ်လေ ဆင်ချင်တတ်ပေမယ့် ၊ တစ်ခါတစ်လေ စရိုက်က မဖျောက်နိုင်ပဲ၊ သင်္ကန်းက ဘိုသီဘတ်သီနဲ့ နေ့လေရှိပါသတဲ့။
>>>ဆက်ဖတ်ရန်>>> >>
Monday, August 26, 2013
ဖတ်စရာ မှတ်စရာ
>>>ဆက်ဖတ်ရန်>>> >>
ပိဋကတ်ကျမ်း
ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓ၀စန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။
>>>ဆက်ဖတ်ရန်>>> >>
"ပုဂ္ဂိုလ်စွဲ၍ ကြည်ညိုမှုကြောင့် ဖြစ်တတ်သော အပြစ်ငါးမျိုး"
ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ-
ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သောသဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။
- ''ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် နှင်ထုတ်၏''ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်၏။
- ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊
- အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ၊
- သူတော်ကောင်းတရားကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။
ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဌမ အပြစ်တည်း။
>>>ဆက်ဖတ်ရန်>>> >>
"စည်းစိမ်ဥစ္စာတို့၌ရှိသော အပြစ် နှင့် အကျိုးကို ခွဲခြားသိမြင်နိုင်ပါစေ"
ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ
- စည်းစိမ်ဥစ္စာတို့သည် မီးနှင့် ဆက်ဆံကုန်၏။
- စည်းစိမ်ဥစ္စာတို့သည် ရေနှင့် ဆက်ဆံကုန်၏။
- စည်းစိမ်ဥစ္စာတို့သည် မင်းနှင့် ဆက်ဆံကုန်၏။
- စည်းစိမ်ဥစ္စာတို့သည် ခိုးသူနှင့် ဆက်ဆံကုန်၏။
- စည်းစိမ်ဥစ္စာတို့သည် မချစ်မနှစ်သက်အပ်သော အမွေခံဆိုးတို့နှင့် ဆက်ဆံကုန်၏။
ရဟန်းတို့ စည်းစိမ်ဥစ္စာတို့၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
>>>ဆက်ဖတ်ရန်>>> >>
ပိဋကတ်သုံးပုံ မြန်မာပြန်
ပိဋကတ်သုံးပုံ ဆိုသည်မှာ  ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့်  ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်း
စုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် (၂၁၀၀၀) ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀) စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိသည်
>>>ဆက်ဖတ်ရန်>>> >>
Sunday, August 25, 2013
"အလှူစင်ကြယ်ကြောင်း လေးမျိုး"
ရဟန်းတို့ အလှူ၏ စင်ကြယ်ကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ-
- ရဟန်းတို့၊ အလှူပေးပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူခံပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။
- ရဟန်းတို့၊ အလှူခံပုဂ္ဂိုလ်ကြောင့်သာ စင်ကြယ်၍ အလှူပေးပုဂ္ဂိုလ်ကြောင့် မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။
- ရဟန်းတို့၊ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ် အလှူခံ ပုဂ္ဂိုလ်ကြောင့်လည်း မစင်ကြယ်သော အလှူမျိုးသည် ရှိ၏။
- ရဟန်းတို့၊ အလှူပေးပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ် အလှူခံပုဂ္ဂိုလ်ကြောင့်လည်း စင်ကြယ်သော အလှူမျိုးသည် ရှိ၏။
>>>ဆက်ဖတ်ရန်>>> >>
ထိတ်လန့်ပျောက်ချင်၊ မြတ်ဗောဇ္ဈင်၊ တွင်တွင်ပွါးကြရာ
တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သုဗြဟ္မနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -
''မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့''ဟု (လျှောက်၏)။
- ဗောဇ္ဈင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ်ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- ဣနြေ္ဒတို့ကို စောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။
- အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု (မိန့်တော်မူ၏)။
