(တပ်လှန်သံ)
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
လူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ မသိရ
များလှအပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွန်ကြား မြတ်ဘုရားကြောင့်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ
များလှကျေးဇူးတွေ
ကျေးဇူးတော်ရှင် ဘုရားရှင်ကို
ဦးတင်မပြတ် ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ သာသနာ၏
နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်း
ကြိုးပန်းကြပါလေ။..။
(အရှင်ဇနကာဘိဝံသ)
.................................
(သာသနာဥပမာ)
သာသနာ ဆိုတာဟာကွယ်။
အိုင်ကြာနဲ့တူတယ်
အိုင်သာရင် ကြာခိုင်ပေါက်တယ်..
အိုင်နောက်ရင် ကြာပျောက်ပါလိမ့်မယ်။
(နိုးဆော်သံ)
ဒါနနဲတော့ မွဲတတ်တယ်။
သီလနဲတော့ ရောဂါတွယ်။
သမာဓိနဲတော့ စိတ်ဆင်းရဲမယ်။
ဘာဝနာနဲတော့ နိဗ္ဗာန်နဲ့လွဲမယ်။
မဂ္ဂင်ရှစ်ပါး သုံးပါသိက္ခာ။
နိဗ္ဗာန်သွားတဲ့ ခရီးယဉ်ပါ။
နေ့စဉ်စီးလို့ ခရီးတွင်စွာ။
ကျန်းမာခိုက် အားတိုက်နှင်စမ်းပါ။
.............
(လူနှစ်ယောက်)
ဒါနကိုလဲ အမြဲလှူ ၊
သီလကိုလည်း သူခံယူ။
ဘာဝနာတရားပွားတဲ့သူ
ဥပုသ်နေ့ကို မမေ့တဲ့သူ။
အဲ့ဒါ ဗုဒ္ဓလူ...။
အလှူခံကိုလည်း ငြူစူသူ၊
ပစ္စည်းကိုလည်း နှမျှောသူ
သီလကိုလည်း မခံယူ၊
ဘာဝနာတရား မပွားတဲ့သူ
ဥပုသ်နေ့ကို မေ့တဲ့သူ ၊
အဲ့ဒါ မိုက်တဲ့သူ။
===========
(ဆိုးလိုက်တဲ့ ဒိဋ္ဌိ..ငါသမား)
ဝဋ္ဋကုသိုလ် အရှိန်တန်ခိုးကြောင့်
ဝတိံတရိုးမှာစိုးခဲ့ရသည်..
လူနတ်ဗြဟ္မာ ဘုံတစ်လျှောက်မှာ
ဂုဏ်တွေမှောက်ခါ ထက်ရောက်ခဲ့သည်..
နောက်များမကြာမီ..ကံဟုန်လေးက
မှိန်မှေး အရှိန်သေး စွမ်းအားကုန်လေသည်..
ဒိဋ္ဌိငါ တွန်းကန်ချတော့
ငရဲမှာ ဂျွန်းပြန်ကျရရှာလေသည်။
(အို..နာ...သေဘေး)
မျက်စိမှုန် ခါးကိုင်လို့...
နားထိုင်းလို့ သွားကြွေ။
စားတိုင်းပ ဝါးမကြေသည်..
သားအရေ ခြောက်ခန်း။
တောင်ဝှေးနဲ့ အာဖွဲ့ရှာ..
သွားတဲ့ခါ ယိုင်နဲ့လို့ယမ်း။
ခြောက်ဆယ်က အသာပို..ဇရာအို ရှက်သန်း။
သေရွာကိုလက်လှမ်းလို့ မပျက်တမ်းသူရှာ။
မျက်ချေးတွေ ထူတာတေးငယ်နှင့်
ဖြူကာဖွေး ခေါင်းကဆံလွှာ
သူငါမနှေး အကြောင်းရှာလျှင်
မကောင်းရာတူလှလို့
ရူပက ယိုတဲ့အခါ အိုဘယ့်ဇရာ..
မရဏနောက်ဆွယ်လာသည်
ထောက်ကွယ်ရာရှိဘူးကွယ်လေး.........။
(သံသရာခရီးသည်)
သံသရာလှည့်လည် ခရီးသည်တို့ရယ်..
ထက်အောက်စုံဆန် ဘုံကံလမ်းကကျယ်..
ဝိပဿနာဥာဏ်ရယ်
အမှန်တကယ် မလင်းသမျှရယ်..
ကံနယ်အတွင်း မလွတ်ကင်းနိုင်ကြတယ်။
ရံဖန်ရံခါဝယ်..
ဒုဂ္ဂတိဘုံကဆွယ်.
.လေးရပ်အပါယ်..
လေးနယ်မက ဆင်းရတယ်..။
ရံဖန်ရံခါဝယ်..
သုဂတိဘုံကဆွယ်
လူရပ်နတ်ထံ ဘုံစံခေတ္တခဏဖြစ်ရတယ်။
ဖြစ်တုံပျက်တုံ ဖြစ်ပျက်ဘုံ
လယ်
ဝဋ်စက်ဘုံရယ်..ဘယ်ကမှ
အတည်မကျပါလားကွယ်
မောရတဲ့ သံသရာခရီးသည်
(ဖိုးသာဝကြီး နွားရောင်းသလို)
သားနဲ့ပျော် သမီးနဲ့ပျော် လင်ပျော် မယားပျော်။
ဆွေမျိုးဥာတိ ဥစ္စာဓနတွေနဲ့ပျော်၊
မတော်ဘူးကွဲ့ စဉ်းစားကြအုံးနော်။
ကုသိုလ်ဒါန ဘာမျှပြုခဲ့သနော်။
ယခုဘဝသက်တမ်း တွက်စမ်းနင်တို့အပေါ်
ပျော်လှချည်ရဲကနော်..မျှော်လှချည်ရဲ့နော်။
၇ဝ သက်တွင်း စာရင်းမတွက်ပါက
ဖိုးသာဝရဲ့ နွားကျောင်းသလိုပါနော်။
ပျော်ပျော် အဲ့ဒီအပျော်မျိုးတော့ ဘုဖိုးကျေပုံမပေါ်။
(ချော်နေကြသူများ)
ပုညာဘိကုသလ ပြုကြတဲ့သူငါ..
ဘဝကဆက်ရှည်သည် မဂ်အခြေမနီး..။
မျှော်မှန်းတဲ့ မော်ကမ်းသောင်ဝယ်
မလွတ်ပေါင်ဝဋ်နွယ်ကဆီး။
လူနတ်ရွာရိပ်ထီးကိုတဲ့ မငြီးအောင်ခံစံ။
ဆယ့်တစ်တန် မီးလျှံတိုးအောင်ပ
အားကိုးလို့ ပြုဖို့သာကြံ။
ဗုဒ္ဓုပ္ပါဒ် ဒုလ္လဘံဝယ်.
.ကြုံပြန်လျှင်ရှောင်လွဲလို့။
မှောင်ရှဲတဲ့ ပင်ကံကော် ရန်းဆလို့မျှော်။
ရှစ်မဂ္ဂ အခြေမပေါ်လျှင်
တာရှည်နော်ချော်အုံးမယ်ကွဲ့..လေး။
(ပညာမဲ့ဖြစ်စဉ်)
ကမ္ဘာတစ်လွှားမှာ အဆင့်အတန်းနိမ့်လို့
ညစ်ညမ်းရေးတွေ ဖြစ်ပေါ်နေတာဟာ..
.
အသေအခြာဆန်းစစ်ကြည့်တော့ ..
ပညာအခြေခံနဲလို့ရယ်..
ပညာ ပညာမရှိလို့ စိတ်လေလွင့်ရတာ။
ဝမ်းနဲစရာ ခုခေတ်ကြိးမှာ တွေ့ကြုံရတာ
ဘတ်စ်ကားစပယာ သတင်းစာရှောက်သီးဆေးပြား
ရေခဲချောင်းနဲ့ ထီပေါက်စဉ်မှာ
တကြော်ကြော်အော်ကာသာ
ရောင်ဝယ်ကာစား..
ရသမျှအမြတ်
ကလေးများနဲ့
ရောင့်ရဲတင်းတိမ်နေတာဟာ
ပညာမရှိလို့ စိတ်လေလွင့်ရတာ...
(မျှောကြလို့ပေါ့)
ဘေးဖြစ်တာ လေးသစ္စာ...
