လျှောက်သောသူ ရောက်၏ ဟူသော လောကဆိုရိုးအရ နေ့စဉ်နှင့်အမျှ လူသားများ
လျှောက်နေခဲ့ကြသည်။ လျှောက်ခဲ့သော ခြေလှမ်းများသည်ကား တူညီမှုတစ်ခုဆီသို့
ဦးတည်နေကြမည်တော့မဟုတ်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊
ကျန်းမာရေး စသော အရေးကိစ္စများနှင့် မိမိလိုရာပန်းတိုင်များဆီသို့
လျှောက်နေခဲ့ကြလေသည်။ လောကီကိစ္စများ မတူကွဲပြားသော်လည်း
ဗုဒ္ဓဘာသာဝင်အများစု၏ လျှောက်လှမ်းကြသော လောကုတ္တရာပန်းတိုင်ကား
နိဗ္ဗာန်းတည်းဟူသော ပန်းတိုင်သို့ ဦးတည်နေကြခြင်းဖြစ်သည်။ အခြားသော
ဘာသာဝင်များသည်လည်း မိမိတို့ရောက်ရန် သွားနေသော၊ ဦးတည်နေသော
ပန်းတိုင်များသည်လည်း ကောင်ကင်ဘုံတည်းဟူသော တူညီသော ဆုံမှတ်တစ်ခုဆီသို့
ဦးတည်နေခဲ့ကြသည်။ သံသရာမဆုံးသေးသမျှ၊ နိဗ္ဗာန်တည်းဟူသော
ဆုံမှတ်ပန်းတိုင်သို့ မရောက်သေးသမျှ လျှောက်ကြရပေလိမ့်မည်။
လျှောက်ခဲ့သော ဘဝများသည် အနိမ့်အမြင့်၊ အတက်အကျအားဖြင့် ဒွန်တွဲလျှက်
ရင်ဆိုင်ဖြတ်သန်းခဲ့ကြရ မည်ဖြစ်သည်။ ဘဝမျိုးစုံဝယ် အလုပ်မျိုးစုံကို
ကကြိုးဆင်လျှက် လျှောက်ခဲ့ရသော ခရီးများ မရေတွက်နိုင်၊ လျှောက်ကြရဦး မည့်
ခရီးများလည်း မရေတွက်နိုင် ရှည်လျားနေပေလိမ့်မည်။ သံသရာခရီးသွားများ၏
အနာဂတ်သည် အရိယာတည်း ဟူသော ပစ်မှတ်သို့ မရောက်သေးသမျှ မည်မျှလောက်ကြာအောင်
လျှောက်ကြရဦးမည် မသိ။ ထိုကဲ့သို့လျှောက်ကြရဦးမည့် ခရီးများသည်လည်း
မိုင်ထောင်ချီမက ဝေးနေပေလိမ့်မည်။ အသက်ရှင်နေသော သတ္တဝါများသည်
မိမိတို့လိုရာပန်းတိုင်သို့ ဆက်လက်လျှောက်နေ၊ သွားနေရဦးမည်သာ။ သွားလိုက်၊
လျှောက်လိုက်၊ ရောက်လိုက်၊ လမ်းပျောက်လိုက်၊ ဆက်လျှောက်လိုက်၊ မနေမနား
တသွားတည်း သွားနေကြရမည်သာဖြစ်သည်။
ဗုဒ္ဓသည်သူ၏ တပည့်များကို
ခရီးသွားရန်မကြာခဏ ပြောကြားလေ့ရှိသည်။ စာရိကံ စရထ-ခရီးသွားကြ ရဟန်းတို့။
ကိုယ်တော်တိုင်လည်း ဘုရားမဖြစ်ခင်အထိ ဘဝပေါင်းများစွာ ကျင်လည်လျှက်
ခရီးသွားခဲ့ရသည်။ နောက်ဆုံး ဘုရားအဖြစ်သို့ ရောက်တော်မူသည့်တိုင်အောင်လည်း
မနေမနား ခရီးသွားလျှက် ကျွတ်ထိုက်သော ဝေနေယျတို့အတွက် ခရီးသွားရင်း
ကိုယ်တော်၏ပင်ပန်းမှုကို ငဲ့ကွက်တော်မမူဘဲ ခရီးသွားခဲ့ရသည်။
ဘုရားဖြစ်ပြီးသော်လည်း ဝါ(၂ဝ)အထိ တစ်နေရာတည်း အတည်တကျနေတော်မမူဘဲ
နေရာဌာနပေါင်းများစွာ ခရီးလှည့်လည်ပြီး သွားလာတော်မူခဲ့သည်။ ဝါတော်(၂၁)မှစ၍
ဝါတော်(၄၄)ဝါတိုင်တိုင် ကောသလတိုင်း၊ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊
ပုဗ္ဗာရုံကျောင်းတော် များဝယ် သီတင်းသုံးနေထိုင်၊ ဝါကပ်တော်မူသော်လည်း
နေ့စဉ်နှင့်အမျှ ဗုဒ္ဓကိစ္စဖြင့် ကျွတ်ထိုက်သည့် ဝေနေယျများစွာကို
ကြည့်ရှုတော်မူလျှက် ခရီးမိုင်ပေါင်း မည်မျှပင်ဝေးကွာသည်ဖြစ်စေ၊
ြ<ွကရောက်တော်မူခဲ့သည်၊ ခရီးသွားတော်မူခဲ့သည် သာဖြစ်သည်။
နောက်ဆုံးအချိန် ပရိနိဗ္ဗာန်ပြုဖို့ရန် နီးကပ်တော်မူသော်လည်း
ခန္ဓာကိုယ်ပင်ပန်းခြင်းကို မူတော်မမူဘဲ ဝေသာလီပြည်၊ ဝေဠုဝရွာသို့
ြ<ွကရောက်တော်မူလျှက် ဝါကပ်တော်မူခဲ့ပြီး နောက်ဆုံးကျွတ်ထိုက်သည့်
သုဘဒ္ဒပရိဗိုဇ်ကို ကျွတ်တမ်းဝင်စေရန် မနေမနား
ခရီြး<ွကတော်မူခဲ့သည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုမျှလောက်
အပင်ပန်းခံတော်မူခဲ့ရသလဲ ဆိုရင်၊ သုမေဓာရှင်ရသေ့ဘဝမှာပင် တစ်ဦးတည်း
ဒီပင်္ကရာဘုရားရှင်ထံတော်ဝယ် ကျွတ်ထိုက်သည်ကို ကိုယ်လွတ် ရုန်းတော်မမူဘဲ-
သတ္တဝါများအား ကယ်တင်ရန်အတွက်၊ ဗုဒ္ဓေါ ဗောဓေယျံ-သတ္တဝါတွေ ငါသိသလို သိစေရမယ်။
မုတ္တော မောစေယျံ-သတ္တဝါတွေ ငါလွတ်သလို လွတ်စေရမယ်။ တိဏ္ဏော တာရေယျံ-သတ္တဝါတွေ
ငါလွန်မြောက်သလို လွန်မြောက်စေရမယ်ဟူသော သူတော်ကောင်းစိတ်ဓာတ်နှင့်
မနေမနား ခန္ဓာ၏ပင်ပန်းတော်မူခြင်းကို လေ့လျူရှုတော်မူလျှက် အပင်ပန်းခံကာ
မနေမနား သွားလာလျှက် သာသနာပြုတော်မူခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အပင်ပန်းခံကာ ဘုရားဖြစ်တော်မူပြီးနောက် ကိုယ်တော်အတွက်
လုပ်စရာမကျန်တော့ဘဲ သတ္တဝါအတွက်သာ အလုပ်လုပ်တော်မူလျှက် သာသနာတြော်ကီးကို
ခက်ခဲပင်ပန်းစွာဖြင့် တည်ထားခဲ့သည်။ အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုယ်
မိမိသည်သာ ကိုးကွယ်ရာဟူသော စကားတစ်ရပ်ကိုလည်း ရဲရဲတောက်
မိန့်မှာတော်မူခဲ့လေသည်။ လူတိုင်းသည် မိမိကိုယ်ကျေးဇူးရှိသော
ပုဂ္ဂိုလ်များအဖြစ် ကျေးဇူးရှင်များ ရှိခဲ့လေသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဘုရားရှင်ကိုယ်တော်မြတ်သည် မိမိ၏ သံသရာပြတ်ရေး လမ်းပြပေးတော်မူခဲ့
သောကြောင့်လည်းကောင်း၊ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ ဝေဖန်တတ်ကာ
လုပ်ရမည့်အရာများကို လုပ်ရန်နှင့်၊ မလုပ်သင့် မလုပ်ထိုက်သော အလုပ်များကို
သံသရာဘေးအတွက် မလုပ်မိအောင် တားမြစ်တော်မူလျှက် လမ်းပြပေးတော်မူခဲ့သည်။
နောက်ဆုံးပန်းတိုင်အထိသို့ သွားလိုကြသည့် သတ္တဝါများအတွက်လည်း နောက်ဆုံး
ပန်းတိုင်အထိ အရောက်သွားနိုင်ရန် လမ်းပေါင်းစုံကို စရိုက်အားလျော်စွာ
မီးမောင်းထိုးပြတော်မူခဲ့သည်။ သို့အတွက် ဗုဒ္ဓဘာသာဝင်များအတွက်တော့ ဗုဒ္ဓသည်
အနှိုင်းမဲ့ကျေးဇူးတော်ရှင် ဖြစ်ပေသည်။
ပုထုဇဉ်များဖြစ်သော
မိမိတို့သည်လည်း ချမှတ်ထားခဲ့သော လမ်းကြောင်းအတိုင်း လျှောက်ကြရင်း၊ နောက်
ဆုတ်လိုက်၊ ပြန်တက်လိုက်နှင့် ဆက်လက်လျှောက် နေကြရပေလိမ့်မည်။ သို့အတွက်
မိမိတို့သည် သံသရာခရီးသွား များသာ ဖြစ်ကြလေသည်။
သံသရာခရီးသွားဖြစ်သည့်အလျောက် သွားကြရဦးမည့် ခရီးများသည်လည်း ရှည်လျားနေ
ဦးမည်သာဖြစ်သည်။ ခေတ်စားနေသော စကားတစ်ခွန်းလောက်ကိုတော့ ပြောလိုသည်။
ဘုရားဖူးသွားခြင်း၊ ဒီစကား လုံးသည် ပေါ့ပေါ့တွက်က ဘာမှမသိသာပေ။ သို့သော်
အလေးအနက်ထားကာ သွားကြမည်ဆိုလျှင် တော်တော်လှပ သော စကားလုံး၊
တော်တော်အဓိပ္ပါယ်ရှိသော လုပ်ရပ်ဟုထင်ပါသည်။
အထက်ကပြောခဲ့သလို
မိမိအားကျေးဇူးရှိသော ပုဂ္ဂိုလ်များထဲတွင် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားရှင်သည်
အလွန်ကျေးဇူးများသော၊ အခရာကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မိမိ၏ကျေးဇူးရှင်အား ကျေးဇူးဆပ်ရန်ကား လူသားဆန် သော လူသားအားလုံးလိုလို
လုပ်ကြရမည်သည်သာဖြစ်သည်။ ထိုကဲ့သို့လုပ်ခြင်းသည်လည်း ထိုက်ထိုက်တန်တန်
လုပ်ဆောင်သင့်ပေသည်။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုရင်တော့
ထိုကဲ့သို့သွားခဲ့သော ခရီးသည်ကား အဓိပ္ပါယ်မရှိလှ၊ တန်ဖိုးမရှိလှဘဲ
အချီးအနှီးသာဖြစ်ပေလိမ့်မယ်။ ဘုရားဖူးသည်ဆိုသည်ကား ဘုရားရှင်၏
ဂုဏ်တော်အဖုံဖုံကို အာရုံပြု ၍သော်လည်းကောင်း၊ မိမိသိမှတ်ထားသော
ဂုဏ်တော်ကို လေးလေးနက်နက်သော်လည်းကောင်း သိမှတ်လျှက် ဘုရား
ရှင်၏ဂုဏ်တော်များကို မိမိရင်ထဲသို့ရောက်အောင် ဖူးခြင်းမျိုးဖြစ်သင့်ပေသည်။
ဆရာတော်တစ်ပါးပြောသလို ဘုရားလည် ထွက်ခြင်းမျိုးဖြင့်
တစ်နှစ်တာစုဆောင်းထားခဲ့သော ငွေကြေးများကို ဖြုန်းတီးပစ်ရုံသက်သက်ဖြင့်
ဘုရားဖူးသွားခြင်းဟူ သော ခေါင်းစဉ်လောက်ကိုသာ တပ်ခြင်းမျိုးများကို
ရှောင်ရှားသင့်ပေသည်။
ဘုရားဖူးသွားခြင်းမှမဟုတ်
မည်သည့်ခရီးကိုပဲသွားသွား မိမိရောက်ရမည့် ပန်းတိုင်ဆိုတာ ရှိရပေလိမ့်မည်။
ထိုကဲ့ သို့သော ပန်းတိုင်များသည်လည်း မိမိအတွက်၊ ကုသိုလ်၊ စည်းစိမ်ဥစ္စာ၊
အတတ်ပညာ-စသည်အားဖြင့် တစ်ခုခု ရမှသာလျှင် ထိုခရီးသည် သွားရကျိုးနပ်သော
ခရီးဖြစ်ပေလိမ့်မည်။ လျှောက်ကား လျှောက်၏၊ သို့သော်
မရောက်-ဖြစ်နေပေလိမ့်မည်။ သံသရာခရီးသွားများ ဖြစ်သည့်အားလျော်စွာ
ရှေ့ဆက်လျှောက်ကြရ ဦးမည် ခရီးသည် မည်မျှလောက် ဝေးကွာနေလိမ့်မည်ကို မှန်းဆ
သိနိုင်လိမ့်မဟုတ်။ သို့အတွက် ရိက္ခာထုပ်များကို ပြင်ဆင်ထားသင့်ပေသည်။
လောလောဆယ် ရောက်ရှိနေသော လူ့ဘဝသည်လည်း အမြဲတန်း တည်မြဲနေမည် မဟုတ်၊
မိမိသည်လည်း လူ့ဘဝကို သံသရာခရီးသွားဖြစ်သည့် အားလျော်စွာ ခဏတာဝင်ရောက်
နားခိုစရာဇရပ်တစ်ခုအဖြစ် သိအောင်လုပ်ရပေလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ
မောဟအမိုက်တိုက်ထဲရောက်လျှက် ဝေဝါးစွာနှင့်ပင် နားခိုရာ
ကင်းပျောက်နေပေလိမ့်ဦးမည်။ လူ့ဘဝမှာ ခဏတာနားခိုရာအဖြစ် အသက်ရှင်ခိုက်
တန်ဖိုးရှိတဲ့လူ့ဘဝကို အဓိပ္ပါယ်ရှိစွာ အသုံးချကာ နေထိုင်သွားဖို့ အလွန်
အရေးကြီးပေလိမ့်မည်။ သို့မဟုတ်လျှင် သံသရာခရီးသည်ဖြစ်သော မိမိ၏
ခရီးသွားခြင်းသည် တန်ဖိုးရှိသော လူ့ဘဝဆိုတဲ့ ဇရပ်မှာ တခဏတာနားခိုနေခြင်းသည်
အဓိပ္ပါယ်မဲ့စွာ ကုန်ဆုံးသွားပေလိမ့်မည်။
ဆိုတော့၊ မိမိအတွက်
အဓိပ္ပါယ်ရှိသော ခရီးသွားခြင်းမျိုးဖြစ်အောင် လောကကောင်းကျိုးအတွက်၊
လူသားကောင်းကျိုးအတွက်၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံ၊
ငါ့ဇာတိကောင်းကောင်းကျိုးအတွက် မသေခင် ငါ ဘာတွေလုပ်သွား
မလဲဆိုတဲ့မေးခွန်းကို ထပ်ခါတလည်းလည်းမေးကာ အဓိပ္ပါယ်ရှိတဲ့ပေတံနဲ့
ကိုယ်တိုင်တိုင်းတာခံနိုင်ဖို့ ပြုမူနေထိုင်သွားရန် အလွန်လိုအပ်ပေသည်။
သို့မဟုတ်လျှင်တော့ မိမိ၏ သံသရာခရီးသွားခြင်းသည်ကား အချီးအနှီးသာ
ဖြစ်နေပေလိမ့်မည်။
အထက်ကဆိုခဲ့သလို ဗုဒ္ဓသည် ခရီးများစွာကို
ြ<ွကခဲ့သည်။ အဘယ့်ကြောင့်ြ<ွကတော်မူခဲ့သနည်းဟုဆိုလျှင်လည်း
သတ္တဝါတို့အတွက်တာသွားခြင်းဟု ဖြေရပေလိမ့်မည်။ ထိုကဲ့သို့ မနေမနား
ြ<ွကတော်မူခဲ့ပြီး သတ္တဝါများစွာအတွက် အလုပ်လုပ်ခဲ့သော်လည်း
အမြင့်ရောက်လေ၊ လေတိုက်ခံရလေဆိုသည့်အတိုင်း မနာလိုသူများ၏ အနှောက်
အယှက်မျိုးစုံ ကိုလည်း ကြုံခဲ့ရသည်သာဖြစ်သည်။ သို့သော်လည်း ဗုဒ္ဓသည်
ကိုယ်တော်အတွက်မဟုတ် ဝေနေယျများစွာအတွက် ဆက်လက်ပြီးသာ ခရီးဆက်ခဲ့သည်။
တစ်နေ့ ကောသမ္ဘီပြည်ထဲကို ဆွမ်းခြံ<ွကတော်မူသော
ဗုဒ္ဓနှင့်တပည့်သာဝကများစွာအား ကောသမ္ဘီပြည်သူ၊ သားများရဲ့
ဆွမ်းခံရာနောက်သို့ တကောက်ကောက်လိုက်လျှက် အမျိုးမျိုးသော
ဆဲရေးခြင်းမျိုးစုံဖြင့် တိုင်းတာ၊ ဆဲရေးကြသည်။ သောတာပန်မျှသာဖြစ်သော
အရှင်အာနန္ဒာသည်ကား နောင်တော်ဖြစ်သော ဗုဒ္ဓကိုလျှောက်သည်။ '' အရှင်ဘုရား
ကောသမ္ဘီပြည်သူ၊ သားများဟာ ဆွမ်းခံရာနောက်သို့ တကောက်ကောက်လိုက်လျှက်
အမျိုးမျိုးသော ဆဲရေးခြင်းမျိုးစုံဖြင့် တိုင်းတာ၊ ဆဲရေးကြနေကြတယ်ဘုရား၊
တပည့်တော်သို့ အခြားသောအရပ်သို့ ဆွမ်းခံသင့်ပါတယ် ဘုရား ''
''
အာနန္ဒာ အခြားအရပ်ကလည်း ယခုလိုဆဲရေးမယ်ဆိုရင်၊ နောက်ထပ် ဘယ်အရပ်ကို
ဆက်သွားမှာလဲ၊ အရပ်လေးမျက်နှာသွားမယ်ဆိုရင်၊ အရပ်လေးမျက်နှာက ရောက်လာတဲ့
