Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, October 15, 2015

သီးတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ပ၀ါရဏာနေ့ မီးထွန်းပွဲတော်နေ့



(28.10.2015) ဗုဒ္ဓဟူးနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်သော သီတင်းကျွတ်လ၏ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ပ၀ါရဏာနေ့ သီတင်းကျွတ် မီးထွန်းပွဲတော်နေ့  ဖြစ်သည်။
ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က
ကြာငါးမည် ငုံအာစွင့်တယ်
ဖူးပွင့်ချိန်ခါ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ 
လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူချေဆိုင်း။
ဂါရဝေ  သဒ္ဒါခြွေ ကန်တော့ပွဲကိုလ
မစဲပေါင် ကုသိုလ်နှိုးကြတယ်
မျိုးမြန်မာတိုင်း။ ။
>>>ဆက်ဖတ်ရန်>>> >>

Saturday, May 30, 2015

မဟာသမယအခါတော်နေ့



တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ 1.6.2014 သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 20, 2015

ဗုဒ္ဓအလိုကျ ဒါနပြုကြမယ်



ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးမှန်ရင် ငယ်ငယ်ကြီးကြီး ပျိုပျို အိုအို လူတိုင်းလူတိုင်း ကုသိုလ်ဒါန မပြုဖူးသူရယ်လို့ မရှိသလောက်ပါ။ ဘာ့ကြောင့်လှူဒါန်းကြသလဲ မေးရင် ကုသိုလ်ရချင်လို့ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို လိုချင်လို့ပါဟု ဖြေလေ့ရှိကြပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

Saturday, May 16, 2015

ပရိတ် (သို့) အရံအတား



မြန်မာဗုဒ္ဓဘာသာအများ ရွတ်ပွားသရဇ္ဈာယ် ပူဇော်လေ့ရှိကြသည့် ပရိတ်ဟူသော စကားသည် ပရိတ္တဟူသော ပါဠိစကားကို မြန်မာမှုပြုထားသည့် ပါဠိပျက် ဝေါဟာရတစ်ခုဖြစ်သည်။ ပရိတ္တဟူသည် အရံအတားဟု အဓိပ္ပါယ်ရ၏။ မိမိထံသို့ ကျရောက်လာမည့် ဘေးအန္တရာယ်များ မကျရောက်လာစေရန် သစ္စာတရားဖြင့် အဓိဋ္ဌာန်ထားကာ ပရိတ်အရံအတားဖြင့် တားဆီးကာကွယ်ခြင်းပင် ဖြစ်၏။
>>>ဆက်ဖတ်ရန်>>> >>

“ဗုဒ္ဓဘာသာသွေး (သို့) ဘာသာခြားသွေး အနှောမခံစေရန်"



ဗုဒ္ဓဘာသာသွေးဟူသည် သန့်ရှင်းစင်ကြယ်ခြင်း သဘောရှိ၍ ညစ်နွမ်းခြင်း သဘောမှ ကင်းခြင်း၊ ရဲရင့်ခြင်း  သဘောဆောင်၍ တွေဝေမိုက်မဲမှုကင်းခြင်း၊ မေတ္တာတရားကြီးမား၍ ရက်စက်ခြင်းမှ ကင်းဝေးခြင်း၊ ပေးကမ်းမှုရက်ရော၍ နှမြောတွန့်တိုခြင်းမရှိခြင်း၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိတတ်၍ ချောပစ်ကုန်းတိုက် မဟုတ်မမှန် လိမ်ညာမှုတရားများကို ထုတ်ပယ်ခြင်း သဘောမျိုးပါ။

>>>ဆက်ဖတ်ရန်>>> >>

Thursday, May 14, 2015

မိစ္ဆာဒိဋ္ဌိဘုရင် နှင့် သရဏဂုံရှင်



ယခုဖော်ပြမည့် ဖြစ်ရပ်ဟာ ဆန်းကြယ်မှု အသွယ်သွယ်နဲ့ ပြွန်းတီးနေတဲ့ဖြစ်ရပ်မို့ စိတ်ကူးယဉ် ဒဏ္ဍာရီတစ်ခုလို့ ထင်မသွားဖို့တော့ စောစောက ကြိုတင်တောင်းပန်ထားပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီတကယ့်ဖြစ်ရပ် အကြောင်းကို မှတ်တမ်းတင်ခဲ့သူဟာ ဘာသာခြား လူမျိုးခြားတစ်ယောက် ဖြစ်နေလို့ပါပဲ။
သူကတော့ အင်္ဂလိပ်လူမျိုး သမိုင်းဆရာ ‘ဂျီအီးဟာဘေ’ ပဲဖြစ်ပါတယ်။ ဘာသာခြားလည်းဖြစ်၊ လူမျိုးခြားလည်း ဖြစ်တဲ့အတွက် ဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ဂုဏ်တင်မရေးမှာကတော့ သေချာလှပါတယ်။ ယခုဖြစ်ရပ်ကို ‘မြန်မာ့သမိုင်း အကျဉ်းချုပ်’ စာအုပ်မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဓမ္မရသ၊ သုတရသ၊ ကရုဏာရသ၊ ဘယာနက ရသ၊ ဝီရရသ စတဲ့ ရသမျိုးစုံကို ခံစားကြည့်ရအောင်ပါ။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, May 13, 2015

မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော် အောင်ပွဲ


မျိုးချစ်မြန်မာဆရာတော် အရှင်သီဟဥာဏ(မူကြို)၏ ဦးဆောင်မှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၀ပ်ဖငင်ကျောင်းဆရာတော်၊ နာရေးကူညီမှုအသင်း(ဘန်ကောက်)၏ နာယကဆရာတော်၊ ရှမ်းပြည်တောင်ပိုင်း ဘော်ဆိုင်းမြို့ ရေဖြူကန်ရွာ မြတ်စေတနာလူမှုကူညီရေးအသင်းမှ မြတ်စေတနာဆရာတော်၊ အင်းလေးကန် မိုင်းသောက်ကျောင်းဆရာတော်၊ လာအိုနိုင်ငံမှ လာအိုဦးဇင်းလေး ဘိုငင် တို့နှင့်အတူ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ မျိုးချစ်မြန်မာ ဒကာ-ဒကာမများ အတူလိုက်ပါလျက် ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၌ 22.4.2015 မှ 24.4.2015 ထိ ၃ ရက်တိုင်တိုင် မျိုးချစ်မြန်မာ မိသားစု ရှင် ၁၀၀ အလှူတော်ကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

မျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ



အမျိုးစောင့်ဥပဒေဆိုသည်မှာ အများပြည်သူ နားလည်လွယ်စေရန် ခေါ်ဆိုထားခြင်းဖြစ်ပါသည်။ ဥပဒေ အနေဖြင့် ရေးဆွဲပြဋ္ဌာန်းရာ၌ ---
(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
(ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ကို ပြဋ္ဌာန်းရန်ဖြစ်ပါသည်။

>>>ဆက်ဖတ်ရန်>>> >>

Sunday, May 10, 2015

နောင်းလွန်နောင်တ သုံးမကျ ဘ၀သင်္ခန်းစာ



မြန်မာစကားပုံတွင် မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးကွင်းထ၊ လူမိုက်နောက်မှ အကြံရဆိုသော စကားများ ရှိပါသည်။ အရာရာတိုင်းတွင် အသိနောက်ကျ ပူပန်နေကြသောသူများကို အသိပေးသော စကားပင်ဖြစ်ပါသည်။ ပုထုဇဉ်တိုင်းမှာ အမှားအယွင်းတစ်စုံတရာ ရှိတတ်ပါသည်။ သို့သော် အမှားတစ်စုံတစ်ရာသည် ပြင်၍ရသောအမှားရှိသလို ပြင်၍မရသော အမှားများလည်း ရှိတတ်ပါသည်။ အကယ်၍ ပြင်၍မရသော အမှားဖြစ်ခဲ့လျှင် နောင်တတစ်ဖန် ပူပန်ရတတ်၏။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 5, 2015

United Nations Day of Vesak 2558/2015


The 12th of International Buddhist Conference on the United Nations Day of Vesak 2558/2015
ကဆုန်လပြည့် ဗုဒ္ဓနေ့က (2.5.2015) စနေနေ့မှာ ကျရောက်ခဲ့လို့ ရွှေမြန်မာပြည်ကြီးမှ ဗုဒ္ဓဘာသာဝင် ရွှေမြန်မာများ ကဆုန်ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေခဲ့ကြတဲ့ ပုံရိပ်တွေကို တွေ့ခဲ့မြင်ခဲ့ရလို့ ဂုဏ်ယူမဆုံး ကြည်နူးမဆုံးဖြစ်ရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, April 8, 2015

ထိုင်းသင်္ကြန်မှာ ရေနှင့်ဖျော်ပြီး မျက်နှာကို သုတ်သည့် ပေါင်ဒါအကြောင်း


ထိုင်းနိုင်ငံမှာ ဆုန်ခရမ်း (ခေါ်) သင်္ကြန်နီးလာတာနဲ့ သင်္ကြန်နဲ့ သက်ဆိုင်တဲ့ ရေပြွတ်တွေ သင်္ကြန်အင်္ကျီတွေ ဈေးကွက်ထဲကို ရောက်လာတဲ့အချိန်မှာပဲ ရေနဲ့ ဖျော်ပြီး မျက်နှာကို လိမ်းလေ့ ရှိသလို သင်္ကြန်မှာ တယောက်နဲ့ တယောက်မျက်နှာတွေကို သုတ်လိမ်းလေ့ရှိတဲ့ ဒင်းဆော်ဖုန် (ခေါ်) ပေါင်ဒါရဲ့ အခန်း ကဏ္ဍကလည်း မဖြစ်မနေ ပါလာလေ့ ရှိပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 25, 2015

သီတဂူဆရာတော် ဓာတ်ပုံပူဇော်နိုင်ရန်

" ၂၀၁၅ သီတဂူဆရာတော်ကြီး "
(ဓါတ်ပုံ ပူဇော်နိုင်ရန် ၅ခု လှူဒါန်းပါ၏)
သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်အရ ၂၀၁၅ခုနှစ် သီတဂူဆရာတော်ဘုရားကြီး၏ ပုံတော်ကို ရပ်နီး/ရပ်ဝေးမှ တပည့်တကာများ ပူဇော်နိုင်ရန်အလို့ငှာ ဓါတ်ပုံဆိုဒ်စုံ (၅)မျိုး လှူဒါန်းအပ်ပါသည်။
‪#‎SIZE‬ - 4'×3', 5"×7", 6"×8", 8"×12", 10"×14"
‪#‎မေတ္တာရပ်ခံခြင်း‬
ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ ဓါတ်ပုံများကို တရားပွဲများ၊ ဘာသာရေးပွဲများ၊ ပရဟိတလုပ်ငန်းများ၊ အိမ်တွင်ပူဇော်ခြင်း စသည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် လွတ်လပ်စွာ share ခြင်း၊ ယူသုံးခြင်းဖြင့် ကုသိုလ်ယူကြပါရန် တိုက်တွန်းပါသည်။
ယခုဓါတ်ပုံများသည် ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်ထားသော ဒီဇိုင်းဖြစ်ပါသောကြောင့် ပြင်ဆင်မှုပြုလုပ်ခြင်း၊ စီးပွားရေးအရ အသုံးချ ဖြန့်ဝေခြင်းများကို မပြုလုပ်ကြပါရန်လည်း လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Friday, March 20, 2015

သင်္ကြန်ထမင်း



ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း)၊ နာရေးကူညီမှုအသင်း (ဘန်ကောက်)၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271) မှ ကျင်းပအပ်သော စတုတ္ထအကြိမ် မဟာသင်္ကြန်တရားပွဲတွင် တရားနာပရိသတ်များကို သင်္ကြန်ထ္မင်းဖြင့် ဧည့်ခံကျွေးမွေးမည်ဆိုတော့ကာ တစ်ချို့က သင်္ကြန်မှာ မုန့်လုံးရေပေါ်လောက်သာ သိထားကြသည့်အတွက် သင်္ကြန်ထမင်းဆိုတာကို မသိသူ မကြားဖူးသူ မစားဖူးသူတွေ ရှိနေကြတယ်။ သင်္ကြန်ထမင်းဆိုတာ ဘာလဲ၊ ဘယ်လိုလုပ်ရသလဲ၊ စားလို့ရော ကောင်းပါ့မလားဆိုပြီး မသိသူတွေက မေးမေးလာကြပါတယ်။ သူ့အကြိုက် ကိုယ့်အကြိုက် မတူနိုင်သည့်အတွက် စားဖူးသူ ကြိုက်သူများက ကောင်းတယ်လို့ ဖြေကြမှာဖြစ်ပြီး မကြိုက်သူများကား မကောင်းဟု ဖြေကြပါလိမ့်မယ်။ မသိသူကျော်သွား သိသူလုပ်စားဖို့ လုပ်ပုံလုပ်နည်းလေးကို သိရှိနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 17, 2015

ပေးသူ ယူသူ စိတ်ထားဖြူ



ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဟာ ဒါနဆိုတဲ့ တရားပြုဖူးကြမှာပါ။ ဒါန ဆိုတာဟာ လုပ်ရပ်အနေနဲ့ကတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ပါးသူအား ပေးကမ်း၊ စွန့်လွှတ်လိုက်ရခြင်းပါပဲ။ အဲစိတ်ဓာတ်အနေနဲ့ကတော့ ပစ္စည်းအပေါ်မှာ တပ်မက်တဲ့ လောဘ၊ တဏှာကို ပယ်သတ်နေတာပါ။ တစ်ဖန် အလှူခံ ပုဂ္ဂိုလ်အပေါ်မှာ ထားတဲ့ စိတ်ကလည်း အဒေါသ မေတ္တာစိတ်ဓာတ်နဲ့ပေါ့။ မေတ္တာရှိလို့သာ လှူဖြစ်တာပါ။ လှူပြီးတဲ့နောက်မှာ လှူလိုက်ခြင်းအပေါ်ဝမ်းမြောက်ဝမ်းသာနဲ့ တွေးတောနေမယ်ဆိုလျှင်လည်း ဒါဟာ ဘာဝနာပညာ ဖြစ်တာပါပဲ။ ဒီတော့ လှူတဲ့သူတွေက စိတ်ထားဖြူစင်ရပါမယ်။ ဘယ်ကဲ့သို့ စိတ်ထားဖြူစင်ရမလဲဆိုတော့။ ပေးလှူခြင်းသည် သံသရာရှည်ရန်မဟုတ်၊ သံသရာဝဋ်က ပြတ်ဖို့စိတ်ထားနဲ့ တဏှာဆိုတဲ့ အညစ်အကြေးဦးမဆောင်ဘဲ ပညာအသိတရား ဦးဆောင်လှူတတ်ရပါမယ်။ ဒါဟာပေးသူဘက်ကဖြူစင်ခြင်းပါ။ ပေးသူကဖြူစင်သလို ယူသူကလည်းပဲ ဖြူစင်ရပါမယ်။
>>>ဆက်ဖတ်ရန်>>> >>

Friday, February 6, 2015

ချမ်းသာရေး

လောကီရေးထဲမှာပါတဲ့ ဗုဒ္ဓစာပေကလာတဲ့ ဒီစီးပွါးရေးလမ်းညွှန်ချက်တွေဟာ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ ဟောကြားထားတာတွေဖြစ်တော့ အခုခေတ်လို ဘဏ်စနစ်တွေ ဘာတွေ ညာတွေ မရှိသေးတဲ့တဲ့အတွက် ဒီခေတ်ရဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေတော့ ဘယ်ပါမလဲ။ အချိန်အခါနဲ့ နေရာဒေသအလိုက် ဘုရားရှင် ဟောကြားခဲ့ရတာပါ။
တကယ်တော့ စီးပွါးရေးသမားတွေအတွက် ဘုရားရှင်ဟောကြားထားတဲ့ စီးပွါးရေးလမ်းညွှန်ချက်တွေနဲ့အညီ စီးပွါးရေးလုပ်နေတယ်ဆိုရင် အဆင်ပြေနေဆဲပါဘဲ။
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 5, 2015

တို့နှစ်ယောက်နောက် ခင်ကြီးပေါက်

တခါတုန်းက ပုဂံနေပြည်တော် အနီးအပါးက ရွာကလေးတစ်ရွာမှာ မောင်ပေါက်လို့အမည်ရတဲ့ အမျိုးသားတစ်ယောက် ရှိခဲ့ဖူးတယ်။ မောင်ပေါက်ဟာ ဖတဆိုးလေးဖြစ်တာမို့ ငယ်စဉ်ကတည်းကပဲ ဘုန်းတော်ကြီးကျောင်းမှာ နေခဲ့ရတယ်။ ဥာဏ်အနည်းငယ်ထုံထိုင်းပေမယ့် ရိုးသားသိမ်မွေ့တဲ့ မောင်ပေါက်ကို ဘုန်းတော်ကြီးက ဦးစားပေးစောင့်ရှောက်တော်မူပါတယ်။

မောင်ပေါက်ဟာ ဘုန်းတြော်ကီးသင်ပေးတဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို ဖတ်ရှုရပြီး ဘုရားအလောင်းတော်ကို အင်မတန်ကြည်ညိုအားကျသလို ကိုယ်တိုင်လဲဘုရားဆုပန်ထားသတဲ့။ ဒါကြောင့်မို့ မောင်ပေါက်ဟာ အသက်(၂၀)ပြည့်တဲ့အခါ ရဟန်းဘ၀ကိုခံယူပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင်ကြီးကို ဆွမ်းခံပြီး ကျွေးမွေးပြုစုပါတယ်။ ပါရမီဆယ်ပါးကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်း သွားမယ်လို့ ဆုံးဖြတ်ထားသတဲ့။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 4, 2015

ဘုရားဖူးမသွားခင် သိစေချင်



ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်၊ လှူသူ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။
ထို့အပြင် စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်ပြီးသူ ဖြစ်ပါက ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ပြောမည်ဆိုပါက လွန် အံ့မထင်
စေတီဆိုတဲ့ ဝေါဟာရ 
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 28, 2015

မိတ်ဆွေဝတ်



သိင်္ဂါလောဝါဒသုတ်လာ မိတ်ဆွေ ၀တ္တရား ငါးပါးကတော့-
(၁) ပေးကမ်းချီးမြှင့်
(၂) ကိုယ်နှင့်ယှဉ်ထား
(၃) စီးပွားဆောင်ရွက်
(၄) နှုတ်မြွက်ချိုသာ
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ တဲ့။
“ပေးကမ်းချီးမြှင့်” ဆိုတာက မိတ်ဆွေကို ပေးကမ်းသင့်တဲ့ ပစ္စည်းဥစ္စာ၊ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ မိတ်ဆွေ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ အမှတ်တရ လက်ဆောင် စတဲ့ဟာတွေ ပေးကမ်းဖို့ပါပဲ။ ပစ္စည်းလက်ဆောင်သာမက စကားလက်ဆောင်၊ အကြံကောင်း ဥာဏ်ကောင်း လက်ဆောင်ပေးတာလည်း အကျုံးဝင်ပါလိမ့်မယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 27, 2015

မြန်မာနိုင်ငံအတွင်းရှိ မြို့များနှင့် မိုင်အကွာအဝေးများ

#နေပြည်တော် _ ရန်ကုန် ၂၄၀/၂၅၀ မိုင်
နေပြည်တော် _ မကွေး ၁၆၀ မိုင်
နေပြည်တော် _ မန္တလေး ၁၈၀ မိုင်
နေပြည်တော် _ ညောင်ဦး ၁၈၃ မိုင်
နေပြည်တော် _ တောင်ကြီး ၁၇၄ မိုင်
နေပြည်တော် _ မုံရွာ ၂၆၀ မိုင်
နေပြည်တော် _ တောင်ငူ ၇၅ မိုင်
နေပြည်တော် _ လွိုင်ကော် ၂၅၀ မိုင်
နေပြည်တော် _ ပြည် ၁၅၀ မိုင်

>>>ဆက်ဖတ်ရန်>>> >>

Thursday, January 22, 2015

အလှူခံမှာ လယ်ပမာ၊ လှူကြသူများ လယ်သမား၊ အများလှူဖွယ် မျိုးစေ့နှယ်၊ နှောင်ဝယ် အသီးစား



သံဃာ့ဂုဏ်တော်ကိုးပါးမှာပါတဲ့ ‘ပုညက္ခေတံ္တ အနုတ္တရံ’ အရ “ရဟန်းသံဃာသည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ လယ်မြေယာမြေနှင့် တူတဲ့အတွက် အလှူခံဟာ လယ်ပမာ လို့ဆိုထားကြပါတယ်။
မြေသြဇာ ထက်သန်ကောင်းမွန်တဲ့ လယ်မြေမှာ စိုက်ပျိုးရင် စိုက်ပျိုးသလောက် အကျိုးဖြစ်ထွန်းနိုင်ပေမယ့် 'နွားခွာလည်းတုံး၊ ကျက်တီးကုန်း၊ သုံးတင်းကြဲမှ တစ်ခွဲရ' ဆိုတဲ့ မြေမျိုးကျတော့ စိုက်ပျိုးသလောက် အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ သီလဆိုတဲ့ မြေသြာဇာမကောင်းတဲ့ ရဟန်းသံဃာက ကျက်တီးကုန်းနဲ့တူသလို အကျင့်သီလ သိက္ခာရှိတဲ့ ရဟန်းသံဃာတွေကတော့ မြေသြာဇာ ထက်သန်ကောင်းမွန်တဲ့ လယ်ယာမြေနဲ့တူပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 20, 2015

တပို့တွဲလ ထမနဲပွဲ



“နှင်းရည်စိုရွှဲ တပို့တွဲ”ဟူသော လရာသီသို့ရောက်ခဲ့ပေပြီ။ တပို့တွဲလ သည် ဆောင်းရာသီ၏ နောက်ဆုံးလ ဖြစ်သည်။ မြူနှင်းမှုန်များကြားမှ ချမ်းအေးခြင်း ဟူသောရသကို ခံစားရသည့် လတစ်လဖြစ်သလို ချမ်းအေးခြင်း ကြားမှ ပျော်ရွှင်ကြည်နူးမှုကို ခံစားရသောလတစ်လလည်း ဖြစ်ပါသည်။

“ရွှေယုဂန်နန်းညိုမြက၊ စန်းစိုခလျှံလူ၊ ချမ်းဆိုမျှ စံမတူသည်၊ သယမ္ဘူသော်မှ၊ မီးမယ်ဖျူးရွှေလက်ကင်သည်၊ ရေစက်တွင်အေးတဲ့သည်လ”ဟု ဦးကြော့ က ရေးဖွဲ့ခဲ့သည်။ တပို့တွဲလ၏ အချမ်းဒဏ်ကား အံ့ဩဖွယ်ပင် ဖြစ်သည်။ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်ပင်လျှင် တပို့တွဲလ ဆီးနှင်းများပြင်းစွာ ကျသဖြင့် ဓာတ်ကြီး လေးပါး မျှတစေခြင်းငှာ မီးအိုးကင်းတွင် လက်တော် ကင်တော်မူသည်ဟု ဆိုကြသည်။
>>>ဆက်ဖတ်ရန်>>> >>