Monday, December 17, 2012
သံသရာခရီးသည်
"သံသရာခရီးသည် နှင့်မြေးအနှစ်"
ဆယ့်ငါးနှစ်က
အချစ်ဦးသည်သာ၊ ကိုယ့်ကမ္ဘာဟု
ငါ့မှာမြူးတူး၊ အချစ်ရူးခဲ့။
သားဦးရတော့
သားလှသည်သာ၊ ကိုယ့်ကမ္ဘာဟု
ရင်မှာစွဲနစ၊် ရူးမူးချစ်သည်
အနှစ်သုံးဆယ၊် ထိုအရွယ်။
မြေးဦးရတော့
မြေးလှသည်သာ၊ ကိုယ့်ကမ္ဘာဟု
မေတ္တာနှောင်ကြိုး၊ တစ်ရစ်တိုးပြီ
မိုးလည်းမမြင၊် လေမမြင်ပေါ့
ရင်မှာလှိုင်းထ ၊ပီတိကြွ၏
စမ်းမြသီတာ ၊စိမ့်စိမ့်ဖြာ၏
ရှိုက်ကာနမ်းရ ၊ချစ်မဝသည်
အနှစ်ခြောက်ဆယ် ၊သည်အရွယ်။
သားသမီးအချစ်၊ မြေးအနှစ်ဟု
စစ်မှန်မေတ္တာ၊ ဖော်ကြူးလာခဲ့
ဘယ်ခါမရိုး ၊တို့ဆိုရိုးလေ
"အဘိုး" ဖြစ်လာ၊ ယခုခါမှ
ငါတို့ဘိုးဘွား ၊ဆိုစကားကို
ကြားမိဖန်ခါ ၊ပီတိဖြာ၏
မေတ္တာကြီးမား ၊တို့ဘိုးဘွားကို
ငါဦးချ သတိရမိ။
သားသမီးအချစ် ၊မြေးအနှစ်မို့
သည်းနှစ်မြေးကို၊ အချစ်ပိုခဲ့
အိုအိုအီအီ ၊ပိုက်ထွေးချီရင်း
သီချင်းသံသာ ၊ဆိုမိပါ၏
ရင်မှာစွဲရ ၊မြတ်နိုးလှသည့်
"သံသရာခရီးသည်" ထိုသီချင်း
"ဒေါ်မေလှမြိုင်" ၏တေးမူရင်း ။
25/10/2008
(ဗန်းမော် ကျော်ဝင်း)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment