ဆရာ ဦးလှသိန်းထွဋ်၏ " ဗုဒ္ဓနှင့် မြန်မာလူမျိုး " စာအုပ် ကို မှီငြမ်းပါသည် ။
ကလေးတို.ဆရာမ ။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“ဗုဒ္ဓဘာသာ” ကိုးကွယ်ခြင်းမှာ မြန်မာတို.အတွက် “ သမိုင်းပေးတာဝန်” ဆိုပါက မှားမယ် မထင်ပါ ။ ”သွေးက ပြောသောဘာသာ” ဟူ၍လည်း ဆိုကြပါ၏ ။ ဒါ့ကြောင့်သာလည်း “ဗုဒ္ဓဘာသာ” သည်
မြန်မာတို.၏ အသွေးထဲ အသားထဲအထိ စွဲမြဲနေခဲ့ခြင်းးပင်မဟုတ်ပါလား။
သမိုင်းပေးတာဝန်ဖြစ်ကြောင်းကို တစေ့တစောင်း ပြန်ပြောင်းကြည့်ပြန်ပါကလည်း မြန်မာပြည်ဖွား
တိုင်းရင်းသားတို.မှာ သာကီဝင်မင်းသားဗုဒ္ဓမြတ်ဘုရား နှင့် ဆွေမျိုးရင်းချာ တော်စပ်ကြတဲ့
အတွက် ကံကောင်း သူများဖြစ်ကြပါတယ် ။
မြန်မာနှင့် ဗုဒ္ဓ ခွဲခြားမရ ဆွေတော်မျိုးတော်များ ဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသနာတော်ကို
မြန်မာလူမျိုးတိုင်း ကိုးကွယ်ရေး ။ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကို ဆက်ခံနိုင်ရေးသည်သမိုင်းပေး တာဝန်ကြီးဖြစ်လာရသည်ဟုဆိုကြပါ၏ ။ ရှေးခေတ်မြန်ာကြီးတို.သည် ၄င်းတာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပါ၏ ။
“ မြန်မာနိုင်ငံကို ချစ်သော မြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာကိုချစ်မြတ်နိုးရပါမည်။ မြန်မာကို ကမ္ဘာ အလေးထားနေကြသည်မှာလည်း ဗုဒ္ဓဘာသာကြောင့်ပင် ဖြစ်ပါ၏ ” ။
ထိုမျှမကသေးပါ “ကမ္ဘာပေါ်တွင် ပထမဆုံးသော မြတ်ဗုဒ္ဓ၏ သက်ရှိထင်ရှား ဇီဝသရီရ ဆံတော်ရှင်
ဓာတ်တော်များ”သည် ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကိန်းဝပ် စံနေတော်မူလျက်ရှိပါ၏။
ဆိုလိုသည်မှာ ဗုဒ္ဓသာသနာတော်သည် စတင်သည့်အချိန်မှ ယနေ.တိုင်အောင် မြန်မာ့မြေမှာ အသဲ
ထဲစွဲနေသလို ကွယ်ပျောက်သည့်နေ. တိုင်အောင်လည်း အမိမြန်မာ့မြေပေါ်မှာသာ အစဉ် ထွန်း
တောက်နေရမည်ဟု ဆိုကြပါတယ်။
အမှန်ဆိုပါက ဗုဒ္ဓသာသနာသည် မစ္ဖျိမဒေသ(အိန္ဒိယ) တွင် စတင်ခဲ့သော်လည်း အိန္ဒယ၏ နိုင်ငံ
တော် ဘာသာမဖြစ်ခဲ့ပါ ။ အိန္ဒယနိုင်ငံသား လူအများစု၏ ခိုင်ခိုင်မြဲမြဲ ကိုးကွယ်သော ဘာသာ
မဖြစ်ခဲ့ပါ။ သာသနာသက္ကရာဇ် ၁၀၀၀- ခန်.မှာပင် ဗုဒ္ဓသာသနာသည် အိန္ဒိယနယ်မြေမှ လုံးဝကွယ်
ပျောက်ခဲ့ပါတယ်။
ဘာ့ကြောင့်များပါလိမ့် -----
အဓိက အကြောင်းကတော့ ဗုဒ္ဓနှင့်မစ္ဖျိမဒေသ ( အိန္ဒိယ) တို. သွေးသားမတော်စပ်ပဲ တစိမ်းပြင်ပြင်
ဖြစ်ခဲ့သောကြောင့်သာဖြစ်ကြောင်း သက်သေ သာဓကများအရ သိရပါတယ် ။ ဒါ့ကြောင့် မြန်မာနှင့်ဗုဒ္ဓ ခွဲခြားမရ ဆွေမျိုးတော်များဖြစ်ကြတဲ့အတွက်လည်း ဗုဒ္ဓသာသ နာတော်ကို
