Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

လူလိုမြင်တတ် ကြည့်တတ်ဖို.

လူ.လောကကြီးတွင် ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းပြီး ငြိမ်းချမ်းသာယာသောဘဝကို ရယူ ထူထောင်လို
ကြပါလျှင် မိမိတို. ပတ်ဝန်းကျင်ရှိ လူအများကို "လူလိုမြင်တတ် ကြည့်တတ်ဖို." လိုပါတယ် ။ ဒီလို "လူကို လူလို ကြည့်တတ် မြင်တတ်"ရန်မှာလည်း "ဗြဟ္မစိုရ်မျက်စေ့(မျက်စိ)" ရှိရမှာဖြစ်ပါတယ် ။
မေတ္တာ-ဂရုဏာ-မုဒိတာ-ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားများဖြင့် လောကနှင့်လူသားများအပေါ်ကြည့်
ရာမှာလည်း အချိန်အခါနှင့် အခြေအနေအရ ၊ စိတ်ဓာတ်စင်ကြယ်မှုအရ၊လူမျိုးနှင့်ရိုးရာယဉ်ကျေးမှုအရ၊
ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှုအရ၊ စိတ်ဓာတ်စင်ကြယ်မှုအရ၊ ဝိသဿနာဓမ္မ အမြင်အရ၊ မမြဲသော အ နိစ္စ သဘောအရ၊ ဆင်းရဲခြင်းဟူသောဒုက္ခသဘောအရ၊ မိမိနှင့်မဆိုင်မိမိမပိုင်သည့် အနတ္တသဘော အ ရကြည့်တတ်-မြင်တတ်ရမည် ဟု ဆိုပါတယ် ။
တိုင်းပြည်နှင့် လူမျိုးတို.၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများနှင့် အမျိုးမျိုးသော အတတ်ပညာများကို "ယဉ်ကျေးမှု"ဟူ၍ ခေါ်ဆိုကြပါတယ် ။ ယဉ်ကျေးမှုများစွာတို.အနက်မှ တစ်ဦးနှင့်တစ်ဦးဆက်ဆံကြရာ
မှာ အရေးအပါဆုံးမှာ"ကိုယ်အမူအရာယဉ်ကျေးမှု(ကာယကံ)၊ အပြောအဆိုနူးညံ့မှု(ဝစီကံ)၊ စိတ်ထား
ဖြူစင်မြင့်မြတ်မှု(မနောကံ)မှာ အရေးအကြီးဆုံးဖြစ်ပါတယ် ။
ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှစကာ ဒီကနေ.တိုင်အောင် "ထေရဝါဒ ဗုဒ္ဓသာသနာ"မှာ မြန် မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထွန်းလင်းတောက်ပလျက်ရှိနေပါတယ်။ မြန်မာတို.သည်လည်း " ဗုဒ္ဓသာသာ
သနာအပေါ်အခြေခံကာ" မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြသည်ဟုဆိုပါတယ်။
ဗုဒ္ဓသာသနာကလည်း"မေတ္တာတရားနှင့် ကိုယ်ချင်းစာတရား" ကိုအလေးထားကာ"သူတစ်ပါးကို မထိ ခိုက် မနစ်နာစေပဲ " အပြစ်ကင်းအောင် ပြုမူ - ပြောဆို-ကြံစည်ကြရန်ကိုသသွန်သင်ညွှန်ပြ ဆုံးမ
ပေးပါတယ် ။
သူအသက်ကိုသတ်ခြင်း- သူတစ်ပါးပိုင်ပစ္စည်းဥစ္စာများကိုခိုးယူခြင်း- ကာမဂုဏ်တို.တွင်မှားယွင်းစွာပြု
ကျင့်ခြင်း-မဟုတ်မမှန်ပြောဆိုခြင်း-သေရည်သေရက်နျင့် မူးယစ်ဆေးဝါးများကိုသောက်စား သုံးစွဲခြင်း
တို.မှရှောင်ကျဉ်ခြင်းစသေ " ပဉ္စသီလ " ခေါ် "ကျင့်ဝတ်ငါးပါး"သည် ကိုယ်အမူအရာနှင့် စိတ်အမူ
အရာတို.ကို အပြစ်ဆိုစရာမရှိစေရန် ထိန်းသိမ်းနေထိုင်စေခြင်းဖြစ်သည့်အတွက် "ကမ္ဘာ့တစ်ခွင်တွင်
အယဉ်ကျေးဆုံး ၊အသိမ်မွေ.ဆုံး" ကျင့်ဝတ်များအဖြစ် သတ်မှတ်ခံခဲ့ရသည်ဟုလည်း ပညာရှင်များက
ဖွင့်ဆိုထားကြပါတယ်။
မိမိထက်ငယ်ရွယ်သူများအပေါ် ညှာတာထောက်ထားကာ-ကြင်နာသနားခြင်းစသော"ချစ်ခြင်းတရားများ"
ပွားများနိုင်ရမှာဖြစ်သလို မိမိထက် အသက်အရွယ် -ဂုဏ်သိက္ခာကြီးရင့်သူများအပေါ်မှာလည်း မာန်မာ
နကို နှိမ်ချပြီး ဂါရဝတရားရှေ.ထားကာ ယဉ်ကျေးသိမ်မွေ.စွာပြောဆို ဆက်ဆံကြရပါသည် ။
အခက်အခဲ အကြပ်အတည်းနှင့် ကြုံတွေ.လာသူများကို ကိုယ်ချင်းစာနာ ထောက်ထားကာ ကူညီပေး
လေ့ရှိခြင်းမှာလည်း "မြန်မာ့ယဉ်ကျေးမှု"၏ အနှစ်သာရ များပင်ဖြစ်ပါ၏။
ဤသို.သော အနှစ်သာရနှင့် ပြည့်စုံသည့် "မြန်မာ့ယဉ်ကျေးမှုများ"ကို ယနေ.လူငယ်များအနေနှင့်
မြတ်နိုးယုယစွာ ဂုဏ်ယူဝင့်ကြွား ထိန်းသိမ်း စောင့်ရှောက်သွားကြရန် အထူး လိုအပ်ပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment