Menu

ရွှေပါရမီ ပညာဒါန နာရေးကူညီမှုအသင်း(ဘန်ကောက်) ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်းများမှ နွေးထွေးစွာ ကြိုဆိုပါ၏။

Monday, January 14, 2013

ပါရမီတော်ဆယ်ပါး(၂)

ဘုရားအလောင်းတော် သုမေဓာ ရှင်ရသေ့လည်း ဘုရားဖြစ်ရန် ကျင့်ဆောင်မယ့် တရားကောင်း များကို ဆင်ခြင်သုံးသပ်တော်မူပါတယ်(ခေတ်စကားနဲ.တော့ မဟာစီမံကိန်းကြီးပေါ့)။ အဲဒီ ဆောင်ရွက်ရမယ့်ကိစ္စ အဆင့်ဆင့်ကို “ ပါရမီ” လို.ခေါ်ပါတယ် ။
ဒါန - သီလ - နေက္ခမ - ပညာ - ဝီရိယ - ခန္တီ - သစ္စာ - အဓိဋ္ဌာန် - မေတ္တာ - ဥက္ခော ဆိုတဲ့ ပါရမီ တော် (၁၀) ပါး ကို ဖြည့်ကျင့်တော်မူခဲ့ပါတယ် ။
ဒါန - ပါရမီကို ဘုရားအလောင်းတော်သည် မိမိပိုင်တဲ့သက်ရှိသက်မဲ့ပစ္စည်းဟူသမျှကို စွန်.ကြဲလှူဒါန်း -ပေး ကမ်းမှူကို ဘဝပေါင်းများစွာ ဖြည့်ကျင့်ရာမှာ သီဝိမင်း နဲ. ဝေဿန္တရာမင်း ဘဝများမှာ အထင်ရှားဆုံး ဖြစ်ပါ တယ်။
သီဝိမင်း ရဲ့အလှူဒါနမှာ စိတ်အားထက်သန်ပုံကို စမ်းသပ်လိုတဲ့ သိကြားမင်းဟာ မျက်မမြင်ပုဏ္ဏားအိုအ သွင် ဆောင်ပြီး မျက်စိတစ်ဘက်ကို အလှူခံခဲ့ရာ သီဝိမင်း က မျက်စိနှစ်ဘက်စလုံးကိုထုတ်ကာ ရက်ရောစွာ ပေး လှူခဲ့ပါတယ် ။
ဝေဿန္တရာမင်း ဘဝမှာလည်း အလှူမဏ္ဍပ် ၆ -ခုဆောက်ကာ ခြောက်သိန်းတန်အဝတ်အစားများနဲ. အစား အစာများကို နေ.စဉ်လှူဒါန်းရုံမက တန်ဖိုးမဖြတ်နိုင်သော ဆင်ဖြူတော် ကိုပါ ရက်ရက် ရောရောလှူလိုက်တဲ့ အတွက် ပြည်သူများရဲ့ မကျေနပ်မှုကြောင့် ဟိမဝန္တာတောသို. ထွက်ခွာခဲ့ရပါတယ်။
ထိုတောကြီးမှာပဲ ရသေ့ဝတ်နဲ.တရားအားထုတ်နေစဉ် မဒ္ဒီဒေဝီမိဖုရား ၊ သားတော် ဇာလီ နဲ. သမီးတော် ဂဏှာဇိန် တို.အား အလှူခံပုဏ္ဏားလက်သို. ရက်ရောစွာလှူလိုက်ပါတယ်။
သီလပါရမီ ဖြည့်ကျင့်ရာမျာလည်း အလီနသတ္တုမင်းသား ဘဝမှာ ထင်ရှားလှပါတယ် ။ မင်းသားရဲ့ ဖခ မည်း တော်မှာသမင်လိုက်သွားရာမှ နယ်ကျွံကာညောင်ပင်ကြီးတစ်ပင်အောက်သို. ရောက်ရှိသွား ပါတယ် ။ ညောင်စောင့်ဘီလူးကစားမည်ပြုရာ “နောက်နေ.မှပြန်လာကာ အစားခံပါမည်” ဟု ဂတိထားပြီးနန်းတော် သို.ပြန်ခဲ့ပါတယ်။ သားတော်အလီနသတ္တုမင်းသားကြားသိတဲ့အခါ ခမည်းတော် ကိုယ် စား ဘီလူးစားခံရန် သွားရာ မိမိစောင့်ထိန်းထားတဲ့ ကိုယ်ကျင့် သီလ ငြှိုးနွမ်းမည်ကို စိုးရိမ်ကာဘာ လက်နက်မျှ ယူမသွားပါ။ မင်းသား၏ ရဲရင့်မှုကိုမြင်တွေ.ရသော ဘီလူးလည်း မစားဝံ့ပေ- နောက်ဆုံး မင်းသား၏တရားအဆုံးအမကို လိုက်နာပြီး ငါးးပါးသီလကိုပင် စောင့်ထိန်းနိုင်သွားပါတယ်။
နေက္ခမပါရမီ ခေါ် လောကီအာရုံ ကာမဂုံများ ကို မစုံမက်ပဲ စွန်.ခွာကာ ရသေ့ရဟန်းပြုတောထွက် ခြင်းကို ဘဝပေါင်းများစွာ ဖြည့်ဆည်းတော်မူခဲ့ရာ အယောဃာရ အမည်ရသော မင်းသားဘဝမှာ ထင်ရှားလှပါတယ် ။ မင်းသားကို ဖွားးမြင်ပြိး ဘီလူးရန်ကိုကြောင့်ရွံ.သောကြောင့် ၁၆-နှစ်တိုင်တိုင်သံလှောင်ချိုင့်တွင်းမှာထားကာ ပညာသင်ပေးခြင်းခံခဲ့ရပါတယ် ။ ၁၆-နှစ်ပြည့်သောအခါ ထီးနန်း အပ်ရန် လှောင်ချိုင့်တွင်းမှ ထုတ်လာသော အခါ မင်းသားမှာ ” အမိဝမ်းတွင်းမှာ ၁၀-လ ၊ သံလှောင် ချိုင့်တွင်းမှာ ၁၆ - နှစ် နေပြီး လွတ်မြောက် ခဲ့ပေ မဲ့ သေခြင်းဘေးကမူ လွတ်မြောက်နိုင်မည်မဟုတ် “ဟု တွေးကာထီးနန်းစည်းစိမ်ကို လက်မခံပဲ ရသေ့ဝတ် ကာ တောထွက်သွားပါတယ် ။
ပညာပါရမီ ကိုလည်း ဘဝပေါင်းများစွာဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ပညာပါရမီ ဖြည့်ခြင်းမှာ မိမိနားလည်ရန် ကြိုးစားသင်ယူထားတဲ့ပညာကို သူတစ်ပါးအား တတ်သိနားလည်စေရန် သင်ပြပေးခြင်း၊ အများအကျိုးရှိစေ ရန်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ဘုရားအလောင်းတော်မှာ မဟောသဓာပညာရှိ ဘဝတွင် အများအကျိုး ရှိအောင်ဆောင်ရွက်ပုံမှာထင်ရှားလှပါတယ် ။ စူဠဗြဟ္မဒတ်မင်း သည် ဇမ္မူဒိပ်မင်းပေါင်း ၁၀၀ - ကိုဖမ်းပြီး အဆိပ်ခတ်ထားသော အရက်တိုက်ပြီး သတ်ရန် ကြံထားခြင်းကို မဟောသဓာက သူ၏ပညာဖြင့် ပါယ် ဖျက်
ပေးခဲ့ပြီး မင်းနှစ်ပါး ပြေငြိမ်းလာတဲ့အထိ သူ၏ပညာစွမ်း ဖြင့် ကြိုးပန်းပေးခဲ့ပါတယ် ။
ဝီရိယပါရမီ ခေါ် သတ္တဝါအများကောင်းစား ချမ်းသာရေးအတွက် သက်စွန်.ကြိုးပမ်း ဆောင်ရွက် သော လုပ်ငန်းမှန်သမျှကိုလည်း ဘဝပေါင်းများစွာ ဖြည့်ဆည်းပြုကျင့်တော်မူခဲ့ရာ မဟာဇနကမင်း ဘဝမှာထင် ရှားလှပါတယ်။ လူပေါင်း ၇၀၀-ကျော်နှင့်အတူ ပင်လယ်ပြင်တွင် သင်္ဘောပျက်ရာ ကြိုး စား အားထုတ်မှု မရှိသော လူ ၇၀၀ -ကျော်မျာသေပွဲဝင်ရသော်လည်း မဟာဇနကမင်းသား မှာ လုံ. လဝီရိယ စွမ်းအားဖြင့်
၇- ရက် တိုင်တိုင် ရေကူးနေခဲ့ရာ မေခလာနတ်သမီး၏ကူညီမှုဖြင့် အသက်မသေရုံမက မိထိလာပြည်ကြီး
၏ ထီးနန်းကိုပင် ရရှိစံမြန်းတော်မူခဲ့ရပါတယ် ။
ခန္တီပါရမီ ခေါ် ဒေါသမထွက် စိတ်မပျက် အားငယ်ခြင်းမရှိပဲ တည်ငြိမ် အေးချမ်းစွာဖြင့် အလျှော့ပေး ကာ အနစ်နာခံနိုင်ခြင်း ပါရမီကို ဘဝပေါင်းများစွာ ဖြည့်ကျင့်တော်မူခဲ့ရာ ဘုရားအလောင်းတော် မျောက်မင်း ဘဝမှာထင်ရှားလှပါတယ် ။ ဘုရားအလောင်းတော် - အင်အားကြီးမားလှေ သာ မျောက်မင်းဖြစ် ခဲ့စဉ် က ဒေဝဒတ်ပုဏ္ဏားလောင်းမှာ သစ်ကိုင်းကျိုးကာ သစ်ပင်ထက်မှ ချောက်အတွင်းကျဆင်းသွားပြီး ကယ်ပါ
ယူပါ တစာစာအော်နေတဲ့အတွက် မျောက်မင်းက ခက်ခက်ခဲခဲကယ်တင်ခဲ့ပါ တယ် ။ မျောက်မင်းလည်း ပင်ပန်းလှတဲ့အတွက် ပုဏ္ဏားရဲ့ပေါင်ကိုခေါင်းတင်ကာ အိပ်ပျော်သွားပါ တယ် ။ မျောက်သားကို စားလိုလှ
တဲ့ ပုဏ္ဏားမိုက်ဟာ မျောက်မင်းရဲ့ဦးခေါင်းကို ကျောက်ခဲဖြင့် ထု ရိုက်ရာမျောက်မင်းနိုး လာပြီးသစ်ပင်ပေါ် တက်ပြေးရပါတယ် ။ တောကြီးအလယ် မျက်စိလည်ကာသေရရှာတော့မယ့် ပုဏ္ဏားအတွက် စိုးရိမ်ရှာ တဲ့ မျောက်မင်းဟာ သစ်ပင်ပေါ်မှ ခုန်ကူးကာ သူ.ဦး ခေါင်းမှ ကျသောသွေးစက်များကို ခြေရာခံလိုက်လာ
ရန် မှာကြားပြီး လူသွားလမ်း ရောက်တဲ့အထိ လမ်းပြ ပို.ဆောင်ပေးခဲ့ပါတယ်။
