Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

ဘယ်နေ. သေမလဲ -- တဲ့

အဖြေကကော တကယ်မှန်ပါ့မလား ? ယုံနိုင်စရာကောရှိရဲ့လား ?
တကယ်လို. သင်သေမယ့်ရက်ကို သိရင်(လျှင်)ကော ဘာလုပ်မလဲ--- တဲ့ ။
မေးခွန်းလေးတွေက သိပ်ကိုကောင်းပါတယ် ။
အင်းလေ- ပြောရမှာတော့ ခက်ပါတယ် -
တကယ်တော့ - သေမယ့်ရက်ကို သိဖို.ဆိုတာ (ဗုဒ္ဓမြတ်ဘုရားမှ အပ ) တိတိကျကျ
အဖြေပေးနိုင်မယ့်သူ ဆိုတာ ရှုာမှ ရှား --- မရှိရေးချ -မရှိနိုင်ပါ ။
ဒါပေမဲ့ ဝါးတားတား သမားတွေတော့ ရှိပေမပေါ့ ။
တကယ်လို.များ ကိုယ်သေမယ့်ရက်ကို တိတိကျကျ သိထားခဲ့ရင်(လျှင်) --- ?
ပြောနေကြ - ရေးနေကြတာ တွေလေ ---
တချို.က မသခင် အရက်သောက်ပြီး ပျော်ပျော်နေပြစ်လိုက်မယ် - တဲ့ ၊
အဲ-- တချို.ကတော့ တရားဓမ္မတွေ ကျင့်ကြံ ပွားများ- အားထုတ်မယ် - တဲ့ ၊
တချို.ကျတော့လည်း သေမယ့်ရက်သိမှတော့ လုပ်စရာရှိတာတွေ --
အကုန်လုံး ပြီးစီအောင် စီစဉ် လုပ်ဆောင်ထားရမှာပေါ့ -- တဲ့ ၊
အင်း --- တကယ်တော့ ဗုဒ္ဓမြတ်ဘုရား ဟောကြား - ဆုံးမတော်မူထားတဲ့ -
ပစ္စုပ္ပန်ကိုသာ တည့်တည့်ကြည့်ရမယ်- ဆိုတဲ့ တရားတော်နဲ.တော့
အတော့်ကို ဆန်.ကျင်နေတာတွေ.ရပါတယ် ။ ဆိုလိုတာကတော့ ဒီလိုပါ---
“ ပြီးခဲ့တဲ့ အတိတ်က ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို မတွေးနဲ.- ပြန်မစဉ်းစားနဲ. --
နောင်ဖြစ်လာမယ့် အနာဂတ်အချိန်မှာ ဖြစ် ပျက်မှာတွေကိုလည်း မတွေးနဲ.
မစဉ်းစားနဲ. --
ပစ္စုပ္ပန် တည့်တည့်ကိုသာ ကြည့်တတ် မြင်တတ် ရမယ် =
(လက်ရှိ အချိန်ကာလ ရဲ့ ဖြစ် ပျက်နေတာတွေ ကိုသာသိရ ကြည့်ရမယ်) ၊
ကဲ -- မြတ်ဗုဒ္ဓရဲ့ တရားဓမ္မ ဆိုဆုံးမ - သြဝါဒများကို သက်ဝင်ယုံကြည်နေပါတယ် --
ဆိုတဲ့ - ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေနဲ. ဘာကြောင့်များ ဗုဒ္ဓမြတ်ဘုရားရဲ့
ဆုံးမ သြဝါဒ တရားတော်များကို ဆန်.ကျင်ကာ အစွန်းနှစ်ဖက် ထွက်နေကြတာပါလိမ့် --
ပစ္စုပ္ပန် တည့်တည့်ကို မကြည့်ကြပဲ အချိန်ကုန်ခံနေကြပါလိမ့် ?

No comments:

Post a Comment