Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, February 4, 2013

“အရှင်ဝက္ကလိ နှင့် အရှင်ပေါဋ္ဌိလ တို့ကိုသာဆုံးမသည့်တရား”



မကြာသေးမီကာလ က ဓမ္မမိတ်ဆွေတစ်ဦးက ဤသို့ပြောပါသည်။
“ဘုရားကြည်ညိုမယ့်အစား တရားသာအားထုတ်လိုက်။ပိဋကတ်သင်မယ့်အစား 

တရားအားထုတ်လိုက်ပါ။
မြတ်စွာဘုရား ကိုယ်တော်တိုင်ဟောတာ ကြည့်ပါလား ၊
"၀က္ကလိ မထေရ်" ကို-
(၀က္ကလိ-မှန်၏။တရားကိုမြင်လျှင် ငါ ဘုရားကိုမြင်၏။

ငါဘုရားကိုမြင်လျှင်တရားကိုမြင်၏။)တဲ့။

နောက်တစ်ခါ
"အရှင်ပေါဋ္ဌိလ မထေရ်" ကို-
(တုစ္ဆ ပေါဋ္ဌိလ၊ အချည်းနှီး ပေါဋ္ဌိလ၊(အလကား ပေါဋ္ဌိလ-ဟူလို)

-တရားပဲအားထုတ်ပါ။ ပိဋကတ်သင်နေမယ့်အစားတရားအားထုတ်ပါ)လို့
 မြတ်စွာဘုရားက တိုက်တွန်းခဲ့တယ်မဟုတ်လား။ 
တရားအားထုတ်ဖို့သာ အဓိက ပါပဲဗျာ”ဟု ဆိုပါ၏။
ဓမ္မမိတ်ဆွေပြောသောထိုစကားများသည် အပြောမတတ်သောကြောင့်
 “ဗုဒ္ဓဿ အ၀ဏ္ဏံ ဘာသတိ၊ ဓမ္မဿ အ၀ဏ္ဏံ ဘာသတိ၊သံဃဿ အ၀ဏ္ဏံ ဘာသတိ၊
 ဖြစ်သွားနိုင်သောစကားများဖြစ်ပါသည်။
ဆိုလိုသည်မှာ-
"တရားသာ ကျင့် ဘုရားကို ကိုးကွယ်စရာမလိုဘူး" ဟု ဆိုလျှင် 

ဘုရားကို ကျေးဇူးမဲ့ကဲ့ရဲ့ရာရောက်ပါသည်။"တရားသာကျင့်ပရိယတ္တိသင်စရာ
မလို" ဟုဆိုလျှင် တရားတော်ကိုကျေးဇူးမဲ့စကား ပြောသလိုဖြစ်သွားတတ်ပါသည်။

နေရာတကာ လှေနံဓားထစ်မယူရပါ ။ “ဌာနဌာန ကောသလ္လ”(အရာအားလျော်စွာ)ယူရပါသည်။
ဤနေရာ၌"ဗုဒ္ဓမြတ်စွာဘုရားရှင်"၏ ထို အရှင်မြတ်နှစ်ပါးအပေါ် ချေချွတ်ရာတွင်
 ဟောတော်မူရခြင်း၏အဓိကရည်ရွယ်ချက်ကိုသိဖို့လိုပါသည်။
"အရှင်ဝက္ကလိ" နှင့် "အရှင်ပေါဋ္ဌိလ" အရှင်မြတ်နှစ်ပါးသည် 
“ပစ္ဆိမ ဘ၀ိက ပုဂ္ဂိုလ်(ယခုဘ၀၌ဧကန်မုချမဂ်ဖိုလ်ရမည့်သူများ)”ဖြစ်ပါသည်။

"အရှင်ဝက္ကလိ မထေရ်"ကို "ဗုဒ္ဓမြတ်စွာဘုရားရှင်"က 
“ကာယ”တော်ကိုသာကြည်ညိုနေသဖြင့် “တရားမြင်မှဘုရားမြင်မည်”ဟု စသည်ဖြင့်

ဟောခြင်းမှာ အရှင်ဝက္ကလိမထေရ်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်အပေါ်၌ 

"သဒ္ဒါ" လွန်နေသဖြင့် ဖြစ်ပါသည်။
ရှင်းလင်းအောင်ပြောရမည်ဆိုလျှင်-
“သင် အပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် ဘာအကျိုးရှိမလဲ”ဟု ဟောကြားခြင်းသည် 

အရှင်ဝက္ကလိမထေရ်လို ပုဂ္ဂိုလ်မျိုးမို့ဖြစ်ပါသည်။
အရှင်ဝက္ကလိမထေရ်သည်သဒ္ဒါတရားအလွန်ထက်သန်နေပါသည်။

"နေယျပုဂ္ဂိုလ်"ဖြစ်သောကြောင့်ဗုဒ္ဓမြတ်စွာဘုရားကတရားရစေချင်၍ဤသို့
ဟောခြင်းဖြစ်ပါသည်။
အမြင်ရှင်းရန် ဤသို့တင်ပြလိုပါသည်။

“(သဒ္ဒါ) အစရှိသော ဣနြေ္ဒ တို့ ကို ညီမျှအောင်ပြုခြင်းသည် (ဣနြေ္ဒ)တို့ကို
 ညီမျှစေခြင်းမည်၏။
ထို ယောဂီပုဂ္ဂိုလ် အား (သဒ္ဓိနြေ္ဒ) က အားကြီးသည် 

တစ်ပါးသော ဣနြေ္ဒတို့ကနုံ့သည် အကယ်၍ဖြစ်အံ့။
ထိုသို့ဖြစ်သောကြောင့်
(၀ီရိယိနြေ္ဒ)သည် ချီးမြှောက်ခြင်းကိစ္စ ကို
(သမာဓိနြေ္ဒ)သည် အာရုံသို့ကပ်၍ တည်ကြည်ခြင်းကိစ္စ ကို၊မပျံ့လွင့်ခြင်းကိစ္စကို
(ပညိနြေ္ဒ)သည်အာရုံ၏သဘောကို မြင်သောကိစ္စကို
ပြုခြင်းငှာမတတ်နိုင်။
ထို့ကြောင့် ထို(သဒ္ဓိနြေ္ဒ) ကိုကိုစုံစမ်းခြင်းဖြင့်လည်းကောင်း၊
အကြင်သို့ နှလုံးသွင်းသောသူ အား အားရှိ၏။
ထိုသို့သောအခြင်းအရာဖြင့် ဘာဝနာကို နှလုံးမသွင်းသဖြင့်လည်းကောင်း၊
ယုတ်စေအပ်၏။
ဤအရာ၌ “၀က္ကလိမထေရ်”၏၀တ္ထုသည် ဥဒါဟရုဏ်ဖြစ်၏” ဟု“၀ိသုဒ္ဓိမဂ်” တွင်-ဆိုထားပါသည်။

အရှင်ဝက္ကလိမထေရ်ကို အပုပ်ကောင်ဟု သာဟောကြားခဲ့သော်လည်း ၀ိမာန ၀တ္ထုတစ်ပုဒ်တွင်မူ
“တိဋ္ဌန္တေ နိဗ္ဗူကေစာပိ သမေ စိတ္တေ သမံဖလံ”ဟုဟောကြားထားခဲ့ပါသည်။
မြန်မာပြန် အဓိပ္ပါယ်မှာ-
“သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၌ဖြစ်စေ၊ပရိနိဗ္ဗာန်စံတော်မူသည့်ဘုရားရှင်၌ဖြစ်စေ

(ရုပ်ပွားတော် စသည်)စိတ်တူမျှစွာ ရှိခိုးပူဇော်မည်
ဆိုလျှင် အကျိုးတူကြောင်း” ဆိုလိုပါသည်။

ထို့အတူ-
အရှင်ပေါဋ္ဌိလ ကိုလည်း ပိဋကတ်တတ်ပြီး တရားမကျင့်ဘဲ နေသဖြင့် တရားကျင့်ရန်

 “တုစ္ဆေ”ခေါ်ခြ င်း  ဖြစ်ပါသည်။
အရှင်ပေါဋ္ဌိလသည်“သောဝစဿတာဂုဏ်”(ဆိုဆုံးမလွယ်ခြင်း)နှင့်ပြည့်စုံသူဖြစ်သဖြင့်ပိဋကတ်တတ်ပြီးမာန်ခံနေသူမဟုတ်ပါ။ မကျင့်သေးသူသာဖြစ်ပါသည်။

အရှင်ပေါဋ္ဌိလသည်“ငါ ပိဋကတ်တတ်တယ်၊တရားဆိုတာကျင့်ရင်ရတာပဲ”ဟုစိတ်ထဲမထားပါ။
မာန မရှိပါ။မဂ်ဖိုလ်ရထားသောရဟန္တာမထေရ် ကြီးများထံ နည်းခံရန်သွားပါသည်။
ရဟန္တာကြီးများကလည်း မြတ်စွာဘုရားရှင်၏ဆန္ဒတော်ကိုနားလည်သဖြင့်

 သူတို့အောက်ငယ်သော မထေရ်များထံသာညွှန်ပြပါသည်။
ထိုသို့ အဆင့်ဆင့်ညွှန်ပြရင်းဖြင့် ခုနှစ် နှစ်သား ရဟန္တာသာမဏေလေးထံရောက်၍

နည်းခံမှသာ ရဟန္တာ ဖြစ်ခဲ့ရခြင်းပါသည်။
တရားကျင်စေ့ရန် အရှင်ပေါဋ္ဌိလမထေရ်ကို ဗုဒ္ဓမြတ်စွာဘုရားရှင်က တုစ္တေ ခေါ်ခြင်းဖြစ်သည်။ ပိဋကတ်ဆောင်ပုထုဇဉ်ရဟန်းပုဂ္ဂိုလ်များကိုခေါ်ခြင်းမဟုတ်ပါ။
ပိဋကတ်ဆောင်ပုဂ္ဂိုလ်များကို “သုတဗုဒ္ဓ”ဟုပင်သုံးနှုန်းပါသည်။
ပရိယတ္တိ(၃)မျိုးရှိပါသည်။ နားလည်လွယ်အောင်ပြောရလျှင်-
(၁) ဥဂ္ဂဟ ပရိယတ္တိ=ဆရာသမားများထံမှ အစဉ်အတိုင်းသင်ယူခြင်း။
(ယခုခေတ်-ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊နိကာယ်၊အဘိဓမ္မာ
စသည် ဖြေဆိုခြင်းများ)

(၂) သ၀န ပရိယတ္တိ=ဓမ္မကထိက၊ကမ္မဋ္ဌာနာစရိယ ထံလေ့လာသင်ယူခြင်း၊စာပေများ၌လေ့လာသင်ယူခြင်း။
(၃) ပဋိ ပုစ္ဆာ ပရိယတ္တိ=မိမိသိလိုသည်များကို တတ်သိနားလည်သူထံတွင် ကျက်မှတ်သိမှတ်ထားခြင်း။ ဟူ၍ဖြစ်ပါသည်။
ထို ပရိယတ္တိ သုံးမျိုးထဲတွင် သ၀န ပရိယတ္တိ နှင့် ပဋိပုစ္ဆာ ပရိယတ္တိ နှစ်မျိုးအနက် တစ်မျိုးမျိုးကို
 မုချ သင်ကြားရမည်ဖြစ်ပေသည်။
အချို့သောသူများက “လက်တွေ့ကျမှ”ဟု ပြောဆိုတတ်ပါသည်။တကယ်တမ်းပြောရလျှင်
 လက်တွေ့မှ စာတွေ့ ရေးခဲ့ခြင်းပင်ဖြစ်၏။
"သဂါင်္ယနာ" ကိုပြန်ကြည့်ပါ။
"ပထမ သဂါင်္ယနာ"-နှုတ်၊နှုတ်ချင်း။
"ဒုတိယ သဂါင်္ယနာ"-နှုတ်၊နှုတ်ချင်း။
"တတိယသဂါင်္ယနာ" -နှုတ်၊နှုတ်ချင်း ဆောင်ယူကျင့်ကြ၍ ရဟန္တာအရှင်သူမြတ်များပေါ်ထွန်းခဲ့သည်။
"စတုတ္ထသင်္ဂါယနာ" မှသည် "အက္ခရာ" စသည် တင်၍
ထိုမွ-"ပဥၥမသဂါၤယနာ"-"ေက်ာက္ထက္အကၡရာ"။
"ဆဋ္ဌမသင်္ဂါယနာ"မှသည် "စာအုပ်"များဖြစ်လာပါသည်။

ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် တရားတော်များကို ရှေးဦင်္းကျင့်ခဲ့သည်။ကိုယ်တိုင် ဟောခဲ့သည်။ထိုမှ ပေပေါ်၊ကျောက်ပေါ်၊
စက္ကူပေါ် တင်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့် -
စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားသောတရားတော်များကို မပစ်ပယ်မိကြစေရန် နှင့် 

ထိုကဲ့သို့ အကောက်အယူမလွဲကြစေရန် စေတနာကောင်းဖြင့် တင်ပြအပ်ပါသည်။
(၂၀၁၁ခုနှစ်၊မတ်လထုတ်၊ "ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း"မှ" 
ဆရာအောင်ထိုက်(ရွှေဘို)"၏"အရှင်ဝက္ကလိ၊အရှင်ပေါဠိလ"အမည်ရ ဆောင်းပါးများကို မှီငြမ်း၍ 
ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ဖတ်ပြီး, သိပြီးသူများ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။

No comments:

Post a Comment