Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

မဖြည့်မဖြစ် ပါရမီ

" ပါရမီ "နဲ. ပတ်သက်ပြီး မေးလာကြသူ လူငယ်များအတွက် "ဆရာတော် အရှင်ဆန္ဒာဓိက" ရဲ့
"မဖြည့်မဖြစ် ပါရမီ " ဆိုတဲ့ တရားလေးကို ရွေးချယ် တင်ပြလိုက်ရခြင်းဖြစ်ပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ ---
ကလေးတို.ဆရာမ
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
" ပါရမီ " ကို အဓိပ္ပါယ်ဖွင့်ဆိုရမယ်ဆိုရင်တော့
" ပါရ " ဆိုတာ " သံသရာတစ်ဖက်ကမ်း နိဗ္ဗာန်"
" မီ " ဆိုတာက "ရောက်စေနိုင်တဲ့တရား " = " နိဗ္ဗာန်ရောက်စေနိုင်တဲ့တရား" ပါပဲ ။
ကုသိုလ်ကောင်းမှုတိုင်းလည်း " ပါရမီ " မဖြစ်နိုင်သေးပါ ။ " နိဗ္ဗာန်" ကိုရည်မှန်းပြီး ဦးတည်ပြုတဲ့ ကုသိုလ်ကောင်းမှုသည်သာ " ပါရမီ " ဖြစ်ပါတယ် ။ ဂုဏ်လိုချင်လို.- အခွင့်အရးရချင်လို.- နောင်
ဘဝတွေမှာ ချမ်းသာကောင်းစားချင်လို.ပြုလုပ်တဲ့ ကုသိုလ်တွေဟာ "ပါရမီ"ကုသိုလ်မဖြစ်ပဲ ရိုးရိုး
ကုသိုလ်တွေပါ "နိဗ္ဗာန်" ကိုလုံးဝမရောက်စေနိုင်တာ သတြိပုရမှာဖြစ်ပါတယ် ။
ဘယ်လို ကုသိုလ်ပဲပြုပြု " နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ပါစေ "လို. နိဗ္ဗာန်ကို ဦးတည်ချက်ချ လိုက် မယ်ဆိုရင် ပြုသမျှတိုင်း "ပါရမီ" ဖြစ်သွားပါတယ် ။
တကယ်လို."နိဗ္ဗာန်"ကိုဦးမတည်တတ်ဘူးဆိုရင်လည်း ကောင်းမြတ်တဲ့ ဘာအလုပ် - ဘာအလှူပဲ
လုပ်လုပ် ကိုယ့်အကျိုးကို လုံးဝမမျှော်လင့်ပဲ သူတစ်ပါးအကျိုး-အများအကျိုးသက်သက်ပဲ ရည်မှန်း
ရမယ် ၊ ချမ်းသာကြပါစေ - ဆိုတဲ့ မေတ္တာစိတ်နဲ.ပဲ လုပ်ရမယ် - လှူဒါန်းရပါမယ် ။ စစ်မှန်သန်.စင်
တဲ့ "ပရဟိတ" စိတ်နဲ.လုပ်တဲ့ အလုပ်ကောင်း -အလုပ်မြတ်မှန်သမျှလည်း "ပါရမီ" ပါပဲ ။
ဒီလိုပါပဲ သတိပဌာန်ဝိပဿနာအလုပ်ကို ကြိုးပမ်းအားထုတ်နေခြင်းသည်လည်း ပါရမီဖြည့်နေခြင်း
ပဲလို. သဘောပေါက် နားလည်ဖို.လိုပါတယ် ။ ဒီလို မြင့်မြတ်တဲ့အလုပ်သည်လည်း"ပါရမီ"ပါပဲ ။
တရားတော့အားထုတ်နေပါရဲ့ အစားဆင်းရဲ -အအိပ်ဆင်းရဲတဲ့ဒဏ်ကိုသည်းမခံနိုင်တာတွေ ၊ ဟိုလူ.
အပြစ်ပြော - ဒီလူ.အပြစ်ပြော ၊ ပူတာ အေးတာသည်းမခံနိုင် - သူများပြောတာ သည်းမခံနိုင်တာ
တွေဟာ သည်းခံမှုဆိုတဲ့ "ခန္တီပါရမီ" ချို.တဲ့နေလို.ပါ ။ ဒီလိုလူမျိုး ဘယ်တော့မှတရားထူးမရနိုင်ပါ ။
ဒါဆိုရင် သူ.အနေနဲ. တရားထိုင်ရင်းနဲ.ပဲ "ခန္တီပါရမီ"ကိုလည်းဖြည့်ကျင့်ရမယ် ။ တခြားပါရမီတွေ
လည်းဒီလိုပါပဲ ။ မပြည့်သေးရင် ဖြည့်ကို ဖြည့်ပေးရမှာပါ
အတိတ်က "ပါရမီ"တွေကို ကိုယ်မမြင်ရလို.ထားလိုက်ပါတော့ ။
ဒိဘဝမှာ ဒါန- သီလ--စတဲ့ "ပါရမီ " တွေကို တစ်ဖက်က ဖြည့်ကျင့်ရင်း တစ်ဖက်ကလည်း သတိ ပဌာန်ဝိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်သွားမယ်ဆိုရင် "ပါရမီ" ကုသိုလ်တွေရဲ့ အ
ထောက်အပံ့ကိုရတဲ့ ကိုယ့်ရဲ့ ဝိပဿနာဥာဏ်ဟာ မဂ်ညဏ် ဖိုဥာဏ်အထိ ရင့်ကျက်ပြီး " နိဗ္ဗာန်"
ကိုမျက်မှောက်ပြုနိုင်ပါတယ်။ အောက်ထစ်ဆုံး"သောတာပန်အရိယာ" ဖြစ်နိုင်ပါတယ်။
" တို.က "ပါရမီ" မရှိဘူး -တို.ကတော့"ပါရမီ"နည်းတယ်"ဆိုတဲ့ အကြောင်းပြချက်တွေနဲ.ဝိပဿ
နာ အလုပ်ကို လုံးဝအားမထုတ်တဲ့သူတွေ ၊ အားထုတ်ပေမဲ့ ပျင်းရိပေါ့လျော့နေသူတွေကို"ပါရမီ"
လွှဲချပြီး ရေသာခိုနေတာမျိုး မဖြစ်စေချင်လို. အချို.သောဆရာတော်ဘုရားကြီးများက " ဒီဘဝမှာ
တွင် တရားထူးရဖို.ကတော့ "ပါရမီ" မလိုပါဘူး-တကယ်အားထုတ်ဖို.ပဲလိုပါတယ် " လို. အားပေး
စကား မိန်.ကြားတော်မူလေ့ရှိကြပါတယ် ။
တကယ်တော့ ဆရာတော်ကြီးများရဲ့ ဆိုလိုရင်း အာဘော်ကိုသဘောမပေါက်ကြပဲ တရားသေလှေ
နံဓားထစ်စွဲမှတ်လိုက်ရင်တော့ သာသနာတွင်း "ပါရမီ"ကုသိုလ်တွေအကြီးအကျယ် ဆုံးရှုံးပြီးသာသ နာနဲ.တွေ.ရကျိုးနပ်သင့်သလောက်မနပ်နိုင်တော့ဘူး - ဒါကိုတော့ သတိထားကြဖို.လိုပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment