အခါတစ်ပါးက မြတ်စွာဘုရားသည် သာဝတ်္ထိပြည် အနာ
ထပိဏ်သူဋ္ဌေး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ဖြစ်သော
ဇေတ၀န် ကျောင်းတော်၌
သီတင်းသုံး နေတော်မူ၏။ ထို အခါ နတ်ဗြဟ္မာ အပေါင်းတို့သည်
မြတ်စွာဘုရားထံတော်
မှ မင်္ဂလသုတ်တော်ကို ကြားနာရ၍ မိမိတို့သိလိုသော သတ္တ၀ါများ၏
ကြီးပွားချမ်းသာကြောင်းများကို သိရှိကြ ရပြီး ထိုမှတစ်ပါး သတ္တ၀ါများ၏
ပျက်စီးဆုတ်ယုတ် ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ ထို့ကြောင့်
မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ် လာရ၏။
မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့က သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက် ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအ တိုင်း မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါသည်။
မင်္ဂလသုတ်တော်ကို ကြားနာရပြီး နောက်တစ်နေ့က သိကြားမင်း၏ ခိုင်းစေချက်အရ နတ်သားတစ်ပါး လျှောက် ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို အောက်ပါအ တိုင်း မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါသည်။
နတ်ဗြဟ္မာများ ကိုယ်တော်စား လျှောက်ထားပါသည် ဘုရား၊
လောကအလယ် ဂုဏ်မကြွယ် သိမ်ငယ်မှုန်မွှားမွှား၊
မကြီးမပွား ဆုတ်ပျက်ပြား မျက်ဝါးထင်အရှား၊
ဤသို့ဖြစ်ခြင်း အကြောင်းရင်း ရှင်းလင်းတော်မူဘုရား။
နတ်တို့ကိုယ်စား မေးလျှောက်ထား
လောကအလယ် ဂုဏ်မကြွယ် သိမ်ငယ်မှုန်မွှားမွှား၊
မကြီးမပွား ဆုတ်ပျက်ပြား မျက်ဝါးထင်အရှား၊
ဤသို့ဖြစ်ခြင်း အကြောင်းရင်း ရှင်းလင်းတော်မူဘုရား။
နတ်တို့ကိုယ်စား မေးလျှောက်ထား
နတ်သား ဤသို့ မှတ်လေလော့။
ပင်ကိုယ်ဉာဏ်ကြွယ် အမြင်ကျယ် လူဝယ်ကြီးပွားကြောင်း၊
ထုံ,အ,နုံ,ဖျင်း အမြင်ကျဉ်း ယိုယွင်းပျက်စီးကြောင်း၊
တရားကိုချစ် ဤသို့ဖြစ် စင်စစ်ပြန့်ပွားကြောင်း၊
တရားကိုမုန်း လူညွန့်တုံး လူလုံးမလှတောင်း။
ဆိုလိုရင်း
၁။ အလိမ္မာနည်းခြင်း။
၂။ တရားကိုမုန်းခြင်း။
ဆုတ်ယုတ်ကြောင်းတရားသုံးပါး
သိအပ်ရာရာ သိတတ်စွာ သတ္တာသုံးလူ့ရှင်၊
အရှင်ဟောကြား ထိုတရား မှတ်သားနှလုံးတွင်၊
ယွင်းမှားတိမ်းစောင်း ပျက်စီးကြောင်း ထပ်လောင်းမိန့်စေချင်။
သို့ဖြစ်မူကား မောင်နတ်သား နာကြားသတိစွဲ၊
သူတော်ကောင်းကို မကြည်ညို မလိုမုန်းမာန်မဲ၊
သူယုတ်ကိုကား ထိပ်ပေါ်ထား ချစ်အားပို၍ကဲ၊
သူတော်ကျင့်သုံး တရားထုံး လုံးလုံးမျက်နှာလွှဲ၊
သူယုတ်တရား လိုက်စားစား အားပါးတခဲခဲ၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း တိမ်းစောင်းပြိုယိုင်လဲ။
ဆိုလိုရင်း
၁။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။
၂။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။
၃။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။
ပျက်စီးကြောင်းတရား ၅-ပါး
သမန္တစက္ခု သဗ္ဗညု အတုလ ပရမေဘုရား၊
ထိုမှတစ်ဖန် ပျက်စီးဟန် နာခံလိုပါသေးသည်ဘုရား၊
ဥဏ်တော်ကွန်ရက် ဖြန့်ကာကြက် ဟောမြွက်ဆက်တရား။
သို့ဖြစ်သော်ငြား မောင်နတ်သား နာကြားသတိပြု၊
အအိပ်စုံမက် သဘင်ဖက် မဖက်ထကြွမှု၊
အပျင်းထူပြန် ဒေါသထန် စောင်မာန်ထောင်လွှားပြု၊
ဤသူလည်းကောင်းပျက်စီးကြောင်း ထပ်လောင်းမှတ်လေဟု။
ဆိုလိုရင်း
၁။ အအိပ်စုံမက်ခြင်း။
၂။ ပွဲလမ်းသဘင် လိုက်စားခြင်း။
၃။ ထကြွလုံ့လ မရှိခြင်း။
၎။ ပျင်းရိထိုင်းမှိုင်းခြင်း။
၅။ အမျက်တံခွန်ထောင်ခြင်း။
မိအိုဖအိုနှင့်ပျက်စီးကြောင်းတရား
ပျက်စီးခြင်းတရား ကြောင်းငါးပါး မှတ်သားရပြီမင့်၊
အားမရသေး ထပ်၍မေး ဖြေရေးကျူးကာရင့်၊
မေးမှုဖြေမှု မှန်လိုရှု လူမှုရေးရာကျင့်။
ကျေးဇူးမြင့်မိုရ် တောင်ထက်ပို မိအိုဖအိုအား၊
ပြုစုသိမ်းမွေး ယုယထွေး လုပ်ကျွေးနိုင်လျက်သား၊
မလုပ်ကွေ၊းပဲ မျက်နှာလွှဲ မိုက်မဲလေမူကား၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်းမှတ်၍သွား။
ဆိုလိုရင်း
အရွယ်လွန်၍ အိုမင်းသော မိဘကို
ကွေ၊းမွေးနိုင်သော အစွမ်းရှိပါလျက်
မပြုစု မကျွေးမွေးခြင်း။
အလှူခံများနှင့်ပျက်စီးကြောင်းတရား
လေးကြိမ်လျှောက်ထား ပျက်ကြောင်းများ ထင်ရှားသိပါပြီ၊
နောက်ထပ်ဆင့်လောင်း ပျက်စီးကြောင်း
မိန့်တောင်း ဆွေသာကီ။
ရဟန်းတော်များ နောက်ပုဏ္ဏား တောင်းစားသူများကို၊
ဖြားယောင်းလှည့်ပတ် ဇိုးဇတ်ဇတ် ပုတ်ခတ်ရေရွတ်ဆို၊
နှုတ်စကားလုံး မုသားသုံး မျက်မုန်းကျိုးသလို၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်းသိစေလို။
ဆိုလိုရင်း
ရဟန်းတော်အရှင်မြတ်များနှင့်
တောင်းစားသူတို့အား
မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။
တကိုယ်ကောင်းစိတ်ထားနှင့်ပျက်စီးကြောင်းတရား
ကိုးဝဂုဏ်တော် ပြည့်စုံကျော် ရှင်တော်မြတ်ဘုရား၊
ငါးကြိမ်တိုင်တိုင် ပျက်စီးနိုင် ယိမ်းယိုင်အကြောင်းများ၊
နာကြားမ၀ ထပ်ကာပ ဟောပြပေးပါဘုရား။
စည်းစိမ်ဥစ္စာ ရတနာ လိုရာပြည့်စုံသည်၊
ချို, ချဉ်, ဖန်, ခါး ရသာများ မရှားပေါလှသည်၊
သို့ပါသော်လည်း တစ်ယောက်ထဲ ကျိတ်ခဲစားသုံးသည်၊
တစ်ပါးသူအား ပေးမစား မုန်းအားပိုကြမည်၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်း မှတ်လေတည်။
ဆိုလိုရင်း
ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက်
သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ
တစ်ကိုယ်တည်း စားသောက်ခြင်း။
မျိုးနွယ်မာန်တက် ပျက်စီးကြောင်းတရား
ခြောက်ကြိမ်မြောက်လည်း နာမညည်း သီးသီးလွန်ကြည်ညို၊
ခုနှစ်ကြိမ်မြောက် ထပ်မံလျှောက် မိန့်ထောက်စကားဆို။
မျိုးနွယ်ဥစ္စာ မာန်တက်ခါ မညှာဆက်ဆံသည်၊
အမျိုးကိုပင် ထေမဲ့မြင် မာန်ဝင်မှားလေပြီ၊
ဂုဏ်နေမတက် သရေပျက် မိုက်ထက်မိုက်တော့သည်၊
ဤသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်း မှတ်လေတည်။
ဆိုလိုရင်း
၁။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊
၂။ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊
၃။ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။
မိန်းမ,သူရာ လောင်းကစား ၀ါသနာပါက ပျက်စီးကြောင်း
မာန်ကိုမာန်ဖျက် မာနတက် ဆက်ဆက်မှားလေပြီ၊
အရှင်ဟောကြား ထိုတရား မှတ်သားရပါသည်၊
ယခုတစ်ဖန် ပျက်စီးဟန် ဟောရန်လျှောက်ပါသည်။
မိန်းမအရက် ကစားဖက် ပျော်ပျက်နေသူမှာ၊
ရလေသမျှ ငွေဓန ကုန်ကျပျက်စီးမှာ၊
ဤသည့်အတွက် ထိုသုံးချက် ထိပ်ထက်မှတ်လေပါ။
ဆိုလိုရင်း
၁။ မိန်းမလိုက်စားခြင်း၊
၂။ အရက်သောက်သုံးခြင်း၊
၃။ လောင်းကစားကြူးခြင်း။
သူတစ်ပါးသားမယားနှင့် ပျက်စီးကြောင်းတရား
နတ်တို့အရှင် ကျွန့်ထိပ်တင် ပန်ဆင်တော်မူဘုရား၊
နတ်လူတို့မှာ ပျက်စီးရာ များစွာထင်အရှား၊
ကြွင်းကျန်သမျှ ဟောဖေါ်ပြ မိန့်မှသိရပါမည်ဘုရား။
ဇနီးမယား အနီးထား စိတ်များမငြိမ်ပါ၊
ပြည့်တန်ဆာမ ကိုယ်ကာယ အားကြမက်မောကာ၊
သူ၏မယား အမြှောင်ထား ဖောက်ပြား လူ့မိစ္ဆာ၊
ထိုသူလည်းကောင်းပျက်စီးကြောင်း
ထပ်လောင်းမှတ်လေပါ။
ဆိုလိုရင်း
ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ
ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။
အသက်ကြီးမှ တဏှာထ၍ ပျက်စီးကြောင်းတရား
ပျက်စီးခြင်းများ ဟောဖေါ်ကြား မှတ်သားမ၀ပြီ၊
အရှင်၏ဂုဏ် စိတ်မှာထုံ လွှမ်းခြုံကန်တော့သည်၊
ဒသမမြောက် ကျွန်ုပ်လျှောက် ၀မ်းမြောက်ပါရစေ။
အရွယ်လွန်ငြား အိုသက်ကျား ပါးနားရှုံ့တွကာ၊
ဇရာသရုပ် ကိုယ်မှာတုတ် တုန်လှုပ်ချိနဲ့ရှာ၊
သမီးအရွယ် မိန်းမငယ် နှစ်သွယ်ကြိုက်မိရှာ၊
မိန်းမအတွက် အအိပ်ပျက် စိတ်လက်မကြည်သာ၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း
ထပ်လောင်းသိလေပါ။
ဆိုလိုရင်း
အသက်ကြီးမှ တဏှာထ၍
သမီးအရွယ်ကို ဇနီးမယားနှယ် လက်ထပ်ပြီးမှ
စိတ်မချ၍ စားမ၀င် အိပ်မပျော် ဖြစ်ရခြင်း။
သေသောက်ကြူးအား အကြီးအကဲထားမိ၍ ပျက်စီးကြောင်းတရား
မှတ်သားဖွယ်ရာ အဖြာဖြာ ဓမ္မာထိုတရား၊
ဆယ့်တစ်ကြိမ်မြောက်ထပ်မံလျှောက် ဝမ်းမြောက်ပါစေသား။
အစားအသောက် မီးလိုတောက် ဟိန်းဟောက်ငြူစူစူ၊
ဖယိုဖရဲ ထိန်းသိမ်းကဲ အမွဲအောင်လံထူ၊
ထိုသည့်မိန်းမ ကြီးကဲလှ စိုးရတင်လေမူ၊
ထိုသူလည်းကောင်း ပျက်စီးကြောင်း ထပ်လောင်းမှတ်လေဟု။
ဆိုလိုရင်း
သောက်စားပျော်ပါးကြူး၍ ပိုက်ထုပ်သိမ်းဆည်းခြင်းမရှိ ဖရိုဖရဲဖြန့်ကြဲတတ်သော မိန်းမကိုသော်၎င်း ယောက်ျား ကိုသော်၎င်း၊ အိမ်၌ဖြစ်စေ တစ်စုံတစ်ခုသော အလုပ်အကိုင်၌ဖြစ်စေ အသင်းအပင်း၌ဖြစ်စေ အကြီးကကဲ ဥက္ကဌ အဖြစ်ခန့်ထားခြင်း။
ဥစ္စာဓန မကြွယ်ဝဘဲ ဟန်ပြ၍ ပျက်စီးကြောင်းတရား
ဘုန်းကံကြီးမား မြတ်ဘုရား လျှောက်ထားပါရစေ၊
ပျက်စီးကြောင်းတရား နောက်ဆုံးထား နာကြားလိုပါပေ၊
အားလုံးပေါင်းစု ပျက်စီးမှု ကြောင်းပြုမိန့်တော်ခွေ၊။
ဥစ္စာဂုဏ်သိမ် မှေးမှိန်မှိန် ရောင်ရှိန်မထွန်းပ၊
မတန်မရာ ကြံစည်ကာ တဏှာတကြွကြွ၊
မင်းနွယ်မင်းမျိုး ဂုဏ်ဖြင့်မိုး ဟန်ရှိုးတပြပြ၊
စင်စစ်ထိုသူ မင်းဖြစ်မူ ပြည်သူဆင်းရဲစွ၊
ထို့ကြောင့်လည်းကောင်း နတ်အပေါင်း
မှတ်ကြောင်း ပရာဘ၀။
ဆိုလိုရင်း
ဥစ္စာစည်းစိမ် မရှိပါဘဲလျက် အလိုကြီးခြင်း၊
ဥစ္စာစည်းစိမ် ဂုဏ်သိမ်တန်ခိုး မရှိဘဲလျက်
မင်းအဖြစ်ကို တောင့်တခြင်း။
ပျက်စီးကြောင်းများ ထင်အရှား နတ်သားသိရပြီ၊
ပညာအမြင် ဥဏ်ဆင်ခြင် ဘေးစင်ဝေးကွာမည်၊
ချမ်းသာအေးမြ ဘုံဘ၀ လားရကပ်ရမည်၊
ထိုကြောင်းနတ်သား ဤတရား ဟောကြားပြီးဆုံးပြီ။
ဆိုလိုရင်း
လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပညာရှိသည် ဤပျက်စီးဆုတ်ယုတ်ကြောင်း တရားတို့ကို ကောင်းစွာရှုဆင်ခြင်၍ ရှောင်ရှားနိုင်သော ကြောင့် ယခုဘ၀မှာလည်းကြီးပွားချမ်းသာ နောင်ဘ၀ မှာလည်း အေးမြချမ်းသာသော နတ်ပြည်လောက၌ ဖြစ် ကြရလေတော့သတည်း။
ဆရာတော်ကြီးများ၏ သိ,ကျင့်စရာ ဓမ္မရတနာ၊ စာ ၄၆။
No comments:
Post a Comment