ရန်သူတို့ကို ရင်ဆိုင်ရမယ်၊ ဒါကြောင့် အယူ မှားသူတို့၊ ဆဲရေးတာကို
သည်းခံခြင်းနဲ့ ရင်ဆိုင်ရမယ်။ အာနန္ဒာ ဒီအတွက် ဘာမှ ကြောင့်ကြစိုက်မနေနဲ့၊
ဆဲရေးတဲ့ လူတွေဟာ ခုနှစ်ရက်သာ ဆဲရေးနိုင်မယ်။ တစ်စုံတစ်ရာ
တုန့်ပြန်ခြင်းမရှိဘဲ၊ ဆိတ်ဆိတ်နေပြီး သည်းခံခြင်းနဲ့ ဆဲရေးတဲ့ လူတွေကို
ရှစ်ရက်မြောက်နေ့မှာ ရပ်သွားစေကြမယ်'' ဆိုပြီး ဗုဒ္ဓက
ပြန်လည်မိန့်ကြားတော်မူခဲ့သည်။
ဗုဒ္ဓလိုပုဂ္ဂိုလ်မျိုးကိုတောင်မှ ကိုယ်တော့်အတွက်မဟုတ်ဘဲ သတ္တဝါအတွက်
အပင်ပန်းခံကာ အလုပ်လုပ်သွားသော် လည်း မလိုသူများ၏ ဆဲရေးမှု၊ တိုင်းတာမှု၊
စွပ်စွဲမှု၊ ရှုပ်ချမှုမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ဗုဒ္ဓသည်
ရပ်နေတော်မမူခဲ့၊ ဆက်လက်သွားနေ၊ လုပ်နေတော်မူခဲ့သည်။ နောက်ဆုံး
ပရိနိဗ္ဗာန်ဝင်စံတော်မူသည်အထိ ဆက်လက်လုပ်နေ၊ သွားနေတော်မူခဲ့လေသည်။
မိမိတို့သည်လည်း သံသရာခရီးသွားများဖြစ်သည့်အလျောက် လျှောက်ကြရဦးမည့်
လမ်းခရီးများမှာ ထိုကဲ့သို့သော ဒုက္ခပေါင်းစုံများစွာဖြင့် နဖူးတွေ့
ရင်ဆိုင်နေကြပေလိမ့်မည်။ သို့သော် အများအတွက် လုပ်ခြင်းတည်းဟူသော
ပရဟိတလုပ်ငန်းအတွက် လုပ်ဆောင်သည့်အခါ၊ ခရီးသွားရင်း ခလုတ်ပေါင်းများကို
တိုက်နေ ပေလိမ့်မည်။ ထိုကဲ့သို့ တိုက်သည့်အခါမှာလည်း လဲသွားလိုက်၊
ပြန်ထလိုက်နှင့် ဆက်၍လျှောက်ရဦးမည်သာဖြစ်သည်။ ရပ်နေ၍ကားမဖြစ်။
လူဆိုးကဖြစ်စေ၊ ရန်သူကဖြစ်စေ၊ အကျိုးမဲ့ ပျက်ဆီးခြင်းကိုပြုလျှင်၊ ဒီဘဝ၊
ဒီခန္ဓာ၊ တစ်ဘဝမျှသာ ပြုနိုင်ပေသည်။ မိမိပြုထားသော အကုသိုလ်ကံကမူ မိမိကိုယ်
ဘဝများစွာ ပျက်စီးသွားအောင် ပြုနိုင်ပေသည်-ဆိုသော
ဗုဒ္ဓမိန့်မှာတော်မူခဲ့သည့် စကားလေးကို အဖန်ဖန် ရွတ်ဖတ်၊ သိမှတ်နေရင်း
ကျော်လွှား သွားအောင် လုပ်ဆောင်သင့်ပေသည်။ သို့မှသာ မိမိ၏ ခရီးသွားခြင်းသည်
အဓိပ္ပါယ်ရှိသော၊ ပြီးပြည့်စုံသော ခရီးသွားခြင်း ဖြစ်ပေလိမ့်မည်။
ဘုရားရှင်ထံသို့ ခရီးသွားနေသော အနာထပိဏ်သူဌေးကြီး၏ ခြေလှမ်းများ
တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည်ကို သိမြင်တဲ့ သိဝကနတ်ဘီလူးသည် သူဌေးကြီးကို
စကားတစ်ခွန်းပြောခဲ့သည်။ '' အို အနာထပိဏ်သူဌေးကြီး၊ ရှေ့သို့တက်ပြီး ဆက်၍သာ
သွားပါလော့၊ အို အနာထပိဏ်သူဌေးကြီး၊ ရှေ့သို့တက်ပြီး ဆက်၍သာ သွားပါလော့၊
သင်သူဌေးကြီးအနေနဲ့ ရှေ့သို့သာတက်ပြီး ဆက်၍သွားခြင်းသည်ကသာ ချီးမွမ်းအပ်၊
မြတ်လှပါသည်၊ နောက်သို့ ပြန်လည်ဆုတ်နစ်ခြင်းသည် ကား မချီးမွမ်းအပ်၊
မမြတ်ပါ''ဟုဖြစ်သည်။ အဘယ့်ကြောင့် ထိုကဲ့သို့သော စကားများကို
ပြောကြားရသည်ဟုဆိုသော်၊ အနာထပိဏ်၏ ဘုရားရှင်ရှိရာသို့ ခရီးသွားခြင်းသည်၊
ဘုရားနှင့်တကွသံဃာတော်များအား ပြုစုလုပ်ကျွေးခြင်းဟူသော၊ ဥပသကာ
ဒါယကာဖြစ်ခြင်း၊ ဘုရားရှင်ကို ဖူးမြင်သည်နှင့်တပြိုင်နက်
သောတာပန်ဖြစ်ခြင်း၊ အတုမရှိသော ကျောင်းတိုက်ကြီးကို ဆောက်လုပ်ပြီးလျှင်
အရပ်လေးမျက်နှာမှ လာလာသမျှသော အရိယာသံဃာအပေါင်းအတွက် မပိတ်ဆို့အပ်သော
တံခါးရှိသူ ဖြစ်ခြင်းကြောင့်၊ သူဌေးကြီးအား ရှေ့သို့သာတက်ပြီး
ဆက်လက်သွားရန် တိုက်တွန်းခဲ့ပေသည်။
မိမိအနေဖြင့်လည်း
တိုက်တွန်းခြင်းပါသည်။ မိမိတတ်နိုင်သော အလုပ်များစွာကို အတ္တဟိတ၊
ပရဟိတမျှတစွာ အသုံးချပြီး အဓိပ္ပါယ်ရှိသော သံသရာခရီးသွားများ ဖြစ်ကြအောင်၊
သံသရာခရီးသွားများ ဖြစ်သည့်အားလျော်စွာ လမ်းခရီးမှာ သုံးစွဲနိုင်ဖို့
ကိုယ်ပိုင်ရိက္ခာထုပ်များကို ထုပ်ပိုးပြီး ပြင်ဆင်ထားကြရန် လိုအပ်လှကြောင်း
အသိပေးပြောကြားလိုပေသည်။ သို့မှသာ လမ်းခရီးမှာ မပင်မပန်းဘဲ
ဆက်လျှက်ထွက်ခွါနိုင်ပေလိမ့်မည်။
အားလုံးလည်း လိုရာခရီးကို
ခလုတ်မထိ၊ ဆူးမငြိဘဲ အေးဆေးသာယာစွာ သွားလာကြရင်း အနာဂတ်ကမ္ဘာသစ်ကြီးဆီသို့
ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်အသိများစွာဖြင့်
ဖန်တီးတည်ဆောက်လျှက် ရောက်အောင်သွားနိုင်ကြပြီး၊
ပန်းခင်းသောလမ်းများနှင့်သာ ကြုံဆုံကြရပြီး တန်ဖိုးရှိသော
ခရီးသွားများဖြစ်အောင် ဆက်လက် ထွက်ခွါနိုင်ကြပါစေကြောင်း။
မောင်မင်းစိုး၊ရွှေနံ့သာ၊
(နှလုံးအိမ် မဂ္ဂဇင်း၊နိုဝင်ဘာလ၊ ၂ဝ၁ဝ)
No comments:
Post a Comment