Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Thursday, January 31, 2013

ဆူး



ဆူးဖြစ်မယ့်အပင် ငယ်ငယ်တည်းက ရှင်းထားတာကောင်းတယ် ဆိုတဲ့ စကားကို ဓမ္မဘေရီဆရာတော်ကြီးဟောတဲ့ အဇာတသတ် အကြောင်းတွေထဲက ကြားဖူးရာကနေစပြီး ဆူးဆိုတာကို ကျွန်တော် သတိပြုမိခဲ့တာပါ။ ငယ်စဉ်တည်းက နွား ကျောင်း၊ ဆိတ်ကျောင်း လာတဲ့ ကျွန်တော့်အတွက် ဆူးဆိုတာ ကိုယ်နဲ့တရင်းတနှီး ရှိခဲ့ဖူးပါတယ်။ အန္တရာယ်များတဲ့ ထိုဆူးတွေကို ကျွန်တော် မနှစ်သက်ဘူး။ တစ်ခါတစ်လေလည်း စဉ်းစားမိတယ်…. ဒီဆူးတွေကို ဘယ်သူများ လာချွန်ပေးသလဲ ပေါ့။
တကယ်တော့ ဆူးဆိုတာ မွေးတည်းက အချွန်ပါပြီသားပါပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင် သူလုပ်နိုင်စွမ်းရှိပါတယ်။ သူတော်ပါတယ်။ အားနည်းချက်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ပေါက်သွားတဲ့နေရာကို ပြန်ပြီး ဖာထေးမပေးတတ်ဘူး။ အဲ့ဒါဆူးပဲ။ ဒါပေမယ့် အပ်ကတော့ ဒီလိုမဟုတ်ဘူး။ သူ့မှာလည်း ချွန်တာလေး ပါတာပဲ။ သူ့ကိုလာထိတဲ့အရာတိုင်း၊ သူနဲ့ထိတွေ့တဲ့အရာတိုင်းကို ပေါက်အောင်လုပ်နိုင်စွမ်းက သူ့မှာလည်းရှိတယ်။ သို့သော် ပေါက်သွားတာကို ပြန်ဖာပေးတတ်သလို ကွဲသွားတာကိုလဲ ပြန်စေ့ပေးတတ်တာ သူ့အရည်အချင်းပါပဲ။ ဆူးကို လူတွေက တွေ့တာနဲ့ ကောက်ပြီး အမှိုက်ကျင်းထဲချကြတယ်။ တံပျက်လှည်းပြီး လူသူဝေးရာမှာ စွန့်ပစ်ကြတယ်။ အပ်ကျတော့ တယုတယ ဗူးလေးတွေနဲ့ သိမ်းထားတတ်ကြတယ်။
လောကမှာ လူဆိုပြီးမွေးလာတည်းက ကိုယ်ပိုင်အရည်အချင်းတွေ၊ စွမ်းရည်သတ္တိတွေစတဲ့ အချွန်လေးတွေ ပါလာတတ်ကြတာ ချည်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 30, 2013

မေတ္တာတရား ခြုံကာထားရင်



“ နသော  ဘိက္ခဝေ သတ္တော သုလာဘရူပေါ၊ ယောန မာတာပိတဘူတ ပုဗ္ဗော ဣမိနော ဒီဃေန အဒ္ဓုနာ။“
ရဟန်းတို့-ဤမျှရှည်လျားလှသော သံသရာကြီးအတွင်း  အမိ၊ အဖ၊ မောင်ကြီး၊ မောင်ငယ်၊ ညီ၊ အစ်ကို၊ ညီမ၊ သား၊ သမီး၊ မတော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်ကို ငါဘုရား၏  ဥာဏ်တော်ဖြင့် ရှာဖွေ၍ မရခဲ့ပေ။ ( နိဒါန၊ ၀ဂ္ဂသံယုတ်ပါဠိ၊ အနမတဂ္ဂသုတ် )
မိမိတို့ရဲ့ ဘ၀သံသရာခရီးဟာ အဆုံးအစမရှိတာဖြစ်လို့ အလွန်ရှည်ခဲ့လှစွာဖြင့် ပုံစံမျိုးစုံနဲ့ ကျင်လည်ခဲ့ကြရပါသည်။ ဘ၀သံသရာဆိုတာ ခန္ဓာအစဉ်ကိုပဲဆိုလိုပါသည်။ ဒီလောက်ရှည်လျားတဲ့ သံသရာအတွင်း  အလွန်များလှတဲ့ အနန္တသတ္တ၀ါတွေနဲ့ မိမိတို့တစ်တွေအားလုံး  ဆွေမျိုးတော်စပ်ခဲ့ဖူးကြပါသည်။ ဆွေမျိုးမတော်ဖူးဘူးသူ  တစ်ဦး တစ်ယောက်မျှပင် မရှိပေ။ ထို့ကြောင် အားလုံးသည် မိဟောင်း၊ ဖဟောင်း ဆွေမျိုးတွေချည်းပါပဲလို့ မြတ်စွာဘုရားရှင် ဟောကြားခဲ့ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

တာဝန်မဟုတ်တဲ့အသိ



အွန်လိုင်းကနေ အစ်ကိုတစ်ယောက်နဲ့တွေ့ပြီး စကားစပ်မိလို့ ပြောမိတာလေးတွေ ပြန်ပြောချင်မိပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင်းလေး အနည်းငယ်ပြောမိပြီး သူလုပ်နေတဲ့ အလုပ်လေးတွေနဲ့ ပတ်သက်လို့ သူကပြောပြပါတယ်။ သူပြောတဲ့ စကားလေး အတိုင်းပါပဲ..

သူအခု နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်ပေါ့.. သူနိုင်ငံရပ်ခြားမသွားခင်.. မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးသူငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခဲ့တာ ငါးနှစ်တောင် ရှိသွားပြီး.. သူနဲ့အတူ ဆရာတော်တစ်ပါးနဲ့ သင်တန်းဆရာမနှစ်ဦးက ဦးဆောင်ပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ အသိပညာဗဟုသုတ နည်းပါးပြီး ဗုဒ္ဓရဲ့အဆုံးမနဲ့ အလှမ်းဝေးနေတဲ့ ကလေးသူငယ်တွေကို ဗုဒ္ဓရဲ့အဆုံးမတွေ ရင်ထဲရောက်ရှိစေရေး၊ ဘာသာတရားကို တန်ဖိုးထားတတ်စေရေးနဲ့ ကလေးသူငယ်တွေ ယဉ်ကျေးလာစေပြီး အသိဥာဏ်အလိမ္မာ တိုးလာစေရေးတို့အတွက် အဓိကရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ ဘာရံပုံငွေမှလည်းမရှိ ဘယ်သူမှလည်း ထောက်ပံ့မှုမရှိဘဲ ကိုယ်ရဲ့တတ်စွမ်းတဲ့ဘက်ကနေ ကလေးသူငယ်တွေကို အခမဲ့သင်ကြားပေးပြီး အသိပညာတွေ တိုးတက်လာအောင်.. သင်တန်းမတက်ချင်တဲ့ အသိဥာဏ်နုနယ်တဲ့ ကလေးသူငယ်တွေကို.. အစားလည်းကျွေး.. သင်တန်းမှာဆုရတဲ့ကလေးတွေကို ဆုလည်းချပေးပြီး သင်တန်း တက်ချင်စိတ်တွေ ဖြစ်လာအောင် အဖက်ဖက်မှ ကြိုးစားပြီး ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီလိုမျိုးလေးတွေနဲ့ စည်းရုံးပြီး သင်တန်းကို ရေရှည်တည်တံ့အောင် စွမ်းဆောင်ခဲ့တာ.. ယခုဆို သင်တန်းမှာ ဗုဒ္ဓဘာသာကလေးသူငယ်တွေ (၁၀၀)တောင် ကျော်သွားပြီလို့ ဆိုပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ဒါနပန်း လန်းစေချင်



ဒါနနဲ့ပါတ်သက်ပြီးပြောရမယ်ဆိုရင် အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် အရိယာပုဂ္ဂိုလ်တွေသိတဲ့ ဒါနရဲ့တန်ဖိုးနဲ့ လူပုဂ္ဂိုလ်တွေသိတဲ့ ဒါနရဲ့တန်ဖိုးဟာ.. အင်မတန်မှ ကွာခြားပါတယ်။ သီလ၊ သမာဓိ၊ ပညာတွေ ကွာခြားလေလေ.. လုပ်ဆောင်ပြုမူနေတဲ့ ကုသိုလ်အလုပ်တွေရဲ့အပေါ်မှာ ထားရှိတဲ့ မြင့်မြတ်တဲ့စိတ်ထားတွေ.. တန်ဖိုးထား သိမြင်ပုံတွေဟာလည်း ကွာခြားသွားမှာပါ။ ဒီလိုပါပဲ.. ငယ်ငယ်တုန်းက သိခဲ့တဲ့ဒါနတန်ဖိုးနဲ့.. အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ဘုရားရှင်ရဲ့အဆုံးမတွေ လေ့လာမိသလောက် သိရှိရတဲ့ တန်ဖိုးဟာလည်း ကွာခြားသွားမှာပါပဲ။ ငယ်စဉ်အခါတုန်းကတော့ ဒါနရဲ့အဓိပ္ပါယ်ဆိုတာ.. သူများကိုပေးကမ်းတာလောက်ပဲ ထင်မိခဲ့တယ်။ သူ့ကိုကျွေးတယ် ပေးတယ်ဆိုရင် ဒါနပေါ့။ ငါဒီလိုကျွေးလိုက်လို့ သူလည်း ငါ့ကိုတစ်လှည့်ပြန်ကျွေးဖို့ဆိုပြီး စိတ်ထဲမှာ မှတ်ယူထားတယ်ပေါ့။ ငါ့တုန်းကကျွေးရတယ်.. သူ့အလှည့်ကျတော့ ငါ့ကိုမကျွေးတော့ဘူး.. နောက်တစ်ခါကျရင် သူ့ကိုဘာမှ မကျွေးတော့ဘူးဆိုတဲ့ စိတ်မျိုးတွေရှိခဲ့ပါတယ်။ အော်.. ခုအချိန်ခါပြန်တွေးကြည့်တော့ ဒါဟာ အကျိုးမျှော်တဲ့ဒါနပဲ.. နိဗ္ဗာန်ကို မရောက်နိုင်ပါလား.. ဘုရားရှင် သာဓုမခေါ်ပါလားဆိုပြီး အဓိပ္ပါယ် ပေါက်လာမိပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 29, 2013

ဘ၀ရှင်းအောင်



ရရှိထားသော ဘ၀မှန်သမျှသည် ဒုက္ခသစ္စာဖြစ်၏။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ မည်သည့် ဘ၀မဆို ခန္ဓာမှန်သမျှ ရရှိထားသောအကျိုးခန္ဓာ ဒုက္ခသစ္စာတို့သည်သာဖြစ်၏။ လုပ်သမျှ၊ ပြောသမျှ၊ ဆောင်ရွက်သမျှ၊ အလိုရှိသမျှ အောင်မြင်သည့်အခါ ငါ့ဘ၀ အရတော်လေစွဖြင့် ကိုယ့်ကိုယ်ကိုမာန်ဝင့် အလွန်ပင်တင့်တယ်လိုက်တဲ့ ငါပါလားဟူ၍ ဒိဋ္ဌတဏှာတို့ဖြင့် သာယာ တတ်ကြ၏။ ထိုအခါ ကြွားတတ်ကြ၊ ၀ါတတ်ကြ၊ စောင်းမြောင်းတတ်ကြ၊ ရှုံ့ချတတ်ကြဖြင့် သူတစ်ပါးတို့ကို အထင်သေးတတ်သည့်အပြင် ကိုယ့်ကိုယ်ကိုလည်း အထင်ကြီးတတ်ကြ သည်။ “ရဟန္တာ မဟုတ်သေးသမျှ ဘာမျှမဟုတ်သေးပါလား”ဟူ၍ မြဲစွာသတိ ခိုင်ခိုင်ရှိနေဘို့ လိုအပ်ပါသည်။ တစ်နည်းဆိုလျှင် “ကိလေသာ မကုန်သေးသမျှ ငါချမ်းသာလိုက်တာဟူ၍ ဘယ် သောအခါမျှ မအောင်းမေ့လေနှင့်။”

                ရဟန္တာ ဖြစ်သည့်အခါတွင် ငါဟူသောဒိဋ္ဌိလည်းမရှိ၊ ငါလုပ်နိုင်တယ်ဟူသော မာနလည်းမရှိ သောကြောင့် ၀ါကြွားမှုလည်းကင်း၊ စောင်းမြောင်းမှုလည်းကင်းပြီး အရဟတ်ဉာဏ် မဂ်ဖိုလ် အလင်းဖြင့် အလွန်ပင် ငြိမ်းချမ်းဘိ၏။ ထိုသို့ ငြိမ်းချမ်းလှသည်ကိုပင် ခန္ဓာကိုယ် ရုပ်အကြွင်းက အလွန်ပင် ၀န်လေးလှသည့် စက်ဆုပ်ရွံရှာဖွယ်ကြီးအဖြစ် ထင်တော့၏။ ပုထုဇဉ်တို့မှာကား မစင်ရုပ်ခန္ဓာကိုယ်ပင် ကိုယ့်အသွင် အလွန်ဆန်းသည်ဟူ၍ မာန်ဝင့်ကာ ဟန်ပန်လုပ်ကြသည်။ သေမင်းအား ခန္ဓာမထိုးခင်တော့ အသုံးဝင် ပြုံးရွှင်ရွှင်နေကြရလည်း မရဏမင်းက ကျောခင်း ခိုင်းချိန်မှာတော့ လုပ်ခဲ့သမျှ နောင်တရ၍ ဖွဲပြာရုပ်အသွင် ရှင်းရှင်းမြင်ပြီး မည်သို့မျှ အသုံးမကျ တော့ကြောင်း အသိနောက်ကျသည့် ပုထုဇဉ်များမှာ အရဟတ်ဉာဏ် မလင်းနိုင်သမျှ ခန္ဓာ ဇာတ် အတောမသတ်နိုင်ဘဲ အထပ်ထပ် ဒုက္ခပင်လယ်ဝေရတော့သည်။
>>>ဆက်ဖတ်ရန်>>> >>

သတ္တ၀ါတွေ ဘာကြောင့် ဆင်းရဲကြသနည်း



“ငါ”ဆိုသည်မှာ အခေါ် ပညတ်မျှသာဖြစ်၍ တကယ့်အရှိတရားမှာ ခန္ဓာငါးပါး- ဒုက္ခသစ္စာတရား တို့သာလျှင်ဖြစ်၏။ ထိုဒုက္ခသစ္စာ ခန္ဓာငါးပါးတို့မှာ- ဖောက်ပြန်ပျက်စီးခြင်းသဘော (ရူပက္ခန္ဓာ)၊ ခံစားတတ်ခြင်းသဘော (ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်ခြင်းသဘော (သညာက္ခန္ဓာ)၊ ကြံစည် တွေးတောတတ်ခြင်းသဘော (သင်္ခါရက္ခန္ဓာ)၊ သိတတ်ခြင်းသဘော (၀ိညာဏက္ခန္ဓာ) ဟူ၍ဖြစ် ၏။ ထို ခန္ဓာငါးပါးတို့သည်သာလျှင် ပရမတ္ထသဘော တကယ့်အရှိတရားတို့ ဖြစ်ကြပေသည်။

ထိုခန္ဓာငါးပါးတို့၏ သဘောတရားများသည် မည်သူ့အလိုသို့မျှမလိုက်၊ သူ့သဘော၊ သူ့အလုပ်၊ သူ့ဘာသူလုပ်နေခြင်းသာလျှင်ဖြစ်၏။ ထိုသို့ သူ့သဘောသူဆောင်နေသော ဖြစ်ခြင်းပျက်ခြင်း သဘောတို့ကို သတိပညာ ကင်းကွာသည့်အခါ ထိုတရားတို့အပေါ်၌ “ငါ”ဟူ၍ အယူမှား ခြင်း“ဒိဋ္ဌိ” ၊ တပ်မက်ခြင်း “တဏှာ” ၊ ထောင်လွှားခြင်း “မာန”တို့ ဖြစ်ကြ၏။ “မြင်တဲ့အခါ ငါမြင်တယ်၊ ကြားတဲ့အခါ ငါကြားတယ်၊ နံတဲ့အခါ ငါနံတယ်၊ စားတဲ့အခါ ငါစားတယ်၊ ထိတဲ့ အခါ ငါထိတယ်၊ သိတဲ့အခါ ငါသိတယ်” စသဖြင့် “ငါ” ဟူ၍သာ “ဒိဋ္ဌိ” ဖြင့်မြင်၏။
>>>ဆက်ဖတ်ရန်>>> >>

ပန်းတိုင်သို့ လျှောက်လှမ်းလျှင်

ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ သူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘ၀၊ မသိရ၊ များလှအပြစ်တွေ။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ထုတ်ဖော်မြွက်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှအကျိုးတွေ ဆိုပြီး တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာ ဘိဝံသ ရေးသားဆုံးမထားသောကဗျာလေးကို ဗုဒ္ဓဘာသာဝင်တိုင်း သိရှိပေသည်။ ဆရာတော်ဘုရားကြီးသည် ဘုရားရှင်၏ ဂုဏ်ကျေးဇူး ဘယ်လောက်ကြီးမားလဲဆိုတာကို ဖော်ကျူးရေးသားဆုံးမအပ်သော ကဗျာလေးလဲ ဖြစ်ပေသည်။ အကယ်၍ မြတ်စွာဘုရားရှင်မပွင့်ပေါ်ခဲ့ပါက မိမိတို့တွင် စိတ်ကောင်း စိတ်ထားများ ရှိနေငြားသော်လည်း ဤကား ကုသိုလ်၊ ဤကားအကုသိုလ်ဟု လူသားများသိနိုင်ကြမှာ မဟုတ်ပေ။ ထိုထိုဘုံဘ၀တွေ၊ ထိုထိုတရားတွေသိခွင့်ရမှာမဟုတ်ပေ။ ယခုကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်ထွန်းပေါ်ပေါက်လို့သာ၊ မြတ်စွာဘုရားရှင် ဟောကြားထားသော တရားတွေကို နာကြားခွင့်ရလို့သာ ဤကားကုသိုလ်၊ အကုသိုလ်ဟု သိနားလည်ရသောကြောင့် မြတ်စွာဘုရားရှင်၏ကျေးဇူးသည် မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ အနေဖြင့် ဗုဒ္ဓဂုဏော အနန္တော ပင်ဖြစ်ပေသည်။
>>>ဆက်ဖတ်ရန်>>> >>

သတိပဋ္ဌာန် ၄-ပါး မြန်မာပြန်-

စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်-

မဟာသတိပဋ္ဌာနသုတ် မြန်မာပြန်



ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏စိတ်စင်ကြယ်ရန်
စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းရန်
အရိယမဂ်ကိုရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်

တကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏၊

ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပေတည်း။

အဘယ်လေးပါးတို့နည်းဟူမူ- - -

ဆက်လက်ပြီး ပူဇော်လိုပါလျှင်၊
>>>ဆက်ဖတ်ရန်>>> >>

Monday, January 28, 2013

မိဂါရ မာတာ


လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်၊ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ၀ိသာခါဆိုသည့် ပုဗ္ဗာရုံ ကျောင်းအမကြီးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်း သိကြပြီးဖြစ်သည်။ ပုဗ္ဗာရုံ ကျောင်းအမကြီး၏ စွမ်းဆောင်ချက်များ၊ အလှတရားများစွာထဲမှ အစိတ်အပိုင်းတစ်ခုကို ဖော်ပြချင်ပါသည်။ မိဂါရမာတာဆိုသော ဘွဲ့အမည်ပင်ဖြစ်ပါ၏။ ဒီဘွဲ့လေးကို မည်သို့ရရှိခဲ့တယ်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းသလို မှတ်သားဖွယ်လည်းကောင်းပါသည်။

>>>ဆက်ဖတ်ရန်>>> >>

လောကကြီးက လှနေမယ်

လောကသုံးပါးကို ကုန်စင်အောင်သိမြင်တော်မူသော သုံးလောကထွဋ်ထား သဗ္ဗညုတ ဉာဏပိုင်ရှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား တပည့်တော်ရှိခိုးပါ၏။
ဒီကမ္ဘာမှာ ဗုဒ္ဓမှဘာသာမှတစ်ပါး တစ်ခြားသော ဘာသာဝင်အများစုက ဘုရားသခင်က ဒီလောကကြီး ကိုဖန်ဆင်းတော်မူတယ်လို့ ယုံကြည်ကြပါတယ်။ (တစ်ချို့ကဘာ သာမဲ့တွေလည်းရှိတာမို့ ဘာသာဝင်အများစုလို့သုံးလိုက်ရတာပါ။) မိမိ၏ ယုံကြည်ချက်နှင့်ယှဉ်၍ ထိုဘာသာများကို မှား၏မှန်၏ဟု မဆုံးဖြတ်လိုပါ။ သို့သော် ဘ၀င်မကျလှသော အချက်ကလေးတစ်ခုရှိပါတယ်။ အရေးမကြီးဘူး ဆိုပေမယ့် အရေး ပါမယ်လို့ထင်တာလေးပါ။
>>>ဆက်ဖတ်ရန်>>> >>

တစ်ခုပဲလိုတယ်

 ဖော်ပြပါဓါတ်ပုံလေးတွေကြည့်လိုက်ရင် ဒုက္ခရောက်နေတဲ့လူတွေအတွက် ဘာတွေလိုအပ်နေသလဲဆိုတာကို အားလုံးသိကြမယ် ထင်ပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်။ ရေဘေးဒုက္ခတစ်ခုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဖြစ်လာစရာဒုက္ခပေါင်းများစွာ ရှိနေပါတယ်။ ရေရှားပါးတော့ တွေ့ကရာရေသောက်ရ.. တွေ့ကရာရေသောက်တော့ မသန့်ရှင်းမှုတွေကြောင့် ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ရောဂါအမျိုးမျိုးဖြစ်လာရင်တော့ နောက်ဆုံးအသက်ပါ
 ပေးဆပ်သွားရမယ့် အထိပါပဲ။ ရေရှားပါးမှုရဲ့ဆိုးကျိုးတွေဟာ လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေ နိုင်ပါတယ်။ ဒါ့ကြောင့် ရေရှားပါးဒုက္ခရောက်နေတဲ့သူတွေကို ပေးလှူရတဲ့အလှူဒါနဟာ အသက်ကယ်တဲ့အလှူ အသက်ဆက်တဲ့အလှူလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ မိုးလင်းကနေမိုးချုပ် ရေရရှိဖို့ကို လုံးပန်းနေရတဲ့ ဒုက္ခရောက်သူတွေကို ကိုယ်ချင်းစာတရားလေး ထားမိမယ်ဆိုရင် အသက်ဆက်ပေးတဲ့အလုပ်ကို လူသားတိုင်း နားလည်သဘောပေါက်ပြီးလုပ်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ကိုယ်ချင်းစာစိတ်

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစ ရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ
သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့ ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။ လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။ ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။ အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင် အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့ စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

Friday, January 25, 2013

အချိန်ရှိခိုက် လုံ့လစိုက်


“နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

အချိန်သည် လူကိုမစောင့်။ အချိန်သည် မနားတမ်း တရွေ့ရွေ့ ကုန်ဆုံး၍နေပေသည်။ စက္ကန့် တွေ တိုးလာသည်နှင့် သေဖို့ရက်ကလည်း တစ်စက္ကန့်ချင်း နီးနေ၏။ “ငါနှင့်ရွယ်တူ၊ ငါ့အောက် လူ၊ ကြီးသူသေကြ များလှပြီ။ ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ချေပြီ။” သံသရာ အရေး မြှော်တွေးလို့ကြည့်လိုက်လျှင် ဘ၀တွေ မဆုံးနိုင်သမျှ ဒုက္ခတွေ ဒွန်တွဲလို့ရှိနေပါ ဦးမည်။ သံသရာခရီးသွားချင်းအတူ လက်တွဲလို့ကူကြရမည်။ တစ်ဦးအပေါ်တစ်ဦးတို့၏ တင်ခဲ့ သည့်ကျေးဇူးတရားတို့ကို တရားဖြင့်ပေးဆပ်၍ ကျေအေးနိုင်၏။
>>>ဆက်ဖတ်ရန်>>> >>

ခွင့်လွတ်တယ်ဆိုတာ



သည်းခံခြင်းဟာ မြတ်သောမင်္ဂလာတစ်ပါး ဖြစ်တယ်လို့ မြတ်စွာဘုရားကဟောကြားတော် မူခဲ့ပါတယ်။ ခန္တီ သည်းခံခြင်းဆိုတာ လောကဓံကို အပြုံးမပျက် ရင်ဆိုင်ရဲတဲ့သတ္တိကိုခေါ်တာပါ။ မြတ်စွာဘုရားဟာ ခန္တီပါရမီ ကိုဖြည့်ကျင့်ရာမှာ သူ့အပေါ် ညှင်းပန်းနှိပ်စက်လာတဲ့ မည်သူ့ကိုမဆို သည်းခံရုံသည်းခံခဲ့တာ မဟုတ်ပါဘူး။ သတ္တ၀ါတွေအပေါ် မေတ္တာလွှမ်းခြုံပြီး ဘာအာဃာတ မှ မထားပဲ ခွင့်လွှတ်တော်မူခဲ့တာပါ။ ခွင့်လွှတ်တယ်ဆိုတာ သဘောထားသေးသိမ်တဲ့ လူသာမန်တွေ မလုပ်နိုင်တဲ့အလုပ်တစ်ခုပါ။ သဘောထားကြီးတဲ့ ပါရမီရှင်ပုဂ္ဂိုလ်တွေ သူတော်ကောင်းစိတ်ရှိသူတို့သာ ပြုလုပ်နိုင်တဲ့ အလုပ်ပါ။ လူတော်တော်များများဟာ တစ်ချို့ကိစ္စတွေမှာ သည်းခံမှုတော့ ကောင်းကြပါတယ်။ ဒါပေမယ့် သည်းခံခြင်းရဲ့နောက်ကွယ်က ခွင့်လွှတ်ခြင်းကိုတော့ လွယ်လွယ်နဲ့ မလုပ် ဆောင်နိုင်ကြပါဘူး။အဲဒါကလဲ ခွင့်လွှတ်ခြင်းဆိုတာကို သေချာနားလည် သဘောပေါက်မှု မရှိကြလို့ပါ။
>>>ဆက်ဖတ်ရန်>>> >>

မေတ္တာထား၍ ဥပေက္ခာပွားပါ

မေတ္တာထား၍
မေတ္တာ(အဒေါသ)တရားသည် လောကတွင် ငြိမ်းချမ်းခြင်းကိုဆောင်သော တရားပင်ဖြစ်၏။ မေတ္တာတရားဖြင့် လွှမ်းခြုံထားလျှင် (မေတ္တာစိတ်ဖြင့် နေထိုင်ကျင့်ကြံနေလျှင်) ကမ္ဘာလောက ၌လည်းကောင်း၊ မိမိသန္တာန်ရှိ တစ်လံမျှသော ခန္ဓာလောက၌လည်းကောင်း အေးချမ်းမှုကို ဖြစ်စေ၏။ ဒေါသတရားသည် ပူလောင်ခြင်းကိုပေးပြီး မေတ္တာ၏ ဆန့်ကျင်ဘက်တရားဖြစ်၏။ ဒေါသတရားတွေ ပွါးနေပြီဆိုလျှင် မိမိ၌လည်းကောင်း၊ သူတစ်ပါးတို့၌လည်းကောင်း ပူလောင် ပြင်းပြသော ဆင်းရဲခြင်းတရားတို့ကို စိတ်အစဉ်မှာရော၊ ကိုယ်အစဉ်မှာရော ခံစားရတော့၏။ ဒေါသကြောင့် အမြင်မှန်တရားတို့ကိုလည်း ကင်းပျောက်စေပေသည်။


>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 23, 2013

ကရုဏာထား၍ မုဒိတာပွားပါ

ကရုဏာထား၍
ကရုဏာတရားသည် စာနာထောက်ထားခြင်း၊ သနားငဲ့ညှာခြင်း၊ ကြီးနိုင်ငယ်ညှင်းမပြုခြင်းဟူ၍ နားလည်နိုင်ပါသည်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို နိုင့်ထက်စီးနင်းမပြုဘဲ အကျိုးစီးပွါး ဖြစ်အောင် ကူညီစောင့်ရှောက်ပေးခြင်းတရားပင်ဖြစ်၏။ ခွန်အားဆိုရာ၌ ကာယ၊ ဉာဏ၊ ၀ီရိယ၊ ဘုန်းကံပါရမီများ အစရှိသည်ဖြင့် ကြီးသူ၊ ငယ်သူဟူ၍ ရှိပေသည်။
 ကာယဗလကြီးသူတို့က ကိုယ်ကာယနည်းသူတို့ကို နိုင်ထက်ကလူ ပြုတတ်ကြ၏။ ဉာဏ်ပညာ ကြီးသူတို့က ဉာဏ်ပညာနည်းသူတို့ကို နှိမ်တတ်ကြ၏။ ဘုန်းကံကြီးသူတို့ကလည်း ဘုန်းကံ နည်းသူတို့အပေါ် အထင်သေး အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ ကရုဏာဓာတ် နည်းပါးမှုကြောင့်ဖြစ်၏။ ကရုဏာဓာတ်ခေါင်းပါးသောအရပ်၌ ခွန်အား နည်းသူတို့အတွက် နေစရာလည်း,မရ၊ စားစရာလည်း,မ၀၊ ၀တ်စရာလည်း,မလှမပ ဖြစ်ကြရ ပေသည်။
>>>ဆက်ဖတ်ရန်>>> >>

ရွှေစကားတို့၏ မြစ်ဖျား (၂)

“လျှို့ဝှက်သောအမူကို လျှို့ဝှက်ပဲထားသင့်ပါတယ်။ လျှို့ဝှက်သောမူကို မလျှို့ဝှက်ဘဲ သူတစ်ပါးပြောမိချေသော် နောင်မကောင်းကျိုးဖြစ်တတ်ပါတယ်”
(မဟောသဓ)
ဇာတ်ကြီးဆယ်ဘွဲ့ထဲမှာ ပထမဆုံးထိတွေ့ခွင့်ရခဲ့တာက မဟောသဓဇာတ်တော်ပါ။ ကလေးဇာတ်ဆောင်ပါလို့လား မပြောတတ်ပါဘူး။ ကလေးဘ၀ တည်းကကိုပဲ စွဲစွဲလန်းလန်းရှိခဲ့ပါတယ်။ အဲဒီကာလတွေတုန်းက “စိတ်ဝင်စားဖို့ ကောင်းတဲ့ဝတ္တု” ဆိုတဲ့အတွေးထက်ပိုပြီး မတွေးဖြစ်ခဲ့ဘူး။ ဒါပေမယ့် အရွယ်, ကာလ, ၀န်းကျင်တွေ ရွေလျားတာနဲ့အမျှ မူလအတွေးထက် ပိုပြီး တွေးရမယ့် ဇာတ်ဝတ္တု အဖြစ် နားလည်ခဲ့ရပြန်ပါတယ်။ ဟော….ကြည့်ပါဦး လျှို့ဝှက်အပ်သော အမူကို လျှို့ဝှက်ပဲ ထားသင့်ပါတယ် တဲ့။ ဘယ်လောက်တွေးဖို့ကောင်းသလဲ။ ဘယ်လောက် လက်တွေ့ဘ၀နဲ့ နီးစပ်သလဲ။
>>>ဆက်ဖတ်ရန်>>> >>

ရွှေစကားတို့၏ မြစ်ဖျား (၁)

“ငါ၏အူခွေအူမတို့သည် ဆာလောင်မွတ်သိပ်သည့်အတွက် မိမိတည်ရာ ၀မ်းဗိုက်အတွင်းမှထွက်၍ အပြင်၌ အစာရှာစေကာမူ၊ အသက်ကို စွန့်၍ရစေကာမူ၊ အသက်မွေးမူကို စောင့်ရှောက်ခြင်း၊ အာဇီဝ သီလကို မဖျက်ပေအံ့”
(ရှင်သာရိပုတ္တရာမထေရ်)
ဗုဒ္ဓ၀င်ကိုဇာတ်လမ်းတွဲရှည်ရုပ်ရှင်ကားကြီးသာ ရိုက်ဖြစ်ကြမယ်ဆိုရင် ကားတော်တော်များများမှသာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်ကို တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်ထက် တပူးတွဲတွဲပုံရိပ်တွေကို စုပြီးဖူးတွေ့ကြရမှာထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓ၀င်စာမျက်နှာတွေကို  လှန်ကြည့် လိုက်ရင် လူဝတ်ကြောင်ဘ၀နဲ့ တပူးတွဲတွဲတရားရှာခဲ့ကြပုံ၊ ရဟန်းဘ၀နဲ့ တပူးတွဲတွဲ သာသနာပြုခဲ့ကြပုံ စတဲ့ပုံရိပ်တွေက တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်တွေထက် ပိုပြီး ရုပ်လုံးကြွနေ သလားလို့ပါ ဒီရုပ်လုံးကြွပုံရိပ်တွေကို ဒါရိုက်တာတွေကလည်း အလွတ်ပေးမှာမဟုတ်ပါဘူး။ ဒါက အနုပညာ ရှု့ထောင့်က တွေးကြည်မိတာပါ။
အရှင်သာရိပုတ္တရာရဲ့ စကားတော် မြစ်ဖျားခံရာ လိုက်ကြည့်လိုက်တော့ အရှင်မောဂ္ဂလာန်ကိုပါ ဇာတ်ဆောင်တစ်ပါးအနေနဲ့ ပူးတွဲတွေ့ရပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

သတိပဋ္ဌာန်နှင့် ၀ိပဿနာ

သတိပဋ္ဌာန်ဆိုသည်ကား သတိဖြင့်လျှောက်ရမည့်လမ်းကြောင်းဟု အဓိပ္ပါယ်ရသည်။ သမာဓိကျင့်စဉ်ကိုဖြစ်စေ၊ ပညာကျင့်စဉ်ကိုဖြစ်စေ၊ မည်သည့်ကျင့်စဉ်ကို ကျင့်စေကာမူ သတိဖြင့်သာ ကျင့်သုံးရမည်ဖြစ်သည်။ သတိ၏အဓိပ္ပါယ်ကို အဘိဓမ္မာ-အဋ္ဌကထာ၌ သုံးမျိုးဖွင့်ပြကြသည်။

(၁)စိတ်ကိုတစ်ခုတည်းသောအာရုံ၌ စွဲမြဲစွာထားနိုင်သော သတ္တိအထူးရှိသည်။ (အပိလာပန)
(၂)စိတ်ထဲ၌ ရှုတ်ထွေးခြင်း၊ ထိုင်းမှိုင်းခြင်းတို့ကို ဖယ်ရှား၍ ငုတ်နေသော သဘာဝ လက္ခဏာတို့ကို ဖေါ်ထုတ်နိုင်သော စွမ်းရည်သတ္တိအထူးလည်းရှိသည်။ (အသမ္မောသန)
(၃) စိတ်ကို စောင့်ရှောက်ထိမ်းသိမ်းနိုင်သော သတ္တိအထူးလည်းရှိသည်။ (အာရက္ခ)
>>>ဆက်ဖတ်ရန်>>> >>

အေးဆေးတည်ငြိမ်သူ ဖြစ်လိုလျှင်

မှတ်ဉာဏ်ကောင်းဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ အားငယ်တတ်တဲ့စိတ် တုန်လှုပ်တတ်တဲ့စိတ် နိမ့်ကျတဲ့စိတ်ကို အနိုင်ယူဖို့၊ စိတ်ကြည်လင်ဖို့ စိတ်ကို စိတ်နဲ့မှတ်တဲ့ စိတ္တာနုပဿနာ ကျင့်သုံးပါလို့ ရွှေဥမင် ဆရာတော်ကြီး ဦးကောသလ္လ အရှင်သူမြတ် မိန့်တော်မူတာကို ဖတ်လိုက်ရပါတယ်။
     အဘိဓမ္မာသဘောအရ စိတ်ရဲ့ ဖြစ်တည်မှုဟာ မြစ်ရေစီးသလို ပါပဲ။ တရစပ် ဖြစ်နေပါတယ်။ စိတ်ဖြစ်ချိန် ခဏလေး အတွင်းမှာ စိတ်တစ်ခုပဲ ဖြစ်ပါတယ်။ စိတ်တစ်ခု ချုပ်ငြိမ်းသွားမှ နောက်စိတ်တစ်ခု ဖြစ်ပေါ်ပါတယ်။ တစ်စိတ်ပြီး တစ်စိတ် ဖြစ်ပေါ်နေတဲ့ အစဉ်မှာ ရှေ့စိတ်ကို နောက်စိတ်နဲ့ မှတ်တာကို စိတ္တာနုပဿနာလို့ ခေါ်ပါတယ်။ စိတ်အမူအရာ အားလုံးကို စိတ်နဲ့ ပြန်သိတာ ဖြစ်ပါတယ်။ ပျော်ရင် ပျော်တယ်လို့ သိ၊ စိတ်ညစ်ရင် စိတ်ညစ်တယ်လို့ သိ၊ မနာလိုရင် မနာလိုတာကို သိ၊ ကြောက်ရင် ကြောက်တာကို သိ စသည်ပေါ့။
>>>ဆက်ဖတ်ရန်>>> >>

နတ်လူတို့ ပျက်စီးကြောင်းတရား

အခါတစ်ပါးက မြတ်စွာဘုရားသည် သာဝတ်္ထိပြည် အနာ ထပိဏ်သူဋ္ဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော
ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏။ ထို အခါ နတ်ဗြဟ္မာ အပေါင်းတို့သည်
မြတ်စွာဘုရားထံတော် မှ မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တ၀ါများ၏ ကြီးပွားချမ်းသာကြောင်းများကို သိရှိကြ ရပြီး ထိုမှတစ်ပါး သတ္တ၀ါများ၏ ပျက်စီးဆုတ်ယုတ် ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထို့ကြောင့် မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ် လာရ၏။
     မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့က သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက် ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအ တိုင်း မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါသည်။

>>>ဆက်ဖတ်ရန်>>> >>

လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်

တစ်နေ့သ၌ စာရေးသူသည် နောင်တော်ကြီး ဓုတင်ဆရာတော်ထံ သွားရောက်ဖူးမြင်ခဲ့ရာ မေတ္တာဂရုဏာတရား ကြီးမားလှသော နောင်တော်မထေရ်မြတ်မှ လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်ကို ဤသို့ မိန့်ကြားတော်မူခဲ့ပါသည် ။
         "အလိမ္မာကြီး -သန္တကာယော , သန္တ၀ါစော ,  သန္တမနော - တဲ့ " ကိုယ်ကိုအေးအောင်ထား ၊ နှုတ်ကိုအေးအောင်ထား ၊ စိတ်ကိုအေးအောင်ထား ။ အလုပ်မလောနဲ့ ၊ အပြောမလောနဲ့ ၊ စိတ်မမြန်နဲ့ ၊ ကိုယ်နှုတ်စိတ် သိမ်မွေ့ပါစေ ။ မျက်စိနဲ့စူးစမ်း ၊ နားနဲ့စနည်းနာ ၊ စိတ်နဲ့ဆင်ခြင်ပြီး အရာရာကို သတိရှိပါ ။ ဘာလုပ်လုပ် သုံးသပ်ချက်မှန်မှ ဆုံးဖြတ်ချက်မှန်မယ် ။ ဒါကြောင့် ဆင်ခြင်တုံတရား ရှိပါ ။ စကားပြောလောမကြီးနဲ့ ၊ ငါ့စကားနွားရမလုပ်လေနဲ့ ၊ ဒဏ်သင့်တတ်တယ် ။ စကားပြောမယ်ဆိုရင် ပြောထုံး ၊ လုပ်ထုံး ဆယ်လုံးနှစ်လုံးစီသုံးပါ ။ မြဲမြဲမှတ်သားထား ။ ဖန် ၊ မြေ ၊ ကြွေ ၊ ကော် ၊ ကျောက် ၊ ဘုန်းမတောက် ၊ သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ၊ ဘုန်းမကြီးတဲ့
>>>ဆက်ဖတ်ရန်>>> >>

ဒုလ္လဘရဟန်းဝတ်လျှင် အထူးဆင်ခြင်

ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်သူအမျိုးသားတို့သည် မြန်မာသင်္ကြန် ရုံးပိတ်ရက်တို့၌ ဒုလ္လဘရဟန်း ၀တ်တတ်ကြ၏။ ကုသိုလ်ကောင်းမှုတို့ ဖြည့်ဆည်းကြပေသည်။ အပျော်အပါး အမော်အကြွားတို့ကိုရှောင်ကြဉ်ကာ “အလွန်ရခဲလှသည့် ရဟန်းအဖြစ်ကို ဖြည့်ကျင့်ဦးမှ တော်ပေမည်”ဟူ၍တွေးကာ ဒုလ္လဘရဟန်းဝတ်တတ်ကြသည်။ ရဟန်း အဖြင့်နှင့် နိဗ္ဗာန်ရောက်ကြောင်း ပါရမီအကျင့်ကောင်း၊ အကျင့်မြတ်တို့ကို ထိုသင်္ကြန်ရုံးပိတ်ရက်၊ ခွင့်ရ သည့်ရက်များ၌ အကျိုးရှိအောင် အသုံးချလိုသည့် စေတနာကောင်းဖြင့် ရဟန်းဝတ်ကြခြင်း ဖြစ်၏။
>>>ဆက်ဖတ်ရန်>>> >>

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ……..
>>>ဆက်ဖတ်ရန်>>> >>

သဒ္ဓါ နှင့် ပညာ

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်းပို့စ်လေးကိုဖတ်ပြီး နားမလည်နိုင်မှုတွေ မယုံကြည်မှု တွေနဲ့တစ်ချို့ယုံမှားသံသယတွေ ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်လည်း မိမိသိနားလည်သလောက်လေးနဲ့ အားလုံး အမြင်ရှင်းသွားအောင် ကွန်မန့်လေး ရေးလိုက်  ခြင်းဖြစ်ပါသည်။
တကယ်မသိ အစိတ်အပိုင်း (၁)ခုသာသိတဲ့ ယုံကြည်မှု ကို“သဒ္ဓါ”လို့ ခေါ်ပါတယ်။ ဥပမာ - မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ရုရှားနိုင်ငံတည်ရှိတယ်ဆိုရင် ယုံကြည်ကြမလား? ယုံကြည်ကြမှာပါ ဘာလို့လဲဆိုတော့ ကမ္ဘာမြေပုံ ထဲမှာလေ၊ Google Earth ထဲကြည့်လဲဒီတိုင်းပဲလေ ဆိုတာတွေနဲ့ဖြေကြားမှာပါ။ ဒါဆိုကိုယ်တိုင် စင်္ကြဝဋ္ဌာအပေါ် စီးကနေ မြင်ဖူးပါသလား လို့မေးစရာရှိပါတယ်။ မမြင်ဖူးပါ။ သိပ္ပံပညာရှင်တွေက သာလျင် မှတ်တမ်း မှတ်ရာတွေနဲ့ ရိုက်ကူးထားခြင်းပါ။ တစ်ချို့နေရာလေးတွေမှာ ကိုယ်တိုင်မမြင်ဖူး မသိဖူးတာလေးတွေကို သဒ္ဓါတရားနဲ့ ယုံကြည်ရပါတယ်။ အဲ့လိုယုံကြည်တဲ့ နေရာမှာလဲ မိမိအသိပညာဉာဏ်နဲ့လဲ စဉ်းစားချင့်ချိန်ဖို့လို ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ချစ်တတ်မှ ဖြစ်မယ်

လူတိုင်းလူတိုင်း အချစ်နဲ့ ကင်းသူရယ်လို့ သိတ်မရှိနိုင်ဘူး ထင်ပါတယ်။ ရှိခဲ့ရင်လည်း အနည်း အကျဉ်းပေါ့..။ လူတစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်.. ကြိုက်ကြတယ်။ ဒါဟာ သိတ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ချစ်နေကြတဲ့ အထဲမှာ ချစ်တတ်ဖို့တော့ လိုတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တာတော့ အမျိုးမျိုး ရှိတာပေါ့။ တချို့ ကျလည်း ချစ်ချင်လို့ကို ချစ်တယ်၊ တစ်ချို့ကျလည်း မျှော်လင့်ချက်နဲ့ ချစ်ကြတယ်၊ တစ်ချို့ ကျလည်း တဏှာကို အရင်းခံ ပြီးတော့ ချစ်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အချစ်ချစ်ပေါ့.. ချစ်တတ်ဖို့ အဓိက ကျပါတယ်..။ အချစ် သုံးမျိုး ရှိပါတယ်။ (၁) ချစ်သူအချစ် (၂) မိသားစုအချစ် (၃) ပါရမီအချစ် ပါ။ ချစ်သူ အချစ်ဆိုတာတော့ မိန်းမနဲ့ ယောက်ျား အပြန်အလှန် ချစ်ကြတဲ့ အချစ်ပါ။ မိသားစု အချစ် ဆိုတာကတော့ မိဘနဲ့ သားသမီး၊ ညီနဲ့ အစ်ကို၊ မောင်နဲ့ နှမ စသည်တို့ မိသားစု အချင်းအချင်း ချစ်ကြတဲ့ အချစ်ပါ။ ပါရမီအချစ် ဆိုတာကတော့ သူတစ်ပါးတို့ရဲ့ အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့ အချစ်ပါ။ ပါဋ္ဌိလိုဆိုရင်တော့ တဏှာပေမရယ်၊ ဂေဟသိတ ပေမရယ်၊ မေတ္တာပေမရယ်ပါ။
>>>ဆက်ဖတ်ရန်>>> >>

ဆရာတော်ဦးဇောတိက၏ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာသက်သာအောင်အကောင်းဆုံးလုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကိုလွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှ မတည်နိုင်တဲ့အခါ စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့ အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
>>>ဆက်ဖတ်ရန်>>> >>

ရေနဲ့ခွက်

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ထဲရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာဆီကို သွားလည်ကြပါတယ်။ ဆရာလည်း တပည့်တွေကိုတွေ့ရတာ ၀မ်းသာအားရ ဖြစ်နေရှာ ပါတယ်။
ဆရာနဲ့ စကားလက်ဆုံပြောရင်း တပည့်တွေက သူ့တို့ရဲ့ လုပ်ငန်းခွင်နဲ့ဘ၀မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်း ညည်းညူကြပါတယ်။ ဆရာက ပြုံးရုံပဲ ပြုံးပြီး မီးဖိုထဲကနေ ပုံစံမျိုးစုံနဲ့ ခွက်တွေကို သွားယူလာပါတယ်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ရိုးရိုးခွက်၊ ဈေးကြီးပြီး ရှားပါးတဲ့ခွက် စတဲ့ခွက်မျိုးစုံပေါ့။ ဆရာက တပည့်တွေကို ကိုယ့်ဘာသာ ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ရေနဲ့ခွက်

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ထဲရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာဆီကို သွားလည်ကြပါတယ်။ ဆရာလည်း တပည့်တွေကိုတွေ့ရတာ ၀မ်းသာအားရ ဖြစ်နေရှာ ပါတယ်။
ဆရာနဲ့ စကားလက်ဆုံပြောရင်း တပည့်တွေက သူ့တို့ရဲ့ လုပ်ငန်းခွင်နဲ့ဘ၀မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်း ညည်းညူကြပါတယ်။ ဆရာက ပြုံးရုံပဲ ပြုံးပြီး မီးဖိုထဲကနေ ပုံစံမျိုးစုံနဲ့ ခွက်တွေကို သွားယူလာပါတယ်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ရိုးရိုးခွက်၊ ဈေးကြီးပြီး ရှားပါးတဲ့ခွက် စတဲ့ခွက်မျိုးစုံပေါ့။ ဆရာက တပည့်တွေကို ကိုယ့်ဘာသာ ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ရေနဲ့ခွက်

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ထဲရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာဆီကို သွားလည်ကြပါတယ်။ ဆရာလည်း တပည့်တွေကိုတွေ့ရတာ ၀မ်းသာအားရ ဖြစ်နေရှာ ပါတယ်။
ဆရာနဲ့ စကားလက်ဆုံပြောရင်း တပည့်တွေက သူ့တို့ရဲ့ လုပ်ငန်းခွင်နဲ့ဘ၀မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်း ညည်းညူကြပါတယ်။ ဆရာက ပြုံးရုံပဲ ပြုံးပြီး မီးဖိုထဲကနေ ပုံစံမျိုးစုံနဲ့ ခွက်တွေကို သွားယူလာပါတယ်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ရိုးရိုးခွက်၊ ဈေးကြီးပြီး ရှားပါးတဲ့ခွက် စတဲ့ခွက်မျိုးစုံပေါ့။ ဆရာက တပည့်တွေကို ကိုယ့်ဘာသာ ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်ပါတယ်။

တပည့်တွေအားလုံး ရေတယောက်တခွက်စီ ရပြီးတဲ့အချိန်မှာ ဆရာက “သတိထားမိကြလား။ ခွက်တွေထဲက ဈေးကြီးတဲ့ လှတဲ့ ခွက်တွေကိုချည်းပဲ အားလုံးက ရွေးယူသွားပြီး ကျန်တဲ့ပုံစံရိုးရိုးနဲ့ ဈေးပေါပေါခွက်တွေကို ထားခဲ့ကြတယ်။ ကိုယ့်အတွက် အကောင်းဆုံးကိုပဲ လိုချင်ကြတာ သဘာဝပါ။ ဒါပေမယ့် အဲဒါကိုက မင်းတို့ပြောတဲ့ ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အရင်းအမြစ်ပဲ။ မင်းတို့ တကယ်လိုချင်တာက ရေပဲလေ။ ခွက်မှ မဟုတ်တာ။ ဒါပေမယ့် အားလုံးက မသိစိတ်နဲ့ ပိုကောင်းတဲ့ခွက်တွေကိုပဲ ရွေးယူမိကြတယ်။”
“ဘ၀မှာလည်း ဒီလိုပဲ။ ဘ၀က ရေနဲ့တူပြီး အလုပ်တို့ ငွေကြေးတို့ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက နေရာတစ်ခုတို့ ဆိုတာတွေက ခွက်တွေနဲ့တူတယ်။ သူတို့ဟာ ဘ၀ကို ထိန်းသိမ်းထောက်ပံ့ဖို့အတွက် အထောက်အကူပြုပစ္စည်းတွေ သက်သက်ပဲ။ သူတို့ကြောင့် ဘ၀ရဲ့ အနှစ်အရသာက ပြောင်းလဲမသွားပါဘူး။ ဒါကြောင့် ခွက်တွေအပေါ်မှာပဲ အမြဲတမ်းအာရုံစိုက်နေရင် အထဲမှာရှိတဲ့ ရေရဲ့အနှစ်သာရကို ခံစားဖို့ အချိန်ရလိုက်မှာ မဟုတ်ဘူး... ”
>>>ဆက်ဖတ်ရန်>>> >>

ရေနဲ့ခွက်

အရွယ်ရောက်ပြီး လုပ်ငန်းခွင်ထဲရောက်နေပြီဖြစ်တဲ့ သူငယ်ချင်းတစ်စုဟာ သူတို့ရဲ့ တက္ကသိုလ်တုန်းက ဆရာဆီကို သွားလည်ကြပါတယ်။ ဆရာလည်း တပည့်တွေကိုတွေ့ရတာ ၀မ်းသာအားရ ဖြစ်နေရှာ ပါတယ်။
ဆရာနဲ့ စကားလက်ဆုံပြောရင်း တပည့်တွေက သူ့တို့ရဲ့ လုပ်ငန်းခွင်နဲ့ဘ၀မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ အကြောင်း ညည်းညူကြပါတယ်။ ဆရာက ပြုံးရုံပဲ ပြုံးပြီး မီးဖိုထဲကနေ ပုံစံမျိုးစုံနဲ့ ခွက်တွေကို သွားယူလာပါတယ်။ ကြွေခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ရိုးရိုးခွက်၊ ဈေးကြီးပြီး ရှားပါးတဲ့ခွက် စတဲ့ခွက်မျိုးစုံပေါ့။ ဆရာက တပည့်တွေကို ကိုယ့်ဘာသာ ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်ပါတယ်။

တပည့်တွေအားလုံး ရေတယောက်တခွက်စီ ရပြီးတဲ့အချိန်မှာ ဆရာက “သတိထားမိကြလား။ ခွက်တွေထဲက ဈေးကြီးတဲ့ လှတဲ့ ခွက်တွေကိုချည်းပဲ အားလုံးက ရွေးယူသွားပြီး ကျန်တဲ့ပုံစံရိုးရိုးနဲ့ ဈေးပေါပေါခွက်တွေကို ထားခဲ့ကြတယ်။ ကိုယ့်အတွက် အကောင်းဆုံးကိုပဲ လိုချင်ကြတာ သဘာဝပါ။ ဒါပေမယ့် အဲဒါကိုက မင်းတို့ပြောတဲ့ ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အရင်းအမြစ်ပဲ။ မင်းတို့ တကယ်လိုချင်တာက ရေပဲလေ။ ခွက်မှ မဟုတ်တာ။ ဒါပေမယ့် အားလုံးက မသိစိတ်နဲ့ ပိုကောင်းတဲ့ခွက်တွေကိုပဲ ရွေးယူမိကြတယ်။”
“ဘ၀မှာလည်း ဒီလိုပဲ။ ဘ၀က ရေနဲ့တူပြီး အလုပ်တို့ ငွေကြေးတို့ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက နေရာတစ်ခုတို့ ဆိုတာတွေက ခွက်တွေနဲ့တူတယ်။ သူတို့ဟာ ဘ၀ကို ထိန်းသိမ်းထောက်ပံ့ဖို့အတွက် အထောက်အကူပြုပစ္စည်းတွေ သက်သက်ပဲ။ သူတို့ကြောင့် ဘ၀ရဲ့ အနှစ်အရသာက ပြောင်းလဲမသွားပါဘူး။ ဒါကြောင့် ခွက်တွေအပေါ်မှာပဲ အမြဲတမ်းအာရုံစိုက်နေရင် အထဲမှာရှိတဲ့ ရေရဲ့အနှစ်သာရကို ခံစားဖို့ အချိန်ရလိုက်မှာ မဟုတ်ဘူး... ”
>>>ဆက်ဖတ်ရန်>>> >>

တရားထိုင်ခြင်း

တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။
စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ကဆုန် ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။ အဲဒီလိုပဲ စိတ်က နွား၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုက တိုင်ငုတ်၊ သတိက ကြိုးပေါ့။
>>>ဆက်ဖတ်ရန်>>> >>

ဗေဒင်

ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင့် အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ့ ။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန့် ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
နမ္မား ၊ ကချင်ပြည်နယ်
ကံတရားနဲ့ ဗေဒင်လက္ခဏာပညာ ရဲ့ အားပြိုင်ပွဲ လို့ သဘောထားပြီး လေ့လာကြရအောင်။
(၁) ဗေဒင် ပညာ ရဲ့ မှန်ကန်မှု ။
ဒီပညာကဟောနိုင်တာက ကာလ(၃)ရပ် (၀ါ) အတိတ်ဖြစ်ရပ်တွေ ၊ လက်ရှိနဲ့ အနာဂတ်ဖြစ်ရပ်တွေ ၊ စိတ်နေသဘောထား (ပေါင်းသင်းဆက်ဆံရေး ) နဲ့ ကျန်းမာရေး ၊ ပညာရေး ၊ အချစ်မေတ္တာရေး စတာတွေ ဖြစ်ပါမယ်။
ဒီပညာတွေ မှာ လွဲမှားနိုင်တဲ့ အချက် (၂) ချက်ရှိပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ညတစ်ညထက်က အိုမိခင်

အူဝဲဆိုတဲ့ အသံနဲ့အတူ ကျွန်တော် လန့်နိုးလာတယ်။ ကြည့်လိုက်မှ ခြေရင်းကုတင်မှာ မွေးခါစကလေး လေးနဲ့ မိခင်တစ်ယောက်။ သတိရပါပြီ၊ ကျွန်တော် ဆေးရုံမှာ လူနာစောင့် လုပ်နေတာပဲလို့။ ကျေးလက် ဆေးခန်း ခေါ်မလား၊ တိုက်နယ် ဆေးရုံခေါ်မလား၊ မကြီးလွန်းတဲ့ ဆေးရုံလေးမှာ လူနာများကလည်း အမျိုးသမီး၊ အမျိုးသား ရောပြွန်းလျှက်ပေါ့။ ပြန်အိပ်မပျော်သေးလို့ အတွေးနယ်ကျွံမယ်ကြံတုန်း အူဝဲအသံ သုံးလေးသံဟာ မြိုင်မြိုင်ဆိုင်ဆိုင် ထပ်ကာ ပေါ်လာပါတော့တယ်။ အစတော့ အိပ်ချင်စိတ်နဲ့ နိုးထလာတာဆိုတော့ အော်ငိုနေတဲ့ ကလေးတွေကို စိတ်ထဲမကျေနပ်သလိုဖြစ်မိသား။ နောက်မှ အသေချာ တွေးမိပါတယ်။ စေ့စေ့တွေးတော့ ရေးရေးပေါ် ဆိုသလိုပေါ့။ မိခင်မေတ္တာကိုပြောတာပါ။
>>>ဆက်ဖတ်ရန်>>> >>

အညတရပန်း

ပတ်ဝန်းကျင်မှာ ပန်း ဆိုတာနဲ့ မိမိတို့နဲ့ အမည်နာမ အားဖြင့် ရင်းနှီးပြီးသော ပန်းအမည်တွေ၊ သဏ္ဍာန် တွေ သူတို့ရဲ့ ရနံ့တွေ၊ လှပပုံတွေကို ပြေးမြင်ကြပါတယ်။ ပန်းလေးတွေ တိုင်းမှာလည်း သူ့အလှ၊ သူ့ရနံ့၊ သူ့ အဆင်းသဏ္ဍာအားဖြင့် ကွဲပြားပေမယ်လို့ လူတိုင်း မြတ်နိုးတတ်ကြစမြဲပါ။ မြတ်နိုးလွန်းလို့လည်း မိမိတို့ရဲ့ ကိုး ကွယ်လဲလျောင်းရာ ရတနာသုံးပါးကို ပန်းဖြင့် ပူဇော်ကြလေ့ ရှိတာပါပဲ။ မိန်းခလေးများဆို မိမိတို့ အမြတ်တနိုး ရှိလှတဲ့ ဆံကေသာထက်မှာ ဆင်မြန်းလေ့လည်း ရှိကြပါတယ်။ ရှေးစာများမှာလည်း ပန်းတို့၏ တင့်တယ်ပုံ၊ မွှေးပျံ့ပုံတို့ကို စာအမျိုးမျိုးနဲ့ ဖွဲ့နွဲ့ခဲ့ကြပါတယ်။ လောကီ၊ လောကုတ္တရာအားဖြင့်လည်း ပန်းတို့၏ ဂုဏ်သတ္တိများဖြင့် ခိုင်းနှိုင်း ဥပမာပေးလေ့ရှိကြပါတယ်။ သို့ပေမယ့် အားလုံးတို့သည် ၀ိသေသအားဖြင့် ထင်ရှားသော ပန်းတို့ကိုသာ ဂရုတစိုက် ရှိကြသည်ကများပါတယ်။ လမ်းဘေး သို့မဟုတ် အလေ့ကျ ပေါက်သော ဝိသေသအားဖြင့် မထင်ရှားသော ပန်းတို့ကိုတော့ ဂရုတစိုက်မရှိသလို၊ သူတို့ရဲ့ လှပမှုကိုလည်း မမြင်တတ်ကြပေ။ မြင်တတ်ကြသူလည်း ရှားပါးလှပါတယ်။ ကိုယ့်ပတ်ဝန်းကျင်တွင် ရှိနေသော်လည်း မတွေ့မိကြပါ။
>>>ဆက်ဖတ်ရန်>>> >>

ချစ်သူကို တရားဟောပါ ရဝေနွယ်(အင်းမ)

     မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။
    တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
    “အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
    ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”
    သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

သိကြားမင်းနှင့်သာသနာ

သိကြားတိုင် တေးထပ်
စည်းစိမ်တော် ယစ်မူးလို့ ၊ မဖြစ်ဘူး ဣန္ဒာ၊ ကသစ်ဦး သိင်္ဂါမှာ၊ အလိမ္မာ လွန်အား။ ရွှေငါးသန်း နှစ်ကုဋေမှာ အဖျော်ဖြေ ကြူးရော့ သလား။   ။ ဘယ်သူ့ကမှ မမှုလာတယ်၊ ကရုဏာ တရား၊ လူ့ရွာကို ရှုပါငြား မယ်လို့၊ ဘုရားကို သူဝါ။ အင်ကြင်းမြိုင် ကုဿိန်နန်း မှာလ၊ စာတမ်းထိုး လျက်ရှိပါ။   ။ကောဝိဠ သမီပါ၊ အို ..ဣန္ဒာ သိကြားငဲ့၊ ဘုရား ကိုးကွယ်မှန်၊ ဆင်းခဲ့ မြန်မြန်၊ ထောင်စက္ခု မှိန်ခဲ့ပြန်လျှင်၊ စိန်မျက်မှန် ဆက်အုံးမယ် ပလေး။
ကဗျာဆရာကြီး စလေ ဦးပုည သိကြားမင်း လူ့ပြည်ကို မကြည့်ဘဲ မေ့လျော့ နေကြောင်းနှင့် အထက်ပါ ငေါ့တော့တော့ အဓိပ္ပါယ် ရှိသည့် သိကြားတိုင် တေးထပ်ကို ရေးစပ်ခဲ့သည်။ “ အို - သိကြားမင်း - ယခုအချိန်တွင် သင်သိကြားမင်း အဖို့ စည်းစိမ် ယစ်နေ၍ မဖြစ်ပါ၊ ပင်လယ် ကသစ်ပင်ဦးရှိ ဝေဇယန္တာ ရွှေပြာသာဒ်ကြီး ပေါ်၌ ဖျော်ဖြေမှုတွင် လိမ္မာ ကျွမ်းကျင်လှသည့် နှစ်ကုဋေ ငါးသန်းသော ဒေဝစ္ဆရာနတ် ကညာခြွေတို့၏ ဖျော်ဖြေမှုဝယ် ယစ်မှုးနေလေ သလားမသိ၊ သင် သိကြားမင်းသည် လူပြည် လူ့ရွာ၏ အရေးအရာ တို့ကို အနည်းငယ်မှ ဂရု မပြုပါလေ၊ သနားခြင်း၊ ကရုဏာ တရားဖြင့် ထာဝစဉ် လူ့ရွာ လူ့ပြည်ကို ကြည့်ရှု စောင့်ရှောက် ပါမည်ဟု မြတ်စွာ ဘုရားကို သင်လျောက်ထား ခဲ့ခြင်းသည် လိမ်ညာ၍ လျှောက်ထား ခဲ့ခြင်း ဖြစ်လေယောင် တကား၊ ကုသိနာရုံ အင်ကြင်းစုံတွင် သင် လျှောက်ထားခဲ့ပုံ တို့ကိုကား ပြက်ပြက် ထင်ထင် စာတမ်းတင်၍ ရှိနေပါသည်၊
>>>ဆက်ဖတ်ရန်>>> >>

“ထမင်းစားရင်း ပါရမီဖြည့်မယ်” ရဝေနွယ်(အင်းမ)

       မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။ အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာ ပါတယ်။ ဒါကြောင့် တရားအားထုတ်လို့ မရတော့ပါဘူး။ နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကို  မြတ်စွာ ဘုရားကို သွားလျှောက်ပြပါတယ်။
      ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ “ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ”လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။
      အညတရ ရဟန်းကလည်း “ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။ ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။ လယ် ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ကျေးဇူးပြု၍ အမျှဝေပါ

တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေး မျိုးမှာ ဖြစ်ပါတယ်။ ဘုရား အလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။ မိဘတွေ ကွယ်လွန် တော့ ညီအစ်ကို နှစ်ယောက် စီးပွား ရေးကို အတူတူ လုပ်ကြပါတယ်။
        တစ်နေ့မှာတော့ ညီအစ်ကို နှစ်ယောက် ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ ပါတယ်။ မြစ်ဆိပ်တစ်ခု ရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။

       ဘုရားအလောင်းက ထမင်း စားကြွင်းတွေကို ငါးလိပ်တွေကိုကျွေးပြီး "ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ် အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးဝေ လိုက်ပါတယ်။ မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်း စည်းစိမ်တွေ တစ်ဆင့်တိုးသွားပါတယ်။  သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ် ဆိုတာလည်း သိလိုက်ရ ပါတယ်။ ဘုရားအလောင်း ကတော့ အမျှဝေပြီးး သဲသောင်ပြင်မှာ ပုဆိုးခင်း အိပ်နေလိုက်ပါတယ်။      
>>>ဆက်ဖတ်ရန်>>> >>

ဘုရားဟောသော ပိန်နည်း

မြတ်စွာဘုရား  လက်ထက်တော်က  ပသေနဒီကောသလ မင်းကြီးဟာ  ဆန်တစ်စိတ်   (လေးပြည်) ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။   ဟင်းကိုလည်း     ဆန်တစ်စိတ်ချက်နဲ့  ညီမျှအောင်   စီစဉ်ပေးရ ပါတယ်တဲ့။    တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း   မြတ်စွာဘုရား  ဆီထွက်ခဲ့ပါတယ်။  မြတ်စွာဘုရား ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက် နေပါတော့တယ်  ဒီတော့ မြတ်စွာဘုရားက “မင်းကြီး.... ထမင်းစားပြီး အပန်းလေးမဖြေခဲ့  ဘူးလား”လို့ မေးတော် မူပါတယ်။ ပသေနဒီ ကောသလ မင်းကြီးကလည်း   “မှန်ပါဘုရား  အပန်းမဖြေခဲ့ ပါဘူးဘုရား၊ တပည့်တော်မှာ  ထမင်းစားပြီးတိုင်း   ဒီလိုဒုက္ခ ကြုံရပါတယ် ဘုရား”လို့   ပြန်လျှောက်တော့    မြတ်စွာ ဘုရား ကလည်း  “ဟုတ်တယ် မင်းကြီး အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။  အစားကြူးတဲ့ သူဟာ အနိစ္စ  ဒုက္ခ  အနတ္တ  တရားတွေကို နှလုံးမသွင်းနိုင်ဘူး၊  နှလုံးမသွင်းနိုင်ရင်   အိုလို့မဆုံး နာလို့ မဆုံး သေလို့မဆုံး ဖြစ်ရတယ်” လို့ဟောပြ  ပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာစား တဲ့အခါ အတိုင်းအရှည်ကို သိဖို့   ဂါထာလေး  တစ်ပုဒ်ဟောပြ ပေးပါတယ်။
>>>ဆက်ဖတ်ရန်>>> >>

ကြွေလွင့်သွားသော သစ်ရွက်များ

ယာဝဒေ၀ အနတ္တာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုကံ္ကတံ၊ မုဒ္ဓမဿ ၀ိပါတယံ။
      သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ် ကို ပြတ်ကျစေတတ်၏။ (ဗာလ၀ဂ်- ဓမ္မပဒ)
      တစ်ခါတစ်ရံမှာ အခြားသူတစ်ဦးကို အပြစ်ပြောလိုက်ချင်ပေမယ့် အပြစ်တင်ထိုက်တဲ့သူဟာ ဘယ်သူလဲ ဆိုတာကို စဉ်းစား မရခဲ့တာနဲ့ပဲ ကြုံခဲ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပြစ်ကင်းပါတယ်လို့ ဆိုလို့မရနိုင်အောင် ကျွန်တော် အတွင်းစိတ်က သိနေတာကြောင့်ပဲထင်ပါတယ်။ ဒီတော့ အပြစ်ရှာမကြည့် ချင်တော့ဘူး။ အပြစ်ရှာကြည့် ရင် အပြစ်တွေ့ နေဦးမယ်။ လိုချင်တာ အပြစ်မဟုတ်ဘူး။ လိုချင်တာက အဖြေ။ ဒါကြောင့် အဖြေရှာကြည့်ရအောင်ပါ။ အဖြေတွေ့လို တွေ့ငြားပေါ့။
>>>ဆက်ဖတ်ရန်>>> >>

အကုသိုလ် နှင့် ပန်းတိုင် - ရဝေနွယ်(အင်းမ)

    တစ်ခါတုန်းက အလွန်လှတဲ့ ဗာရာဏသီမင်းတစ်ပါး ရှိပါတယ်။ သူ့ကိုမြင်လိုက်ရ တဲ့သူတွေဟာ ထပ်ခါထပ်ခါ ပြန်ကြည့်ချင်စိတ် ဖြစ်ကြရပါတယ်တဲ့။ တစ်နေ့တော့ ဗာရာဏသီမင်းဟာ မြို့ထဲကို လှည့်လည် ပါတယ်။ တစ်နေရာ အရောက်မှာတော့ သူဋ္ဌေး တစ်ယောက်ရဲ့ မယားက လေသာ ပြတင်းပေါက်ကနေ မင်းကို ရပ်ကြည့် နေပါတယ်။ မင်းလည်း ရပ်ကြည်နေတဲ့ အမျိုးသမီးကို မြင်ပြီးတပ်မက်တဲ့ ရာဂစိတ် တွေဖြစ်သွား ပါတယ်။ ဒီတော့ အမတ်တစ်ယောက်ကို ခေါ်ပြီး “အဲဒီမိန်းမမှာ ယောက်ျား ရှိမရှိ” စုံစမ်း ခိုင်းပါတယ်။ အမတ်ကလည်း စုံစမ်းပြီး ယောက်ျားရှိကြောင်း ပြန်လျှောက်ပြပါတယ်။ မင်းဟာဖြစ်နေတဲ့ တပ်မက်စိတ်တွေကို ကြည့်ပြီး “ငါဟာ နတ်သမီးတွေလို လှနေတဲ့ မောင်းမမိဿံ နှစ်သောင်း အလယ်မှာ တစ်ယောက်တည်း အလိုရှိသလို ပျော်မွေ့နေတယ်။ ဒီမိန်းမ နှစ်သောင်းနဲ့ ရောင့်ရဲခြင်း မရှိဘဲ သူတစ်ပါး မယားအပေါ်မှာ ရာဂစိတ်တွေ ဖြစ်လိုက် သေးတယ်၊ ဒီတဏှာ ရာဂဟာ အပါယ်ကို ဆွဲချလိမ့်မယ်” လို့ တဏှာရာဂ အပြစ်ကို ဉာဏ်နဲ့ ကြည့်ပါတယ်။ ဗာရာဏသီမင်းက ဆက်ပြီး “ငါ ဒီတဏှာရာဂကို အခုပဲရှင်းပစ် မယ်” ဆိုပြီး မင်းအဖြစ်ကိုစွန့်ပြီး ရဟန်းပြု လိုက်ပါတယ်။ ရဟန်းဘဝနဲ့ပဲ ဝိပဿနာတရား ကိုကြိုးကြိုးစားစား အားထုတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။
>>>ဆက်ဖတ်ရန်>>> >>

ကိုယ့်အသေ ကိုယ်ကြည့်

“သူများ အသေ အသုဘကို မြင်ဘူးတွေ့ဖူးကြမည် ကိုယ့်အသေ အသုဘကို မြင်အောင်ကြည့်လော ရှု့လော့”
“ဝိပဿနာ အားထုတ်တာ တရားကျင့်နေတာမဟုတ်ဘူး။ ကိုယ့်အသေကိုယ် မြင်အောင်ကြည့်နေတာ”
“မိမိရဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်ဖြတ်နိုင်မှ ဝေဒနာ နိယောဓာ တဏှာနိယောဓော တဏှာသေမည် တဏှာနိယောဓော နိဗ္ဗာန် ချမ်းသာရမည်”

သုံးပါး ဝေဒနာ အလှည့်ကျဖြင့် ငါတို့အသက်ရှင်နေစဉ်မှာ.
သုခဝေဒနာ ဖြစ်ပျက်မမြင် လောဘမသေ
ဒုက္ခဝေဒနာ ဖြစ်ပျက်မမြင် ဒေါသမသေ
ဥပေက္ခာဝေဒနာ ဖြစ်ပျက်မမြင် မောဟမသေ
ဆက်ပေအုံးမယ် တဏှာဆီ..
    ဓမ္မမိတ်ဆွေတို့..
>>>ဆက်ဖတ်ရန်>>> >>

စံပြုထိုက်စွာ မြတ်ဆရာ

၁။ ပညာရေးသည် အဓိက
မန္တလေးမြို့ အနောက်ပြင် မစိုးရိမ်တိုက်သစ် ဆရာတော်ထံ ပညာရည်နို့ သောက်စို့ရန် သွားရောက်လျှောက်ထားသောအခါ ဆရာတော်သည် “နေစရာ မရှိဘူး၊ လှေခါးတက်မှာ အိပ်နိုင်လား”ဟု မေးပါသည်၊ ထိုအခါ မိမိသည် အိပ်နိုင်ကြောင်း လျှောက်ထားပြီး နောက်နေ့မှစ၍ မစိုးရိမ်တိုက်သစ် ဆရာတော်ထံ၌ ၁၀-နှစ်ထိ ပညာရည်နို့ သောက်စို့ နေထိုင်ခဲ့ပါသည်။
ဆရာတော်သည် ပညာရည်နို့ သောက်စို့သည့်အခါ နေရာရရေးသည် အဓိကမဟုတ် ပညာရရေးသည်သာ အဓိကဖြစ်ကြောင်း မိန့်ဆိုလိုရင်း ဖြစ်ပေသည်။
ဆရာတော်သည် ရောက်လာကြသော စာသင်သားများကို ဒီပုဂ္ဂိုလ် တကယ် စာလိုချင် မလိုချင် သိရအောင်ဆိုသည့်သဘောဖြင့် နေ့စဉ်နေ့တိုင်း စာဝါကို ဆိုခိုင်းပြီး လေ့လာနေလေ့ရှိပေသည်၊ စာဆိုခိုင်းလို့ အဆင်မပြေလျှင်ကား ခေါင်းကို ဖနောင့်နဲ့ ပေါက်လေတော့သည်။ ၇-ရက်လောက် စာဝါဆိုခိုင်းပြီး တကယ်လိုချင်သည့်ပုဂ္ဂိုလ်, ဒဏ်ခံနိုင်သည့် ပုဂ္ဂိုလ်တို့သည် ဆက်လက်၍ မြဲသွားကြပေသည်၊ မလိုချင်သည့် ပုဂ္ဂိုလ်၊ ဒဏ်မခံနိုင်သည့် ပုဂ္ဂိုလ်တို့သည် ၇-ရက်အတွင်းမှာ ပြန်ပြေးကြပေသည်။
>>>ဆက်ဖတ်ရန်>>> >>

သူ့ကျေးဇူး

“နောက်ဆုံးတော့ သူ့ကျေးဇူးပေါ့...။ သူ့ကျေးဇူးက သိပ်ကြီးတာ၊ သာသနာမှာမြဲပြီး တော်တော်ကို ဒုက္ခအေးသွားတာ သူ့ကျေးဇူးပဲ”
 ကျောင်းထိုင် ဆရာတော်ကြီးနှင့် အာလာပသလ္လာပ စကားလျှောက်ထား ပြောကြား၍ မဆုံးသေးမီမှာပင် လှူစရာ ပစ္စည်းဝထ္ထုများနှင့် ဒကာမကြီးနှစ်ဦး ရောက်လာသဖြင့် အာဂန္တု ဦးပဉ္စင်းကလေး ဦးဂုဏသည် မသိမသာ ဆရာတော်ကြီး အပါးမှ ခွာ၍ ဆင်းလာခဲ့လေသည်။
ဦးဂုဏသည် တောင်ပိုင်းရှမ်းပြည်နယ်၏ မြို့တစ်မြို့မှ သာမန်
ဓမ္မာစရိယ စာချ ရဟန်းတော်ကလေး တစ်ပါးသာ ဖြစ်လေသည်။ ဆောင်းရာသီ၏ လတစ်လတွင် ရန်ကုန်မြို့သို့ ဆင်းလာခဲ့ပြီး မိတ်ဆွေ ရဟန်းတော်များရှိရာ ကျောင်းတိုက်များ၌ တည်းခို၍ ဘုရားဖူးကာ ထိုမှတစ်ဆင့် မြစ်ဝကျွန်းပေါ်မြို့များဆီသို့ ခရီးဆက်ခဲ့သည်။ ယခု ဤမြို့သို့ရောက်၍ ခေတ္တ တည်းခိုရန် သာယာသောကျောင်းကြီးသို့ ၀င်ရောက်ပြီး လျှောက်ထား ပြောဆိုနေခိုက် အလှူအတန်းနှင့် ရောက်လာကြသော ဒကာမကြီးများကို မြင်၍ အလိုက်သိစွာ ရှောင်ထွက်လာခဲ့ခြင်းပင် ဖြစ်၏။
>>>ဆက်ဖတ်ရန်>>> >>

မပျင်းလုံ့လ အားထုတ်ကြ

ဗာဟုသစ္စဉ္စ သိပ္ပဉ္စ- ဗဟုသုတနှင်ပြည့်စုံခြင်းသည် မင်္ဂလာတစ်ပါး”ဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူ ခဲ့၏။ ထို့ကြောင့် ဗဟုသုတတိုးပွားအောင် ဆည်းပူးလေ့လာခြင်းဖြင့် ကောင်းမွန်သောအကျင့်ကို ပျိုးထောင်အပ်၏။ ပျင်းနေလို့ မတော်ပေ။ ပျင်းလျှင် ဖျင်းမည်။ ဖျင်းလျှင် ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်မည်။ ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်လျှင် ဘေးကိုရောက်မည်။ ဘေးကိုရောက်ပြီးနောက် မြောင်းထဲကျသွားကာ လုံးဝ သုံးမရဖြစ်ပြီး လူ့ဘ၀ရကျိုးမနပ်ဘဲ ဘ၀နိဂုံးချုပ်ရပေမည်။ ထို ဒဿနလေးသည် ဆရာတော် အရှင်အာစာရာ လင်္ကာရ(ကိုးဘွဲ့ရဆရာတော်)၏ “ပ-ဖ-ဗ-ဘ-မ” ဒဿနလေးပဲဖြစ်ပါသည်။

အရာရာအောင်မြင်ဖို့ဆိုသည်မှာ ထက်သန်သောဝီရိယရှိဖို့လိုအပ်၏။ “၀ီရိယ ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ”- ၀ီရိယရှိသောသူအတွက် မအောင်မြင်သည့်အရာဟူသည် မရှိပေ။ ထို့ကြောင့် အောင်မြင်လိုလျှင် ၀ီရိယ အရင်းခံရပေမည်။ ထက်သန်သောဝီရိယတရားရှိခြင်းသည် အောင်မြင်မှု၏သော့ချက်ဖြစ်၏။ ဆရာဝန်ဖြစ်လို လျှင် ဆရာဝန်ဖြစ်အောင် အားထုတ်ရမည်။ အင်ဂျင်နီယာဖြစ်လိုက အင်ဂျင်နီယာဖြစ်အောင် ၀ီရိယစိုက်ရပေ မည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါအနန္တအပေါ်တွင် မဟာကရုဏာတော်ဖြစ်ကာ လမ်းမှန်ကိုညွှန်ပြနိုင်သည့် ဘုရားအဖြစ်သို့ ရောက်လိုသောကြောင့် ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပေသည်။ ဘုရားဖြစ်ဆေးစား၍ မဟုတ်။ ဓာတ်လုံးသောက်ပြီး ဘုရားဖြစ်ခဲ့ခြင်းလည်း မဟုတ်။ လေးအင်္သေချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်သွေးချွေးပေးဆပ်ပြီး ပါရမီတော်ဆယ်ပါးကို အပြားသုံးဆယ်ဖြင့် ဖြည့်ကျင့်အားထုတ် ၀ီရိယအမြဲမပြတ် စိုက်ထုတ်ခဲ့ရခြင်းဖြစ်၏။

>>>ဆက်ဖတ်ရန်>>> >>

ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာကောင်းအစဉ်မွေးပါ

စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။ 

အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမု ပြုကြရပါမည်။ Globalization ကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။ “ဂျင်းစိမ်းနှင့်မဿလင်- သူကြင်မှ ကိုယ်ကြင်”မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲ တွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါ လျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။
>>>ဆက်ဖတ်ရန်>>> >>

သားနှင့်အမေ


“ဟေမာရေ၊ မင်းတော့ သားအစား ရပြီပေါ့ကွယ်” ကျောင်းမှ ပြန်လာသော ဦးသိင်္ခသည် အိမ်ပေါ်သို့ ရောက်လျှင် ရောက်ချင်းပင် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေဟန်ရှိသော ဒေါ်ဟေမာအား အော်၍ ပြောလိုက်လေသည်။ “ဘယ်လိုတုံး ကိုသိင်္ခရဲ့” ဒေါ်ဟေမာက နောက်သို့ လှည့်မကြည့်နိုင်သေးဘဲ အလုပ် လုပ်နေရာမှ အသံပြုလိုက်သည်။“အခုပဲ ငါ ကျောင်းရောက်ခဲ့သလေ၊ ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်တယ်။ ဒီဝါတွင်း ဒီကျောင်းမှာ ၀ါဆိုမယ် ဆိုပဲ။ ဒါနဲ့ တိုက်အုပ်ကိုယ်တော်က ငါရောက်သွားတော့- “ဒကာကြီး ကျောင်းမှာ ဒီဝါတွင်း အာဂန္တုကိုယ်တော်တစ်ပါး ဝါကပ်လိမ့်မယ်၊ ဒကာကြီး သွားတွေ့ပါဦး” ဆိုလို့ ငါ အာဂန္တုကိုယ်တော်ကို သွားတွေ့ခဲ့တယ။် အမယ် ရှင်မရေ... တို့သားဦးပဉ္ဇင်း အရွယ်လောက်ပဲကွဲ့။  အလုံးအရပ်လည်း တို့သားနဲ့ ခပ်ဆင်ဆင်ပဲ။ မင်းတွေ့ရင် ကြည်ညိုမှာပါ။ ကိုယ်တော်လေးက ကြည်ညိုစရာလည်း ကောင်းပါတယ်။ မင်းတော့ သားအစား ရပြီပေါ့ကွယ်“
>>>ဆက်ဖတ်ရန်>>> >>

အမျှဝေ၊ ဆုတောင်း၊ မေတ္တာပို့ခြင်း

မေတ္တာပို့တာ ပြောကြစို့။ မေတ္တာက ဘုန်းကြီးလည်း အင်မတန် အားကိုးတယ်။ ဆိုပါတော့လေ ဒကာ စိန်ဝင်းက ဘုန်းကြီးကို တမင်တော့ ပို့ချင်မှပို့မယ်။ မြင်တယ်ဆို မေတ္တာရောက်နေပြီ။ ဘုန်းကြီးကလည်း ဒကာ စိန်ဝင်းကို မြင်တယ်ဆိုရင် မေတ္တာရောက်နေပြီ။ တမင်ပို့တာတောင် မဟုတ်သေးဘူး။ ဒီတော့ စကားပြောတို့ ဘာတို့မှာ အမှား ပြောလည်း သည်းခံတယ်။ အမှန်ပြောလည်း လက်ခံတယ်။ မေတ္တာဟာ ဒီလောက် သတ္တိရှိ တယ်။
            ဗုဒ္ဓမြတ်စွာတို့လို အလေ့အထရပြီးသား ပုဂ္ဂိုလ်တွေရဲ့ မေတ္တာဟာ အလွန်ကို ကြီးကြီးကျယ်ကျယ် သတ္တိ ရှိတယ်။ နာဠာဂီရိဆင်ကြီးက ဗုဒ္ဓမြတ်စွာကို နင်းသတ်ဖို့ရန် ခါတိုင်း အရက်တစ်လုံး တိုက်တဲ့ဥစ္စာ ၁၆-လုံး လောက် တိုက်ပြီးတော့ ဘုရားကြွလာမယ့်လမ်းကို လွှတ်ထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာဟာ ဟန်ဆောင် မေတ္တာ မဟုတ်ဘူးလေ၊ အင်မတန်ကြီးကျယ်တဲ့ မေတ္တာနဲ့ အာရုံပြုပြီးတော့ နေလိုက်တာ၊ ဒီနားလည်းရောက်ရော တစ်ခါတည်း ဒူးတုပ်ပြီးတော့ ဆင်တုပ်ပေါ့လေ။ ဆင်တုပ်-တုပ်ပြီးတော့ နေရှာတယ်။ မေတ္တာဟာ အဲဒီလောက် သတ္တရှိတယ်။ အဲဒီလောက် စွမ်းတယ်။ စေတနာရဲ့ သတ္တိရှိသလိုပေါ့။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 22, 2013

လမ်း၏အပြစ်မဟုတ်ပါ

ရန်သူဝိုင်းထား
ထိုယောကျားင်္ကား
ပြေးသွားဖို့ရာ
လမ်းပေါက်သာလျက်
ပြေးမထွက်
လမ်း၏အပြစ်မဟုတ်ခြေ..။
 ထိုအတူသင်တို့၏
ဘဝအဆက်ဆက်ကမိုက်မဲစွာပြုခဲ့ကြသော  
အပါယ်ဆွဲချမယ့် အကုသိုသ်ရန်သူတွေဟာ
သင်တို့၏ဘေးမှာဝိုင်းရန်လို့နေပါတယ်..။
အဲ့ဒီရန်သူတွေထဲက 
 ပြေးထွက်စရာတစ်ခုတည်းသောလမ်းတော့ 
ဝိပသဿနာမဂ်လမ်းပဲဖြစ်ပါတယ်....။
>>>ဆက်ဖတ်ရန်>>> >>

မြတ်ဆရာ

ခေတ်အဆက်ဆက်က     ဟိုး...သက္ကရာဇ်များစွာထဲက  လူတွေပြောခဲ့ကြတယ်။
သူက...ကျောက်ရိုင်းတွေကို  တန်ဖိုးတင့်အောင်  သွေးနိုင်တဲ့  ကျော်သွေးဆရာတဲ့။
သူက...ပန်းများကို  မွှေးရနံ့တွေနဲ့  ဖူးပွင့်စေနိုင်တဲ့  ဥယျာဉ်မှုးတဲ့။
သူက...အမှောင်ကိုခွင်း  အလင်းကို  ဆောင်ကြည်ပေးတဲ့  အလင်းတိုင်တဲ့။
သူက...ဓားတွေထက်ဖို့  အပါးခံပြီး  အသွေးခံတဲ့  ဓားသွေးကျောက်တဲ့။
သူက...အိုးကောင်းကောင်းတွေရအောင်  ကျွမ်းကျင်စွာ ဖုတ်နိုင်တဲ့  အိုးထိန်းသည်တဲ့။
သူက...ဘုရင်သူရဲကောင်း  သြွူကွယ် ကုန်သည်စတဲ့  လူတန်းစားအသီးသီးတို့ရဲ့  ဗိသုကာတဲ့။
သူက...တပည့်မရှား  တစ်ပြားမရှိ  ပီတိစားပြီး  လောကကို  အလှဆင်သူတဲ့။
သူက...တည်ငြိမ်တဲ့  အပြုံးနဲ့  နှလုံးသား  ပြည့်ဝသူတဲ့။
ဘယ်လိုပဲသူ့ကို  တင်စားတင်စား  မြောက်များစွာသော  စကားသာကုန်သွားမယ်ထပ်တူပြုလို့ မရဘူးဆိုတာ  အားလုံးလက်ခံကြတယ်....။
သူကတစ်ခြားမဟုတ်ဘူး   မိုင်ပေါင်းကုဋေကို  ခရီးရောက်ဖို့  ပထမခြေလှမ်းကို စလှမ်းပေးတဲ့  တို့အားလုံးတို့ရဲ့   မြတ်ဆရာပဲပေါ့....။      
 
မာင်သုရဲ့ကဗျာ
>>>ဆက်ဖတ်ရန်>>> >>

လောကသာရဆုံးမစာ

၁။ “အသက်ရှည်စွာ”၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ။” ကောင်းကျိုးကိုယ်၌ တည်စေမင်း”။
၂။ “သက်ကြီးမိဘ”၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ့၊ ယုန်လှင်ကြုံ့သို့၊ နှုတ်တုံ့မဝံ့၊ စောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံထွေဖြင့်၊ ။ “ ကောင်းတေနှလုံးရှည်စေမင်း”။
၃။ “ကိုယ်နှုတ်နှလုံး”၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွား၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍။ ။ “မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း”။
၎။ “ပညာမျက်စိ”၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ။ “ရှောင်လွဲဖဲကြဉ်နိုင်စေမင်း”။
၅။ “ပါဏာတိပါတ်” ၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိမ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ ။ “မျက်မာန်မပြင်း ကောင်းစေမင်း”။
၆။ “မိခင်ဖခင်”၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမြွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ။”ခပ်သိမ်းမယွင်းငြိမ်းစေမင်း”။
၇။ “ထုံးတီးနည်းနာ”၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ။”ဆည်းပူးသိမြင် ကြွယ်စေမင်း”။
၈။ “ဘေးဘိုးစဉ်ဆက်”၊ မပျက်သုံးစွဲ၊ ကျင့်မြဲလေ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြင်၍၊ အယှဉ်အပေါင်း၊ သူကောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ မှတ်ကျက်လေ့၍၊ ချောသွေ့စကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ။”ရက်ရက်မယုံလွယ်စေမင်း”။။
၉။ “လုံ့လပညာ”၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ရုံမြဲမြံ၊ စိတ်ကောင်းသံလျက်၊ လုပ်ကြံသေသပ်၊ ယောင်္ကျားမြတ်တို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားလာ၏။ ပညာချို့တဲ့၊ လုံ့လမဲ့ဟု၊ ကဲ့ရဲ့သဂြိုဟ်၊ လူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့သို့၊ လူသွမ်းတို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျင်၊ ရှိသည်ကောင်းဖို့၊ ကြမ္မာပို့က၊ ငါတို့နေရာ၊ စီးပွားလာဟု၊ ကြမ္မာကိုချည်း၊ မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူပျက်ထုံးကို၊ ။ “နှလုံးမငြိတွယ်စေမင်း”။။
၁၀။ “စေ့မြေ့သိပ်သည်း”၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ ကျင့်မှတ်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍၊ ။ “သူ့ထက်လွန်ကဲကြွယ်စေမင်း”။

ကန်တော်မင်းကျောင်းဆရာတော်
(မြန်မာ-၈၁၀-၈၇၅)။
>>>ဆက်ဖတ်ရန်>>> >>

သြဝါဒမေတ္တာစာ

၁။ ပညာရှိကိုပေါင်း၊ သမားကောင်းကိုဖက်၊ သူပျက်ကိုခွာ၊ ဆရာကိုကပ်၊ အရပ်ကိုမျှ၊ လုံ့လအပင်၊ ဆင်ခြင်အမျက်၊ ရန်ဘက်ကိုမြော်၊ သူတော်ကိုချစ်၊ ခင်ပွန်းပစ်ကိုရှောင်၊ သူလောင်ကိုရွှေ့၊ ဆင်ဝှေ့ကိုချည်၊ ကြံစည်မပြတ်၊ အတတ်ရံခါ၊ ပညာကိုရှေး၊ ဥစ္စာကိုနောက်၊ အလျောက်ပေးကမ်း၊ ချီးမွန်းတန်သည်၊ လူရည်ကိုရှု့၊ ပေးမှုအရာကို သိလှစေ။

၂။ မပေးဘဲကို မလိုလင့်၊ မမေးဘဲကို မဆိုလင့်၊ မခေါ်ဘဲကို မသွားလင့်၊ မမြိန်ဘဲကို မစားလင့်၊ မမှည့်ဘဲကို မဆွတ်လင့်။ တိတ်တိတ်နေသော် ထောင်တန်၏။ လူလိုက နတ်လိုကာ၊ လူကြိုက်က နတ်ကြိုက်ကာ၊ မပေါ့မလေး၊ မနှေးမလျင်၊ ရွှေချိန်ခွင်သို့၊ မတင်မလျော့၊ လှေဖေါင်ဖော့သို့၊ မလျော့ပညာ၊ တံငါလုလင်၊ မျှားကြိုးငင်သို့၊ ပညာရှိမှ ခွင့်သိသည်၊ လိမ္မာမှ စကားတတ်သည်၊ သူ့ကျေးဇူးကိုသိမှ၊ စည်းစိမ်တည်သည်၊ လာမည့်ဘေးကို၊ အဝေးကမြင်မှ၊ အသက်ရှည်ရာသည်။

၃။ သူမကောင်းကိုခွာ၊ သူကောင်းကိုရှာ၊ သူတော်ဆုံးမနာ၊ သူ့နည်းမကျင့်ရာ၊ သူ့ထက်စောင့်စည်းပါ၊ သူကောင်းဖြစ်စိမ့်ငှာ၊ သူချစ်ရှစ်ချပ်ကြာ။
>>>ဆက်ဖတ်ရန်>>> >>

တိလောကဟုဆုံးမစာ1

၁။ တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြူသည့်၊ သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ၊ သာမဏေက၊ သူငယ်စသား၊ တပည့်များတို့၊ မှတ်သားကြပ်ကြပ်၊ မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ဝမ်းတွင်အမြဲသွတ်။

၂။ ကရောက်ကရက်၊ ကျက်ကျက်ပျောက်ပျောက်၊ စားသောက်အိပ်နေ၊ မရှိစေနှင့်၊ သေသေသပ်သပ်၊ စိတ်ယူစွဲမှတ်။

၃။ ဆရာသမား၊ မိဘများကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။

၎။ ဘုရားခြေရင်း၊ ကျောင်းသင်းတွင်၊ မြက်သစ်ပင်ကို၊ မြင်လျှင်မဖွယ်၊ မတင့်တယ်သော်၊ လယ်၍မပြတ်၊ တံမြက်ခတ်။

၅။ သုံးဆောင်ရေနှင့်၊ သောက်ရေအိုးတွင်၊ ရေနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်၊ သွား၍ခပ်။
>>>ဆက်ဖတ်ရန်>>> >>

တိလောကဟုဆုံးမစာ2

*၁၁။ ကျောင်းတွင်အိမ်တွင်၊ မသန့်စင်၍၊ မြင်သည်ရှိသော်၊ ယူငင်သိမ်းဆည်း၊ အထည်းသိုငြား၊ ကောင်းကောင်းထား၊

၁၂။ အမှုန်ည်းများ၊ ခန့်ထားရှိသော်၊ တစ်ခွန်းခေါ်က၊ ကြားသော်ခဏ၊ ချဉ်းကပ်ကြ။

၁၃။ ကိစ္စရှိငြား၊ သွားသည်များ၊ လျင်းလျားခဏ၊ လာပါကြ။

၁၄။ အသက်ကြီးငယ်၊ ဝါကြီးငယ်ကို၊ လွှဲဖယ်မသွေ၊ နှိမ့်ချလေ။

၁၅။ ရိုသေတုပ်ကွ၊ ဆည်းကပ်ကြလျက်၊ နေ့ညကြည်ဖြူ၊ နည်းခံယူ၍၊ ကြီးသူခေါ်က၊ ကြွကြွလည်းလာ၊ ဗျာဗျာကျွန်ုပ်၊ ပုဆစ်တုပ်လျက်၊ ဖုံးအုပ်ခြေလက်၊ လွန်ငြိမ်သက်သည်၊ ကျောင်းထွက်လူပေ၊ ဆိုရစေ။

၁၆။ ကွမ်းဆေးမီးလျှင်၊ ဧည့်သည်မြင်သော်၊ အလျင်ခဏ၊ တည်ပါကြ၊

၁၇၊ မင်းသွားငါသွား၊ ငြင်းခုံပွားသော်၊ စကားဘောက်ဆတ်၊ မဆိုအပ်။

၁၈။ မလျှပ်မပေါ်၊ ခေါ်လျှင်လည်းရ၊ ထကြွမွေ့သိမ်၊ ဣနြေ္ဒနှင့်၊ ငြိမ်ငြိမ်နေ၊ မျက်စိမငြိမ်း၊ နားမငြိမ်းသည်၊ ဟိန်းဟဲ့ဆိုရစေနှင့်။

၁၉။ မျက်မှောက်ကောင်းငြား၊ ပြင်တစ်ပါးမှာ၊ တခြားမကျင့် ကြလေနှင့်၊

၂၀။ မသင့်တတ်ငြား၊ ရန်စကားဖြင့်၊ ထွေပြားပွေလီ၊ တစီစီနှင့်၊ တဟီဟီသည်၊ ကျီစား၍လည်း မနေနှင့်။

၂၁။ ဟီနနတ္ထ၊ မဆဲကြနှင့်၊ ကြီးကငယ်သည်၊ နင်ဟယ်ကိုမျှ၊ မဆိုကြနှင့်၊ ရန်စချုတ်ချည်၊ ရှောက်လွှဲဖည်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ၊ မတို့ကြနှင့်၊ ချစ်လှရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေဟု၊ မအေအရင်း၊ တစ်ဝမ်းတွင်းသို့၊ သားရင်းတူကွ၊ မှတ်ကုန်ကြ။

သျှင်မဟာသီလဝံသ
မြန်မာ (၈၁၅-၈၈၀)

ဆက်ရန်ရှိသေးသည်
>>>ဆက်ဖတ်ရန်>>> >>

တိလောကဟုဆုံးမစာ 3

*၂၂။ တစ်ယောက်ကိစ္စ၊ ကိုင်တွယ်ကြသော်၊ ခြေကြွလက်သာ၊ မ နေရာသည်၊ တတ်ပါသမျှ၊ ညီညာကြ၊

၂၃။ ဆရာနေခင်း၊ အင်းပျဉ်ညောင်စောင်း၊ လည်းလျောင်းဘုံလျှိ၊ ထိုထိုထက်မှာ၊ မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။

၂၄။ ရှေ့စူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့်ကြောင်နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကြပ်ကြပ်၊ မနေအပ်။

၂၅။ အချိန်တန်၍၊ စာအံဆိုလျှင်၊ မရွှင်မျက်နှာ၊ မသာမချို၊ ထိုထိုအကြံ၊ ကြီးစွာဖန်၍၊ မအံတစ်ခါ၊ အံတစ်ခါနှင့်၊ မျက်နှာတစ်ပါး၊ စာတခြားလည်း၊ စကားပြောဟော၊ တသောသောသည်၊ ရယ်မော၍လည်း မနေနှင့်။

၂၆။ မပြတ်အသံ၊ တညံညံသည်၊ စာအံစာဖတ်၊ ကြပ်ကြပ်မြဲမြဲ၊ သည်လဲညသတ်၊ ပြတ်ပြတ်သားသား၊ စကားဆိုစေ၊ ပီလှစေ။
>>>ဆက်ဖတ်ရန်>>> >>

တိလောကဟုဆုံးမစာ 4

*၃၅။ ပစ္စုပ္ပန္န၊ ခုဘဝ၊ နေရ ကိုယ်ထီးသာ။

၃၆။ ပညာမရ၊ လျှပ်ပေါ်လှ၊ သူများနောက်လိုက်သာ။

၃၇။ နောက်လိုက်ဝန်ထမ်း၊ လူညစ်နွမ်း၊ ဝမ်းမျှမဝပါ။

၃၈။ မျက်နှာညှိုးပါး၊ လူ့ငနွား၊ အများစေစားရာ။

၃၉။ စေစားလေလေ၊ ပိုးမသေ၊ ခြေနှင့်ကျောက်စရာ။

၄၀။ ခြေကျောက်ပါးတီး၊ လူမိုက်ကြီး၊ နှုတ်သီးတစာစာ။

၄၁။ ဘယ်ငှာကိုမျှ၊ စွဲမရ၊ တလ္လရွံဖွယ်သာ။

၄၂။ ဝတ်ရာတောင့်တ၊ ဝမ်းမဝ၊ ချေးရသူ့ဥစ္စာ။

၄၃။ ရခါသော်ကား၊ င-တောင်းစား၊ ရှောင်ရှားနေလေပါ။

၄၄။ တောမှာပုန်းအောင်း၊ မိုးလေခေါင်း၊ ပြောင်းရွေ့ရပ်ဝေးစွာ။

၄၅။ ရပ်ရွာတစ်ပါး၊ ရောက်တုံငြား၊ လားလားမလုပ်ပါ။

၄၆။ ပမာသွင်သွင်၊ တွေ့လေမြင်၊ ကိုင်ငင်ထိုးတွန်းကာ။

၄၇။ ကြင်နာရိပွတ်၊ တလျပ်လျပ်၊ ရက်ပြတ်ငတ်တို့ပါ။

၄၈။ ရှာဖွေချေးငှား၊ မရငြား၊ သွား၍ခိုးလေပါ။

၄၉။ ခိုးခါမိလေ၊ ထိုးခုတ်လေ၊ ကျလေအပါယ်ရွာ။

၅၀။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊ ရဟန်းလူရှင်၊ လွန်ကြည်လင်၊ ထင်လိမ့်ယခုခါ။

၅၁။ ဝါယာလုံ့လ၊ ကြိုးပမ်းက၊ ရလိမ့်ဥဏ်ပညာ။

၅၂။ လိမ္မာသိတတ်၊ လောကဓာတ်၊ တတ်လိမ့်များဂုဏ်အင်။

၅၃။ သိမြင်ကျမ်းဂန်၊ သူထက်လွန်၊ ဂုဏ်မွန်အများထင်။

၅၄။ ရှင်လူအများ၊ လွန်ခန့်ငြား၊ သိကြားနတ်အသွင်။

၅၅။ ရွှင်ရွှင်လန်းလန်း၊ ပွင့်သစ်ပန်း၊ မနွမ်းမျက်နှာမြင်။

၅၆။ မြင်မြင်သမျှ၊ ကြည်ညိုကြ၊ သိပ္ပဂုဏ်မြတ်ရှင်။

၅၇။ လိုအင်ပြည့်စုံ၊ ရောက်လာပုံ၊ ဂုဏ်ကြောင့်လွန်ပေါ်ထင်။

၅၈။ ရပ်ခွင်တစ်ပါး၊ ပြောင်းလဲသွား၊ ဖိုးများကျောက်အသွင်။

၅၉။ ကောင်းကင်မိုးဝ၊ ရောင်ထွန်းပ၊ လပြည့်ဝန်းအသွင်။


သျှင်မဟာသီလဝံသ (မြန်မာ ၈၁၅-၈၈၀)
>>>ဆက်ဖတ်ရန်>>> >>

လက်သစ်တောင်တာဆုံးမစာ 1

၁။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့၊ မှတ်ပါလေ။

၂။ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏဝုဍ္ဍ၊ ပစာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက၊ မသင့်ချေ။

၃။ ပေါက်ဖေါ်သားချင်း၊ တစ်ဝမ်းတွင်းမှ၊ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အူတုံဖြစ်က၊ ချစ်ကြလေ။

၎။ သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖွယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။

၅။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ။

၆။မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို၊ ချုပ်ကြလေ။

၇။ သေနှင့်အရက်၊ စီးပွားဖျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့်၊ အဆိပ်ရေ။

၈။ ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါလေ။

၉။ သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမည်၊ မြွက်သည်စစ၊ ပြောသမျှကို၊ မှန်လှစေ။

၁၀။ အပါယ်လေးပါး၊ လားမည့်အကြောင်း၊ မကောင်းမှုမှ၊ စပ်သမျှကို၊ ရှောင်ကြပါလေ၊ သေခါထုတ်ချောက်၊ ငရဲရောက်မည်၊ ရွံကြောက်စေ။

သျှင်မဟာရဌသာရ (မြန်မာ ၈၃၀-၈၉၂)

ဆက်ရန်ရှိသေးသည်
>>>ဆက်ဖတ်ရန်>>> >>

လက်သစ်တောင်တာဆုံးမစာ 2

*၁၁။ သူတော်ကောင်းနှင့်၊ ပေါင်းဖော်ယှဉ်တွဲ၊ လူမိုက်မဲတို့၊ ရှောင်လွှဲပါလေ၊ ဤသူအမြတ်၊ ဤသူလတ်က၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။

၁၂။ ရပ်သူရွာသား၊ သူကောင်းများ၏၊ နားမှာမဆန့်၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊ ကိုယ်လက်နွမ်းအောင်၊ အသွမ်းမကျင့်ကြလေနှင့်။

၁၃။ ကွယ်ရာမရွေး၊ မျက်နှာဝေးက၊ တွေးလေကြံဘိ၊ မိမိသဘော၊ သို့ကျင့်သောဟု၊ ပြောရလူချင်း၊ မေတ္တာကင်းအောင်၊ သတင်းမပုပ် ပါစေနှင့်။

၁၄။ အရောင်းအဝယ်၊ အသွယ်သွယ်တွင်၊ လိုဖွယ်ရရန်၊ ဖိုးထိုက်တန်လျှင်၊ မှန်သည်ကိုလိုက်၊ လောဘတိုက်၍၊ လူမိုက်မဆိုရစေနှင့်။

၁၅။ မဖြောင့်မသား၊ မတရားကို၊ လားလားဤသူ၊ မပြုဟူ၍၊ ဗိုလ်လူခပ်သိမ်း၊ မေတ္တာလိမ်းသည်၊ ချီးမွမ်းဆိုထွေ၊ ရတတ်စေ။

၁၆။ သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကိုမျှတစေ။

၁၇။ မမွှေမနှောက်၊ မကောက်မကျစ်၊ မလိမ်လစ်ဘဲ၊ မစဉ်းလဲနှင့်၊ စိတ်ထဲဖြောင့်စေ၊ သူ့အကျင့်ကိုလည်း၊ သိတတ်စေ။

၁၈။ ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ။

၁၉။ မှတ်ဖွယ်ရာရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။

၂၀။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည်း။

၂၁။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဘွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ တို့သူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ၊ သြဝါဒကို၊ နားမျှမထောင်၊ မကြားယောင်သို့၊ မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်၊ နောင်သံသရာ၊ ဆက်များစွာ၌၊ ချမ်းသာမည်ရေး၊ အလွန်ဝေးသည်၊ သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ၊ ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို၊ လွှဲဖယ်ကြံစည်၊ လွတ်ပါမည်၊

သျှင်မဟာရဌသာရ (မြန်မာ ၈၃၀-၈၉၂)
>>>ဆက်ဖတ်ရန်>>> >>

လယ်တီဆရာတော်၏ နွားမေတ္တာစာ

လူတို့ လို တီတာတာ ၊ မပြောတတ် ရှာကြလို့ 

ငုတ်တုတ်သာ မပြန်လှန် ၊ပြုသမျှ ခံရသည်

ဌာန်ကရိုဏ်း ပြတ်သား ၊နှုတ်လျာများ တတ်အားလျှင်

နွားတို့ ဆိုရန် ၊ ခွင့်ရှိသည် အမှန်မှာ...

မြန်မာနှင့်ကုလား ၊နှစ်ပြည်ထောင် တိုင်းသားတို့ 

ဖြစ်ပွားသည့် တွက်တာသည် ၊ ငါတို့ မှာသတ္တု

သူတို့ ဘေး သူတို့ ဘိုး ၊ သူတို့ နွယ်တစ်ရိုး

တစ်မျိုးလုံးတစ်ဆွေလုံး ၊ သူတို့ တိုင် မဆုံး

ဒို့ တစ်တွေ ပုခုံးမှာ ၊ မီးဟုန်းဟုန်း ထမတတ်

ဒို့ လုံ့ လ ဒို့ စွမ်းအန် ၊ ဒို့ အပင်ပန်းခံနိုင်လို့ 

အကုန်လုံး စုချေသည် ။

ဆန်စပါး ပြောင်း နှမ်း ၊ ဗူး ခရမ်း ပဲမျိုး

မြေပြင်လုံး ဖြိုးမောက်အောင် ၊ တိုးတက်သည့် ဘဏ္ဍနှင့်

လိုရာတိုင်း ပြည့်စုံ ၊ ကုံလုံကြအသီးသီး

ကျောင်းကြီးဆောက် ဘုရားတည်

တစ်တိုင်းလုံးကြွယ်သည်မှာ ၊ ဘယ်သူက အရင်းဟု

စဉ်းစားဖွယ်မရှိ ၊ထင်အလင်း သိပါလျှက်

သတိပင်မပေါ် ၊ ကျေးဇူးကို မမျှော်........

စိတ်အချော် တိမ်းပါး ၊ မိတ်မတော် စိမ်းကားလျက်

ဒို့ အသား ဒို့ အသဲ ၊ဒို့ အဆီ ရွှဲရွှဲကို

ထမင်းပွဲ အလယ် ၊ အနင့်သားတယ် ပြီးလျှင်

ရယ်ကာနှင့်ပြုံးကာ ၊ အရသာ ခံစား၍

လင်မယားတတွေ ၊ မြုံ့ကြသည့် အနေမှာ

မြဲနိုင်ပေ့ သူတို့ ကိုယ် ၊ မျိုရက်ပေ့ သူ့ ခံတွင်း

ဒို့ ....လုပ်သည့် ထမင်းကို ၊ ဒို့ ဟင်းလျာ အသားနှင့်

စားကြသည့် ဖြစ်နဲကို ၊ ဒို့ အသဲနာလိုက်ကဲ့......
>>>ဆက်ဖတ်ရန်>>> >>

ဂမ္ဘီသာရဆုံးမစာ(သျှင်မဟာရဌသာရ)

(၁)။ “မြွက်ဆိုမုသား”၊ နှတ်သံပျားသို့၊ စီးပွားလိုယောင်၊ ရူပဆောင်လျက်၊ မှားအောင်ပြစ်ရှာ၊ ကြံတတ်စွာသား၊ မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊ တသီးတခြား၊ တပါးပြည်ရွာ၊ မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊ အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယဉ်နှိမ့်ချ၊ အာစာရဖြင့်၊ ကာလအလိုက်၊ သူ့အကြိုက်ကို၊ “စရိုက်ညီထွေ ကျင့်တတ်စေ”။

(၂)။ “အရှည်လင့်လင့်” ၊ အသင့်မျှော်လျက်၊ ကြံခေါက်ရက်တည့်၊ နှောက်ယှက်သောဖြစ်၊ ဆံတရစ်မျှ၊ အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊ ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရူး၊ ဘီလူးသဘက်၊ ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊ မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို၊ “စဉ်ကြောင်းဝေးမြေ လွှတ်တတ်စေ”။

(၃) “မဏိဇောတ”၊ ပြည်တန်မြနှင့်၊ သိင်္ဂရွှေညာ၊ ရတနာလည်း၊ အဝါလျှံလက်၊ ရောင်ခြည်ထွက်မူ၊ စုံမက်ဝှဲခြီး၊ အဘိုးကြီး၏၊ တသီးဆိုဖွယ်၊ လူတို့ဝယ်လည်း၊ ကြီးငယ်အမြက်၊ စောင်းမာန်ထွက်မူ၊ ပေါင်းဖက်ဖေါ်နှီး၊ အများငြီ၏၊ အတီးလက်သုံး၊ ဤသည်ထုံးကို၊ ယူကျုံးပိုက်သွင်း၊ သားမောင်မင်းလည်း၊ မုန်းပြင်းဒေါသ၊ စိတ်နာဂကို၊ “ဥာဏချွန်းကွင်း မြဲစေမင်း”။

(၄) “အဌာရသ”၊ သိပ္ပကျေးဇူး၊ အထူးထူးကို၊ ဆည်းပူးဖွေရှာ၊ သင်သောခါလျှင်၊ ဆရာကောင်းထံ၊ ကျိုးနွံတရှည့်၊ ရိပ်ခြည်ကြည့်လျက်၊ တပည့်ကျင့်ဝတ်၊ ညီညွတ်စွာမှု၊ ကုန်အောင်ပြု၍၊ အာယုဆုံးစွန်၊ ပြောင်းချိန်တန်မှ၊ ပြညွန်ရိပ်ခြည်၊ ဆိုအံ့သည်ဟု၊ ဆောက်တည်လျှို့ဝှက်၊ ပြင်မထွက်သား၊ သိခက်ခက်လှ၊ ကိလိဌကို၊ မှတ်ရလေအောင်၊ ရည်စောင့်နှိမ့်ချ၊ ဆည်းကပ်ခ၍၊ ။”နေ့ညမကင်း တွေ့စေမင်း”။

သျှင်မဟာရဌသာရ (မြန်မာ-၈၃၀-၈၉၂
>>>ဆက်ဖတ်ရန်>>> >>

စာသင်သားဆုံးမစာ

(၁) သုဏေယျ = နာကြားရာ၏။
(၂) စိန္တေယျ = ကြံစည်ရာ၏။
(၃) ပုစ္ဆေယျ = မေးမြန်းရာ၏။
(၄) ဘာသေယျ = ပြောဆိုရာ၏။
(၅) ဝိစာရေယျ = စူးစမ်းဆင်ခြင်ရာ၏။
(၆) လိခေယျ = ရေးမှတ်ရာ။
(၇) သိက္ခေယျ = လေ့ကျင့်(သင်ကြား)ရာ၏။
(၈) ဓာရေယျ = နှုတ်ငုံဆောင်ရာ၏။

“သုစိပုဘာ၊ဝိလိသိဓာ” ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျောစောဘဲ၊ တီမှာလွဲအံ့၊ အရဲကြိုးကုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ခုံမင်၊ မသင်မအံ၊ မကြံမမေး၊ ဆွေးနွေးရောနှော၊ ပြောဟောမဲ့ထွေ၊ ပေချပ်ရေဖြင့်၊ ကုန်စေဆန်းသာ၊ သင်ချေပါလည်း၊ ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်၊ စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုစွန်စား၊ ကျွတ်ကျွတ်ဝါးသို့၊ လွှသွားပမာ၊ ကျောက်ထက်စာသို့၊ လိုရာရအောင်၊ ကြံဆောင်လေ့ကျက်၊ အနက်ဓိပ္ပါယ်၊ နှတ်ဝယ်ရွရွ၊ ထားချေမှတည့်၊ တစပေါ်လျှင်၊ ချည်စငင်သို့၊ သဘင်ပွဲမှောက်၊ ဆိုရေးရောက်က၊ လန့်ကြောက်မရှိ၊ သတိမြဲခိုင်၊ ကျောက်တိုင်ပမာ၊ ကေသရာသို့၊ ရွံ့ရှာမဲ့လျှင်း၊ ဆိုခင်းနည်းနာ၊ အဖြာဖြာကို၊ မကြာနှတ်လျှောက်၊ ခန့်ချင့်ထောက်လော့၊ အံ့လောက်ဖွယ်သာ၊ ဂါထာပါဌ်သား၊ စကားဝိုက်လည်၊ စဉ်ရှည်ရှေးတီး၊ စကားကြီးက၊ စသည်ထိုထို၊ ဝိဂြိုဟ်ဝစနတ်၊ ဓာတ်ရပစ္စည်း၊ ထုံးနည်းပမာ၊ ဂါထာဆန်းဂိုဏ်း၊ ကရိုဏ်းဌာန်စစ်၊ ဖွင့်လှစ်ဋီကာ၊ အဌကထာပါဠိ၊ အောက်ထက်ညှိ၍၊ ကဝိလက္ခဏာ၊ အဖြာဖြာကို၊ သေချာဆည်းဆ၊ ဆိုဝံ့ကလျှင်၊ ဘဝဤတွင်၊ ခုမျက်မြင်လည်း၊ မထင်ဘယ်မှာ၊ ရှိဘိရာအံ့၊ သံသရာလည်း၊ ပမာကဲလွန်၊ အဆုံးစွန်မူ၊ ညီမွန်တုလွတ်၊ သုံးလူနတ်ဝယ်။ “အကျွတ်ဘယ်မှာ ဝေးတော့မည်။”။

သျှင်မဟာရဌသာရ (မြန်မာ-၈၃၀-၈၉၂)

မှတ်ချက်။ အထက်ပါဆုံးမစာကိုလေ့လာခြင်းဖြင့် ရှေးဟောင်းဘုန်းတော်ကြီးပညာရေးအကြောင်း ဘုန်းတော်ကြီးပညာရေးသုတေသနအကြောင်း တစေ့တစောင်း သိနိုင်ပါသည်။
(မေ့သားလှ-ဇလဂ္ဂ)။
>>>ဆက်ဖတ်ရန်>>> >>

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက

နောက်ဆုံးအထိ ပါရမီ

လူနတ်များစွာ ချမ်းသာရေးမို့

အသက်ပေးလို့ စွန့်ခဲ့သည်။

ဗုဒ္ဓမြတ်စွာ သာသနာတွက်တော့

ငါပါအသက်ဆုံးစေမည်

စိတ်မပျက်ပေါင် ခုလိုတွေးလို့

ကုသိုလ်ရေးမို့ ကြိုးစားမည်။

(ကိုယ်ကျင့်အဘိဓမ္မာနိဒါန်း မှ။)
မဟာဂန္ဓာရုံဆရာတော်
>>>ဆက်ဖတ်ရန်>>> >>

ပုတ္တောဝါဒ ဆုံးမစာ

အဘက သားကိုဆုံးမခန်း


၁။ “ပန်း၏ပမာ”၊ ဤလင်္ကာတွင်၊ မာတာပိတ၊ ဆိုဆုံးမသား၊ ထိုစကားကို၊ မှတ်သားကုန်ကြ၊ မိန့်လိုက်ပြအံ့၊ မွေးဘလက်ရုံး၊ မြပန်းကုံးသို့၊ နှစ်လုံးဝမ်းက၊ ချစ်နိုးလှသည်၊ သားလှရွှေတောင်၊ ဘသည်းခေါင်၊ နားထောင်၍သာ၊ စေ့စေ့နာလော့၊ မိရာဘရည်၊ တည်မည်အကြောင်း၊ ကောင်းသားကျင့်ဝတ်၊ စာအတတ်ကို၊ သားမြတ်ယခု၊ တတ်ကြောင်းပြုလော့၊ ဗဟုသုတ၊ မရှိကမူ၊ လျှော့ကျရေတူ၊ လူမဟုရ၊ ရှက်ကြီးရလိမ့်၊ နောင်တဆယ်ကြိမ်၊ ညိုးပိန်မျက်နှာ၊ ပွဲမှာမဝင်၊ ပြင်မှာမရောက်၊ တောမှာမျောက်သို့၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျက်၊ လူပျက်လူနှမ်း၊ လူပေါက်ပန်းနှင့် လူသွမ်းလူပေါ့၊ ထဲသော့သော့ဟု၊ ကဲ့ရဲ့ပြုလိမ့်။ ။”ညီပုရှက်မည်ထင်၏တည်း”။

၂။”ထို့ကြောင်းသားထွေး”၊ ငယ်ထွေးလေးက၊ လူရေးလူရာ၊ ရှိစိမ့်ငှာဟု၊ ကျောင်းမှာမြဲနေ၊ စာပေသင်သင်၊ သို့လျှင်သို့ဖတ်၊ သို့မှတ်သို့ရေး၊ သို့မေးသို့ဖြေ၊ သို့နေသို့ထိုင်၊ သို့ကိုင်သို့ကြွ၊ သို့ကွသို့ကုန်း၊ သို့သုံးသို့စွဲ၊ သို့လဲသို့ထား၊ သို့စားသို့သောက်၊ သို့လျှောက်သို့ဆို၊ သို့ကိုသို့ကျင့်၊ သို့နှင့်သို့လျှိုး၊ သို့ရှိခိုးဟု၊ မြတ်နိုးလှစွာ၊ ညီုဆရာက၊ မိန့်သမျှကို၊ ညီလှမင်းရွှေ၊ မမေ့စေနှင့် စေ့ရေမွေးဘ၊ မှာသမျှကို၊ ညီလှရွှေနား၊ ချပ်ခါထား၍။ "သည်းဖျားမှတ်စေ ချင်၏တည်း”။

၃။ “သည်းဖျားမှတ်စိမ့်၊ တဖန်မိန့်အံ့၊ နှစ်သိမ့်ဝမ်းသာ၊ ညီနားနာလော့၊ လူ့ရွာလျှပ်ပေါ်၊ ရွှင်မြူးပျော်သည်၊ သူတော်မဟုတ်၊ လူယုတ်လူသောင်း၊ လူဗူးတောင်းနှင့်၊ မကောင်းမှုများ၊ နေ့တိုင်းပွားသည်၊ သောက်စားယစ်ဝ၊ လူ့ဗာလက၊ စသည်လူတွင်၊ လူလေဖင်နှင့်၊ ပျော်ရွှင်စကား၊ လူမိုက်များတို့၊ ပေါင်းညားရံခါ၊ နီးယှဉ်လာလည်း၊ ဝေးစွာသားလှ၊ ခွါနိုင်မှတည့်၊ သားလှကိုယ်ကျိုး၊ ပြည့်စုံဖြိုးလိမ့်၊ ကြိုးလေသားလှ၊ မှာသမျှကို၊ မချမြေဝယ်၊ မပယ်နှင့်ကား၊ ဘစကားကို၊ ရွှင်အားရ၍။ ။ “သားလှမှတ်စေ ချင်၏တည်း”။

အတုလဆရာတော်
ခင်ကြီးဖျော် ဦးဥာဏ
(မြန်မာ ၁၀၈၆- ၁၁၂၄)
>>>ဆက်ဖတ်ရန်>>> >>

နှမကမောင်ကို ဆုံးမခန်း

၎။ “ဤသို့သာယာ’၊ ပျားသကာလည်း၊ ပမာမမျှ၊ ချစ်နှမက၊ မောင်လှကိုသာ၊ လူရေးရာ၌၊ လိမ္မာစေလို၊ တစ်ဖန်ဆို၍၊ နားချိုမောင်လှ၊ မွေးဘမျက်စိ၊ မွေးမိမျက်တောင်၊ နှမမောင်၊ မောင်ငယ်ရင်သွေး၊ နာဘိသေးလော့၊ ‘ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှနေ၍၊ စာပေမကျ၊ မိဘစုတေ၊ ခန္ဓာရွေ့သော် အရှေ့အနောက် တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကျေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ် လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်။” ။”ကောင်သေလင်းတ ကျ၏တည်း”။


အတုလဆရာတော် ခင်ကြီးဖျော် ဦးဥာဏ
(မြန်မာ ၁၀၈၆- ၁၁၂၄)
>>>ဆက်ဖတ်ရန်>>> >>

ဓမ္မနီတိချိုး

၁။ ကျင့်မူရာမူခပ်ပျင်းနှင့်၊ သွတ်ဖျင်းလူယုတ်တေ။ တတ်ပညာဇာတတ်ပါအံ့၊ များမှတ်ကြလေ။ ။အတတ်ကိုမရှာဖွေလျှင်၊ ဥစ္စာတွေရရေး။ ။ဘယ်နှယ် ကြံဖန်မြောက်ပမယ်၊ မိုးလောက်ကွာဝေး။

