Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

သက်ကြီးစကား တစ်ဆင့်ကြား -အမှန်တရားဖြစ်ပါစေ

မြင့်မို၇်တောင်မျှ
ကြီးလှအလှူ
မဟုတ်မူလည်း
တစ်ဆုပ်တစ်လုပ်
အဟုတ်လှူက
ကြီးလှကုသိုလ်
အရ - ပိုမည် -------- တဲ့ -----
သက်ကြီးစကားတစ်ဆင့်ကြားခဲ့ရတာပါ ။
============================================
ဒီနေ.(၂၉-၂-၁၂- ဗုဒ္ဓဟူးနေ.)ညနေပိုင်း ဘုရားပန်းလဲဖို.Big C Extra
စတိုးဆီသို. တစ် ယောက်တည်း ရောက်သွားပါတယ် ။
ဝမ်းထဲက ဟာတာတာ ဖြစ်လာတာမို. စားသောက်ဆိုင်ထဲဝင် စားစရာ
ပြေးပးဝယ်ပြီး တစ်ယောက်ထိုင် စားပွဲလေးမှာ အေးအေးဆေးဆေး
လွေးနေမိတယ်လေ ။
စားရင်း သောက်ရင်း ရှေ.တည့်တည့်က တီဗွီမှာ ပြနေတဲ့ ရောင်စုံပြရုပ်
တွေကို တစ်ချက် တစ်ချက်လှမ်းကြည့်နေ မိပါတယ် ။
ဒီလို စားရင်း သောက်ရင်း တီဗွီကြည့်ရင်း- ဗြုံးဆို မြင်ကွင်းတစ်ခုရဲ့ဆွဲ
ဆာင်မှုကို ရုတ်တရက်ခံလိုက်ပါတယ်။
စားပွဲ သုံးလုံးကျော်လောက်က --------------
အသက် ငါးဆယ်ကျော်ကျော် - လူတစ်ယောက် -
သူ. ကိုယ်ပေါ်က အဝတ်အစားက ခပ်နွမ်းနွမ်း ---
မျက်နှာကတော့ ခပ်ပြုံးပြုံး -----------------
ဝန်းကျင်တစ်ဝိုက်ကို ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ.ဘာလုပ်
နေတာပါလိမ့် ။
အင်း -- “မစပ်စု” လို. ပဲပြောပြော ----
ကျမလည်း သူ.အမူအရာကို စိတ်ဝင်စားသွားပါတယ်။ ဒီတော့ သူ.လှုပ်
ရှားမှုကို လည်း လိုက်ပြီး အကဲခတ် ကြည့်နေလိုက်တယ်ဆိုပါတော့ ။
ဒီလိုနဲ. သူနဲ.ခပ်လှမ်းလှမ်းက လူတစ်ယောက်က စားလို. သောက်လို.
အပြီးနေရာမှ ထွက် သွားတာတွေ.ရပါတယ် ။
ဒီအခါ စောစောက တပြုံးပြုံးနဲ. ဟိုကြည့် ဒီကြည့် လုပ်နေတဲ့ လူလည်း
ထိုင်နေရာက ဗြုံးဆို ထပြီး စားပြီးလို. ထွက်သွားတဲ့လူရဲ့ စားပွဲမှာ သွား
ထိုင်လိုက်ပါ တယ် ။
ဟောတော့ - - -
ဟို လူ မစားနိုင်လို.ကျန်ခဲ့ဟန်တူတဲ့ အစားအစာ အကြွင်းအကျန်များကို
အားပါးတရ စားနေ သောက်နေလိုက်တာ - ဘယ်သူ.ကိုမှ ဂရုမစိုက်နိုင်
ရှာပါလား ။
အော်- သူ.ခမြာ ဆာလွန်းလို.- စားချင်ရှာလွန်းလို. စားနေသောက်နေ
ကြတဲ့ ပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် ဟိုဒီ ရှောက်ကြည့်နေ
ခဲ့တာကိုး ။
ကြည့်နေရင်းက ကျမရင်ထဲ ရေးမပြတတ်နိုင်လောက်တဲ့အထိ မချိတင်ကဲ
ဝမ်းနည်းလာ မိပါတယ် ။ သနားသွားမိတယ်ဆိုရင်လည်းမှားမယ်မထင်ပါ။
ကျမလည်း ပိုက်ဆံအိတ်ကိုဖွင့်တစ်ရာတန်လေးကိုထုတ်ပြီး အဲဒီသနားစရာ
စားနေရှာတဲ့လူဆီကို သွားရှောက်သွားလိုက်ပါတယ် ။
“ ရော့ - စားချင်တာ သွားဝယ်ပြီး ဝအောင်စားနော် -“
ပြောရင်းလှမ်းပေးလိုက်တဲ့ တစ်ရာတန်လေးကို လက်အုပ်လေးချီးပြီ လှမ်းယူ
လိုက်ရင်း-မျက်ရည်လေးစစနဲ.-
“ ကျေးဇူးတင်လိုက်တာခင်ဗျာ” -- တဲ့ ။ အဲဒီမြင်ကွင်းကို ကြည့်နေ
တဲ့ ဘေးစားပွဲက မျိုးသမီးကြီးဆီကလည်း --
“ သာဓု- သာဓု- သာဓု ပါကွယ်“ ဆိုသော ပီတိအပြည့်ပါတဲ့စကားလေး
များကို ကြားလိုက် ရပါတယ် ။
အော်--- လူ.ဘဝ - လူ.ဘဝ ----
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment