ပါရမီ ဆယ်ပါးဆိုတာရှင်းပြပေးပါ ဆရာမ ” နောက်ပြီး
”သိဒ္ဒတ္တမင်းသားလေးကို လူသားစင်စစ် မိဘနှစ်ပါးက မွေးဖွားခဲ့ပါလျက်နဲ့
ဘာ့ကြောင့် တခြားကလေးတွေနဲ့မတူပဲ မွေးစအချိန်မှစပြီး အံ့မ
ခန်းစရာ ထူးထူးခြားခြား ပြုမူခဲ့တာလဲ ၊ မသင်ရပဲ ပညာတွေတတ်သလဲ ၊ ပြီးတော့ လူအို-လူနာ-
လူသေ ရဟန်းတွေမြင်ရရုံနဲ့ လောကအတွင်း ဒုက္ခဆင်းရဲခြင်းမျိုးစုံ အကြောင်းကို နက်နက်နဲနဲ
တွေးခဲ့တာလဲ ၊ မိမိရဲ့ကြင်ယာတော်မိဖုရားမှ မိမိရဲ့ရင်သွေးသားတော်လေး မွေးဖွားတာတောင် ဝမ်းမြောက်ဝမ်းသာမဖြစ်ပဲ ရက်ရက်စက်စက်စွန်းပစ်ခဲ့ရတာလဲ ” တဲ့ ။
အဲဒီလို သောတရှင်တွေက စာတစ်တန်ပေတစ်တန် ရေးလာမေးလာကြတဲ့မေးခွန်းတွေရဲ့အဖြေ
ကို လူငယ်အားလုံး အတွက် ဒီဘလောက် စာမျက်နှာမှ ဝေမျှပေးလိုက်ရပါတယ်။
ဒါကလဲ ဆောင်းပါးအစမှာရေးခဲ့သလို မိမိပြုခဲ့တဲ့ ကံ ပေါ်မှာမူတည်ပါတယ်။
ကဲ- အခုအချိန် ကနေ မရေမတွက်နိုင်အောင် များပြားလှတဲ့ နှစ်တွေကမ္ဘာတွေ ကိုပြန်သွားကြ
ရ အောင်နော်။
ဟိုး - လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမတိုင်ခင်က ဘုရားအလောင်းတော်ဟာ အမရဝတီ မင်းနေ
ပြည်မှာ သုမေဓာ ဆိုတဲ့ သူဋ္ဌေးသားဖြစ်ခဲ့တယ်။
ပညာတွေစုံတဲ့ ၁၆ နှစ်အရွယ်မှာ မိဖနှစ်ပါးဆုံးပါးသွားတော့ သူပိုင်ဆိုင်လာတဲ့ စည်းစိမ်ဥစ္စာတွေ
ကိုစွန့်ပစ်ခဲ့ပြီးရသေ့ဝတ်ကာ တောထွက်သွားတယ်။ မြေလျှိုးမိုးပျံနိုင်တဲ့ တန်ခိုးတွေရပြီး ရမ္မာဝတီ
ပြည်ကို ကောင်းကင်က ပျံလာတဲ့တစ်နေ့မှာ ပြည်သူပြည်သားတွေဟာ ဘုရားကြွလာတော်မူမယ့် လမ်းကိုပြင်နေကြတွေ့တယ်။
အော်- ဘုရားဆိုတာ ကိုယ်တိုင် ဖူးတွေ့ဖို့ မပြောနဲ့ ”ဘုရား” လို့ ကြားရဖို.တောင် မလွယ်ဘူး လို.
တွေးပြီးဝမ်းမြောက်ဝမ်းသာစွာနဲ့ လမ်းပြင်ခွင့်တောင်းလိုက်တယ် ။ ဒါပေမဲ့ ဘုရားကြွလာတော်မူ
နေပြီ ။ သုမေဓာ တန်ခိုးရှင်ဟာ တန်ခိုးနဲ့ ပြင်လိုက်လျှင် ချက်ခြင်းပြီးသွားမှာကို သိပေမဲ့ ကိုယ်
တိုင်ကြိုးပမ်းမှ အကျိုးရှိကြောင်းကို သိတာနဲ့ ဘုရားရှင်ရွှံ့နွံထဲက မကြွရအောင် ရွှံ့ပေါ်မှာသူ့ကိုယ်
ကို ဝမ်းလျားမှောက်ကာ တံတားခင်းပြီး လှူတော်မူလိုက်သတဲ့။
ဘုရားကိုဖူးရန်ကြိုဆိုနေတဲ့ လူအုပ်ထဲက ”သုမိတ္တာ” ဆိုတဲ့ အမျိုးသမီးလေးကလည်း ဝမ်းမြောက်
ကြည်နူးသွားပြီး သူ့ ယူဆောင်လာတဲ့ ကြာပန်းရှစ်ခိုင်ထဲက ငါးခိုင်ကို ရှင်ရသေ့ လက်ထဲဆက်ကပ်
လိုက်သတဲ့ကွယ်။ ရှင်ရသေ့လည်း ဝမ်းလျားမှောက်လျက်နဲ့ ကြာပန်းငါးခိုင်ကိုဘုရားအား ဆက်ကပ်
လှူဒါန်းပြီး” ငါဟာ ယနေ့ပင် ကိလေသာကုန်ခန်းတဲ့ ရဟန္တာဖြစ်ပြီး ငါရှာနေတဲ့ မသေတရားကို
တွေ. ရတော့မယ် ။ အင်း ဒါပေမဲ့ ကိုယ်လွတ်ရုန်းသွားလို့တော့မသင့်၊ အခုဖူးမြော်ရတဲ့ ဒီပင်္ကရာဘုရား
လို သတ္တဝါအများကို ကယ်တင်နိုင်ဖို့ ဘုရားဖြစ်အောင် ကြိုးစားတော့မယ် ” လို. ခိုင်မာတဲ့ အဓိဌာန်
ပြုပြီး လှူဒါန်းလိုက်သတဲ့ကွယ်။
ဒါကို သိတော် မူတဲ့ ဒီပင်္ကရာ ဘုရားရှင်ကလည်း ” ဤသူသည် ဤကမ္ဘာမှစ၍လေးသင်္ချေနဲ့ ကမ္ဘာ
တစ်သိန်းကြာသော် ကပိလဝတ်နေပြည်တော်တွင် မယ်တော်မာယာမှ ဖွားမြင်ပြီးတော ထွက်ကာ
”ေ၈ါတမ ” ဘွဲ.မည်ခံ ဘုရားရှင် တစ်ပါး ဖြစ်တော်မူလိမ့်မည် ” လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ် ။ အဲ
ဒီနောက် ဘုရားနဲ.တကွနာက်ပါသံဃာတော်မျးဟာ သုမေဓာရဲ့ ညာဘက်ဘေးကကွေ.ကာ
ကြွသွားတော်မူသတဲ့ ။
အဲဒီ ကစပြီး ဘုရားဖြစ်ရန် ကျင့်ဆောင်ရမယ့်တရားတွေကို ဆင်ခြင် တော်မူတယ် ။ အဲဒီလို ဘုရားဖြစ်
ဖို. ကြိုးပန်းအားထုတ်ရမယ့်လုပ်ငန်း ၊ စီမံကိန်းကြီးကို စိတ်ကူးနဲ. ရေးဆွဲပြီးတာနဲ့ တစ်ပြိုင်နက် မဟာ
ပထဝီမြေကြီးကတောင် ကောင်းချီးပေးးတဲ့အနေနဲ. ငလျင် ပြင်းစွာလှုပ်သတဲ့ကွယ်။
ဒိလို ဘုရားဖြစ်ရန် လုပ်ငန်းစီမံကိန်းကြီးမှာ ဆောင်ရွက်ရမည့်ကိစ္စ ( ၁၀ ) ပါး အဆင့်ဆင့်ကို "ပါရမီ”
လို့ခေါ်တယ်။ ဒီ ပါရမီ ( ၁၀ ) ပါး အနက် ပထမဆုံး ဖြည့်ဆည်းရမှာက ” ဒါန ပါရမီ ” ပဲ ။
ကဲ နောက်မှ ဆက်ကြစို့နော် ။
ရွှင်လန်းချမ်းမြေ့ ကြပါစေ----

No comments:
Post a Comment