၂။ ပညာကိုဘယ်လူဆိုးတို့ ယူခိုးလို့ပါပမယ်။ ။အတတ်ကယ် အလိမ္မာနှင့်၊ ဥစ္စာဘယ်တူကြလိမ့်၊ လောကလူဝယ်။ ။သိကြားမြင်လုံလောက်က၊ မျက်မှောက်ကယ်သည်ကိုယ်ဝယ်၊ ရလွယ်၏ ခင်ပွန်း။ တမလွန်နောင်ခါကောင့်၊ မြိုက်ချမ်းသာပိုမိုမြင့်၊ ကဲဆင့်တောက်ထွန်း။

၃။ သိပညာဖြစ်ပွားအောင်၊ချစ်သားတို့သင်ကြပါ။ ။မိဘဆရာတို့၊ ဖန်ခါခါတပည့်သားကို၊ ထောင်နားဆန်မငြင်းအောင်၊ သွင်းကြပေရာ။ ။လှေလှော်လှေခတ်နှင့်၊ အတတ်ကယ်မဲ့သူမှာ၊ ဝန်ထမ်းသာဖြစ်မြဲ။ ။ပညာရှင်ဖြစ်ပေက၊ လူ့ပြေ(မြေ)မှာ ပူဇော်လို့၊ ဇမ္ဗူပေါ်ဂုဏ်ထင်ပလိမ့်မယ်၊ မိုးလထက်ကဲ။


စဥ့်ပါဆရာတော် (မြန်မာ ၁၁၀၆-….)
မူကွဲ (၁၁၄၀-၁၂၁၀
>>>ဆက်ဖတ်ရန်>>> >>

မာတောဝါဒ ဆုံးမစာ

၁။ “ရိုညွတ်ကြည်စွာ”၊ မြတ်ဆရာ၌၊ မကွာထံပါး၊ ပျပ်ဝပ်တွားလျက်၊ တည်ကြားကျုံ့ကျုံ့၊ မယွင်းယုံ့လျှင်၊ နှုတ်တုံ့မလှန်၊ ပန်းသို့ပန်၍၊ နေဟန်ကျစ်လျစ်၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ မြုတေလျှံပြေး၊ ကျောက်ကောင်းသွေးသို့၊ ပြန်မေးပျော်မွေ့၊ မငြီးငွေ့ဘဲ၊ တစ်နေ့သုံးခေါက်၊ ဝင်ရောက်ခစား၊ ဝတ်ငါးပါးလည်း၊ မမှားကျင့်နေ၊ ပြည့်စုံစေမှ၊ ခွဲဝေစိတ်ဘန်၊ အတန်တန်ကို၊ မကျန်ထိုးထွင်း၊ သိစေလျင်းသော်၊ မယွင်းမချွတ်၊ ပုဒ်ပါဌ်ဂါထာ၊ အလင်္ကာနှင့်၊ ကဗျာရတု၊ ဖတ်ရွတ်မှုလည်း၊ ငါးခုရပ်ဌာန်၊ ကာရန်ပိုဒ်ပြည့်၊ ဓိပ္ပါယ်ရှည်လျက်၊ မျှော်ကြည့်ဥာဏ်မြူး၊ သူ့ထက်ထူးအောင်၊ မလူးမတွန့်၊ စက်နှယ်ရွန့်၍။ ။”ကွန့်ကွန့်နှုတ်ဝယ်၊ ပြတ်စေမင်း”။


၂။”လူရေးလူရာ”၊ အဖြာဖြာ၌၊ လိမ္မာသိစေ တတ်ကြောင်းဖွေ၍၊ မနေကြိုးကုတ်၊ အားအန်ထုတ်လျက်၊ မယုတ်စေထ၊ ဝီရိယနှင့်၊လုံ့လပင်ခိုင်၊ သံကျောက်တိုင်သို့၊ ခက်ဆိုင်ပညာ၊ ချိုမြတ်စွာသား၊ ချမ်းသာသီးပွင့်၊ ထူးထက်မြင့်တည့်၊ ထပ်ဆင့်ပွားလှောင်၊ သားထွေးမောင်လျင်၊ မရှောင်မပြေး၊ ကြိုးနှယ်ထွေးလော့၊ လက်ရေးလက်သား၊ စသည်များလည်း၊ မလျားမထောင့်၊ မမျှောင့်မယွန်း၊ မချွန်းမရှည်၊ မလည်မယိမ်း၊ မတိမ်းမငဲ့၊ မယွဲ့မစောင်း မပျောင်းမယွတ်၊ မပွတ်မတွန့်၊ မလွန့်မထွတ်၊ မယှက်မမြေုး၊ မထွေးမပူး၊ မလူးမနွဲ့၊ မကျဲမစိတ်၊ မလိပ်မခွေ၊ တင့်ကြောင်းဝေမှ၊ အနေရှုအီ၊ ရွဲလုံးစီသို့၊တညီသေချာ၊ အက္ခရာနှင့်၊ ရှေ့လာအမြစ်၊ အရစ်အပင့်၊ အဆင့်အတင်၊ အငင်အဆွဲ၊ တံခွန်ဝှဲလည်း၊ မလွှဲနှိုင်းညို၊ စက်ဖြင့်တိသို့၊ တရှိပုံတူ၊ တတ်ကြောင်းမှု၍၊ “မြင်သူနှလုံး ဆွတ်စေမင်း”။

၃။ ‘လောကလူတွင်”၊ လမ်းသို့ထင်သည်၊ ဂုဏ်အင်ပညာ၊ မရှိရှာက၊ စေပါလက်သုတ်၊ လွန်ညံ့ယုတ်သား၊ မှိတ်တုတ်မီးခဲ၊ မပြောင်ရဲသို့၊ ဖန်လဲခေါက်ခေါက်၊ သူ၏နောက်ဝယ်၊ ချွေးပေါက်ကျယို၊ ဖတ်ဖတ်စိုမျှ၊ သက်ဖိုပန်းပင်၊ မရွှင်ပြောင်းနွမ်း၊ တသမ်းသမ်းနှင့်၊ ဝန်ထမ်းလှေခတ်၊ ဖြစ်တို့တတ်ရှင့်၊ တမှတ်မယွင်း၊ ပညာကင်းက၊ ရွှေဟင်္သာလယ်၊ ဗျိုင်းသဖွယ်လျှင်၊ ပွဲလယ်မတ်လတ်၊ မလျှောက်မတ်ရှင့်၊ မြဝတ်ဆံရည်၊ သို့ဖြစ်သည်ကြောင့်၊ အရှည်အတို၊ တတ်ထိုထိုဝယ်၊ ကော်ကျိုသောလား၊ မှုန့်မှုန့်တွားအောင်၊ ကြိုးစားမပျင်း၊ သင်မှတ်ခြင်းဖြင့်၊ ရှင်းလင်းသေချာ၊ အရာရာကို၊ “လိုခါစမ်းတိုင်း ရစေမင်း”။

၎။ “မကောင်းမူညစ်”။ သူမိုက်စစ်နှင့်၊ အချစ်ဖွဲ့ငြား၊ ပေါင်းယှက်မှား၍၊ ကျေထွားပျက်စီး၊ ထုံးတသီးလည်း၊ အစီး ငါးရာ၊ လှည်းများစွာတွင်၊ ဘဏ္ဍာရောင်းဝယ်၊ ကုန်စလယ်နှင့်၊ မကျယ်ဥာဏ်အား၊ ရှေ့တည့်သွားသည်၊ ယောက်ျားလှည်းမှူး၊ ငရဲဘူးကို၊ ဘီလူးဖမ်းစား၊ ရွတ်ရွတ်ဝါး၍၊ လှည်းသားငါးးရာ၊ တူမကွာလျှင်၊ ခန္ဓာပျက်ရုံး၊ အသက်ဆုံး၏၊ နှလုံးကြွပ်ဆတ်၊ ဇာတသတ်ကား၊ ဒေဝဒတ်ကြီး၊ ခင်ပွန်းမီးကို၊ ထံနီးတစိ၊ ပေါင်းယှက်မိ၍၊ သက်ရှိစိုးရိမ်၊ ခန္ဓာငြိမ် လည်း၊ ပါယ်အိမ်ခေါင်းအုံး၊ မီးလျှံဖုံး၏၊ ရှေးထုံးလမ်းပြ၊ သာဓကကို၊ ယူဆမြေုာ်ထောက်၊ ထိပ်လန့်ကြောက်၍၊ “ထပ်လှောက်တုန် ဧမြစေမင်း”။


ရွှေကျောင်းဆရာတော် ဦးပညာ
(မြန်မာ ၁၁၄၀-၁၂၀၀)
>>>ဆက်ဖတ်ရန်>>> >>

သားရွှေဥဆုံးမစာ

၁။”မာတာပီတ” မိဘနှစ်ပါး ၊မွေးသည်သားကို၊ သနားကြင်နာ၊ တတ်ပညာဖြင့်၊ လိမ်မာစေချင်၊ ထုံးပုံဆင်၍၊ သွန်သင်ဝေဖန်၊ ဆုံးမဟန်လျှင်၊ ကျမ်းဂန်ဓိပ္ပာယ်၊ သင့်ကြောင့်ခြယ်လျက်၊ နာဖွယ်ဆန်းထူး၊ လင်္ကာကျူးအံ့၊ ရွှင်မြူးပျော်ပါး၊ အမျိုးသားတို့။ ။”သင်ကြားလေ့ကျက် ရာသတည်း”။


၂။”သားရွှေဥ”၊မျက်ရှုကြေးမုံ၊ သက်လုံးပုံကို၊ တူစုံမိဘ၊ ဝိသေသဖြင့်၊ဆုံးမဆိုမည်၊ မောင်နားလည်လော့၊ ချစ်ကြည်သော့ အား၊ ရင်ခွင်ထား၍၊ ကစားလိုရာ၊ ပျော်ပါးစွာလျှင်၊ အိမ်မှာသို့ပင်၊ နေစေချင်လည်း၊ မဲ့ရွှေရင်နှစ်၊ ယောကျာ်းဖြစ်လျက်၊ စင်စစ်စွဲမှတ်၊ အတတ်ပညာ၊ မရှိပါက၊ ရုပ်မှာမတော်၊ ဂုဏ်ညိုးလျှော်သား၊ လှေလှော်ဝန်ထမ်း၊ အမှုကြမ်းကို၊ ကြိုးပမ်းဆောင်ရွက်၊ အသက်မွေးကတ်၊ ရှိတို့တတ်၏၊ စွဲမှတ်ပညာ၊ ဝိဇ္ဖာသိပ္ပ၊ တတ်စွမ်းကမှု၊ ဓနဥစ္စာ၊ ရတနာကို၊ ရှာလည်းရလွယ်၊ ပြည့်စုံကြွယ်၏၊ တင့်တယ်လျောက်ပတ်၊ သက်မွေးမြတ်၏၊ မှတ်လော့စေ့စေ့၊ သို့ဖြစ်၍လျှင်၊ လောက်လွေ့ပညာ၊ တတ်လိမ္မာအောင်၊ ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံလေ့လာ၊ ကြိုးစားရာသည်။ “ရတနာမျက်ရှု သားရွှေဥ”။


၃။ “သားရွှေဥ”၊ မျက်ရှုရတနာ၊ မှတ်သားပါလော့၊ ပညာအတတ်၊ ကျေးဇူးမြတ်နှင့်၊ ဂုဏ်သတ္တိမှာ၊ ဘယ်ဥစ္စာမျှ၊ နှိုင်းရာမတူ၊ ခိုးသားမှုလည်း၊ မယူနိုင်ရာ၊ မြဲမြံစွာ၏၊ ပညာမြော်မြင်၊ အတတ်လျှင်ကား၊ ဆွေခင်ပွန်းစစ်၊ မှီရာ ဖြစ်ရှင့်၊ အသစ်ဘဝ၊ ပြောင်းလေကလည်း၊ သုခဝဟာ၊ မြတ်ချမ်းသာကို၊ ကောင်းစွာလျောက်ပတ်၊ ဆောင်ပေတတ်၏၊ မှတ်သားသင့်သည်၊ သုတမည်ကား၊ မစည်မပင်၊ မတွင်မကျယ်၊ အနည်းငယ်ဟု၊ စိတ်ဝယ်ဤသို့၊ မမှတ်တို့လင့်၊ တောင်ပို့တွင်ခေါင်း၊ မနက်တောင်းကို၊ သွန်းလောင်းရေစက်၊ အနည်းလျက်လည်း၊ နေ့ရက်ရှည်လျား၊ ကျဖန်များသော်၊ ရေစားကြည်းလှည့်၊ လျှမ်းလျှမ်းပြည့်သို့၊ နှိုင်းရှည့်မယုတ်၊ ပမာဟုတ်စွ၊ နှုတ်တတ်ဖြစ်စေ၊ တထွေထူးမြတ်၊ လက်တတ်ဖြစ်စေ၊ သေသေချာချာ၊ တတ်လိမ္မာက၊ ဝိဇ္ဖာသိပ္ပ၊ တစ်ခု မျှလျှင်၊ ဆုံးစတတ်မြောက်၊ သက်မွေးလောက်၏၊ မင်းယောကျာ်းမှု၊ တစ်ခုခုကို၊ သူ့ထက်သာအောင်၊ ကြိုးအားဆောင်၍၊ အခေါင်အဖျား၊ တတ်မြောက်များမှု၊ ထင်ရှားကြော်ငြာ၊ ဂုဏ်ထွန်းဝါသည်။ ။”ရတနာမျက်ရှု သားရွှေဥ။”

ဆက်လက်ဖော်ပြပါမည်။
စာတော်ပြင် ဆရာကြီး ဦးပညာ
(မြန်မာ၁၁၂၅ခန့်-၁၁၈၅ခန့်)

တင်ပြသူ- မေ့သားလှ-(ဇလဂ္ဂ)
>>>ဆက်ဖတ်ရန်>>> >>

ဘဝတန်ဘိုးအရယူ

အတိတ်ကိုတွေး
မဆွေးလေနဲ.
အတိတ်ဆိုတာ
ပြန်မလာဘူး။
အနာဂတ်မှန်းဆ
မလွမ်းတနဲ.
အနာဂတ်ဆိုတာ
မသေချာဘူး။
ပစ္စုပ္ပန်မှာ
လုပ်သင့်ရာဝယ်
ပညာ လုံ.လ
အသုံးချလျှက်
ဘ၀တန်ဘိုး
အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ
အရယူလော့....။
ပါချုပ်ဆရာတော်
>>>ဆက်ဖတ်ရန်>>> >>

သားရွှေဥဆုံးမစာ(အဆက်)

၎။ “သားရွှေဥ” ၊ မျက်ရှုလူလှ၊ မောင်နားကျလော့၊ ဆရာအထံ၊ သဲသဲညံမျှ၊ စာအံစာဖတ်၊ အတတ်သင်ဘက်၊ နှစ်သက်ရွှင်ပျော်၊ သူငယ်ဖော်တို့၊ ခေါ်ဝေါ်ကြလျှင်၊ ဗျာ-ရှင်သြမွန်၊ ကျွန်တော်ကျွန်ုပ်၊ ယဉ်နှုတ်ပီထား၊ ခင်ဘုရားဟု၊ သနားစရာ၊ နှုတ်ချိုသာက၊ နာ၍မငြီး၊ ကိုယ်ထက်ကြီးမှု၊ ဦးရီးအစ်ကို၊ သူငယ်ကိုလည်း၊ နာချိုသာရေး၊ မောင်ကလေးဟု၊ ညီထွေးင်္ညီပု၊ ခေါ်မှတ်ပြုလော့ သူ့ကိုရိုသေ၊ ကျင့်ဝတ်ကျေက၊ အထွေမရှိ၊ အလိုသိ၍၊ မိမိတို့မျိုး၊ သူမြတ်နိုးလိမ့်၊ ပုံရိုးရှေ့ဆို၊ နှုတ်လျှင်ချိုငြား၊ သျှိုတပါးဟု၊ စကားလူတွင်၊ မြဲမြဲထင်၏၊ ပဉ္စင်ကျူးရိုက်၊ မင်းပွဲဆိုက်ကို၊ ငုက်မိုက်တီးတုတ်၊ သံကြမ်းကြုတ်နှင့်၊ နှုတ်မနေတည်၊ဆီး၍ မြည်က၊မကြည်မောင်းမဲ၊ ဆို ကျိန်ဆဲ၍၊ အု တ်ခဲတုတ်ဖြင့်၊ လိုက်ချောက်လွှင့်၏၊ သည်နှင့်တလျှော၊ သံချိုမောသား၊ ဥသြငှက်မွန်၊ ကောင်းစွာတွန်သော်၊ အလွန်တရာ၊ နှစ်လိုစွာ၍၊ သံသရင့်ကျူး၊ မြည်ပါဦးလော့၊ ကျေးဇူးဖော်ပြ၊ ချီးမွမ်းကြ၏၊ ဗုဒ္ဓအလောင်း၊ နွားမြတ်ကောင်းကို၊ သောင်းကျန်းစွာလျှင်၊ဆို၍နှင်သော်၊ သခင်ကိုမုန်း၊ မရုန်းပဲံနေ၊ လောင်းကြေးငွေကုန်၊ ရှုံးလေထောင်ပြည့်၊ နောက်တစ်လှည့်မှု၊ နွား၏အလို၊ ကောင်းစွာဆို၏၊ သံချိုသာယာ၊ မောင်းသောအခါ၌၊ မေတ္တာစိတ်ဝင်၊ ရုန်းလိုက်ငင်သော်၊ လှည်းလျှင်ပါလေ၊ ငွေတံပိုးကြွ၊ နှစ်ထောင်ရ၏၊ ပီယဝါစာ၊ နှုတ်ချိုသာက၊ မေတ္တာဆက်ဆံ၊ ရှေးထုံးစံကို၊
 မြဲမြံမှတ်သား၊ နှလုံးထားလျက်၊ စကားချိုသာ၊ ဆိုအပ်စွာသည်။ ။”ရတနာ မျက်ရှုသားရွှေဥ။”

စာတော်ပြင် ဆရာကြီး ဦးပညာ
(မြန်မာ၁၁၂၅ခန့်-၁၁၈၅ခန့်)
တင်ပြသူ- မေ့သားလှ-(ဇလဂ္ဂ)
>>>ဆက်ဖတ်ရန်>>> >>

သုတမဉ္ဇူ ဆုံးမစာ

၁။ “ ကျင့်ဝတ်မြွက်ဖော်” ၊ သူတော်သဘော၊ လောကသာရ၊ ဆုံးမခဲ့ချက်၊ ဦးတင်ရွက်လော့၊ အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်မှ၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နှိုး၊ ကောင်းအောင်ကြိုးလော့၊ ဘိုးဘွားမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်မဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲဒေါသ၊ မထအပ်စွာ၊ မျက်နှာငုံ့ငုံ့၊ ယုန်လျှင်ကျုံ့သို့၊ နှုတ်တုံ့မဝံ့၊ စောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံနေလျက်၊ ထွေထွေနည်းနာ၊ အဖြာဖြာ၌၊ ပညာယှဉ်မှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ အချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံဝယ်၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူလတ်သေး၊ ဆုံးမပေးသည်။ “နောင်ရေးမြင်မြင် မြော်မြော်တည်း”။

၂။ “မခက်မချော်” ၊ ကျင့်ရန်သော်ကား၊ သူတော်ဘာဝ၊ လုံ့လပညာ၊ ရှိမှသာလျှင်၊ ဥစ္စာရမည်၊ မှတ်မတည်ဘဲ၊ မူနည် သမ်းညို့၊ လူမိုက်တို့ကား၊ မည်သို့မသိ၊ ပျင်းရိရိနှင့်၊ မိမိနေရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုချည်း မှတ်ထင်ရည်းရှင့်၊ ကျင့်နည်းသွမ်းဆုံး၊ သူမိုက်ထုံးကိုနှလုံးမမွေ့၊ ရွေ့ရွေ့ဆည်းသော်၊ စရည်းအိုခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ ခြပုံးတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစေလော့၊ ကြွက်သေတစ်ခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သူဌေးထုံးကို၊ နှလုံးစွဲကာ၊ စီးပွားရှာ၍၊ ဆရာသမား၊ မိဘအားကို၊ ညွတ်တွားရိုသေ၊ လုပ်ကျွေးလေလော့၊ လေးထွေအရောင်၊ မြင်းမိုရ်တောင်နှင့်၊ ချိန်ဆောင်နှိုင်းလည်း၊ အတိုင်းလွန်ဘိ၊ ကျေးဇူးရှိသား၊ အမိကားတိုက်၊ အသိုက်မယား၊ သားအနွယ်ဆက်၊ ခက်လက်မျိုးဆွေ၊ ကျွန်ခြွေရွေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲကို၊ ဆင်းရဲဖျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်တင့်လှ၊ ဖြစ်တော်စွဟု၊ ပြောပလူဗိုလ်၊ ချီးမွမ်းဆိုလျက်၊ ကြည်ညိုဖြောင့်တန်း၊ မိတ်ခင်ပွန်းကို၊ ချစ်ပန်းနံ့ကြိုင်၊ လှိုင်စေသမှု၊ လုံ့လပြုလော့။ ။” လူမှုကုံကုံ ထံထံတည်း” ။

နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရ
အမှာတော်ရေး ဦးရှင်ကလေး
(မြန်မာ ၁၁၈၆-၁၂၆၉)။
>>>ဆက်ဖတ်ရန်>>> >>

သားရွှေကြူ ဆုံးမစာ

“သားရွှေကြူး”၊ သူတော်တကာ၊ ချီးမွမ်းရာသား၊ သားတကာထက်၊ ကျေးဇူးနက်၍၊ အဖက်မဲ့စွာ၊ ဂုဏ်ပညာနှင့်၊ သမ္မာစာရ၊ မြတ်ဓမ္မဖြင့်၊ မိဘတို့ထက်၊ ဆထက်လွန်စွာ၊ အတိဇာဟု၊ သမ္ဘာရင့်ညောင်း၊ သားသူကောင်းလျှင်၊ ဖြစ်စေ ချင်၍၊ မိခင်ဘချစ်၊ အသစ်သစ်ဖြင့်၊ ကွပ်မြစ်ဆုံးမ၊ ညွှန်ပြသ၏၊ သားလှရွှေကြူ၊ မယ့်သည်းအူလျှင်၊ နည်းယူဖွေရှာ၊ ကြံစာနာလျက်၊ သည်မှာမတော်၊ သည်မှာတော်ဟု၊ လျော်လျော်ကန်မန်၊ မှန်မှန်ဖြောင့်ဖြောင့်၊ မထောင့်မကွေ့၊ ကျင့်လေ့ကျင့်ရာ၊ အဖြာဖြာကို၊ လူမှာလူလျောက်၊ ချီးမွမ်းလောက်၍၊ ခေါင်မြတ်ပညာ၊ ရဟန်းမှာလည်း၊ ပြုရာပြုခွင့်၊ ဝတ်ရင့်ဝတ်နု၊ ထောက်ရှုမျှော်တွေး၊ ကြံစည်မေးလျက်၊ စစ်ဆေးစင်စွာ၊ ဥာဏ်ပညာဖြင့်၊ သီတာပြည့်လျှံ၊ ရေကန်ပမာ၊ မြတ်ဆရာ၌၊ စင်စွာကြည်လင်၊ ဆေးစေချင်သည်။ ။” မိခင်သည်းအူ သားရွှေကြူ”။


ကျောင်းစာရေး မောင်စံထိန်
(မြန်မာ ၁၁၈၀ ခန့်)။
>>>ဆက်ဖတ်ရန်>>> >>

လယ်တီဆရာတော် ရဲ. လယ်တီဆုံးမစာ

ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင်အဖျင်းပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုံးချင်လျှင်
အရှုံးနင့်ပြင်ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
>>>ဆက်ဖတ်ရန်>>> >>

သြဝါဒထူး ပျို့ဆုံးမစာ

မှတ်နားစိပ်လော့၊ မအိပ်ရာချေ၊ မနေရာအပ်၊ မရပ်ရာငြား၊ မသွားရာမှတ်၊ မဝတ်ရာကျင်၊ မဆင်ရာများ၊ မစားရာမြောက်၊ မသောက်ရာမှု၊ အစုစုကို၊ ယခုရှေ့ဖျား၊ ပြန်လျှောက်ကြားပိမ့်။

( မအိပ်ရာချေ )
သုံးပါးရတနာ၊ ဆရာသမား၊ ဘိုးဘွားမိဘ၊ စိုးရသခင်၊ ဂုဏ်အင်ကြီးထူ၊ ကိုယ်တူရင်းရှည့်၊ဖြစ်သည့်သူအား၊
ခြေရင်းထား၍၊ ပေါ့စားလွယ်ကာ၊ မအိပ်ပါနှင့်၊ ဆည်းဆာနေဝင်၊ ဆဲဆဲတွင်၌၊ အိပ်ချင်သော်လည်း၊ စိတ်ကိုတည်း၍၊ နည်းစေအိပ်မှောင်၊ နေထွက်အောင်လျှင်၊ ရှောင်လေလျဥ့်လျဥ့်၊ တစ်ညဥ့်သုံးခါ၊
နိုးကြားရာ၏၊ လက်ယာလက်ဝဲ၊ အိပ်နေမြဲလော့၊ ကွဲလွဲငုံ့တုံ၊ မှောက်ခုံပက်လက်၊ မအိပ်စက်နှင့်၊
ကိုယ့်ထက်မူယူ၊ မြတ်သည့်သူကို၊ အတူနွှဲယှက်၊ အိပ်ဖက်မပေါင်း၊ တောင်စောင်းအနောက်၊မြောက်သို့တူရှူ၊
ခေါင်းမမူရာ၊ ရှေ့မျက်နှာနှင့်၊ တောင်ညာစင်းစင်း၊ ခြေရင်းမပြု၊ ခုလုထစ်ခွင့်၊ နိမ့်မြင့်စောင်းထောင်၊
မာခေါင်ကျောလွန်း၊ ကြမ်းစွန်းဖျားနား၊ မိုးတားရံကာ၊ လွတ်ရာမှာလည်း၊ ရှောင်ပါအိပ်ခင်း၊ လွတ်ရှင်းရှင်း။....

( မနေရာအပ် )
အသက်အရွယ်၊ အနွယ်အမျိုး၊ အရိုးအရာ၊ ကိုယ့်ထက်သာသား၊ ဂုဏ်ဝါစံမြောက်၊ သူတို့မှောက်ဝယ်၊
ရှေ့နောက်စူးစူး၊ မြင့်ဖြူးလေညာ၊ နီးစွာဝေးလွန်း၊ မစွန်းခြောက်ပြစ်၊ ချပုဆစ်နှင့်၊ ကျစ်လစ်လှစေ၊ တင်ပျဉ်ခွေ၍၊ လက်ခြေကားယား၊ နံပါးရှည်နွဲ့၊ စောင်းလှည့်နောက်ဖီ၊ အုံးမှီလက်ထောက်၊ မတ်စောက်ဆောင့်ကြောင်၊ ဒူးထောင်လက်ဖွဲ့၊ မထီမဲ့လျှင်၊ မနွဲ့မကိုင်း၊ ခိုင်းတိုင်းကျားတား၊ မပြားမဝပ်၊
မနေအပ်ရှင့်။......

( မရပ်ရာငြား )
မရပ်သင့်ရာ၊ ရှောင်ခွင့်မှာမူ၊ လောကာဓိပ္ပ၊ ပြည်မသခင်၊ ရှင်မိဖုရား၊ သားတော်သမီး၊ ဝန်ကြီးဝန်ငယ်၊ မင်းနွယ်စိုးဆွေ၊ ယှဉ်နေနီးစပ်၊ ဆက်ကပ်ပွဲလမ်း၊ မင်းခမ်းဆောင်ရွက်၊ စားခွက်စားယောက်၊ အပါးရောက်က၊
မလျှောက်မပတ်၊ မတ်လတ်ရိုင်းစိုင်း၊ မကိုင်းမပျပ်၊ မတွားဝပ်ပဲ၊ မရပ်သင့်ချေ၊ ရပ်မိလေက၊ မင်းဒဏ်ကျ၏၊
မိဘဆရာ၊ ပညာဂုဏ်ဖြီး၊ သက်ကြီးရွယ်လွန်၊ ကျင့်မွန်မဖောက်၊ ရဟန်းမှောက်ဝယ်၊ ချစ်ကြောက်ကြည်ညို၊
အရိုအသေ၊ အချေအငံ၊ ညွတ်ကျိုးနွံမှ၊ အာသံမှတ်ကြိုး၊ ဆုပြည့်ဖြိုးအံ့၊ မိုးတိုးမားတား၊ မပြားမပျပ်၊ မဝပ်မကိုင်း၊ ခိုင်းတိုင်းကြမ်းတမ်း၊ အမှန်းမသိ၊ ဒိဋ္ဌိမူကျင့်၊ မရပ်သင့်သည်၊ ပြစ်လွင့်လွတ်ကင်း၊
ကြဉ်ရှောင်ကွင်း။....

( မသွားရာအပ် )
စိုးမင်းသခင်၊ အရှင်မိဘ၊ ရှေ့သိုကျသော်၊ ကုန်းကွတုပ်ပျပ်၊ နှိပ်ဝပ်ညွတ်ထိုင်၊ နောက်ယိုင်ရှောင်ရှား၊
သွားမှုလာမှု၊ ယဉ်နုလှစေ၊ အခြေကြမ်းတမ်း၊ ရှေ့မသန်းနှင့်၊ စိုးနန်းမင်းအိမ်၊ ဆိပ်ငြိမ်စက်တော်၊
ခေါ်သည့်အခိုက်၊ တိုက်ရိုက်သူ့နား၊ မကြားစေလို၊ ထိမ်ဝှက်သို၍၊ ပြောဆိုသည့်ခိုက်၊ ထိုက်လိုက်ချီးမြှောက်၊
စားသောက်ဖွယ်ရေး၊ တည်ကျွေးသည့်ခိုက်၊ မှားမိုက်ကျေးကျွန်၊ အပြစ်ဝန်နှင့်၊ ဒဏ်ရှိသူအား၊ ထားသည့်ရပ်မြေ၊ ဖုတ်တစ္ဆေနှင့်၊ ကင်းမြွေထူထဲ၊ ကျားရဲသစ်ရူး၊ ဘီလူးရှိရပ်၊ ပေါ်လျှပ်ကောက်ကျစ်၊
မူညစ်သွမ်းဆိုး၊ သူခိုးဖမ်းရာ၊ ကန္တာရတော၊ မြစ်ကြောနစ်ကျယ်၊ ပင်လယ်သမုဒ်၊ သတ်ပုတ်တွန်းလှန်၊
ခိုက်ရန်တွေ့ပွဲ၊ ငြင်းခုံဆဲနှင့်၊ သောင်းသဲစည်ပင်၊ ပွဲသဘင်သို့၊ သွားချင်မှုသာ၊ မသွားရာတည့်၊
ကြမ်းမှာခြေနင်း၊ မပြင်းညံသက်၊ လွန်ဖြည်းညက်စေ၊ ညဥ့်နက်မှောင်မည်း၊ တယောက်ထည်းလည်း၊
တင့်ရည်းပေါ့သွပ်၊ မသွားအပ်သည်၊ ကြပ်ကြပ်ဝမ်းတွင်း၊ မှတ်သွတ်သွင်း။........

( မဝတ်ရာကျင် )
ရှောင်ပါစေချင်၊ အ၀တ်တွင်လည်း၊ မစင်မကြယ်၊ ရွံဖွယ်စက်ဆုပ်၊ မည်းပုပ်မွဲပြာ၊ စာမချေသေး၊
ဖွပ်ဆေးမလျှော်၊ညှီစော်မြှေးသမ်း၊ ဟောင်းနွမ်းစုတ်ပြတ်၊ ညှိုးညစ်ပတ်က၊ မဝတ်လေရာ၊ ဥစ္စာရွှေငွေ၊
ဆန်ရေစပါး၊ ကျွဲနွားယာလယ်၊ လိုမယ်မတ၊ စိတ်တိုင်းကျလျက်၊ ကြွယ်ဝပြည့်စုံ၊ ကုံလင်းကစား၊ စိုးမင်းလားသို့၊ သောက်စားသမှု၊ ဝတ်တုမမူ၊ ရှေ့ရှုနောက်ချင့်၊ ကိုယ်နှင့်အင်တန်၊ သင်အောင်ဖန်၍၊
ခန့်ရန်တော်ရာ၊ ကောင်းမြတ်ပါလည်း၊ စိတ်မှာချင်ချင်၊ မရှိလျှင်မူ၊ မဆင်ဝတ်သင့်၊ မိုးမြင့်ကဲကျူး၊
ဝတ်ထူးစားဆန်း၊ မွင့်လန်းရောင်ဝါ၊ ယဉ်ကျေးစွာကို၊ ချိန်ခါမဲ့ပဲ၊ မဝတ်လဲနှင့်၊ တွဲလွဲများလျား၊ ဖားရားမြေထိ၊
ရှေ့ငြိနောက်ကျ၊ ခြေချဖဝါး၊ နင်းသွားမသာ၊ ဝါဝါကားကား၊ ကြွားကြွားဝင့်ဝင့်၊ ဝတ်သဖြင့်လည်း၊
မတင့်တယ်ရာ၊ ဓမ္မတာလျှင်၊ လှမ်းသာကြွလွယ်၊ ညာဘယ်နောက်ရှေ့၊ ညီစေ့လျဥ့်လျဥ့်၊ မယဥ့်မတောင်း၊
ဆင်ဝတ်ကောင်းသည့်၊ ကျိုးကြောင်းပြစ်ကင်း၊ မြှော်ရှုတင်း။......

( မဆင်ရာများ )
တန်ဆာပလာ၊ ဆင်ဖွယ်မှာလည်း၊ ရတနာရွှေငွေ၊ လွန်မြတ်စေလော့၊ အနေဆုတ်ယုတ်၊ ခါမဟုတ်က၊
ဖော်ထုတ်ပြုပြင်၊ မဆင်ယင်နှင့်၊ ဆံကျင်ဆံထိုး၊ ခါးကြိုးဥိးစောက်၊ လယ်ကောက်လက်ကြပ်၊ လက်စွပ်နားပန်၊ ပန်းမာလ်ခြေကျင်း၊ ရှောင်ကွင်းလည်မှာ၊ ဆင်တန်ဆာလည်း၊ ကာလာဒေသ၊ နေ့ညမှတ်ကြိုး၊ အမျိုးအနွယ်၊ အရွယ်အသက်၊ ချင့်တွက်ယုတ်မြတ်၊ ဆင်ယင်တတ်မှ၊
ဆင်ဝတ်သ၍၊ သူ့စိတ်တွေ့၏။.....

( မစားရာမြောက် )
ညဥ့်နေ့မခြား၊ မစားရာမြောက်၊ စားခင်းမှာတုံ၊ ရသာထွေပြား၊ မြိန်မြတ်ငြားလည်း၊ စားမကြူးရာ၊
ပူဆာစပ်ငန်၊ ချဉ်ဖန်ချိုခါး၊ ထွေထွေစားလည်း၊ သုံးပါးဥတု၊ မြှော်ရမ်းရှုလော့၊ မှီခုတစောင်း၊ အိပ်လျောင်းဝပ်စင်း၊ ခြေဆင်းပေါင်ထောင်၊ ဆောင့်ကြောင်မတ်စောက်၊ တောင်မြောက်ကြည့်ကွက်၊
ရပ်လျက်သွားလျက်၊ နှစ်ဘက်ပါးနား၊ အံစောင်ဝါး၍၊ မစားလေသင့်၊ ကော်လွှင့်ဝှေ့ဟန်၊ ကျောက်ကန်ပုတ်ခတ်၊ ကိုက်ခဲတတ်သည့်၊ သတ္တဝါသား၊ မထွားမဆူ၊ သိုးအူပုပ်လှောင်၊ ညှီဟောင်သမျှ၊
မစားရသည်၊ နေ့ညမကင်း၊ ကြည်ရှောင်မင်း။..........

( မသောက်ရာမှု )
မသောက်အပ်ထွေ၊ ရှောင်ပါလေလော့၊ မေရယငါး၊ သူရာငါးနှင့်၊ ပိုးမွှားလောက်ကျိ၊ မြူတိနောက်ထင်၊ သန့်စင်မကြည်၊ ရေကိုသည်လည်း၊ ချုပ်ဆည်းအာသာ၊ မသောက်ရာတည့်၊ ဘယ်ညာလွှဲလက်၊ ရေခွက်ဖလား၊ လက်ဝါးပြောင်းပြန်၊ ကိုင်ဟန်လှန်မှောက်၊ မသောက်ပြန်ရာ၊ ဟင်းမှာရေထုတ်၊ ဟင်းရှုတ်ရေကို၊ မမျိုလေထိုက်၊ မကျိုက်လေအပ်၊ သတိကြပ်လော့၊ ရှစ်ရပ်ဖျော်ရည်၊ ဆီကြည်ထောပတ်၊
မြိန်မွန်မြတ်လည်း၊ ကြိုက်တတ်သောအား၊ လျှာကိုတား၍၊ မများစေရ၊ သင့်ရုံမျှသာ၊ သောက်လေရာ၏၊
စာနာခန့်ချိ၊ မျက်စိအကျင့်၊ ဝမ်းအချင့်ဟု၊ ယခင့်ဝေါဟာ၊ ထင်ရှားစွာနှင့်၊ သူရာသောက်ဝယ်၊
ပြစ်ခြောက်သွယ်ကား၊ လိုမယ်မရ၊ ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊
ပွါးတတ်ဘိ၏၊ မျက်စိသီဝေ၊ လက်ခြေတုန်ယင်၊ မဝင်ဝမ်းတွင်း၊ ထမင်းမစား၊ ရောဂါများ၏၊
ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊ ရှက်ဖွဲ့အရာ၊ ကျောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး၊ မဖုံးလွှမ်းနိုင်၊
စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊ သတိပညာ၊ လျော့ညံ့ရာသည်၊ မကြာလက်ငင်း၊ မျက်မှောက်တွင်း။..


မျက်ရှေ့သက်သေများ.........
စေ့ရေစေ့ရေ၊ ဖြစ်ဘူးထွေကို၊ သက်သေတံဆိပ်၊ ပုံခတ်နှိပ်အံ့၊ မအိပ်သီးစောက်၊ တောဆင်ပေါက်နှင့်၊
မိုးသောက်ကြက်တင်၊ နေဝင်ကောက်လှန်း၊ ဥဒါန်းဖြစ်လေ၊ ဆရာစေသား၊ ထင်းခွေတပည့်၊ အိပ်ကျုးသည့်ကြောင့်၊ မပြည့်လိုအင်၊ မျက်စိပင်တည့်၊ မမြင်မွဲတေ၊ ဆုံးဘူးချေ၏၊ တစ်ထွေစံတည်၊
လှည်းကုန်သည်ဝယ်၊ ရှေးတည်သမား၊ အအိပ်များ၍၊ လှည်းသားအားလုံး၊ ရေငတ်ထုံးလည်း၊ ယူကျုံးဖွယ်သာ၊ အနေမှာကား၊ ရတနာစီခက်၊ နေရာထက်ဝယ်၊ တက်သက်နေမိ၊ ပညာရှိလျက်၊
သတိယွင်းလပ်၊ မင်းဒဏ်ကြပ်၏၊ မရပ်ရာဘိ၊ ရပ်မှားမိသည့်၊ ဘူရိဒတ်ဝယ်၊ အလမ္ပါယ်သည်၊ ဆိပ်စွယ်ထိလွှမ်း၊ လူရည်နွမ်း၏၊ ထုတ်သမ်းခရီး၊ မသွားဆီး၍၊ ပျက်စီးတိမ်မြုပ်၊ ခန္ဓာချုပ်သည်၊
တရုပ်ပြေးမင်း၊ တိမ်နင်းပျံသန်း၊ ရှင်ကန်းမလင်၊ ပုံပြင်ထူရှည့်၊ ပြည့်တန်ဆာထံ၊ ဆွမ်းရပ်ခံသည်၊
ရှင်ပျံတို့မှ၊ ဈာန်လျှောကျ၏၊ စံပအဝတ်၊ ယွင်းမှားချွတ်သည့်၊ ဒွတ္တပေါင်မင်း၊ ဆင်ခြင်းမရာ၊ နန္တာသူရိယ၊
ပျောက်ပဆုံးပါး၊ စားစရာမှာ၊ မနူဟာနှင့်၊ ဇူဇကာပုဏ္ဏား၊ ဆင်သားစားခွေး၊ သောက်မှားရေးမူ၊
သူဌေးကြိးသား၊ သားစားပြည့်ရှင်၊ တပင်ရွှေထီး၊ ထုံးစံမှီး၍၊ ပျက်စီးသည့်ဘေး၊ ဝေးကမျှော်မြင်၊
ရှောင်စေချင်သည်၊ ဆံမြှင်မြူညှင်း၊ မလစ်ဟင်း။..................

( စိန္တကျော်သူ ဦးသြ )
နတ်ဆိုးဘလော့မှ တဆင့်ဖော်ပြပါသည်။ ကျေးဇူးတင်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>