မြန်မာလူမျိုးတိုင်းကိုးကွယ်ရေး ၊ မြန်မာမှန်သမျှ ဗုဒ္ဓသာသနာ့အမွေကိုဆက်ခံနီ်ုင်ရေးသည် သမိုင်းပေး တာဝန်ကြီး ဖြစ်လာရသည်ဟုလည်း ပညာရှင်များက တိတိကျကျ မြွက်ဆိုထားကြတာ ကိုတွေ.ရပါတယ် ။
ဗုဒ္ဓဒေသနာတော်အရ ဆိုပါက “ လူတို.သည် မိမိဘဝကို မိမိသာလျှင် ပုံဖေါ်ဖန်တီးနိုင်ပါ၏ ။br/>
မိမိဘဝကို အမွန်အမြတ်ဖြစ်အောင် ဖန်တီးသူဟာ မိမိသာလျှင်ဖြစ်သလို မိမိဘဝကို အကြည်းတန် အရုပ်
ဆိုးစေရန် ဖန်တီးသူမှာလည်း မိမိသာလျှင်ဖြစ်ပါ၏ ။ ဖန်ဆင်းနိုင်သူဖျက်ဆီးသူ- စောင့်ရှောက်သူနှင့်
တန်ခိုးရှင်မျာ မိမိသာလျှင် ဖြစ်ပါ၏။ တကယ်ဆိုပါက “ မိမိ၏အတွင်းသဏ္ဍာန်မှာ သာဤစွမ်းဆောင်
နိုင်မှု တန်ခိုးများ ရှိနေကြောင်း” ဖေါ်ညွှန်းထားကြပါတယ် ။
ဤသည်မှာလည်း ထေရဝါဒဗုဒ္ဓဘာသာ၏ အခြေခံသဘောတရားများဖြစ်၏။ ဒါ့ကြောင့်လူတိုင်းလည်း မိမိကိုယ်ကိုသာလျှင် အစဉ်မပြတ် အကဲခတ် စောင့်ကြပ်ကြည့်ရှု သုံးသပ်စစ်ဆေးနေ ကြရမည်”
ဖြစ်ကြောင်း နာကြား မှတ်သားခဲ့ရပါတယ် ။
လူသားတို.၏ အတွေးအခေါ် အကြံအစည်များ- ပြောကြားသည့် စကားများ-အပြုအမူများသည် ဘယ်သောအခါမျှ ပျောက်ပျက်သွားခြင်း- အရှိန်အဝါ ကင်းမဲ့သွားခြင်းမရှိပါ ။ လူသား များ၏ ဖန်တီးရှင်အစစ်မှာလည်း စေတနာမြောက်သော“ ကံသုံးပါး” ပင်ဖြစ်ပါ၏။ အခြားသော ဖန်တီးရှင်
( ဖန်တီးနိုင်စွမ်းသောပညာရှင်) မရှိပါ ။
ဒါ့ကြောင့် လူသားများအနေနှင့် မည်ကဲ့သို.သော တန်ခိုးရှင်- သိဒ္ဓိရှင် ဆိုသူများကိုမျှ အားကိုးနေ
စရာမလိုပါ။ မိမိကိုယ်သာလျှင် အားထားရာအဖြစ် နှလုံးသွင်းကာ ဘုရား- တရား- သံဃာတည်းဟူ
သော“ ရတနာသုံးပါး” ကိုသာ အစဉ်မပြတ် ကိုးကွယ်ဆည်းကပ်ရမှာဖြစ်ပါတယ်။
မိမိတို. စိတ်စေတနာကိုလည်း အတတ်နိုင်ဆုံး ဖြူစင်သန်.ရှင်းအောင် ကြံဆောင် ကြိုးပမ်းကာ
ပြုမူ လုပ်ကိုင်ကြရမည်” ဟူ၍လည်း ဗုဒ္ဓမြတ်ဘုရားက ဟောကြားဆုံးမတော်မူပါတယ် ။
ဒီလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားတော်များအရ လိုက်နာဆောင်ရွက်ပြီး “ ကြီးသူကိုရိုသေ ငယ်သူ ကိုလေးစားကာ မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ “ ဟူသော “ ဗြဟ္မစိုရ်တရား ” ကို
အစဉ်ထာဝရ ပွားများကြပါမှ မိမိနှင့်တကွ လောကလူသားအားလုံးအတွက် ငြိမ်းချမ်းသာယာသည့်
“အလှကမ္ဘာ” ကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်ေးမြ့ကြပါစေ
ကလေးတို.ဆရာမ

No comments:
Post a Comment