သစ္စာပါရမီ ခေါ် လိမ်လည်လှည့်ဖြားခြင်းမရှိ အမှန်ပကတိကိုသာပြောကြားပြီး ပြောတဲ့အ တိုင်း မှန် ရာကို သာပြောဆိုပြုလုပ်ခြင်းပါရမီကို ဘုရားအလောင်းတော်က ဘဝတိုင်းမှာဖြည့်ကျင့်ခဲ့ရာ မဟာသုတမင်း ဘဝ မှာထင်ရှားလှပါတယ်။ ပေါရိသာဒသည် ရှင်ဘုရင်ဖြစ်ပါလျက်လူသားစားတဲ့အတွက်တိုင်းပြည်မှနှင်ထုတ်ခြင်း ခံခဲ့ရပါတယ် ။ တစ်နေ.မှာ သူ၏ခြေဖဝါးကိုသစ်ငုတ်စူးပြီး အနာဖြစ်ရာ” ၇-ရက်အတွင်း အနာပျောက် အောင် ကူညီပါက ဇမ္ဗူဒိတ်မင်းအပေါင်း၏ လည်ချောင်းသွေးဖြင့် ပူဇော်ပါမည် ” - ဟု ညောင်ပင်စောင့်နတ် ထံမှာ ကတိထားခဲ့ပါတယ်။ မကြာမီ အနာက သူ.အလိုလို ပျောက် သွားခြင်းကိုနတ် ”မ” အထင်နှင့် ဇမ္ဗူ ဒိတ်မင်း များကို ဖမ်းဆီးပါတော့တယ်။ အဖမ်းခံရသောမင်းများတွင် သူ.ဆရာဖြစ်ခဲ့ဖူးသူ သုတသောမမင်း ပါဝင်နေ ပါတယ် ။ အဖမ်းမခံရမီအချိန်က ပုဏ္ဏားတစ်ဦး ထံမှာ တရားနာယူရန်ဝန်ခံခဲ့တဲ့ ဂတိစကားကို သတိယပြီး “တရားနာပြီး ပြန်လာပါမည်” ဟု ဂတိပြုခွင့်တောင်း တာကို ပေါရိသာဒ ကယုံကြည်စါာဖြင့် ခွင့်ု ပြုလိုက်ပါ တယ် ။ တရားနာပြီး ပြန်လာသော သုတသောမမင်း၏ သေရမယ့်ဘေးကို မကြောက်မရွံ.ပြန် လာ ခြင်းကို ပေါ ရိသာဒက အံ့သြပြီး မေးမြန်းရာ သုတသောမမင်း ၏ ဖြေကြားသော တရားစကားများကို ကြား နာ ရပြီး ပေါရိ သာဒလည်း တရား ရကာ ဖမ်းထားသော မင်းအားလုံးကိုပါ ပြန် လွှတ်ပေးခဲ့ပါတယ် ။
အဓိဋ္ဌာန်ပါရမီ ခေါ် ဒါန သီလစသော ပါရမီများကို မပျက်မကွက် အော်ငမြင်သည်အထိပြုလုပ်ရန် ဆုံးဖြတ် ထားတဲ့အတိုင်းပြုလုပ်ခြင်းပါရမီကို ဘဝပေါင်းများစွာဖြည့်ကျင့်ခဲ့ရာ တေမိယမင်းသား ဘဝမှာ ထင်ရှားလှပါ တယ် ။ မင်းသားလေး တစ်လသားအရွယ်မှာပင် ပုခက်တွင်းမှထီးဖြူကိုမြင်ရာမှ လွန်ခဲ့သောဘဝ -ရှင်ဘုရင် ဖြစ်ခဲ့စဉ်က အမိန်.ပေးများခဲ့တဲ့အတွက် ငရဲကျခဲ့ရခြင်းကိုပြန်လည်သိမြင်ပြီး မင်းဖြစ်ရမှာကိုကြောက်ရွံ.ထိတ် လန်.နေပါတယ်။ ရှေးဘဝက မိခင်ဖြစ်ခဲ့ဖူးသူ ထီးချက်စောင့်နတ်သမီးပေါ်လာပြီ ” ရှင်ဘုရင် မလုပ်လိုပါက
