ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုန်
နှစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း။
ခုလိုနှင့် သံသာဘွေမှာ၊ ခန္ဓာတွေ များခဲ့စတောင်း။
သက်မွေးမှု စခန်းပိုအောင်၊ ဝမ်းကိုသာ နင်ကျောင်း။
လေးဆယ်ကျော်၊ အရွယ်နှောင်းခါမှ၊
သူကြွယ်လောင်းလုပ်ချင်။
မိုးကုန်ပြီ ထွန်မချချင်နှင့်၊ ရွံစရာ့ မှားဖို့ဖြစ်အင်။
နွားအိုကြီး အမော့သင်သလို၊ မလျှော့ချင် ဘဝဆုံးရှာတော့၊
အစတုံး နင့်အဆင်၊ လွဲဖို့သာ ပြင်။
တရားသို့ မသက်ဝင်လျှင်၊ အခက်နင် ကြုံတွေ့ဖို့လေး။
No comments:
Post a Comment