သာသနာ့
အန္တရာယ် ဟူသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင်
ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်၏
ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်”သည်
နောက်ပါရဟန်း(၅၀၀)ဖြင့်“ပါဝါပြည်”မှ“ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာ ဘုရားအား ဖူးမြော်ရန်
ကြွတော်မူလာစဉ်လမ်းခရီးအလယ် ၌ တက္ကတွန်းတစ်ဦးထံမှ “ကုသိနာရုံ၊မလ္လာမင်း
အင်ကြင်းဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင်
ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း” သတင်းစကား ကြားသိရ၍
ရဟန်းတစ်ချို့ ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး“သုဘဒ်”မှ-
“ငါ့ရှင်တို့ငိုယိုပူဆွေးခြင်းမဖြစ်ကုန်နှင့်၊ယခုငါတို့လွတ်လွတ်လပ်လပ်ပြောဆိုနေထိုင်၍ခွင့်ရကြပြီ။ရဟန်းကြီးဂေါတမရှိစဉ်အခါတုန်းကအမျိုးမျိုးချုပ်ချယ်ခဲ့ကြရာယခုအခါဤပညတ်ချက်ချုပ်ချယ်မှုတို့မရှိပြီ
”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက်ရဟန်းကြီးသုဘဒ်၏စကားသည်“အရှင်မဟာကဿပ
မထေရ်မြတ်ကြီး”၏ ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ ခံစားခဲ့ရပြီးနောက် “သာသနာ့
အန္တာရာယ်အစ”ဟု အရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁)
မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု
စိတ်အကြံဖြစ်လျက်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
မျက်မှောက်ခေတ်
မြန်မာနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ၏ အခြေအနေကိုအကဲခတ်ကြည့်လျှင်-ထေရ၀ါဒကို
လုံးဝယုံကြည် လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊နတ်၊ ဗြဟ္မာဏအယူအဆ နှင့်ထေရ၀ါဒကို
ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင်သည်။
အိမ်တိုင်းလိုလိုနတ်စင်ရှိကြသည်။
ကျန်းမာရေးမကောင်းလျှင် ဆေးဆရာနှင့်ကုသသလိုနတ်နှင့်လည်း ကုသည်။ စီးပွားပျက်လျှင် နတ်မေးသည်။ဗေဒင်မေးသည်။စီးပွားတက်လျှင်နတ်မသည်။ဘိုးတော်မသည်။ယတြာကောင်းသည်
ဟု ဆိုကြ၏။
>>>ဆက်ဖတ်ရန်>>> >>