မမြင်ကန်းသောကြောင့်။
ပင်ပန်းသူ လူတစ်ချို့မှာ..
ပူလို့မဆုံး။
သနားလေသနော်...
တရားကို အရည်ဖျော်လို့။
တစ်ခွန်းနော်
ဇွန်းကော်လို့ တိုက်ချင်လှ။
မလိမ်မာ သူနာမိုက်ရယ်တို့။
သံသရာဒီတစ်ဝိုက်မှာ မျှောလိုက်ကြဦး..။
(သာယာဝတီဆရာတော်ဦးညေယျ)
(မျက်စိလည်နေတုန်းဘဲလား)
သမုတိနယ် ခင်မင်တွယ်..ငကန်းမျက်စိလည်။
မျက်စိလည် ဘယ်မဆုံး ဒုက္ခငတုံးလုံး။
ငတုံးလုံး နင့်ခန္ဓာ မယ်ဆွေးနဲ့ပေါင်းရှာ။
ပေါင်းရှာပါတဲ့ နင်တို့သား မီးစာတွေပါလား။
မီးစာတွေ တွေ့မြင်နေ ရေနဲ့လောင်းလိုက်ဟေ။
ရေနဲ့လောင်းလတ် ပရမတ် အမြတ်နိဗ္ဗာန်ဓာတ်။
နိဗ္ဗာန်ဓာတ်ဘယ်မမြင် သမုတိနယ်ကိုခင်။
သမုတိနယ် ခင်မင်တွယ် ငကန်းမျက်စိလည်။
(သီလသိက္ခာသုံးပါးကျင့်စဉ်သုံးပါး)
xကာယကံဖြူစင် ..
သမ္မာကမ္မန္တမဂ္ဂင်..ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်။
xဝစီကံဖြူစင်.........
သမ္မာဝါစာမဂ္ဂင်..ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်။
xအသက်မွေးမှုဖြူစင်..
သမ္မာအာဇီဝမဂ္ဂင်..ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်။
(သမာဓိသိက္ခာကျင့်စဉ်သုံးပါး)
သမ္မာဝါယာမကျင့်စဉ် သမ္မပဒါန်ယှဉ် ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်
သမ္မာသတိကျင့်စဉ် သတိပဋ္ဌာန်ယှဉ် ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်
သမ္မာသမာဓိကျင့်စဉ် ဈာန်လေးပါးယှဉ် ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်
(ပညာကျင့်စဉ် နှစ်ပါး)
သမ္မာသင်္ကပ္ပကျင့်စဉ် အတွေးကောင်းနှင့်ယှဉ် ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်
သမ္မာဒိဋ္ဌိကျင့်စဉ် အမြင်မှန်နှင့်ယှဉ် ဘုရားကြိုက်တဲ့ ဒီကျင့်စဉ်
xအဓိသီလ မဂ်ဗီဇ..နေ့ညစိုက်ပျိုးမည်။
xအဓိစိတ္တ မဂ်ဗီဇ..နေ့ညစိုက်ပျိုးမည်။
xအဓိပည မဂ်ဗီဇ..နေ့ညစိုက်ပျိုးမည်။
တဆင့်တဆင့် မြင့်ထက်မြင့် တိုးတက်ကျင့်ပါ သာသနာ။
......................
(ကိုး-ကွယ်-ဆည်း-ကပ် ဤလေးရပ်)
(ကိုး)ရမှာက ...ရတနာ။
(ကွယ်)ရမှာက ကံသုံးဖြာ..
(ဆည်း)ရမှာက ကိလေသာ
(ကပ်)ရမှာက...သုံးသိက္ခာ။
(ကိုး)xဘုရားရတနာ ကိုးရမှာ
တရားရတနာ ကိုးရမှာ
သံဃာတရနာ ကိုးရမှာ...။
(ကွယ်)xကာယကံအမိုက်တွေ ကွယ်ရမယ်..။
တရားရတနာ ကိုးရမှာ
သံဃာတရနာ ကိုးရမှာ...။
(ကွယ်)xကာယကံအမိုက်တွေ ကွယ်ရမယ်..။
ဝစီကံ အမိုက်တွေ ကွယ်ရမယ်..။
မနောကံအမိုက်တွေ ကွယ်ရမယ်..။
(ဆည်း)xလောဘမီးကို ဆည်းရမယ်
ဒေါသမီးကို ဆည်းရမယ်..
မောဟမီးကို ဆည်းရမယ်..။
(ကပ်)အဓိသီလသိက္ခာကို ကပ်ရမယ်
အဓိစိတ္တသိက္ခာကို ကပ်ရမယ်။
ဒေါသမီးကို ဆည်းရမယ်..
မောဟမီးကို ဆည်းရမယ်..။
(ကပ်)အဓိသီလသိက္ခာကို ကပ်ရမယ်
အဓိစိတ္တသိက္ခာကို ကပ်ရမယ်။
အဓိပညာသိက္ခာကို ကပ်ရမယ်
ဒေါသကိုပင် ဆည်းချင်ရင် နေ့စဉ်ကပ်ကြ ဓိသီလ
လောဘကိုပင် ဆည်းချင်ရင် နေ့စဉ်ကပ်ကြ ဓိစိတ္တ
မောဟကိုပင် ဆည်းချင်ရင် နေ့စဉ်ကပ်ကြ ဓိပည။
ကိုးပုံ ကွယ်ပုံ၊
အသိစုံ ၊
အပါယ်ဘုံက လွတ်ရမယ်။
ဆည်းပုံ ကပ်ပုံ၊
အသိစုံ ၊
ရွှေဘုံနိဗ္ဗာန်မြန်းရမယ်။
..........................
ပါရမီ
xဆင်းရဲထိုထို ..ထွက်မြောက်လို့ ..ကုသိုလ်ပြုတာ ပါရမီပါ။
လှူဒါန်းကြလျှင် ကုသိုလ်ရှင် အိုခြင်းကင်းအောင် လှူရမယ်။
လှူဒါန်ကြလျှင် ကုသိုလ်ရှင် နာခြင်းကင်းအောင် လှူရမယ်။
လှူဒါန်းကြလျှင် ကုသိုလ်ရှင် သေခြင်းကင်းအောင် လှူရမယ်။
xဒါနပါရမီ..နိဗ္ဗာန်ရည်စူး လှူရမည်။
xဝီရိယပါရမီ..မဂ္ဂင်ရေနဲ့ ဆေးရမည်။
xမေတ္တာပါရမီ..ရာဂကင်းအောင် ပေးရမည်။
xပညာပါရမီ...အနိစ္စမြင်အောင် တွေးရမည်။
xသီလပါရမီ..ဒု.ကုန်ပယ်ကြဉ်ဆေးရမည်။
xခန္တီပါရမီ..သည့်ခံစိတ်ကို ထားရမည်။
xသစ္စာပါရမီ..နှုတ်မြွက်ဆောက်တည်ပေးရမည်။
xပညာပါရမီ..ဒုက္ခမြင်အောင်တွေးရမည်။
xနိက္ခမပါရမီ...ထွက်မြောက်အောင် တွေးရမည်။
xအဓိဋ္ဌာန်ပါရမီ..အချိန်မှန်မှန် ပွားရမည်။
xဥပေက္ခာပါရမီ..လစ်လျှူရှုကာ ပွားရမည်။
xပညာပါရမီ..အနတ္တမြင်အောင် ပွားရမည်။
ပါရမီကဆယ်ပါကျင့်စဉ်။
အင်္ဂါအားဖြင့် ရှစ်ပါးမဂ္ဂင်။
သိက္ခာအားဖြင့် သုံးလုံးသာပင်။
ဝဋ်ထွက်လမ်း ဖြောင့်တန်းသာလှပင်။
.......................................
(အယူစွဲသမား)
ယုတ်မာဆိုးတောင်း ကျင့်မကောင်းကို
မှားကြောင်းတစ်စိ သိလျှင်သိခြင်း
စွန့်ပယ်လျှင်းလော့..
အတင်းယူစွဲ ဖားမြွေခဲသို့
အမြဲမှတ်သို မစွန့်လိုက
ဤကိုယ်သုခ နောင်မရဘူး။
အတင်းယူစွဲ ဖားမြွေခဲသို့
အမြဲမှတ်သို မစွန့်လိုက
ဤကိုယ်သုခ နောင်မရဘူး။
No comments:
Post a Comment