>>>ဆက်ဖတ်ရန်>>> >>
မိုးလပတ်လုံး မြတ်ခေါင်ဘုန်း သီတင်းဘယ်သို့သုံးသနည်း
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဣစ္ဆာနင်္ဂလရွာ ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို- ''ရဟန်းတို့ ငါသည် သုံးလပတ်လုံး (တစ်ပါးတည်း) ကိန်းအောင်း နေလို၏၊ ဆွမ်းပို့မည့် ရဟန်းမှ တစ်ပါး ငါ၏ ထံသို့ မည်သူမျှ မချဉ်းကပ်ရ''ဟုမိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ''ကောင်းပါပြီ အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ဝန်ခံ၍ မြတ်စွာဘုရားထံသို့ ဆွမ်းပို့သော ရဟန်းမှ တစ်ပါး မည်သူမျှ မချဉ်းကပ်ကုန်။
ထို့နောက် မြတ်စွာဘုရားသည် ထိုသုံးလလွန်သဖြင့် (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထတော်မူ၍ရဟန်းတို့ကို မိန့်တော်မူ၏-
- ရဟန်းတို့၊ သာသနာ့ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့က ''ငါ့သျှင်တို့ ရဟန်းဂေါတမသည် မိုးလပတ်လုံး အဘယ်နေခြင်းမျိုးဖြင့် အနေများသနည်း''ဟု အကယ်၍ မေးကုန်ငြားအံ့။
>>>ဆက်ဖတ်ရန်>>> >>
အာနာပါနဂုဏ်အင် အာနိသင်
ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။
ရဟန်းတို့ အာနာပါဿတိနှင့် ယှဉ်သော သမာဓိကိုအဘယ်သို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင်ထွက် သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။
ရှည်ရှည် ထွက်သက်လေကိုထုတ် လျှင်လည်း ''ရှည်ရှည် ထွက်သက်လေကို ထုတ်၏''ဟု သိ၏၊ ရှည်ရှည် ဝင်သက်လေကိုရှူလျှင်လည်း ''ရှည်ရှည် ဝင်သက်လေကို ရှူ၏''ဟု သိ၏။ပ။ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ထွက်သက်လေ ကို ထုတ်အံ့''ဟု အားထုတ်၍ ကျင့်၏၊ ''စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက်ဝင်သက်လေကို ရှူအံ့''ဟု အားထုတ်၍ ကျင့်၏။ ရဟန်းတို့ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကိုဤသို့ ပွါးများအပ် ကြိမ် ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။
>>>ဆက်ဖတ်ရန်>>> >>
တရားဦးဟောရန် သိမ်းသွင်းဟန်
ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်တော်မူ၏။
ပဉ္စဝဂ္ဂီရဟန်းတို့သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ကြ၍ ''ငါ့သျှင်တို့ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်းလုပ်ငန်းမှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော ဤရဟန်း ဂေါတမသည် ကြွလာ၏၊ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးကြိုမပြုရ၊ ထိုရဟန်းဂေါတမ၏ သပိတ် သင်္ကန်းကို လှမ်းမယူရ၊ (သို့ရာတွင်) နေရာကိုကား ထားထိုက်၏၊ ရဟန်းဂေါတမသည် အကယ်၍ အလိုရှိလျှင် ထိုင်လိမ့်မည်''ဟု အချင်းချင်း ကတိကဝတ် ပြုကုန်၏။
မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ထံ ချဉ်းကပ်တော်မူသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် မိမိတို့ ကတိကဝတ်ဖြင့် မတည်နိုင်ကုန်ဘဲ မြတ်စွာဘုရားကို ခရီးဦးကြိုပြုကြပြီးလျှင် တစ်ယောက်က မြတ်စွာ ဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူ၏၊ တစ်ယောက်က နေရာခင်း၏၊ တစ်ယောက်က ခြေဆေးရေကို တည်၏၊ တစ်ယောက်က ခြေဆေးအင်းပျဉ်ကို တည်ထား၏၊ တစ်ယောက်က ခြေပွတ်အိုးခြမ်းကို အနီး၌ ထား၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ခြေတော်တို့ကို ဆေးတော်မူ၏၊
>>>ဆက်ဖတ်ရန်>>> >>
ဓမ္မစကြာ ဒေသနာ
 ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏-
ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊
- ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊
- ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။
...................................................
ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။
>>>ဆက်ဖတ်ရန်>>> >>
"လိပ်ကန်း ဥပမာပြ ဒေသနာတော်"
ရဟန်းတို့ ဥပမာသော်ကား ဤမြေကြီးသည် ရေတပြင်တည်း ဖြစ်ရာ၏။ ထိုရေအပြင်၌ယောက်ျား (တစ်ယောက်) သည် အပေါက်တစ်ခုသာရှိသော ထမ်းပိုးကို ပစ်ချရာ၏၊ ထိုထမ်းပိုးကို ......
အရှေ့လေသည် အနောက်သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊ အနောက်လေသည် အရှေ့သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊
မြောက်လေသည် တောင်သို့ တိုက်ခတ်ဆောင်ယူသွားရာ၏၊
တောင်လေသည် မြောက်သို့တိုက် ခတ်ဆောင်ယူသွားရာ၏။
ထိုရေအပြင်၌ လိပ်ကန်းသည် ရှိရာ၏၊ ထိုလိပ်ကန်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် ပေါ်ရာ၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့မှတ်ထင် ကုန်သနည်း၊
စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ်တစ်ကြိမ် ပေါ် သော လိပ်ကန်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ရာသလောဟု (မိန့်တော် မူ၏)။
>>>ဆက်ဖတ်ရန်>>> >>
Friday, August 23, 2013
ပိဋကတ်တော်ဆိုင်ရာ ဆိုဒ်များ
 (၁) ပိဋကသုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများနှင့်တကွ မြန်မာ၊ အင်္ဂလိပ်ဘာသာပြန်များကို လွယ်ကူစွာ ရှာဖွေဖတ်ရှုနိုင်ရန်..။ www.pitakataw.com
(၂) တိပိဋက မြန်မာပြန် Pdf ဖိုင်များကို download ရယူနိုင်ရန်..။
(၃) တိပိဋက အင်္ဂလိပ်ဘာသာပြန်များကို ရွေးချယ်ဖတ်ရှုနိုင်ရန်...။
(၄) တိပိဋက အင်္ဂလိပ်ဘာသာပြန်များကို ရွေးချယ်ဖတ်ရှုနိုင်ရန်...။
(၅) ဓမ္မပဒ ပါဠိတော်- မြန်မာပြန်- အင်္ဂလိပ်ဘာသာပြန်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်..။
(၆) တိပိဋကအဘိဓာန်နှင့် ပိဋကသုံးပုံ စသည်များကို download ရယူနိုင်ရန်..။
(၇) ထိုထို တရားတော် အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ ဓမ္မစာအုပ်များကို အလွယ်တကူ download ရယူနိုင်ရန်..။
>>>ဆက်ဖတ်ရန်>>> >>
"လျှို့ဝှက်မထား၊ ကြောင်းသုံးပါး နှင့် သုံးပါးစောဒနာ၊ ပြစ်ကင်းကွာ၊
ရဟန်းတို့ မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားတို့သည် ဤလေးမျိုးတို့တည်း၊ အကြောင်းသုံးမျိုးတို့ဖြင့်လည်း (မြတ်စွာဘုရားအား) မစွပ်စွဲအပ်။
မြတ်စွာဘုရားအား မစောင့်ရှောက်ရသော တရားလေးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ-
- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော ကိုယ်အကျင့် ရှိတော်မူ၏၊ ''ငါ၏ ဤကာယ ဒုစရိုက်မှုကိုသူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ကာယဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။
- ရဟန်းတို့ မြတ်စွာဘုရားသည် စင်ကြယ်သော နှုတ်အကျင့်ရှိတော်မူ၏၊ ''ငါ၏ ဤဝစီဒုစရိုက်မှုကိုသူတစ်ပါး မသိစေလင့်''ဟု (နှလုံးသွင်း၍)စောင့်ရှောက် ရသည့် ဝစီဒုစရိုက်မျိုးသည် မြတ်စွာဘုရားအားမရှိ။
>>>ဆက်ဖတ်ရန်>>> >>
"ဝါကပ်ရန် ခွင့်ပြုတော်မူခြင်း"
တစ်ရံရောအခါ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ရဟန်းတို့အား ဝါဆိုဝါကပ်ကို ပညတ် တော်မမူသေးသောကြောင့် ရဟန်းတို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီ လှည့်လည်ကြကုန်၏။
လူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ''အဘယ်ကြောင့် ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန်လျက် အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေ၍ ဒေသစာရီ လှည့်လည်ကုန်ဘိသနည်း၊ မကောင်းသဖြင့် ဟောအပ်သော တရားရှိသော သာသနာတော်မှ တစ်ပါးသော အယူရှိသော တိတ္ထိတို့သော်မှလည်း မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ ကိန်းအောင်းနေထိုင်ကြကုန်သေး၏၊ ငှက်တို့သော်မှလည်း သစ်ပင်ဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံးကြောင့်ကြမဲ့ မြဲစွဲစွာ နေကြကုန်သေး၏။
>>>ဆက်ဖတ်ရန်>>> >>
"ဘာကိုပေးမူ၊ ဘယ်သို့ဟူ၊ သုံးလူ ဘယ်သို့ညွှန်းသနည်း"
-အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်ပါသနည်း၊
-အဘယ်အရာကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်ပါသနည်း၊
- အဘယ် အရာကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်ပါသနည်း၊
- အဘယ်အရာ ကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်ပါသနည်း၊
- အဘယ်သူသည် အလုံးစုံသော အရာကို ပေးလှူသည် မည်ပါသနည်း၊
ဤသို့မေးအပ်သော အကျွန်ုပ် အား ထိုအကြောင်းကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။
>>>ဆက်ဖတ်ရန်>>> >>
"၁၀-နှစ်သက်တမ်း၊ ကြားစေညွှန်း၊ ကျွတ်တမ်းသံဝေရလိမ့်တည်း"
(၁၀-နှစ်သက်တမ်းအချိန်)
ရဟန်းတို့ ဤလူတို့၏ သားသမီးတို့သည် ဆယ်နှစ် အသက်ရှည်အံ့သော အခါမျိုးသည် ဖြစ်လတံ္တ့။
ရဟန်းတို့ လူတို့သည် ဆယ်နှစ်သာ အသက်ရှည်ကုန်လတ်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးတို့သည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတံ္တ့။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ဤမြတ်သော အရသာတို့သည် ကွယ်ပျောက်ကုန်လတံ္တ့။
ဤသည်တို့ကား အဘယ်နည်းဟူမူ -
ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤသည်တို့တည်း။
>>>ဆက်ဖတ်ရန်>>> >>
မဂ်ဖိုလ်ထိုက်တန်၊ မထိုက်တန်၊ ခြောက်တန် အကြောင်းတရား
 ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို ကြားနာရသော်လည်း၊ ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောဟုဆိုအပ်သော နိယာမ (မဂ်) သို့ သက်ဝင်ရန်မထိုက်တန်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ-
- (ဈာန် မဂ် ဖိုလ် နတ်ရွာကို) တားမြစ်တတ်သော (ပဉ္စာနန္တရိယကံ) နှင့် ပြည့်စုံ၏၊
- တားမြစ်တတ်သောနိယတမိစ္ဆာဒိဋ္ဌိ ကိလေသာနှင့် ပြည့်စုံ၏၊
- တားမြစ်တတ်သော ဒွိဟိတ် အဟိတ် ပဋိသန္ဓေဝိပါက်နှင့်ပြည့်စုံ၏၊
- ယုံကြည်မှု 'သဒ္ဓါ'လည်း မရှိ၊
>>>ဆက်ဖတ်ရန်>>> >>
နိဗ္ဗာန်ထိုက်တန်၊ မထိုက်တန်၊ ခြောက်တန်အကြောင်းတရား
ရဟန်းတို့ တရားခြောက်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မထိုက်တန်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ-
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်
- စိတ်ကို နှိမ့်ချသင့်သောအခါ၌ စိတ်ကို မနှိမ့်ချ၊
- စိတ်ကိုချီးမြှောက်သင့်သောအခါ၌ စိတ်ကို မချီးမြှောက်၊
- စိတ်ကို ရွှင်စေသင့်သောအခါ၌ စိတ်ကို မရွှင်စေ၊
- စိတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ကို လျစ်လျူမရှု၊
- နှလုံးသွင်းလည်း ယုတ်ညံ့၏၊
- (ခန္ဓာငါးပါး) သက္ကာယ၌လည်း မွေ့လျော်၏၊
ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့အေးချမ်းသည့်အဖြစ် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် မထိုက်တန်။
>>>ဆက်ဖတ်ရန်>>> >>
"ကိုယ်ကျင့်တရား (သီလ) နှင့် အသိတရား (ပညာ) တို့သာ အမြတ်ဆုံး ဖြစ်ပုံ"
ပုဏ္ဏား၊ ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊
- ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊
- သီလကို ပညာဖြင့် ဆေးကြောရ၏။
- အကြင် ပုဂ္ဂိုလ်၌သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။
- အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။
- သီလရှိ သောသူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊
- သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟုဆိုအပ်၏။
ပုဏ္ဏား၊ လက် (တစ်ဖက်) ဖြင့် လက် (တစ်ဖက်) ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊ ခြေ (တစ်ဖက်) ဖြင့် ခြေ (တစ်ဖက်) ကို ဆေးကြောရာ သကဲ့သို့ လည်းကောင်း...
>>>ဆက်ဖတ်ရန်>>> >>
သူတော်ကောင်းတရား ကွယ်ပျောက်ကြောင်းတရား
 "သိက္ခာပုဒ်နည်းတုန်းက ရဟန္တာ အဖြစ်များသော်လည်း၊ သိက္ခာပုဒ်တွေ များလာသောအခါ ရဟန္တာဖြစ်သူတွေ နည်းပါးလာခြင်းအကြောင်း"
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်၊ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်မဟာ ကဿပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီး သော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
''အသျှင်ဘုရား၊ ရှေးက သိက္ခာပုဒ်တို့သည် အလွန် နည်းလှသည် သာလျှင် ဖြစ်ကုန်၏၊ များကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း၊
အသျှင်ဘုရား၊ ယခုအခါ၌ သိက္ခာပုဒ်တို့သည် အလွန်များသည်သာ လျှင် ဖြစ်ကုန်၏၊ အလွန်နည်းသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။
>>>ဆက်ဖတ်ရန်>>> >>
ချီးမွမ်းလျှင် ဘေး၊ ကဲ့ရဲ့လျှင် ဆေး
"ပြစ်တင်ခံရမှုကြောင့်၊ စိတ်လည်းမပျက် အမျက်လည်းမထွက်ပါနှင့် ဖြေရှင်းပါ။ ဂုဏ်တင်ခံရမှုကြောင့်လည်း၊ စိတ်မတက်ကြွပါနှင့် မှန်ကန်ကြောင်းသာဝန်ခံပါ"
.........................................................
ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်။
ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြ လျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။
ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြ လျှင်.. နှလုံးမသာကြလျှင်.. သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။
မသိနိုင်ကြပါ အသျှင်ဘုရား။
>>>ဆက်ဖတ်ရန်>>> >>