Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, December 17, 2012

နင်လိုအပ်ရင်

ဝင်လာလှည့်ပါ နားခိုသွားပါ
လိုအပ်တာတွေကိုယူဆောင်သွားပါ
အချိုမြိန်ဆုံးသောအပြုအမှု့ တွေနဲ့ 
အသာယာဆုံးသောစကားတွေနဲ့ 
အအေးမြဆုံးသောအကြည့်တွေနဲ့ 
အနွေးထွေးဆုံးသောရင်ခွင်ကြီးနဲ့ 
အ ကြည်လင်ဆုံးသောမေတ္တာနဲ့ 
အနက်ရှိုင်းဆုံးသောအချစ်တွေနဲ့ 
အမြဲမြံဆုံးသောသစ္စာတရားကိုဝတ်ဆင်ရင်း
ကူညီရင်း ဖေးမရင်း ကြင်နာရင်း ယုယရင်း
ပေးဆပ်နိုင်စွမ်းသမျှပေးဆပ်ရင်း......
ငါ့အနားမှာ....မင်းကိုပျော်ရွင်စေခဲ့တာပါ...
ထွက်သွားပါ   မင်းမနေချင်တဲ့အခါ
ဟိုး.......အဝေးဆုံးကိုထွက်သွားလိုက်
ပျော်ရွင်စရာ နေ့ ရက် အချိန် စက္ကန့် တွေကိုယူပြီးတော့
ဝမ်းနည်းကြေကွဲဖွယ်ရာနေ့ ရက် အချိန် စက္ကန့် တွေကိုထားခဲ့ပြီးတော့
ထွက်သွားလိုက်ပါ...မင်းပျော်ရွင်နိုင်မယ့်တစ်နေရာဆီကို။
                                                                                  နေနော်လင်း(မြိုင်ရာဇာ)

No comments:

Post a Comment