Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

ကြီးသူကို ရိုသေ ၊ ငယ်သူကိုလေးစား

" ကြီးသူကို ရိုသေ ၊ ငယ်သူကိုလေးစား " တဲ့ --
ကျမတို. ဗုဒ္ဓဘာသာ မြန်မာလူမျိုးများမှာ အဓိကအားဖြင့် ဗြဟ္မစိုရ်တရားလေးပါး
ကို ဦးထိပ်ထားပြီး ပြုကျင့် လှုပ်ရှားကြရပါတယ်။ အဲဒီ ဗြဟ္မစိုရ် တရားလေးပါး ဖြစ်တဲ့
မေတ္တာ = ချစ်ခြင်းတရား - သနားကြင်နာမှု -
ကရုဏာ = ကိုယ်ချင်းစာနာမှု
မုဒိတာ = ဝမ်းမြောက်ဝမ်းသာဖြစ်မှု
ဥပက္ခော
= လစ်လျူရှုခြင်း ၊ ဂရုမစိုက်ခြင်း ကိုလည်းအားလုံး သိပြီးဖြစ်မှာပါ ။
“ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုညှာတာ” တဲ့ -
ဒီစကားတွေကိုလည်း ကျမတို.ငယ်စဉ်ကာလ ကလေးဘဝကတည်းက အိမ်မှာနဲ.ကျောင်း
မှာသင်ယူလေ့လာခဲ့ကြရပါတယ် ။ တကယ်လက်တွေ.လည်း လိုက်နာပြုကျင့်ရပါတယ် ။
“ ကိုယ့်ထက်ငယ်တယ်လေ - ဒီလို အတင်း အဓမ္မ မလုပ်ရဘူး ငယ်တဲ့သူကို ညှာတာ
သနားရတယ် ” ဆိုတာကတစ်မျိုး ၊ “ ဟဲ့ - ဟဲ့ ကိုယ့်ထက် ကြီးတဲ့ သူကို မရိုမသေ နဲ.
ဒီလိုမပြောနဲ.လေ - ရိုရိုသေသေ ပြောရတယ် ။ ယဉ်ယဉ်ကျေးကျေး နေထိုင်ရတယ် ”
ဆိုတာက တစ်ဖုံ - လူကြီးတွေ က သွန်သင်ဆုံးမ ညွှန်ပြ - ခဲ့ကြပါတယ် ။
သက်ကြီးစကားး ” ဆိုတာ ပါယ်ကောင်းတဲ့အရာ မဟုတ်သလိုသက်ငယ်စကား တွေ
ကိုလည်း အလေးထားပေးရပါမယ် ။
တစ်ခါတရံလည်း သူတို.ရဲ့မှားယွင်းမှုလေးတွေကို
ဥပေက္ခာပြုပေးရမှာဖြစ်ပါတယ် ။ နေရာတကာ လိုက်ပြီးအပြစ်ပြောတာမျိုး ချုပ်ချယ်
တာမျိုးတွေကိုလည်း သတိထား ရှောင်ရှားသင့်ပါတယ် ။
အတိုချုပ်ဆိုရင်တော့ “ ကြီးသူကိုရိုသေ ၊ ရွယ်တူ တန်းတူကို လေးးစား ၊ ငယ်သူကို
ညှာတာ ၊ နိမ့်ကျသူကို သနားကူညီ ပါ
” တဲ့ ။
ကျမတို. လူသားအားလုံး ဒီလိုမျိုး ကျင့်သုံး နေထိုင်သွားကြမယ်ဆိုပါလျင် ဒီလောက
ကြီးဟာလည်း နေချင်စရာ ငြိမ်းချမ်းသာယာ လာမှာအမှန်ဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။

No comments:

Post a Comment