ဆွံ.-အ-နားမကြားဟန်ဆောင်နေလော့” -ဟုပြောသွားတဲ့အချိန်မှစပြီး “မည်သည့်အကြောင်းနှင့်မျှ စကားမ ဆိုပါ”-ဟု အခိုင်အမာ အဓိဋ္ဌာန်ပြုလိုက်ပါတယ်။ အရွယ်ရောက်လာတဲ့အထိ ငိုလည်းမငို စကားမဆိုတဲ့သား
တော်ကို ထီးနန်းနှင့်မထိုက်တန် ဟုဆိုကာ တောတွင်းသို. နှင်လိုက်ရာ ရသေ့ရဟန်းပြုသွားပါတယ် ။
မေတ္တာပါရမီ ခေါ် သူတစ်ပါးအား ကြီးပွားချမ်းသာစေလိုသော စိတ်ထားဖြစ်သည့်ပါရမီကို ဖြည့်ကျင့်ရာမှာ သုဝဏ္ဏသာမဘဝမှာ ထင်ရှားလှပါတယ် ။ မျက်မမြင်မိဘနှစ်ပါးကို ရသေ့ဘဝဖြင့် ပြုစုလုပ်ကျွေးနေသော သုဝဏ္ဏသာမ အား သားကောင်းဟု အထင်မှားကာ လေးမြားနှင့်ပစ်သူ ပီဠိယက္ခမင်းကိုပင် မေတ္တာမပျက်ခဲ့
ပါ ။ နောက်ဆုံး မေတ္တာ နှင့် သစ္စာ တန်ခိုးဖြင့် မြားဆိပ်ပြေကာ အသက်မသေတဲ့အပြင် မျက်မမြင်မိဘများ
ပါ အလင်းရလာခဲ့ကြပါတယ် ။
ဥက္ခောပါရမီ ခေါ် လူတစ်ဖက်သားကို မုန်းလည်းမမုန်း ချစ်လည်းမချစ် ၊ ဘက်လိုက်ခြင်းလည်းကင်းကာ
မျှတစွာ အလယ်အလတ် တည့်မတ်သောစိတ်ထားခြင်းပါရမီကို ဖြည့်ကျင့်ခဲ့ရာ လောမဟံသ ဘဝမှာထင် ရှားပါတယ် ။ဘုရားအလောင်းတော် လောမဟံသမှာ မိဘများကွယ်လွန်သွားတဲ့အခါ များစွာသောပစ္စည်း ဥစ္စာများကို စွန်.လွှတ်ပြီး တောထွက်သွားပါတယ် ။ ရသေ့ဝတ်ပါက လူအများအထင်ကြီးကာ ချီးမွမ်းမည်
ကို မလိုလားပဲ အဝတ်တစ်ထည်နှင့်သာ သွားလာနေပါတယ် ။ ဒီလို သါားလာနေရာမျာ လူအချို.က ကဲ့ရဲ့
ကြ - ကလေးများက မထီမဲ့မြင်ပြုကြ- ဆဲဆိုကာ ကျင်ငယ်(သေး)ဖြင့်ပက်ဖျန်းကြ တာကို စိတ်ပျက် အား
ငယ်ခြင်းမရှိပဲ နေသလို အချို.က ပန်းနံ.သာများဖြင့် လှူဒါန်းပြုစုကြသည်ကိုလည်း လစ်လျူရှုနေခဲ့ပါတယ် ။
ကောင်းဆိုးနှစ်ဖြာ ဘာကိုမျှ ဂရုမပြုပဲ တည့်မတ်သောစိတ်ဖြင့်သာ တရားအားထုတ်နေခဲ့ပါတယ် ။
ရွှင်လန်းချမ်းမြေ့ကြပါစေ

No comments:

Post a Comment