သာသနာ့
အန္တရာယ် ဟူသည် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီး၍ ရက်ပိုင်းအတွင်း၌ ပင်
ပေါ်ပေါက်ခဲ့သည် ဆိုရပေမည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်၏
ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်”သည်
နောက်ပါရဟန်း(၅၀၀)ဖြင့်“ပါဝါပြည်”မှ“ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာ ဘုရားအား ဖူးမြော်ရန်
ကြွတော်မူလာစဉ်လမ်းခရီးအလယ် ၌ တက္ကတွန်းတစ်ဦးထံမှ “ကုသိနာရုံ၊မလ္လာမင်း
အင်ကြင်းဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင်
ပရိနိဗ္ဗာန်စံဝင်တော်မူသည်မှာ(၇)ရက်ကြာပြီဖြစ်ကြောင်း” သတင်းစကား ကြားသိရ၍
ရဟန်းတစ်ချို့ ယူကြုံးမရ ငိုကြွေးကြရာ၊တောထွက်ရဟန်းကြီး“သုဘဒ်”မှ-
“ငါ့ရှင်တို့ငိုယိုပူဆွေးခြင်းမဖြစ်ကုန်နှင့်၊ယခုငါတို့လွတ်လွတ်လပ်လပ်ပြောဆိုနေထိုင်၍ခွင့်ရကြပြီ။ရဟန်းကြီးဂေါတမရှိစဉ်အခါတုန်းကအမျိုးမျိုးချုပ်ချယ်ခဲ့ကြရာယခုအခါဤပညတ်ချက်ချုပ်ချယ်မှုတို့မရှိပြီ
”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက်ရဟန်းကြီးသုဘဒ်၏စကားသည်“အရှင်မဟာကဿပ
မထေရ်မြတ်ကြီး”၏ ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ ခံစားခဲ့ရပြီးနောက် “သာသနာ့
အန္တာရာယ်အစ”ဟု အရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁)
မသူတော်တရားမပြန့်ပွားမီ။ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
မျက်မှောက်ခေတ်
မြန်မာနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ၏ အခြေအနေကိုအကဲခတ်ကြည့်လျှင်-ထေရ၀ါဒကို
လုံးဝယုံကြည် လက်ခံသော ဗုဒ္ဓဘာသာဝင်များက အနည်းစု၊နတ်၊ ဗြဟ္မာဏအယူအဆ နှင့်ထေရ၀ါဒကို
ရောထွေးလျှက် လက်ခံယုံကြည်နေသူက အများစု ဖြစ်ကြောင်းတွေ့မြင်နိုင်သည်။
အိမ်တိုင်းလိုလိုနတ်စင်ရှိကြသည်။
ကျန်းမာရေးမကောင်းလျှင် ဆေးဆရာနှင့်ကုသသလိုနတ်နှင့်လည်း ကုသည်။ စီးပွားပျက်လျှင် နတ်မေးသည်။ဗေဒင်မေးသည်။စီးပွားတက်လျှင်နတ်မသည်။ဘိုးတော်မသည်။ယတြာကောင်းသည်
ဟု ဆိုကြ၏။
နှစ်စဉ်
တခြိမ့်ခြိမ့် စည်စည်ကားကားသိုက်မြိုက်စွာကျင်းပနေသည့်
“တောင်ပြုန်းပွဲ”သည်လည်းကောင်း၊
“ရွှေမျက်မှန် တ၀င်းဝင်းနှင့် အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး”သည်လည်းကောင်း၊ “လည်ဂုတ်တို၊ ကြာရွက်မှောက်၊ သံမှိုချက်ဖောက်ရာဗလပွနှင့်တည်ရှိနေသောမြန်မာပြည်အနှံ့ရှိ"ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း။
“ရွှေမျက်မှန် တ၀င်းဝင်းနှင့် အိုက်တင်ပေးနေသော ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး”သည်လည်းကောင်း၊ “လည်ဂုတ်တို၊ ကြာရွက်မှောက်၊ သံမှိုချက်ဖောက်ရာဗလပွနှင့်တည်ရှိနေသောမြန်မာပြည်အနှံ့ရှိ"ဒဏ္ခိဏသာခါရုပ်ပွားများ”သည်လည်းကောင်း။
“တိရိစ္ဆာန်ရုပ်”ကိုယ်စားပြုသည့်
“ဂြိုလ်နက္ခတ်တိုင်များ”သည် လည်းကောင်း၊ အိမ်ခေါင်းရင်းတိုင်းတွင် “အုန်းသီး” မလွတ်ကင်းခြင်းသည်လည်းကောင်း၊
စသည် စသည် တို့သည် နတ်၊ဘိုးတော်၊ဗေဒင်၊ဗြဟ္မဏ၀ါဒများ တို့နှင့် ရောထွေးယှက်တင်
ဖြစ်နေခြင်း၏ပြယုဂ်များပင်ဖြစ်၏။
(က)ပုဂ္ဂိုလ်အမှား သာသနာ့ အန္တရာယ်များ
ယခင်သာသနာတော်သမိုင်းတစ်လျှောက်သံင်္ဂါယနာအကြိမ်ကြိမ်တင်ရလောက်အောင်
ဖောက်ပြန်ယိုယွင်းခဲ့သော အဓမ္မ၀ါဒနှင့် အဓမ္မ၀ါဒီများသည်ယနေ့အချိန်အခါတွင်ပုဂ္ဂိုလ်အရသော်လည်းကောင်း၊၀ိနည်းအရသော်လည်းကောင်း၊
အကျင့်အရသော်လည်းကောင်း၊ ပိဋကတ်တော်များအပေါ်ဆန့်ကျင်မှုအရသော်လည်းကောင်း၊
ထင်ထင်ရှားရှား ကျူးလွန်မှုများ ပြုလာကြသည်ကို တွေ့နေရသည်။
ထင်ထင်ရှားရှား ကျူးလွန်မှုများ ပြုလာကြသည်ကို တွေ့နေရသည်။
ပထမအကြိမ်
သံင်္ဂါယနာမတင်မီက တောထွက် “သုဘဒ်” ရဟန်းကြီး၏ “ဘုရားရှင် ပရိနိဗ္ဗာန်စံမှ
ငါတို့အချုပ်အနှောင်ကင်းပြီး နေချင်သလိုနေလို့ရမည်”ဟူသောအတွေးအခေါ်မျိုးဖြင့်နေထိုင်ချင်သူများပြားလာသည်။ဒုတိယသံင်္ဂါယနာတင်ရခြင်းအကြောင်းရင်းဖြစ်သည့်“အဓမ္မ၀တ္ထု(၁၀)မျိုး”မှ“ရွှေ၊ငွေကိုင်တွယ်သုံးစွဲခြင်း”သာမကစီးပွားရေးလုပ်ငန်းများ၊လောင်းကစားချဲဒိုင်လုပ်ငန်းများကိုပါဆောင်ရွက်နေကြသောပုဂ္ဂိုလ်များရှိလာ
သည်။
သည်။
“၀ဇ္ဇီတိုင်းသားရဟန်း”တို့က“မွန်းလွဲနေ
လက်တစ်သစ်”ကျော်ပြီးချိန်ထိ အစာစားနိုင်ရန် တင်ပြသည်။ ယခုမူ ညနေစာကိုပါ
ပြောင်ပြောင်တင်းတင်း လူရှေ့၊သူရှေ့ စားသောက်ဆိုင်ထဲ ၀င်စားရဲလာကြသည်။အာပတ်
အရအားဖြင့် “ပါရာဇိကနှင့်သံဃဒိသိက်အောက်အားလုံးကိစ္စမရှိ”ဟုထင်နေကြသည်။ဆင်ခြေပေးကြသည်။တစ်ကြိမ်လွန်ကျူးဖူးလျှင်
နောက်ထပ် အကြိမ်များစွာ ထပ်မံကျူးလွန်ရန် မကြောက်တော့ပေ။
လုပ်ရိုးလုပ်စဉ်ဖြစ်လာသည်။အပြစ်အာပတ်ကိုအမှုမထား၊မကြောက်တော့။ထိုဒုဿီလစရိုက်များကိုအတုလိုက်၍
သံဃာငယ်များပါ ပျက်စီးလာသည်။
“၀ဇ္ဇီတိုင်းသားရဟန်းများ”
က “သေနု”သာ သောက်ခွင့်တောင်းလာသည်။ယခုအခါတွင်မူကား အရက်ပြင်းကို ပုလင်းခါးထိုး၍ လက်ဖက်သုတ်ဆိုင်တွင်ထိုင်ရင်း
ရေနွေးကြမ်း ပန်းကန်နှင့် ဘုရားပွဲ လူအုပ်အလည်မှာ ခပ်တည်တည် သုံးဆောင်ဝံ့သောပုဂ္ဂိုလ်များကိုလည်း
တွေ့လာရသည်။
ထိုဖြစ်ရပ်များက
“သာသနာ့ဝန်ထမ်း သံဃာတော် အစစ်အမှန်များ”ကိုပါ အထင်အမြင်လွဲစေပြီး “ဒီပုတ် ထဲ က
ဒီပဲတွေပါပဲ”ဟူသောအမြင်မျိုးဝင်လာသောအခါကုသိုလ်တရားတိုးပွားခွင့်များပိတ်ဆို့ပြီးအကုသိုလ်တရားပွားများကာ
သာသနာတော် ဆုတ်ယုတ်မှုအခြေအနေများ ၀မ်းနည်းဖွယ် ဖြစ်လာသည်။
တတိယသံင်္ဂါယနာသည်
ရဟန်းတုများကို စစ်ဆေးဖော်ထုတ်ခဲ့ ရသကဲ့သို့ ယခုခေတ်တွင်လည်း နံနက်မိုးလင်းသည်နှင့်
ဝိနည်းတော်နှင့် လားလားမျှ မအပ်စပ်သော ငွေကြေး အလှူခံမှုများကို နေရာအနှံ့
တွေ့ရှိနေရသည်။ တစ်ဦးချင်း၊ နှစ်ဦးချင်းရပ်ကွက်၊ ကျေးရွာများထဲသို့ တစ်အိမ်တက်တစ်အိမ်ဆင်း
အကြောင်းအမျိုးမျိုးပြကာငွေကြေးလိုက်လံတောင်းခံနေသော သံဃာတုများလည်း ပေါလာသည်။
လမ်းလယ်ခေါင်အတင်းပိတ်ဆို့ကာ“စာအုပ်ဝယ်ဖို့၊ဖိနပ်ပြတ်လို့၊ထီးဝယန်းဝယ်ဖို့၊လမ်းစရိတ်မရှိလို့”ဟုအကြောင်းပြကာ
ငွေကြေးများ တောင်းခံနေသော သာသနာ့အဖျက်သမား အရေခြုံ သင်္ကန်းဝတ်အတု များသည်လည်း
နှိမ်နင်းမည့်သူမရှိတိုင်း ထ ကြွသောင်းကျန်းကာ သာသနာ့ဂုဏ်သရေကိုမွဲပြာကျအောင်
ယုတ်မာစွာ လုပ်ဆောင်နေကြပေသည်။
ဤနေရာတွင်
သတိပေးလိုသော အကြောင်းအရာတစ်ရပ်မှာ ထိုသို့ ၀ိနည်းစည်းကမ်းနှင့်မညီညွှတ်မှုမရှိပဲ
သာသနာတော်တွင် သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို “လက်ခံအားပေးမည့်သူများ မရှိလျှင်”
ထို အချောင်သမားရဟန်းတုများသည်လည်း အလိုအလျှောက်ပျောက်ကွယ်သွားပေလိမ့်ကမည်။
(ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဘာသာရေးဗဟုသုတ အားနည်းပြီး “ကိုယ်လှူ ရင် ကိုယ်ကုသိုလ်ရတာပဲ”ဟု သာသနာတော်ရှေ့ရေး မတွေးတောပဲအဆိပ်ပင်ရေလောင်းသကဲ့သို့အလှူခံမစိစစ်ပဲဆောင်ရွက်နေသမျှကာလပတ်လုံးသာသနာဖျက်လုပ်ရပ်များကိုအားပေးရာရောက်နေပြီးသာသနာ့အန္တရာယ်ကျရောက်မှုများကိုလည်းဆက်လက်ကြုံတွေ့ရဦးမည်သာ။)
တစ်ချို့
ပုဂ္ဂိုလ်များက ဗုဒ္ဓမြတ်စွာဘုရားရှင် တားမြစ်တော်မူခဲ့သည့် မိစ္ဆာဇီဝ အကုသိုလ်အမှု
ဖြစ်သော “ဗေဒင်လက္ခဏာဟောပြောခြင်း၊ ယတြာပြုလုပ်ပေးခြင်း”တို့ကို
ကျောင်းဝင်းထဲ၌အခြေကျကျ ဟန်ပါပါ ဆောင်ရွက်ပေးနေကြသည်။ချဲ၊နှစ်လုံးထိုးရန်အတိတ်ပေးတရားလိုလိုဟောကြား၍ငွေကြေးအလှူခံနေကြသည်။
သာယသနာ့ပြင်ပမှ ထွက်ရပ်ပေါက်သရုပ်ဆောင်စိတ္တဇရုပ်ကောင်များကိုကျောင်းပေါ်တင်၊ဘုရားပေါ်တင်ကိုးကွယ်ကာ
မသိနားမလည်သော လူအပေါင်းတို့ကို ကိုးကွယ်ရာအမှားပေးပြီးအကြီးမားဆုံးအကုသိုလ်အမှုပြုနေကြသည်မှာ
ကိုးကွယ်ရာ ပုဂ္ဂိုလ်အမှား သာသနာအန္တရာယ်များပင် ဖြစ်လေသည်။
(ခ)ယုံကြည်မှု အမှားသာသနာ့ အန္တရာယ်များ
“ဘုရား၊တရား၊သံဃာ
ရတနာမြတ်သုံးပါးမှတစ်ပါးတစ်ခြားကိုးကွယ်ဆည်းကပ်ရာ မရှိပါဘုရား”ဟုသရဏဂုံသီလ
နေ့စဉ်ခံယူနေသော်လည်း(၃၇)မင်း ရိုးရာနတ်များသာမကနောက်ဆုံးပေါ်သွင်းကုန်များဖြစ်သော “အန်းကုန်းဘိုးတော်၊ကွမ်ရင်မယ်တော်၊
မဟိန္ဒရာဘိုးတော်၊ သူရဿတီ၊နှင့်ဘိုးတော်၊မယ်တော်၊ထွက်ရပ်ပေါက်အဘမျိုးစုံ၊၀ိဇ္ဇာဘုန်းကြီးများ၊ထေရ၀ါဒပိဋကတ်တော်၌လုံးဝမပါသော"ရှင်ဥပဂုတ်”အပါအ၀င်ကိုယ်ထင်ရာကိုးကွယ်နေကြသော
ရုပ်ထုပေါင်းစုံတို့သည် အိမ်ဦးခန်းတွင်နေရာယူကာ
ဗုဒ္ဓဘာသာဟုအမည်ခေါ်ရုံမျှသာဖြစ်ပြီး သရဏဂုံသီလ ညှိုးနွမ်းဆုတ်ယုတ်နေကြသည်မှာ ၀မ်းနည်းဖွယ်
ရာပင် ဖြစ်သည်။
လူတို့စိတ်ကူးပေါက်၍ထင်ရာလုပ်နေကြခြင်းသည်ထေရ၀ါဒဗုဒ္ဓသာသနာအတွက်ဘေးဆိုးရန်စွယ်ဓမ္မန္တရာယ်ကြီးသဖွယ်ဖြစ်နေကြောင်းကိုဆောင်ရွက်သူများကလည်းမကြောက်တတ်ကြ။နားလည်သူများကလည်းပြဿနာ
အဖြစ်မခံလိုကြ၍မပြောလိုကြ။ သို့နှင့်ပင် နောက်ဆုံးတွင် အလုံးအတူတကွ စုံးစုံးမြုပ်ရမည့်လမ်းမှားဟုလည်း နားမလည်ကြ။ ထိတ်လန့်ဖွယ်ကောင်းလှသော သံဝေဂရစရာဖြစ်ရပ်ကြီးပင် ဖြစ်ပေသည်။
အဖြစ်မခံလိုကြ၍မပြောလိုကြ။ သို့နှင့်ပင် နောက်ဆုံးတွင် အလုံးအတူတကွ စုံးစုံးမြုပ်ရမည့်လမ်းမှားဟုလည်း နားမလည်ကြ။ ထိတ်လန့်ဖွယ်ကောင်းလှသော သံဝေဂရစရာဖြစ်ရပ်ကြီးပင် ဖြစ်ပေသည်။
"လွတ်လပ်စွာကိုးကွယ်နိုင်ခြင်းအခွင့်အရေးကို
အသုံးပြုခြင်း"ဟု အကြောင်းပြကြသေးသည်။ လူသားတိုင်းအတွက် လွတ်လပ်စွာကိုးကွယ်ခွင့်သည်
မွေးရာပါအခွင့်အရေးဖြစ်၍ ကန့်ကွက်တားဆီးရန်အ ကြောင်းမရှိပါ။ သို့ရာတွင်ထေရ၀ါဒ ဗုဒ္ဓဘာသာအမည်ခံပြီးမှထေရ၀ါဒသာသနာတော်နှင့်ဆန့်ကျင်ဘက်ဖြစ်သောအပြုအမူနှင့်အတွေးအခေါ်လုပ်ဆောင်မှုတို့သည်မူရင်းထေရ၀ါဒဗုဒ္ဓသာသနာတော်ကိုဆန့်ကျင်ထိပါးအယူမှားစေသည့်အတွက်
ထေရ၀ါဒအဆုံးအမဘက်မှ ရပ်တည်၍အဓမ္မ၀ါဒီများကို ရှင်းလင်းသန့်စင်စေရန် အခွင့်ရေးသည်
သာသနာတော်ကို မြတ်နိုးကာကွယ်လိုသူတိုင်း၏ လက်ဝယ်တွင်ရှိပေသည်။
ဗုဒ္ဓ၀ါဒအပေါ်တွင်ဗြဟ္မဏ၀ါဒ၏လွှမ်းမိုးမှုကိုအနီးကပ်ဆုံးဥပမာဖြစ်ရပ်ဖြင့်ပြရလျှင်ပုဏ္ဏားတို့၏အမွေဖြစ်သောဗေဒင်၊လက္ခဏာ၊နက္ခတ်ကျမ်းများကိုအခြေခံ၍
ကျောင်းကန်ဘုရားများတွင် တိရိစ္ဆာန်ရုပ်၊ဂြိုလ်တိုင်များနှင့်
ရုပ်တုမျိုးစုံရောက်ရှိနေပုံသာမက ဗြဟ္မဏအလိုကျ နေ့သင့်၊နံသင့် နာမည်မှည့်ပုံမှာ
လူပုဂ္ဂိုလ်များသာမက ရဟန်းတော်များ၏ဘွဲ့အမည်များကိုပင်
ဗေဒင်ကိန်းဖြင့်ထိန်းချုပ်ကာ အယူမှားနေကြပုံကို ရင်နာနာနှင့် မျက်စေ့အောက်ကြည့်နေရသည်မှာ ကြာပါပြီ။
ဗေဒင်ကိန်းဖြင့်ထိန်းချုပ်ကာ အယူမှားနေကြပုံကို ရင်နာနာနှင့် မျက်စေ့အောက်ကြည့်နေရသည်မှာ ကြာပါပြီ။
ထိုကိုးကွယ်ရာအမှားများဆိုသည်မှာ(၃၇)မင်းအပါအ၀င်ရိုးရာအိမ်တွင်း၊အိမ်ပြင်နတ်များနှင့်ထွက်ရပ်ပေါက်ဝိဇ္ဇာအမည်ခံလူလည်များ၏အယောင်ဆောင်ရုပ်တုများသာမက၊အခြားနိုင်ငံမှပါဝင်လာသောလဘ်လာဘတိုးစရာ
ကိုးကွယ်ရာအသစ်အဆန်းများ လည်းပါဝင်သည်။
ထို့ပြင်
လောဘ ကိုအကြောင်းပြု၍ ကိုးကွယ်နေသော ရွှေ။ငွေ၊ရတနာ ကိုယ်လုံးညွှတ်မျှ
ဆင်ယင်ထားသောရုပ်တုများ၊ ဘုရင်လိုလို၊နတ်လိုလို၊ဆင်ယင်ထားသောရုပ်တုများ၊မြင်းခံ၊ဆင်ခံ၊ကျားခံ၊နဂါးခံ၊ဂဠုန်ခံ၊စသည့်ယတြာရုပ်တုများ၊မဟာပုရိဿလက္ခဏာတော်(၃၂)ပါးကိုဆန့်ကျင်၍ခါးကုန်း၊ဂုတ်တို၊
ကြာဖက်ဆောင်းကာ သံမှိုကိုးချက် ကိုယ်မှာနှက်၍စီးပွားတက်ရန် နှင့် မီးဘေးကင်းရန်
အသုံးချခံနေရရှာသော ဒက္ခိဏသာခါ အစရှိသော ဘာသာရေးအဖျက်သမား၊မသမာသူများဖန်တီးထားသည့်
ယံကြည်မှုအမှား ၊အမွေဆိုးများကို ဆိုလိုသည်။
ထိုကဲ့သို့မှုန်ဝါးဝါး၊ယောင်တောင်တောင်၊ရောသမမွှေအောင်ကိုးကွယ်နေကြသောသူများကိုလေ့လာကြည့်သောအခါ
စိတ်ချမ်းသာစရာ နတ္ထိမရှိ၊လိုချင်စိတ်ကြီးလွန်း၍ပူလောင်၊လုံလောက်အောင်မရလို့
ဆင်းရဲ၊ပိုကဲပြီးမရလို့ ဒေါသထွက်၊အသက်(၁၀၀)နေရသော်လည်း ကုသိုလ်နှင့်အကုသိုလ်မကွဲပဲ
ဆင်းရဲဒုက္ခများကို ခံစားရင်းနှင့်ပင် မလှမပ၊ ဘ၀ဇာတ်သိမ်းရရှာလေသည်။ ဗုဒ္ဓဘာသာ သာသနာ
တော်နှင့် ကြုံပါလျက်နှင့် လမ်းပေါ်မှာ လမ်းပျောက်ရခြင်းပင်။
(ဂ)အယူဝါဒအမှား သာသနာအ န္တရာယ်များ
"သံင်္ဂါယနာသမိုင်း"ကိုပြန်ကြည့်လိုက်လျှင်"အဇာတသတ်မင်း"လက်ထက်မှ"အာသောကမင်း"လက်ထက်ထိသံင်္ဂါယနာ(၃)ကြိမ်
သည် ရဟန်းပုဂ္ဂိုလ်တို့၏ ၀ိနည်းဖောက်ပြန်မှုကြောင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပြီး
နောက်ပိုင်း သံင်္ဂါယနာ(၃)ကြိမ်မှာ "ပိဋကတ်တော်များ သန့်စင်တည်တံ့အောင်ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခဲ့ရခြင်း"ဖြစ်သည်။
သာသနာတော်သမိုင်းနှစ်ကာလရှည်လျားကြာမြင့်လာသည်နှင့်အမျှစစ်ဘေးဒဏ်၊သဘာဝဘေးဒဏ်အသီးသီးတို့ကြောင့်တစ်စုတစ်စည်းတည်း
မနေနိုင်ကြပဲ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းကဲ့သို့
မူရင်းပါဠိတော်ကိုကူးယူရာတွင် လည်းကောင်း၊အဋ္ဌကထာဆရာသဘောအလိုကိုအဓိပ္ပါယ်ဖွင့်ရာတွင်လည်းကောင်း၊အယူအဆ၊
ဝေါဟာရကွဲလွဲလာကာ ဆရာစဉ်ဆက် ဂိုဏ်းဂဏအသွင်ဆောင်အယူဝါဒရေးရာကွဲပြားမှုများရှိလာခဲ့သည်။
မြန်မာနိုင်ငံတွင်လည်းအတင်ဂိုဏ်း၊အရုံဂိုဏ်း၊ကံဂိုဏ်း၊ဒွာရဂိုဏ်းစသည့်အယူအဆမတူသည့်သံဃာ့ဂိုဏ်းကြီး(၉)ဂိုဏ်းထိ
ကွဲပြားခဲ့သည်။ သို့သော် ၁၃၄၂ခု ၊နယုန်လတွင် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူတော်ကြီးတွင်
အစိုးရ၏လျှောက်ထားချက်ဖြင့် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးကိုကျင်းပနိုင်ခဲ့ကာ
သံဃနာယက အဖွဲ့အဆင့်ဆင့်ဖွဲ့၍ ၀ိနယနှင့် ဓမ္မဆိုင်ရာ သာသနာ့တာဝန်များဆုံးဖြတ်ညွှန်ကြားဆောင်ရွက်တော်မူကြသည်။
ထေရ၀ါဒပိဋကတ်တော်များနှင့်မညီမညွှတ်၊ပုတ်ခတ်ဆန့်ကျင်ကိုယ်ထင်ရှားရေးကိုဟောကြား၊ရေးသား၊
သင်တန်းများဖွင့်လှစ်ကာ အမှားအကျင့် ကျင့်ကြံမှုကို ၀ိနည်းဓမ္မကံ ဓမ္မ၊ အဓမ္မ
အမှုများကို ဆုံးဖြတ်တော်မူခဲ့သည်။
သာသနာ့အန္တရာယ်
ကာကွယ်သောအားဖြင့် ထေရ၀ါဒ ပိဋကတ်တော်နှင့် မညီညွှတ်သောဝါဒများအဖြစ်-
(၁၃၄၂
ခုနှစ်) "ကျောက်သဘောင်္ဝါဒ" မှသည်
(၁၅-၁၁-၂၀၁၁)"ရှင်ဉာဏ(မိုးပြာဝါဒ)" ထိ
"နိုင်ငံတော်သဃမဟာနာယကအဖွဲ့ကြီး"မှ "သာသနာတော်တည်တံ့ပြန်ပွားရေး"အတွက် ဓမ္မ၏ရန်စွယ် အဓမ္မများကို ဖယ်ရှားခဲ့ပါသည်။ ရှင်းလင်းခဲ့ပါသည်။ ဗုဒ္ဓသာသနာတော် တည်တံ့ပြန်ပွားရေးဆောင်ရွက်၍ သာသနာပြုခဲ့ကြသည်။
"နိုင်ငံတော်သဃမဟာနာယကအဖွဲ့ကြီး"မှ "သာသနာတော်တည်တံ့ပြန်ပွားရေး"အတွက် ဓမ္မ၏ရန်စွယ် အဓမ္မများကို ဖယ်ရှားခဲ့ပါသည်။ ရှင်းလင်းခဲ့ပါသည်။ ဗုဒ္ဓသာသနာတော် တည်တံ့ပြန်ပွားရေးဆောင်ရွက်၍ သာသနာပြုခဲ့ကြသည်။
("အဓမ္မ၀ါဒများ"ကို
အကျဉ်းမျှ ရေးသားဖော်ပြလိုက်ပါသည်၊ အပြည့်အစုံနှင့် အကျယ် သိလိုလျှင်
၊သာသနာရေးဝန်ကြီးဋ္ဌာနမှ ၀ိနိစ္ဆယ ကျမ်းစာအုပ်များအဖြစ်
ထုတ်ဝေထားပြီးဖြစ်ပါသည်၊ရှာဖွေ ဖတ်ရှုကြည့်စေလိုပါသည်။)
"ပြည်ထောင်စုမြန်မာနိုင်ငံတော်""နိုင်ငံတော်သံဃမဟာနာယကအဖွဲ့"နှင့်"နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့"တို့က"အဓမ္မ၀ါဒီ"
အဖြစ် ဆုံးဖြတ်ထားသော "အဓမ္မ၀ါဒများ" မှာ
(၁) ကျောက်သဘောင်္အဓမ္မ၀ါဒ-ကျောက်ဆည်မြို့နယ်၊ရွှေသာလျောင်းတောင်ကလပ်ကျောင်း၊"ဦးကေသ၀"၏၀ါဒဖြစ်သည်။
(၂) လူသေလူဖြစ် အဓမ္မ၀ါဒ-
တောင်တွင်းကြီးနတ်မှီတောရကျောင်း၊"ဦးဥက္ကဋ္ဌ"နှင့်နောက်လိုက်"ရွှေအဘိဓမ္မာအဖွဲ့"၊"သမ္မာဒိဋ္ဌိသုတေသနအဖွဲ့"တို့၏ ကံပယ်၊ဘုံပယ်ဝါဒ ဖြစ်သည်။
(၃) ကြောင်ပန်းတောရ အဓမ္မ၀ါဒ-
ဘုတလင်မြို့နယ်၊"ကြောင်ပန်းတောရတိုက်"မှ စတင်ခဲ့သော ၀ါဒဖြစ်သည်။
(၄) ကျောက်ပုံတောရ အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပ၊ကျောက်ပုံတောရကျောင်း၊(လူအမည်)"ဦးစံရင်"၏ မဂ်တု၊ဖိုလ်တု ရဟန္တာတု ၀ါဒဖြစ်သည်။
(၅) ဦးမာလာဝရ အဓမ္မ၀ါဒ-
ရေတာရှည်မြို့နယ်၊ကညင်အိုင်ကျေးရွာကျောင်း၊"ဦးမာလာဝရ"၏ ကံပယ်၊ဘုံပယ် ၀ါဒဖြစ်သည်။
(၆) ဓမ္မနီတိ အဓမ္မ၀ါဒ-
သာကေတမြို့နယ်၊ဓမ္မနီတိကျောင်း၊"ဦးပညာဝံသ"၏၀ါဒဖြစ်သည်။
(၇) မိုးညို အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပမြို့နယ်၊ကျောက်ရေတွင်း(၈)ရပ်ကွက်၊မိုးညိုဝိပဿနာပြန့်ပွားရေးအဖွဲ့ခေါင်းဆောင်၊
"ဦးသူရိယ(ဦးထွန်းရှိန်)"၏ မဂ်တု၊ဖိုလ်တုဝါဒ ဖြစ်သည်။
(၈) ထွန်တုံးလက်ကျန် ဦးထင် အဓမ္မ၀ါဒ-
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ကျောင်းဖြူကျောင်းကျေးရွာ၊"ဦးထင်" ၏ ၀ါဒဖြစ်သည်။
(၉) တွံတေး ဦးပုညာစာရ အဓမ္မ၀ါဒ-
တွံတေးမြို့နယ်၊ရှမ်းစုကြီးကျေးရွာ၊ရတနာမာန်အောင် ရွာဦးကျောင်း၊"ဦးပုညာစာရ"၏
သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။
(၁၀) ရွှေဝါမြိုင်ကျောင်း အဓမ္မ၀ါဒ-
မော်လမြိုင်မြို့၊"ရွှေဝါမြိုင်ကျောင်း ဘုန်းကြီး"၏ သိမ်သမုတ်ခြင်းနှင့်ပတ်သက်သော ၀ါဒ ဖြစ်သည်။
(၁၁) စမ်းကလေး အဓမ္မ၀ါဒ-
ပဲခူးတိုင်း၊ညောင်လေးပင်မြိ့နယ်၊စမ်းကလေးအရှေ့ကျောင်း၊"ဦးနန္ဒောဘာသ"၏မဂ်တု၊ဖိုလ်တု ရောင်ခြည်တော်တုဝါဒ ဖြစ်သည်။
(၁၂) ဘိက္ခုနီ ဘာဝါဘာဝ အဓမ္မ၀ါဒ-
မှော်ဘီမြို့၊"မသွဲ့သွဲ့ထွေး(ခေါ်) မသစ္စ၀ါဒီ"၏ဘိက္ခုနီ(ရဟန်းမ)၀တ်ရန်ဘုရားရှင်ဝိနည်းတော်အားဆန့်ကျင်သောဝါဒ ဖြစ်သည်။
(၁၃) ဦးသဒ္ဓမ္မကိတ္တိသာရ အောင်ဆန်းတောရ အဓမ္မ၀ါဒ-
အင်းစိန်မြို့နယ်၊"အောင်ဆန်းတောရတပ်ဦးကျောင်းဆရာတော်"၏ ပဋိစ္စသမုပ္ပါဒ်ဖြတ်လမ်းဝါဒဖြစ်သည်။
(၁၄) ဦးခေမိန္ဒ မိုးညှင်းမြို့ အဓမ္မ၀ါဒ-
ကချင်ပြည်နယ်၊မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း၊"ဦးခေမိန္ဒ"၏တောင်ဟော၊မြောက်ဟောဝါဒဖြစ်
သည်။
(၁၅) ဦးဝိစိတ္တသာရာဘိဝံသ(မိုးပြာဂိုဏ်း) အဓမ္မ၀ါဒ-
မြစ်ကြီးနားမြို့၊(ယခင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း)၊"ဦးဝိစိတ္တသာရာဘိဝံသ"၏၀ါဒဖြစ်သည်။
၎င်း ပုဂ္ဂိုလ်သည် မိုးညှင်းမြို့၊မဟာသတိပဋ္ဌာန်ကျောင်း၊"ဦးခေမိန္ဒ" ၏ တပည့်ရင်းဖြစ်သလို "မိုးပြာဂိုဏ်း"၏
"တတိယ ခေါင်းဆောင်"လည်းဖြစ်သည်။
(၁၆) ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ-
မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်၊သစ္စာပန်းလမ်း၊ခြံအမှတ်(၂၀)ရှိ "ဦးဉာဏ"၏ ကြောင်တောင်တောင်ဝါဒပင် ဖြစ်သည်။
(၁၇) ဉာဏ စာဂီ အဓမ္မ၀ါဒ-
ဦးဉာဏ မိုးပြာဂိုဏ်း အဓမ္မ၀ါဒ၊ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ် ၌ နေထိုင်စဉ်က ဟောပြောခဲ့ ၊ရေးသားခဲ့သော ၀ါဒဖြစ်သည်။
(၁၈) ဦးမြတ်သိန်းထွန်း အဓမ္မ၀ါဒ-
လက်ပန်တန်းမြို့၊"ဦးမြတ်သိန်းထွန်း"၏ ကာမ၀ါဒ ဖြစ်သည်။
(၁၉) ဆူးလေ ဦးမြင့်သိန်း အဓမ္မ၀ါဒ-
ဂိုဏ်း၏အမည်ရင်းမှာ "ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒ၊သမ္မပထ အကြောင်းသတ် ၀ိပဿနာဂိုဏ်း" ဖြစ်၍
"ထေရ၀ါဒဒဿန သမ္ပဒါနည်း" ဟူ၍လည်းခေါ်သည်။
စသည်တို့ကိုဓမ္မ၊အဓမ္မကွဲပြားစေရန်စိစစ်ဆုံးဖြတ်၍တားမြစ်သင့်သည်ကိုတားမြစ်၊ပြုပြင်သင့်သည်ကိုပြုပြင်၍ဓမ္မစက်၊အာဏာစက်
အကူအညီဖြင့် တည်တံ့အောင် ဆုံးဖြတ် ဆောင်ရွက်တော်မူခဲ့သည်။
ထိုသို့အရေးယူမှုပြုလုပ်နေသည့်ကြားမှပင်အဓမ္မ၀ါဒတရားများကိုဖြန့်ဖြူးဟောကြားကာကျယ်ပြန့်အောင်ဆောင်ရွက်လာကြသည်။
ထိုသူများသည်-ထိုသို့အရေးယူမှုပြုလုပ်နေသည့်ကြားမှပင်အဓမ္မ၀ါဒတရားများကိုဖြန့်ဖြူးဟောကြားကာကျယ်ပြန့်အောင်ဆောင်ရွက်လာကြသည်။
လက်ရှိ ပိဋကတ်(၃)ပုံကို ဘုရားဟောမဟုတ်၊(၃၁)ဘုံမယုံကြည်၊ ဘ၀သံသရာ ဆိုသည်မှာလည်း စိတ်ကူးယဉ်ဝါဒအဖြစ်
သတ်မှတ်၊ အဘိဓမ္မာတရားသည် လည်းဘုရားဟော မဟုတ်၊ စသည်ဖြင့် ဟောပြောလာသည်။
အဆိုးဆုံးအချက်မှာထေရ၀ါဒဟုခေါင်းစဉ်ကြီးကြီးတပ်ကာထေရ၀ါဒပိဋကတ်တော်များကိုဆန့်ကျင်ပုတ်ခတ်ရယ်စရာလုပ်ဟောပြောနေကြသူများ၊ကိုယ်စိတ်ကူးတည့်ရာကြံစည်ရသမျှအတွေးအခေါ်တွေကိုဘုရားဟောတရား
ယောင်ယောင်သရုပ်ဆောင် ဟောပြောနေသူများ၊ ရှိသမျှ ရိပ်သာ များကို ပုတ်ခတ်စော်ကားကာ
အာနာပါန နှင့် သတိပဋ္ဌာန် တရားအလုပ်သည်ပင်
ဖင်ညောင်း၊ခါးနာ၊ခြေလက်မပါသူတရားထိုင်လို့မရတဲ့အကျင့်မှား ဟု စော်စော်ကားကား
အဓမ္မတရားများကို ဟောရဲသူများလည်း ထင်ရှားလာသည်။
ဘာသာရေးလိုက်စားလိုသူ
လူကြီး၊လူငယ်အများစုမှာ ပိဋကတ်တော် ကျမ်းဂန်များ လေ့လာရန် အချိန်မရ၊ လက်လှမ်းမမှီမှုတို့ကို
အခွင့်ကောင်းယူကာ ဆန့်ကျင်ဘက်အဓမ္မ အတွေးအခေါ်များဖြင့်စည်းရုံးသိမ်း သွင်းနေကြသည်။
ထို
အလဇ္ဇီပုဂ္ဂိုလ်များနှင့် သူတို့၏ အဓမ္မအယူဝါဒများကို ဆက်လက်၍လွတ်လပ်ခွင့်ပေးထားပါကကြာမြင့်သောအချိန်ကာလတွင်
ထရ၀ါဒသာသနာတော်ကြီးအတွက် အပ်နှင့်ထွင်းရမည်ကို ပေါက်ဆိန်နှင့်ခုတ်ဖြတ်ရမည့်ပြဿနာကြီးတစ်ရပ်ရပ်သည်
ဧကန်မုချ ပေါ်ပေါက်လာပေတော့မည်။
ဖော်ပြခဲ့သော
သာသနာ့အန္တရာယ်များမှ ကာကွယ်နိုင်ရေးသည် မျက်မှောက်ကာလတွင်အလွန်အရေးကြီးလှပါ၏။
ဤအရေးကို သွေးအေးအေးဖြင့် မနေကြပဲ ထေရ၀ါဒမြတ်ဗုဒ္ဓသာသနာတော်အပေါ် သဘောထားမှန်မှန်ဖြင့် မြတ်နိုးစောင့်ရှောက်လိုသူများအထူးကြပ်မတ်သတိချပ်၍မပြတ်စောင့်ကြည့်ကာသာသနာ့သမိုင်းမရိုင်းစေရန်အတွက်ဘာသာသွေးနွေးကြပါ ဟု တိုက်တွန်းလိုပါသည်။
ဤအရေးကို သွေးအေးအေးဖြင့် မနေကြပဲ ထေရ၀ါဒမြတ်ဗုဒ္ဓသာသနာတော်အပေါ် သဘောထားမှန်မှန်ဖြင့် မြတ်နိုးစောင့်ရှောက်လိုသူများအထူးကြပ်မတ်သတိချပ်၍မပြတ်စောင့်ကြည့်ကာသာသနာ့သမိုင်းမရိုင်းစေရန်အတွက်ဘာသာသွေးနွေးကြပါ ဟု တိုက်တွန်းလိုပါသည်။
မှီခိုရာကျမ်းကိုး-
"ဦးညွှန့်မောင်(ဓမ္မာစရိယ၊ဘီအေ၊အာရ်အယ်လ်)"၏
"အဓမ္မ၀ါဒ၀ိနိစ္ဆယကျမ်း(အကျဉ်းချုပ်)"
"ဦးဆန်းလင်း(ဆည်မြောင်း)"၏ "သာသနာနှင့်ထေရ်သံဃာ"
"ဦမောင်မောင်(ဓမ္မစက္က)"၏"ဘာသာသွေးနွေးဖို့လိုပြီ"
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊"ဦးဆန်းလင်း(ဆည်မြောင်း)"၏ "သာသနာနှင့်ထေရ်သံဃာ"
"ဦမောင်မောင်(ဓမ္မစက္က)"၏"ဘာသာသွေးနွေးဖို့လိုပြီ"
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)
မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။
ဖတ်ပြီး, သိပြီးသူများ ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။
No comments:
Post a Comment